မုန်လာဥဖြူ ပုံမှန်စားပါ

မုုန္လာဥျဖဴ ပံုုမွန္စားပါ

မုန္လာဥျဖဴ၊မုန္လာဥနီေတြဟာ ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံအပါအ၀င္ အာရွနိုင္ငံအေတာ္မ်ားမ်ားမွာ အစားမ်ားေလ႔ရွိတဲ႔ ဟင္းသီးဟင္းရြက္ေတြျဖစ္ပါတယ္။

မုန္လာဥျဖဴကို အဂၤလိပ္လို White radish,Oriental radish,winter radish စသျဖင္႔ အမ်ိဳးမ်ိဳးေခၚၾကပါတယ္။ဂ်ပန္လိုေတာ႔ မုန္လာဥျဖဴကို Daikon လို႔ေခၚပါတယ္။

ရုကၡေဗဒနာမည္ကေတာ႔ Raphanus sativus ျဖစ္ပါတယ္။

မုန္လာဥျဖဴကို အမ်ိဳးမ်ိဳးလုပ္စားနိုင္ပါတယ္။

တို႔စရာအေနနဲ႔ ျပဳတ္ျပီး ငပိရည္ျဖင္႔စားတာရွိသလို အစိမ္းလိုက္အခြံခြာေရေဆးျပီး သုပ္စားတာ၊အခ်ဥ္တည္စားတာ(ခ်ဥ္ဖတ္အေနနဲ႔စားတာ)လည္းရွိပါတယ္။

အသားတခုခုနဲ႔ေရာျပီး ဟင္းခ်ိဳအေနနဲ႔ခ်က္ေသာက္နိုင္သလို၊အတံုးေသးေသးေလးေတြလွီးျပီးေၾကာ္စားလို႔လည္းရပါတယ္။

မုန္လာဥျဖဴမွာ အမွ်င္ဓါတ္၊ေရဓါတ္၊သၾကားဓါတ္၊ပရိုတင္းဓါတ္၊အန္တိုဆိုင္ရာနင္(Anthocyanin)၊ဗီတာမင္စီ၊ဗီတာမင္ေအ၊ကယ္လ္ဆီယံဓါတ္၊ပိုတက္ဆီယံဓါတ္၊သံဓါတ္ ေတြၾကြယ္၀မ်ားျပားစြာပါ၀င္တဲ႔အတြက္ မုန္လာဥျဖဴစားျခင္းျဖင္႔ က်န္းမာေရးအတြက္မ်ားစြာအေထာက္အကူျဖစ္ေစနိုင္ပါတယ္။

မုန္လာဥျဖဴစားျခင္းျဖင္႔ရနိုင္တဲ႔ က်န္းမာေရးေကာင္းက်ိဳးေတြကေတာ႔ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၁။ေသြးနီဥေတြအခ်ိန္မတိုင္ခင္ပ်က္စီးျခင္းကိုေလွ်ာ႔ခ်ကာကြယ္နိုင္ျခင္း

ေသြးနီဥေတြဆိုတာဟာ ကြ်န္ေတာ္တို႔ကိုယ္တြင္းရွိအဂၤါအစိတ္အပိုင္းေတြဆီကို ေအာက္ဆီဂ်င္ေတြသယ္ပို႔ေပးေနတဲ႔ေသြးဆဲလ္ေတြျဖစ္ပါတယ္။ေသြးနီဥေတြအခ်ိန္မတိုင္ခင္ပ်က္စီးမႈမ်ားပါက ေသြးအားနည္းတာ၊ေမာတာ ေတြျဖစ္နိုင္ပါတယ္။

သုေတသနေတြအရ မုန္လာဥျဖဴကိုပံုမွန္စားသံုးေပးပါက ေသြးနီဥေတြအခ်ိန္မတိုင္ခင္ပ်က္စီးျခင္းကို ေလွ်ာ႔ခ်ကာကြယ္နိုင္ေၾကာင္းသိရပါတယ္။

၂။အစာအိမ္နဲ႔အူလမ္းေၾကာင္းကိုအေထာက္အကူျပဳျခင္း

မုန္လာဥျဖဴမွာ အမွ်င္ဓါတ္မ်ားစြာပါ၀င္တဲ႔အတြက္ အစာေျခစနစ္ကိုေကာင္းမြန္ေစကာ ၀မ္းခ်ဳပ္ျခင္းကိုကင္းေစျပီး ၀မ္းကိုမွန္ေစပါတယ္။

အူမၾကီးကင္ဆာျဖစ္ပြားနိုင္ေျခကိုလည္း ေလ်ာ႔နည္းေစပါတယ္။

၃။နွလံုးက်န္းမာေရးကိုေကာင္းေစျခင္း

မုန္လာဥျဖဴမွာ ၾကြယ္၀မ်ားျပားစြာပါ၀င္တဲ႔ အန္တိုဆိုင္ရာနင္(Anthocyanin)က နွလံုးက်န္းမာစြာအလုပ္လုပ္ဖို႔အတြက္ ပံ႔ပိုးေပးျပီး နွလံုးနဲ႔ဆိုင္တဲ႔ေရာဂါေတြျဖစ္ပြားနိုင္ေျခကို ေလ်ာ႔နည္းေစပါတယ္။

ဒါ႔အျပင္ မုန္လာဥျဖဴမွာပါတဲ႔ ပိုတက္ဆီယမ္ဓါတ္ကလည္း ေသြးေပါင္ခ်ိန္ကိုထိန္းညိွေပးနိုင္တာေၾကာင္႔ ေသြးတိုးျဖစ္နိုင္ေျခကိုလည္းေလ်ာ႔နည္းေစကာ နွလံုးကိုက်န္းမာေစပါတယ္။

၄။ေသြးေၾကာမ်ားကိုက်န္းမာေစျခင္း

သုေတသနေတြအရ မုန္လာဥျဖဴဟာ ေသြးေၾကာေတြက်န္းမာဖို႔လိုအပ္တဲ႔ ေကာ္လာဂ်င္(Collagen) ကို ထုတ္ေပးတဲ႔ေနရာမွာ အေထာက္အကူျပဳပါတယ္။

မုန္လာဥျဖဴကိုမၾကာခဏစားေပးပါက ေသြးေၾကာေတြကိုက်န္းမာေစျပီး ေသြးေၾကာက်ဥ္းတာေတြ ျဖစ္ပြားနိုင္ေျခကို ေလ်ာ႔နည္းေစပါတယ္။

၅။ကိုယ္ခံအားကိုေကာင္းမြန္ေစျခင္း

မုန္လာဥျဖဴမွာၾကြယ္၀စြာပါ၀င္တဲ႔ ဗီတာမင္ စီ ဓါတ္ဟာ ကိုယ္ခံအားစနစ္ရဲ႕စြမ္းေဆာင္ရည္ကို ျမွင္႔တင္ေပးျပီး ရာသီအကူးအေျပာင္းေတြမွာအျဖစ္မ်ားေလ႔ရွိတဲ႔ အေအးမိ၊ဖ်ားနာျဖစ္ျခင္းေတြ မျဖစ္ေအာင္ကာကြယ္တားဆီး ေပးနိုင္ပါတယ္။

၆။အေရျပားက်န္းမာေရးအတြက္အေထာက္အကူျပဳျခင္း

မုန္လာဥျဖဴမွာေရဓါတ္ၾကြယ္၀စြာပါ၀င္တာေၾကာင္႔ မၾကာခဏစားေပးပါက ကိုယ္တြင္းေရဓါတ္ျပည္႔၀ေစျပီး အသားအေရေျခာက္ေသြ႔တာေတြျဖစ္ျခင္းကို ကာကြယ္ေပးနိုင္ပါတယ္။ဒါ႔အျပင္သူ႔မွာပါတဲ႔ဗီတာမင္စီဓါတ္ကလည္း အေရျပားတင္းရင္းေခ်ာေမြ႔ဖို႔အတြက္ အေထာက္အကူျပဳပါတယ္။

Dr သီတာႏြယ္(အမရပူရ)

Unicode Version

မုန်လာဥဖြူ ပုံမှန်စားပါ

မုန်လာဥဖြူ၊မုန်လာဥနီတွေဟာ ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအတော်များများမှာ အစားများလေ့ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။

မုန်လာဥဖြူကို အင်္ဂလိပ်လို White radish,Oriental radish,winter radish စသဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။ဂျပန်လိုတော့ မုန်လာဥဖြူကို Daikon လို့ခေါ်ပါတယ်။

ရုက္ခဗေဒနာမည်ကတော့ Raphanus sativus ဖြစ်ပါတယ်။

မုန်လာဥဖြူကို အမျိုးမျိုးလုပ်စားနိုင်ပါတယ်။

တို့စရာအနေနဲ့ ပြုတ်ပြီး ငပိရည်ဖြင့်စားတာရှိသလို အစိမ်းလိုက်အခွံခွာရေဆေးပြီး သုပ်စားတာ၊အချဉ်တည်စားတာ(ချဉ်ဖတ်အနေနဲ့စားတာ)လည်းရှိပါတယ်။

အသားတခုခုနဲ့ရောပြီး ဟင်းချိုအနေနဲ့ချက်သောက်နိုင်သလို၊အတုံးသေးသေးလေးတွေလှီးပြီးကြော်စားလို့လည်းရပါတယ်။

မုန်လာဥဖြူမှာ အမျှင်ဓါတ်၊ရေဓါတ်၊သကြားဓါတ်၊ပရိုတင်းဓါတ်၊အန်တိုဆိုင်ရာနင်(Anthocyanin)၊ဗီတာမင်စီ၊ဗီတာမင်အေ၊ကယ်လ်ဆီယံဓါတ်၊ပိုတက်ဆီယံဓါတ်၊သံဓါတ် တွေကြွယ်ဝများပြားစွာပါဝင်တဲ့အတွက် မုန်လာဥဖြူစားခြင်းဖြင့် ကျန်းမာရေးအတွက်များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။

မုန်လာဥဖြူစားခြင်းဖြင့်ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။သွေးနီဥတွေအချိန်မတိုင်ခင်ပျက်စီးခြင်းကိုလျှော့ချကာကွယ်နိုင်ခြင်း

သွေးနီဥတွေဆိုတာဟာ ကျွန်တော်တို့ကိုယ်တွင်းရှိအင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်တွေသယ်ပို့ပေးနေတဲ့သွေးဆဲလ်တွေဖြစ်ပါတယ်။သွေးနီဥတွေအချိန်မတိုင်ခင်ပျက်စီးမှုများပါက သွေးအားနည်းတာ၊မောတာ တွေဖြစ်နိုင်ပါတယ်။

သုတေသနတွေအရ မုန်လာဥဖြူကိုပုံမှန်စားသုံးပေးပါက သွေးနီဥတွေအချိန်မတိုင်ခင်ပျက်စီးခြင်းကို လျှော့ချကာကွယ်နိုင်ကြောင်းသိရပါတယ်။

၂။အစာအိမ်နဲ့အူလမ်းကြောင်းကိုအထောက်အကူပြုခြင်း

မုန်လာဥဖြူမှာ အမျှင်ဓါတ်များစွာပါဝင်တဲ့အတွက် အစာခြေစနစ်ကိုကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းကိုကင်းစေပြီး ဝမ်းကိုမှန်စေပါတယ်။

အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

၃။နှလုံးကျန်းမာရေးကိုကောင်းစေခြင်း

မုန်လာဥဖြူမှာ ကြွယ်ဝများပြားစွာပါဝင်တဲ့ အန်တိုဆိုင်ရာနင်(Anthocyanin)က နှလုံးကျန်းမာစွာအလုပ်လုပ်ဖို့အတွက် ပံ့ပိုးပေးပြီး နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

ဒါ့အပြင် မုန်လာဥဖြူမှာပါတဲ့ ပိုတက်ဆီယမ်ဓါတ်ကလည်း သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးဖြစ်နိုင်ခြေကိုလည်းလျော့နည်းစေကာ နှလုံးကိုကျန်းမာစေပါတယ်။

၄။သွေးကြောများကိုကျန်းမာစေခြင်း

သုတေသနတွေအရ မုန်လာဥဖြူဟာ သွေးကြောတွေကျန်းမာဖို့လိုအပ်တဲ့ ကော်လာဂျင်(Collagen) ကို ထုတ်ပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်။

မုန်လာဥဖြူကိုမကြာခဏစားပေးပါက သွေးကြောတွေကိုကျန်းမာစေပြီး သွေးကြောကျဉ်းတာတွေ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

၅။ကိုယ်ခံအားကိုကောင်းမွန်စေခြင်း

မုန်လာဥဖြူမှာကြွယ်ဝစွာပါဝင်တဲ့ ဗီတာမင် စီ ဓါတ်ဟာ ကိုယ်ခံအားစနစ်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ရာသီအကူးအပြောင်းတွေမှာအဖြစ်များလေ့ရှိတဲ့ အအေးမိ၊ဖျားနာဖြစ်ခြင်းတွေ မဖြစ်အောင်ကာကွယ်တားဆီး ပေးနိုင်ပါတယ်။

၆။အရေပြားကျန်းမာရေးအတွက်အထောက်အကူပြုခြင်း

မုန်လာဥဖြူမှာရေဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် မကြာခဏစားပေးပါက ကိုယ်တွင်းရေဓါတ်ပြည့်ဝစေပြီး အသားအရေခြောက်သွေ့တာတွေဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင်သူ့မှာပါတဲ့ဗီတာမင်စီဓါတ်ကလည်း အရေပြားတင်းရင်းချောမွေ့ဖို့အတွက် အထောက်အကူပြုပါတယ်။

Dr သီတာနွယ်(အမရပူရ)