အအေးမိချောင်းဆိုး နဲ့ ပန်းနာရင်ကြပ်အတွက် ပူစီနံ

အေအးမိေခ်ာင္းဆိုုး နဲ႔ ပန္းနာရင္ၾကပ္အတြက္ ပူစီနံ

ပူစီနံကို အဂၤလိပ္လို Mint လို႔ေခၚပါတယ္။ရုကၡေဗဒနာမည္ကေတာ႔ Metha longifolia ျဖစ္ပါတယ္။

ပူစီနံပင္ကို ကြ်န္ေတာ္တို႔ျမန္မာေတြ အေတာ္မ်ားမ်ားသိၾကမွာပါ။တခ်ိဳ႕ေတြကလည္းပူစီနံပင္ကို ပူဒီနာပင္လို႔လည္းေခၚၾကပါတယ္။

ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံမွာ ပူစီနံပင္ကို အမ်ိဳးမ်ိဳးသံုးပါတယ္။

အမ်ားအားျဖင္႔ ဒံေပါက္၊စမူဆာ စတာေတြနဲ႔တြဲစားေလ႔ရွိသလို ဟင္းခတ္အေမႊးအၾကိဳင္အေနနဲ႔ ဟင္းခ်က္တဲ႔အခါ အသုပ္သုပ္တဲ႔အခါ ေတြမွာလည္းထည္႔သံုးေလ႔ရွိပါတယ္။

ေရေႏြးထဲကို ပူစီနံပင္ထည္႔ျပီး Mint tea အေနနဲ႔ေသာက္တာလည္းရွိပါတယ္။

ခုေနာက္ပိုင္းမွာေတာ႔ Detox water လို႔ေခၚတဲ႔ သစ္သီးစိမ္ရည္လုပ္တဲ႔အခါမွာလည္း ပူစီနံပင္ကို ထည္႔သံုးလာၾကပါတယ္။

ပူစီနံပင္ဟာ အသံုး၀င္တဲ႔ေနရာမ်ားသလို သူ႕ရဲ႕က်န္းမာေရးေကာင္းက်ိဳးေတြကလည္းမ်ားပါတယ္။

ပူစီနံပင္ရဲ႕က်န္းမာေရးေကာင္းက်ိဳးေတြကို သိသေလာက္ေျပာရရင္ေတာ႔ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၁။ဓါတ္မတည္႔တာနဲ႔ေရာင္ရမ္းတာေတြကိုသက္သာေစျခင္း

ပူစီနံမွာ rosmarinic acid ပါတာေၾကာင္႔ ရာသီအကူးအေျပာင္းမွာ ဓါတ္မတည္႔လို႔ျဖစ္တတ္တဲ႔ Asthma(ပန္းနာရင္ၾကပ္) ေရာဂါကိုသက္သာေစနိုင္ပါတယ္။

ဒါ႔အျပင္ ခါးနာ၊ဒူးနာတာ၊ ပုရြက္ဆိတ္၊ခါခ်ဥ္၊ျခင္၊ပ်ား စတဲ႔အင္းဆက္ေတြကိုက္လို႔ေရာင္ရမး္နာက်င္တာ စသျဖင္႔ျဖစ္ပါက ပူစီနံပင္ကေနထုတ္ထားတဲ႔အဆီ (peppermint oil)ကိုလိမ္းေပးျခင္းျဖင္႔ သက္သာနိုင္ပါတယ္။

၂။အစာအိမ္နဲ႔အူလမ္းေၾကာင္းကိုေကာင္းမြန္ေစျခင္း

ပူစီနံရြက္ဟာအစာကိုေၾကေစနိုင္ပါတယ္။ဒါ႔အျပင္

၀မ္းမွန္ေစျပီး အစာအိမ္နာတာ၊ေလပြတာ၊ေလေအာင္႔တာ၊၀မ္းခ်ဳပ္တာ ေတြကိုေလ်ာ႔ပါးသက္သာေစနိုင္ပါတယ္။

၃။အေအးမိ၊ခြ်ဲၾကပ္ေခ်ာင္းဆိုး၊လည္ေခ်ာင္းနာေတြကိုသက္သာေပ်ာက္ကင္းေစနိုင္ျခင္း

ပူစီနံမွာပါတဲ႔ မန္ေသာလ္(Menthol)ဓါတ္ဟာ ခြ်ဲသလိပ္ေတြကိုေခ်ဖ်က္ေပးနိုင္ျပီး သလိပ္ဟက္ထုတ္ရလြယ္ေစကာ ေခ်ာင္းဆိုးသက္သာေစနိုင္ပါတယ္။ဒါ႔အျပင္ မန္ေသာလ္ဓါတ္ဟာ ပူရွိန္းရွိန္းအာနိသင္ရွိတာေၾကာင္႔ လည္ေခ်ာင္းနာတာကိုလည္းသက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။

၄။ကိုယ္အေလးခ်ိန္ခ်ရာတြင္အေထာက္အကူျပဳျခင္း

ပူစီနံရြက္ဟာ ေသြးတြင္းထဲက မေကာင္းတဲ႔ကိုလက္စထေရာအဆီဓါတ္ေတြကို နည္းေစတဲ႔အတြက္ အ၀လြန္ျခင္းမျဖစ္ေအာင္ကာကြယ္ေပးနိုင္ျပီး ကိုယ္အေလးခ်ိန္ခ်ရာမွာလည္း အေထာက္အကူျပဳနိုင္ပါတယ္။

၅။ခံတြင္းက်န္းမာေရးေကာင္းေစျခင္း

ပူစီနံရြက္ဟာ ဘက္တီးရီးယားပိုးေသေစနိုင္တဲ႔အာနိသင္ရွိတာေၾကာင္႔ ပူစီနံရြက္၀ါးျခင္းျဖင္႔ ခံတြင္းထဲက ဘက္တီးရီးယားပိုးေတြကိုေသေစနိုင္ျပီး ခံတြင္းရွင္းေစကာ ခံတြင္းအန႔ံဆိုးထြက္ျခင္းမျဖစ္ေအာင္ ကာကြယ္နိုင္ပါတယ္။သြားဖံုးေတြနဲ႔လွ်ာ က်န္းမာဖို႔အတြက္လည္းအေထာက္အကူျပဳပါတယ္။

ဒါေၾကာင္႔ခုေနာက္ပိုင္းမွာဆိုရင္ သြားတိုက္ေဆးေတြ၊ပလုတ္က်င္းေဆးရည္ေတြစတဲ႔ သြားနဲ႔ခံတြင္းသံုးပစၥည္းေတြမွာ ပူစီနံပင္ကရတဲ႔အဆီကို ထည္႔သြင္းေဖာ္စပ္လာၾကပါတယ္။

၆။ဦးေနွာက္နဲ႔အာရံုေၾကာေတြကို ေကာင္းမြန္ေစျခင္း

ပူစီနံစားျခင္းျဖင္႔ ဦးေနွာက္နဲ႔အာရံုေၾကာကိုအားေကာင္းေစျပီး အသက္ၾကီးလာျခင္း စိတ္ဖိစီးစရာမ်ားျခင္းတို႔ေၾကာင္႔ ျဖစ္တတ္တဲ႔ သတိေမ႔တတ္တာေတြကို ေလ်ာ႔ပါးသက္သာေစနိုင္ပါတယ္။

၇။အသားအေရကိုစိုေျပ၀င္းပေစျခင္း

ပူစီနံရြက္ကိုမၾကာခဏစားေပးပါက အသားအေရကိုစိုေျပ၀င္းပေစျပီး ၀က္ျခံ၊အမဲစက္၊ဆား၀က္ျခံေတြထြက္ျခင္းကိုေလ်ာ႔နည္းေစနိုင္ပါတယ္။

၈။စိတ္ဖိစီးမႈကိုေလ်ာ႔နည္းေစျပီး စိတ္က်ေ၀ဒနာကိုသက္သာေစနိုင္ျခင္း

ပူစီနံရြက္ရဲ႕ရနံ႕က စိတ္ပင္ပန္းၾကပ္တည္းေနတာကို ေျပေလ်ာ႔ေစျပီး စိတ္ၾကည္လင္လန္းဆန္းေအာင္အေထာက္အကူေပးပါတယ္။စိတ္ဓါတ္က်တဲ႔အခါ စိတ္ဖိစီးမႈမ်ားတဲ႔အခါမွာ ပူစီနံရြက္ေရေႏြးၾကမ္းေသာက္ျခင္းျဖင္႔သက္သာေစနိုင္ပါတယ္။

Dr သီတာႏြယ္(အမရပူရ)

Unicode Version

အအေးမိချောင်းဆိုး နဲ့ ပန်းနာရင်ကြပ်အတွက် ပူစီနံ

ပူစီနံကို အင်္ဂလိပ်လို Mint လို့ခေါ်ပါတယ်။ရုက္ခဗေဒနာမည်ကတော့ Metha longifolia ဖြစ်ပါတယ်။

ပူစီနံပင်ကို ကျွန်တော်တို့မြန်မာတွေ အတော်များများသိကြမှာပါ။တချို့တွေကလည်းပူစီနံပင်ကို ပူဒီနာပင်လို့လည်းခေါ်ကြပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပူစီနံပင်ကို အမျိုးမျိုးသုံးပါတယ်။

အများအားဖြင့် ဒံပေါက်၊စမူဆာ စတာတွေနဲ့တွဲစားလေ့ရှိသလို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ဟင်းချက်တဲ့အခါ အသုပ်သုပ်တဲ့အခါ တွေမှာလည်းထည့်သုံးလေ့ရှိပါတယ်။

ရေနွေးထဲကို ပူစီနံပင်ထည့်ပြီး Mint tea အနေနဲ့သောက်တာလည်းရှိပါတယ်။

ခုနောက်ပိုင်းမှာတော့ Detox water လို့ခေါ်တဲ့ သစ်သီးစိမ်ရည်လုပ်တဲ့အခါမှာလည်း ပူစီနံပင်ကို ထည့်သုံးလာကြပါတယ်။

ပူစီနံပင်ဟာ အသုံးဝင်တဲ့နေရာများသလို သူ့ရဲ့ကျန်းမာရေးကောင်းကျိုးတွေကလည်းများပါတယ်။

ပူစီနံပင်ရဲ့ကျန်းမာရေးကောင်းကျိုးတွေကို သိသလောက်ပြောရရင်တော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ဓါတ်မတည့်တာနဲ့ရောင်ရမ်းတာတွေကိုသက်သာစေခြင်း

ပူစီနံမှာ rosmarinic acid ပါတာကြောင့် ရာသီအကူးအပြောင်းမှာ ဓါတ်မတည့်လို့ဖြစ်တတ်တဲ့ Asthma(ပန်းနာရင်ကြပ်) ရောဂါကိုသက်သာစေနိုင်ပါတယ်။

ဒါ့အပြင် ခါးနာ၊ဒူးနာတာ၊ ပုရွက်ဆိတ်၊ခါချဉ်၊ခြင်၊ပျား စတဲ့အင်းဆက်တွေကိုက်လို့ရောင်ရမ်းနာကျင်တာ စသဖြင့်ဖြစ်ပါက ပူစီနံပင်ကနေထုတ်ထားတဲ့အဆီ (peppermint oil)ကိုလိမ်းပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။

၂။အစာအိမ်နဲ့အူလမ်းကြောင်းကိုကောင်းမွန်စေခြင်း

ပူစီနံရွက်ဟာအစာကိုကြေစေနိုင်ပါတယ်။ဒါ့အပြင်

ဝမ်းမှန်စေပြီး အစာအိမ်နာတာ၊လေပွတာ၊လေအောင့်တာ၊ဝမ်းချုပ်တာ တွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

၃။အအေးမိ၊ချွဲကြပ်ချောင်းဆိုး၊လည်ချောင်းနာတွေကိုသက်သာပျောက်ကင်းစေနိုင်ခြင်း

ပူစီနံမှာပါတဲ့ မန်သောလ်(Menthol)ဓါတ်ဟာ ချွဲသလိပ်တွေကိုချေဖျက်ပေးနိုင်ပြီး သလိပ်ဟက်ထုတ်ရလွယ်စေကာ ချောင်းဆိုးသက်သာစေနိုင်ပါတယ်။ဒါ့အပြင် မန်သောလ်ဓါတ်ဟာ ပူရှိန်းရှိန်းအာနိသင်ရှိတာကြောင့် လည်ချောင်းနာတာကိုလည်းသက်သာပျောက်ကင်းစေနိုင်ပါတယ်။

၄။ကိုယ်အလေးချိန်ချရာတွင်အထောက်အကူပြုခြင်း

ပူစီနံရွက်ဟာ သွေးတွင်းထဲက မကောင်းတဲ့ကိုလက်စထရောအဆီဓါတ်တွေကို နည်းစေတဲ့အတွက် အဝလွန်ခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး ကိုယ်အလေးချိန်ချရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။

၅။ခံတွင်းကျန်းမာရေးကောင်းစေခြင်း

ပူစီနံရွက်ဟာ ဘက်တီးရီးယားပိုးသေစေနိုင်တဲ့အာနိသင်ရှိတာကြောင့် ပူစီနံရွက်ဝါးခြင်းဖြင့် ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေကိုသေစေနိုင်ပြီး ခံတွင်းရှင်းစေကာ ခံတွင်းအနံ့ဆိုးထွက်ခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။သွားဖုံးတွေနဲ့လျှာ ကျန်းမာဖို့အတွက်လည်းအထောက်အကူပြုပါတယ်။

ဒါကြောင့်ခုနောက်ပိုင်းမှာဆိုရင် သွားတိုက်ဆေးတွေ၊ပလုတ်ကျင်းဆေးရည်တွေစတဲ့ သွားနဲ့ခံတွင်းသုံးပစ္စည်းတွေမှာ ပူစီနံပင်ကရတဲ့အဆီကို ထည့်သွင်းဖော်စပ်လာကြပါတယ်။

၆။ဦးနှောက်နဲ့အာရုံကြောတွေကို ကောင်းမွန်စေခြင်း

ပူစီနံစားခြင်းဖြင့် ဦးနှောက်နဲ့အာရုံကြောကိုအားကောင်းစေပြီး အသက်ကြီးလာခြင်း စိတ်ဖိစီးစရာများခြင်းတို့ကြောင့် ဖြစ်တတ်တဲ့ သတိမေ့တတ်တာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

၇။အသားအရေကိုစိုပြေဝင်းပစေခြင်း

ပူစီနံရွက်ကိုမကြာခဏစားပေးပါက အသားအရေကိုစိုပြေဝင်းပစေပြီး ဝက်ခြံ၊အမဲစက်၊ဆားဝက်ခြံတွေထွက်ခြင်းကိုလျော့နည်းစေနိုင်ပါတယ်။

၈။စိတ်ဖိစီးမှုကိုလျော့နည်းစေပြီး စိတ်ကျဝေဒနာကိုသက်သာစေနိုင်ခြင်း

ပူစီနံရွက်ရဲ့ရနံ့က စိတ်ပင်ပန်းကြပ်တည်းနေတာကို ပြေလျော့စေပြီး စိတ်ကြည်လင်လန်းဆန်းအောင်အထောက်အကူပေးပါတယ်။စိတ်ဓါတ်ကျတဲ့အခါ စိတ်ဖိစီးမှုများတဲ့အခါမှာ ပူစီနံရွက်ရေနွေးကြမ်းသောက်ခြင်းဖြင့်သက်သာစေနိုင်ပါတယ်။

Dr သီတာနွယ်(အမရပူရ)