သကြားစားသုံးခြင်း နှင့် ကင်ဆာအန္တရာယ်

သၾကားစားသံုးျခင္း ႏွင့္ ကင္ဆာအႏၲရာယ္

 လူေတာ္ေတာ္မ်ားမ်ား သိထားၾကတာကေတာ့ သၾကား အစာူမ်ားရင္ သၾကားပါတဲ့ အေအးတို႔ အခ်ိဳမုန္႔ ေတြ စားတာမ်ားရင္ ဆီးခ်ိဳျဖစ္မယ္ ဝလာမယ္ ဒီေလာက္ပဲ သိထားၾကတာမ်ားပါတယ္။ ဒါေပမယ့္ ဒီထက္ေၾကာက္ဖို႔ေကာင္းတဲ့ ေရာဂါေတြ ျဖစ္လာႏိုင္ေသးတာ ကိုသတိမထားမိပါဘူး။ အဲ့ဒါကေတာ့ ကင္ဆာ ေရာဂါေတြ ျဖစ္ပြားႏွဳန္း တက္လာေစပါတယ္။

ဒါဆို ကင္ဆာ အကုန္ ျဖစ္ေစတာလား?

အဲ့ဒီလိုလဲ မဟုတ္ပါဘူး။ သၾကားစားတာ မ်ားရင္ အဓိက ျဖစ္ေစတဲ့ ကင္ဆာေတြကေတာ့

1. esophageal cancer (အစာမ်ိဳႁပြန္ ကင္ဆာ)

2. Small Intestinal Cancer (အူသိမ္ ကင္ဆာမ်ား)

3. အဆုတ္ကင္ဆာ

4. သားဥအိမ္ကင္ဆာ (Ovarian Cancer) စတဲ့ ကင္ဆာ ေရာဂါေတြ ျဖစ္တတ္ပါတယ္။

 ဘယ္လို သၾကားေတြ က ကင္ဆာ ျဖစ္ေစသလဲ?

1. Sucrose (စူးဂ႐ို႕စ္)

2. Fructose (ဖရပ္တို႔စ္) စတဲ့ သၾကားဓါတ္ေတြ က ကင္ဆာ ျဖစ္ေစပါတယ္။

 Sucrose ဆိုတာ ဘာလဲ?

သူကေတာ့ ကြ်န္ေတာ္တို႔ သံုးသံုးေနက် အိမ္သံုး သၾကား ပါ။ ဒါေၾကာင့္ အဲ့ဒီ အိမ္သံုး သၾကားေတြ ထည့္လုပ္ထားတဲ့ မုန္႔ မ်ားကို ထိန္းထိန္းသိမ္းသိမ္း စားသင့္ပါတယ္။ ဥပမာ- ကိတ္မုန္႔၊ ကြတ္ကီး၊ brownie၊ ဒိုးနတ္ ႏွင့္ အျခားေသာ ကိတ္မ်ိဳးစံုမွာ sucrose ပါပါတယ္။

 ဒီလိုေျပာလို႔ လံုးဝ မစားရဘူးလည္း မဆိုလိုပါဘူး။ စားတဲ့ အႀကိမ္အေရ အတြက္ နဲ႔ ပမာဏ ကို ထိန္းေပးဖို႔ပဲ လိုတာပါ။ ဥပမာ – တစ္ပါတ္တစ္ခါ စားမယ့္ အစား ႏွစ္ပါတ္ မွ တစ္ခါ စားတာမ်ိဳး၊ တစ္လေနမွ တစ္ခါ စားတာမ်ိဳး လုပ္ေပးပါ။

 ဒါဆိုရင္ အိမ္သံုး သၾကားကို တစ္ေန႔ ကို ဘယ္ေလာက္ စားလို႔ရလဲ ?

American Heart Association (AHA) ကထုတ္ထားတဲ့ Guideline အရ ဆိုရင္ေတာ့ အမ်ိဳးသမီးတစ္ဦး အေနနဲ႔ သၾကား ကို တစ္ေန႔ လက္လက္ဇြန္း ၆ ဇြနိး ထက္မပို သင့္သလို အမ်ိဳးသားဂတစ္ေယာက္ အေနနဲ႔ တစ္ေန႔ ကို သၾကား လက္ဘက္ဇြန္း ၉ ဇြန္း ထက္မပို သင့္ပါ။

 ဒီလိုေျပာလိုက္လို႔လည္း တစ္ေန႔ ကို သၾကား ၆ ဇြန္း နဲ႔ ၉ ဇြန္း မျပည့္ ျပည့္ေအာင္ ထိုသ္စားရနယ္လို႔ မဆိုလိုပါဘူး။ ကြ်န္ေတာ္တို႔ sucrose အိမ္သံုး သၾကား ကို သီးသန္း မစားေနရင္းပဲ ကို sucrose ေတြ က ခႏၶာကိုယ္ထဲ ဝင္ေနတာပါ။ ဘာေၾကာင့္လဲ ဆိုေတာ့ တခ်ိဳ႕ အစား အစာေတြ မွာ ကြ်န္ေတာ္တို႔ မ်က္စိ နဲ႔ မျမင္ရေပ မယ့္ သၾကား ေတြ အမ်ားႀကီးပါေနတတ္ပါတယ္။

 ဥပမာ – ဒိုးနတ္ မုန္႔ေပၚ မွာ သၾကား ျဖဴးထားရင္ လူတိုင္း က ဒီမုန္႔ မွာ သၾကား အမ်ားႀကီးပါတယ္ လို႔ သတိထားမိေပမယ့္ ကြတ္ကီး တစ္ခ်ပ္ ဆိုရင္ ေတာ့ အေပၚ မွာ သၾကားမျဖဴးထားတဲ့ အတြက္ သၾကားမ်ား လိမ့္မယ္လို႔ သတိမထားမိၾကပါဘူး။ တကယ္ေတာ့ ကြတ္ကီးဂတစ္ခ်ပ္ ျဖစ္ဖို႔ အတြက္ သၾကား အမ်ားႀကီး သံုးထားရပါတယ္။ ထို႔အတူပါပဲ ေကာ္ဖီ ေဖ်ာ္ရင္ သၾကားနည္းနည္းပဲ ထည့္ၾကတယ္ ဆိုေပမယ့္ ႏို႔ဆီေတြ ႏို႔စိမ္း ေတြ ထည့္လိုက္ေတာ့ ႏို႔ဆီ နဲ႔ ႏို႔စိမ္းေတြ မ်ာပါတယ္ မ်ားစြာေသာ သၾကားေတြ က ခႏၶာကိုယ္ထဲ ကို ဝင္သြားပါတယ္။

 ဒါေၾကာင့္ သၾကား ကို လက္ဘက္ဇြန္း ၆-၉ ဇြန္း အထိ စားလို႔ရတယ္ ဆိုၿပီး မျပည့္ မခ်င္း သၾကားေတြ ထပ္ထည့္စားတာမ်ိဳး မလုပ္သင့္ပါဘူး။

 ဒါဆို fructose ကေကာ ဘာလဲ?

 သူကေတာ့ စားေသာက္ကုန္ လုပ္ငန္းေတြ မွာ သံုးတဲ့ သၾကားတစ္မ်ိဳးပါ။ အရမ္းခ်ိဳတယ္။ ဒါေၾကာင့္ အခ်ိဳ ရည္ လုပ္ငန္းေတြ၊ ေလေဖာင္းမုန္႔ေတြ၊ သၾကားလံုး၊ တျခားေသာ အႀကီးစား ထုတ္လုပ္တဲ့ မုန္႔ အခ်ိဳ ေတြ၊ ရယ္ဒီမိတ္ ကြတ္ကီးေတြ၊ ဘီစကြတ္ ေတြ မွာ တြင္တြင္က်ယ္က်ယ္ သံုးလာၾကပါတယ္။ သူ႔ကို ေတာ့ တတ္ႏိုင္သမွ်ေရွာင္တာ အေကာင္းဆံုးပါ။ သူ႔ကိုဂေရွာငိဖို႔ အတြက္ အေကာင္းဆံုးကေတာ့ ရယ္ဒီမိတ္ အခ်ိဳရည္ေတြ ကိုေရွာင္လိုက္ရင္ေတာ့ ေတာ္ေတာ္ေလး ေရွာင္ၿပီးသား ျဖစ္သြားပါလိမ့္မယ္။

 ကြ်န္ေတာ္ အခုေျပာတားတာ က ကင္ဆာ မျဖစ္ေအာင္ သၾကား ကို ထိန္းကြပ္စားေပးဖို႔ပါ။ သို႔ေသာ္ဂကင္ဆာျဖစ္ၿပီးသား လူနာေတြ မွာ ေတာ့ ဟိုဟာ မေကြ်းဂဒီဟာမေကြ်း ဟိုဟညမစားနံ့ ဒီဟာမစားနဲ႔ မလုပ္သင့္ပါ။ ကင္ဆာေဝဒနာရွင္ေတြ က နဂိုတည္း က အစားအေသာက္ ပ်က္ေနတဲ့ အခ်ိန္မွာ သူတို႔ စားခ်င္တာေလး ကို ေကြ်းေပးဖိျ့ပဲလိုပါတယ္။ သူတို႔လည္း အလြန္အကြ်ံ မစားႏိုင္ပါ။ ဒါေၾကာင့္ ကင္ဆာေဝဒနာရွင္ေတြ ကေတာ့ ခ်ိဳတာေလး စားခ်င္တယ္ ဆိုရင္ လည္း ေကြ်းၿပီး အာဟာရျပည့္ေအာင္ လုပ္ေပးဖို႔လိုပါတယ္။

 ေလးစားစြာျဖင့္

ေဒါက္တာ ညီညီေက်ာ္

(Unicode)

သကြားစားသုံးခြင်း နှင့် ကင်ဆာအန္တရာယ်

လူတော်တော်များများ သိထားကြတာကတော့ သကြား အစာူများရင် သကြားပါတဲ့ အအေးတို့ အချိုမုန့် တွေ စားတာများရင် ဆီးချိုဖြစ်မယ် ဝလာမယ် ဒီလောက်ပဲ သိထားကြတာများပါတယ်။ ဒါပေမယ့် ဒီထက်ကြောက်ဖို့ကောင်းတဲ့ ရောဂါတွေ ဖြစ်လာနိုင်သေးတာ ကိုသတိမထားမိပါဘူး။ အဲ့ဒါကတော့ ကင်ဆာ ရောဂါတွေ ဖြစ်ပွားနှုန်း တက်လာစေပါတယ်။

ဒါဆို ကင်ဆာ အကုန် ဖြစ်စေတာလား?

အဲ့ဒီလိုလဲ မဟုတ်ပါဘူး။ သကြားစားတာ များရင် အဓိက ဖြစ်စေတဲ့ ကင်ဆာတွေကတော့

1. esophageal cancer (အစာမျိုပြွန် ကင်ဆာ)

2. Small Intestinal Cancer (အူသိမ် ကင်ဆာများ)

3. အဆုတ်ကင်ဆာ

4. သားဥအိမ်ကင်ဆာ (Ovarian Cancer) စတဲ့ ကင်ဆာ ရောဂါတွေ ဖြစ်တတ်ပါတယ်။

ဘယ်လို သကြားတွေ က ကင်ဆာ ဖြစ်စေသလဲ?

1. Sucrose (စူးဂရို့စ်)

2. Fructose (ဖရပ်တို့စ်) စတဲ့ သကြားဓါတ်တွေ က ကင်ဆာ ဖြစ်စေပါတယ်။

Sucrose ဆိုတာ ဘာလဲ?

သူကတော့ ကျွန်တော်တို့ သုံးသုံးနေကျ အိမ်သုံး သကြား ပါ။ ဒါကြောင့် အဲ့ဒီ အိမ်သုံး သကြားတွေ ထည့်လုပ်ထားတဲ့ မုန့် များကို ထိန်းထိန်းသိမ်းသိမ်း စားသင့်ပါတယ်။ ဥပမာ- ကိတ်မုန့်၊ ကွတ်ကီး၊ brownie၊ ဒိုးနတ် နှင့် အခြားသော ကိတ်မျိုးစုံမှာ sucrose ပါပါတယ်။

ဒီလိုပြောလို့ လုံးဝ မစားရဘူးလည်း မဆိုလိုပါဘူး။ စားတဲ့ အကြိမ်အရေ အတွက် နဲ့ ပမာဏ ကို ထိန်းပေးဖို့ပဲ လိုတာပါ။ ဥပမာ – တစ်ပါတ်တစ်ခါ စားမယ့် အစား နှစ်ပါတ် မှ တစ်ခါ စားတာမျိုး၊ တစ်လနေမှ တစ်ခါ စားတာမျိုး လုပ်ပေးပါ။

ဒါဆိုရင် အိမ်သုံး သကြားကို တစ်နေ့ ကို ဘယ်လောက် စားလို့ရလဲ ?

American Heart Association (AHA) ကထုတ်ထားတဲ့ Guideline အရ ဆိုရင်တော့ အမျိုးသမီးတစ်ဦး အနေနဲ့ သကြား ကို တစ်နေ့ လက်လက်ဇွန်း ၆ ဇွနိး ထက်မပို သင့်သလို အမျိုးသားဂတစ်ယောက် အနေနဲ့ တစ်နေ့ ကို သကြား လက်ဘက်ဇွန်း ၉ ဇွန်း ထက်မပို သင့်ပါ။

ဒီလိုပြောလိုက်လို့လည်း တစ်နေ့ ကို သကြား ၆ ဇွန်း နဲ့ ၉ ဇွန်း မပြည့် ပြည့်အောင် ထိုသ်စားရနယ်လို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ sucrose အိမ်သုံး သကြား ကို သီးသန်း မစားနေရင်းပဲ ကို sucrose တွေ က ခန္ဓာကိုယ်ထဲ ဝင်နေတာပါ။ ဘာကြောင့်လဲ ဆိုတော့ တချို့ အစား အစာတွေ မှာ ကျွန်တော်တို့ မျက်စိ နဲ့ မမြင်ရပေ မယ့် သကြား တွေ အများကြီးပါနေတတ်ပါတယ်။

ဥပမာ – ဒိုးနတ် မုန့်ပေါ် မှာ သကြား ဖြူးထားရင် လူတိုင်း က ဒီမုန့် မှာ သကြား အများကြီးပါတယ် လို့ သတိထားမိပေမယ့် ကွတ်ကီး တစ်ချပ် ဆိုရင် တော့ အပေါ် မှာ သကြားမဖြူးထားတဲ့ အတွက် သကြားများ လိမ့်မယ်လို့ သတိမထားမိကြပါဘူး။ တကယ်တော့ ကွတ်ကီးဂတစ်ချပ် ဖြစ်ဖို့ အတွက် သကြား အများကြီး သုံးထားရပါတယ်။ ထို့အတူပါပဲ ကော်ဖီ ဖျော်ရင် သကြားနည်းနည်းပဲ ထည့်ကြတယ် ဆိုပေမယ့် နို့ဆီတွေ နို့စိမ်း တွေ ထည့်လိုက်တော့ နို့ဆီ နဲ့ နို့စိမ်းတွေ မျာပါတယ် များစွာသော သကြားတွေ က ခန္ဓာကိုယ်ထဲ ကို ဝင်သွားပါတယ်။

ဒါကြောင့် သကြား ကို လက်ဘက်ဇွန်း ၆-၉ ဇွန်း အထိ စားလို့ရတယ် ဆိုပြီး မပြည့် မချင်း သကြားတွေ ထပ်ထည့်စားတာမျိုး မလုပ်သင့်ပါဘူး။

ဒါဆို fructose ကကော ဘာလဲ?

သူကတော့ စားသောက်ကုန် လုပ်ငန်းတွေ မှာ သုံးတဲ့ သကြားတစ်မျိုးပါ။ အရမ်းချိုတယ်။ ဒါကြောင့် အချို ရည် လုပ်ငန်းတွေ၊ လေဖောင်းမုန့်တွေ၊ သကြားလုံး၊ တခြားသော အကြီးစား ထုတ်လုပ်တဲ့ မုန့် အချို တွေ၊ ရယ်ဒီမိတ် ကွတ်ကီးတွေ၊ ဘီစကွတ် တွေ မှာ တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ သူ့ကို တော့ တတ်နိုင်သမျှရှောင်တာ အကောင်းဆုံးပါ။ သူ့ကိုဂရှောငိဖို့ အတွက် အကောင်းဆုံးကတော့ ရယ်ဒီမိတ် အချိုရည်တွေ ကိုရှောင်လိုက်ရင်တော့ တော်တော်လေး ရှောင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော် အခုပြောတားတာ က ကင်ဆာ မဖြစ်အောင် သကြား ကို ထိန်းကွပ်စားပေးဖို့ပါ။ သို့သော်ဂကင်ဆာဖြစ်ပြီးသား လူနာတွေ မှာ တော့ ဟိုဟာ မကျွေးဂဒီဟာမကျွေး ဟိုဟညမစားနံ့ ဒီဟာမစားနဲ့ မလုပ်သင့်ပါ။ ကင်ဆာဝေဒနာရှင်တွေ က နဂိုတည်း က အစားအသောက် ပျက်နေတဲ့ အချိန်မှာ သူတို့ စားချင်တာလေး ကို ကျွေးပေးဖိြ့ပဲလိုပါတယ်။ သူတို့လည်း အလွန်အကျွံ မစားနိုင်ပါ။ ဒါကြောင့် ကင်ဆာဝေဒနာရှင်တွေ ကတော့ ချိုတာလေး စားချင်တယ် ဆိုရင် လည်း ကျွေးပြီး အာဟာရပြည့်အောင် လုပ်ပေးဖို့လိုပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image