ယောက ျာ်းတွေမှာ  ဒုတိယအဖြစ်များဆုံး  ကင်ဆာ

ေယာက ်ာ္းေတြမွာ  ဒုုတိယအျဖစ္မ်ားဆံုုး  ကင္ဆာ

ဆီးက်ိတ္ကို ေဆးပညာအရ Prostate gland လို႔ေခၚပါတယ္။ဆီးက်ိတ္ဟာ အမ်ိဳးသားေတြရဲ႔ဆီးအိမ္ေအာက္နားမွာကပ္လ်က္ရွိပါတယ္ ဆီးက်ိတ္ထဲကေန ဆီးထြက္ျပြန္ကျဖတ္သြားတယ္္။အမ်ိဳးသားေတြ သုက္လႊတ္တဲ႔အခ်ိန္မွာ ဆီးက်ိတ္ကေန အယ္ကာလီဓါတ္ကဲျပီး အျဖဴနွစ္ေရာင္ သို႔မဟုတ္ အၾကည္ေရာင္ရွိတဲ႔အရည္ေတြကို ဆီးထြက္ျပြန္ထဲသို႔ ထုတ္ေပးပါတယ္။ထိုအရည္ေတြက သုက္ေကာင္ေတြအတြက္အာဟာရျဖစ္ေစျပီး သုက္ေကာင္ေတြရဲ႕သက္တမ္းကိုၾကာရွည္ေအာင္ကူညီေပးပါတယ္။

ဆီးက်ိတ္ကင္ဆာကို Ca prostate လို႔ေခၚပါတယ္။အမ်ိဳးသားေတြမွာပဲျဖစ္ပါတယ္။ဆီးက်ိတ္ကင္ဆာဟာ အဆုတ္ကင္ဆာျပီးရင္ အမ်ိဳးသားေတြမွာ ဒုတိယေျမာက္ အျဖစ္မ်ားဆံုးေသာ ကင္ဆာအမ်ိဳးအစားျဖစ္ပါတယ္။အမ်ားအားျဖင္႔ အသက္၆၅ အထက္ အမ်ိဳးသားေတြမွာ ျဖစ္ေလ႔ရွိပါတယ္။အသက္၆၀ေက်ာ္လာတာနဲ႔အမွ် အမ်ိဳးသားေတြမွာ ဆီးက်ိတ္ကင္ဆာျဖစ္ပြားနိုင္ေျခဟာ တျဖည္းျဖည္းပိုျမင္႔တက္လာပါတယ္။

ဆီးက်ိတ္ကင္ဆာျဖစ္ရတဲ႔အေၾကာင္းရင္းအတိအက်ကိုေတာ႔ ေသခ်ာမသိေသးပါဘူး။မ်ိဳးရိုးရွိသူေတြ၊ ဆီးပိုး၀င္ျပီး ဆီးက်ိတ္ခဏခဏေရာင္တဲ႔သူေတြ၊အဆီေတြ၊အသားေတြအစားမ်ားျပီးဟင္းသီးဟင္းရြက္ သစ္သီး၀လံအစားနည္းတဲ႔သူေတြ မွာဆိုရင္ေတာ႔ ျဖစ္နိုင္ေျခပိုမ်ားတတ္ေၾကာင္း သုေတသနပညာရွင္မ်ားက ေျပာထားပါတယ္။

ေရာဂါလကၡဏာေတြအေနနဲ႔ကေတာ႔ အစပိုင္းမွာဘာမွေထြေထြထူးထူးျပေလ႔မရွိပါ။ဒါေၾကာင္႔ေရာဂါကိုေစာေစာစီးစီးသိဖို႔က ခက္ခဲျပီး သိတဲ႔အခါမွာလည္းေနာက္က်ေနတာမ်ိဳးျဖစ္တာမ်ားတဲ႔အတြက္ ကုရခက္တတ္ပါတယ္။တခ်ိဳ႕တေလမွာေတာ႔ဆီးသြားရခက္တာ ဆီးသြားရင္ဆီးတန္းေသးတာ ဆီးသြားတာဆန္႔တငင္ငင္ျဖစ္တာ ဆီမထိန္းနိုင္တာ ညဘက္ဆီးခဏခဏသြားခ်င္တာ ဆီးသြားပီးရင္လည္း တစက္စက္က်ေနတာ ေတြျဖစ္နိုင္ပါတယ္။

ဒီလကၡဏာေတြက ကင္ဆာမဟုတ္ဘဲ အသက္ၾကီးလို႔ရိုရိုးဆီးက်ိတ္ၾကီး(Beingn prostatic hypertrophy-BPH)တာမွာ ျဖစ္တဲ႔အခါမွာလည္း ခံစားရနိုင္ပါတယ္။ဒါေၾကာင္႔ ဒီလကၡဏာေတြခံစားရျပီဆိုရင္ ကင္ဆာလား၊ရိုးရိုးဆီးက်ိတ္ၾကီးတာလည္းသိေအာင္ ဆရာ၀န္နဲ႔ျပသျပီးစမ္းသပ္စစ္ေဆးမႈေတြလုပ္ရပါမယ္။

လုပ္နိုင္တဲ႔စမ္းသပ္စစ္ေဆးမႈေတြအေနနဲ႔ကေတာ႔  စအိုေပါက္ကေနလက္နိႈက္ျပီး ဆီးက်ိတ္ကိုစမ္းသပ္တာ(Digital Rectal Examination) ဆီးက်ိတ္မွအသားစနမူနာယူျပီးစစ္တာ ၊ေသြးထဲက Prostate specific antigen ပမာဏာကိုစစ္တာ၊ သံလုိက္ဓါတ္မွန္ရိုက္တာ(MRI Scan)စသျဖင္႔ပါ။စမ္းသပ္စစ္ေဆးၾကည္႔လို႔ ဆီးက်ိတ္ကင္ဆာျဖစ္ျပီဆိုရင္ေတာ႔ တျခားဘယ္ေနရာေတြပ်ံ႕ေနျပီလဲဆိုတာသိဖို႔နဲ႔ ကင္ဆာအဆင္႔သတ္မွတ္ဖို႔အတြက္ အာထရာေဆာင္းရိုက္တာ၊ရင္ဘတ္ဓါတ္မွန္ရိုက္တာ၊အရိုးဓါတ္မွန္ရိုက္တာ စသျဖင္႔ စစ္ေဆးမႈေတြထပ္လုပ္ရနိုင္ပါတယ္။

ကုသမႈအေနနဲ႔ကေတာ႔  ခြဲစိတ္ကုသတာ(Surgery)၊ကင္ဆာေဆးသြင္းကုသတာ(Chemotherapy)၊ဓါတ္ေရာင္ျခည္နဲ႔ကုုသတာ(Radiotherapy)၊ေဟာ္မုန္းနည္းျဖင္႔ကုသတာ(Hormonal therapy) စသျဖင္႔အမ်ိဳးမ်ိဳးရွိပါတယ္။ေရာဂါအဆင္႔နဲ႔လူနာအေျခအေနေပၚမႈတည္ကာ နွစ္နည္း၊သံုးနည္း ေပါင္းကုတာမ်ိဳးလည္းရွိပါတယ္။ဆီးက်ိတ္ကင္ဆာလံုး၀မျဖစ္ေအာင္ ကာကြယ္နိုင္မယ္႔နည္းလမ္းေတာ႔မရွိေသးပါဘူး။ဒါေပမယ္႔ ဆီးပိုးခဏခဏမ၀င္နိုင္ရန္ လိင္အဂၤါသန္႔ရွင္းေရးနဲ႔ တကိုယ္ေရသန္႔ရွင္းေရးဂရုစိုက္တာ၊အဆီမ်ားတဲ႔အစားအစာေတြကိုေလွ်ာ႔စားတာ၊လတ္ဆတ္တဲ႔ဟင္းသီးဟင္းရြက္နဲ႔သစ္သီး၀လံေတြကိုမ်ားမ်ားစားေပးတာ၊ကိုယ္အေလးခ်ိန္တက္မလာေအာင္ထိန္းတာ ေတြလုပ္ျခင္းျဖင္႔ မိမိမွာ ဆီးက်ိတ္ကင္ဆာျဖစ္ပြားနိုင္ေျခကို ေလ်ာ႔နည္းေစနိုင္ပါတယ္။

Dr 528

Unicode Version

ယောက ျာ်းတွေမှာ  ဒုတိယအဖြစ်များဆုံး  ကင်ဆာ

ဆီးကျိတ်ကို ဆေးပညာအရ Prostate gland လို့ခေါ်ပါတယ်။ဆီးကျိတ်ဟာ အမျိုးသားတွေရဲ့ဆီးအိမ်အောက်နားမှာကပ်လျက်ရှိပါတယ် ဆီးကျိတ်ထဲကနေ ဆီးထွက်ပြွန်ကဖြတ်သွားတယ်။အမျိုးသားတွေ သုက်လွှတ်တဲ့အချိန်မှာ ဆီးကျိတ်ကနေ အယ်ကာလီဓါတ်ကဲပြီး အဖြူနှစ်ရောင် သို့မဟုတ် အကြည်ရောင်ရှိတဲ့အရည်တွေကို ဆီးထွက်ပြွန်ထဲသို့ ထုတ်ပေးပါတယ်။ထိုအရည်တွေက သုက်ကောင်တွေအတွက်အာဟာရဖြစ်စေပြီး သုက်ကောင်တွေရဲ့သက်တမ်းကိုကြာရှည်အောင်ကူညီပေးပါတယ်။

ဆီးကျိတ်ကင်ဆာကို Ca prostate လို့ခေါ်ပါတယ်။အမျိုးသားတွေမှာပဲဖြစ်ပါတယ်။ဆီးကျိတ်ကင်ဆာဟာ အဆုတ်ကင်ဆာပြီးရင် အမျိုးသားတွေမှာ ဒုတိယမြောက် အဖြစ်များဆုံးသော ကင်ဆာအမျိုးအစားဖြစ်ပါတယ်။အများအားဖြင့် အသက်၆၅ အထက် အမျိုးသားတွေမှာ ဖြစ်လေ့ရှိပါတယ်။အသက်၆၀ကျော်လာတာနဲ့အမျှ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေဟာ တဖြည်းဖြည်းပိုမြင့်တက်လာပါတယ်။

ဆီးကျိတ်ကင်ဆာဖြစ်ရတဲ့အကြောင်းရင်းအတိအကျကိုတော့ သေချာမသိသေးပါဘူး။မျိုးရိုးရှိသူတွေ၊ ဆီးပိုးဝင်ပြီး ဆီးကျိတ်ခဏခဏရောင်တဲ့သူတွေ၊အဆီတွေ၊အသားတွေအစားများပြီးဟင်းသီးဟင်းရွက် သစ်သီးဝလံအစားနည်းတဲ့သူတွေ မှာဆိုရင်တော့ ဖြစ်နိုင်ခြေပိုများတတ်ကြောင်း သုတေသနပညာရှင်များက ပြောထားပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အစပိုင်းမှာဘာမှထွေထွေထူးထူးပြလေ့မရှိပါ။ဒါကြောင့်ရောဂါကိုစောစောစီးစီးသိဖို့က ခက်ခဲပြီး သိတဲ့အခါမှာလည်းနောက်ကျနေတာမျိုးဖြစ်တာများတဲ့အတွက် ကုရခက်တတ်ပါတယ်။တချို့တလေမှာတော့ဆီးသွားရခက်တာ ဆီးသွားရင်ဆီးတန်းသေးတာ ဆီးသွားတာဆန့်တငင်ငင်ဖြစ်တာ ဆီမထိန်းနိုင်တာ ညဘက်ဆီးခဏခဏသွားချင်တာ ဆီးသွားပီးရင်လည်း တစက်စက်ကျနေတာ တွေဖြစ်နိုင်ပါတယ်။

ဒီလက္ခဏာတွေက ကင်ဆာမဟုတ်ဘဲ အသက်ကြီးလို့ရိုရိုးဆီးကျိတ်ကြီး(Beingn prostatic hypertrophy-BPH)တာမှာ ဖြစ်တဲ့အခါမှာလည်း ခံစားရနိုင်ပါတယ်။ဒါကြောင့် ဒီလက္ခဏာတွေခံစားရပြီဆိုရင် ကင်ဆာလား၊ရိုးရိုးဆီးကျိတ်ကြီးတာလည်းသိအောင် ဆရာဝန်နဲ့ပြသပြီးစမ်းသပ်စစ်ဆေးမှုတွေလုပ်ရပါမယ်။

လုပ်နိုင်တဲ့စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့  စအိုပေါက်ကနေလက်နှိုက်ပြီး ဆီးကျိတ်ကိုစမ်းသပ်တာ(Digital Rectal Examination) ဆီးကျိတ်မှအသားစနမူနာယူပြီးစစ်တာ ၊သွေးထဲက Prostate specific antigen ပမာဏာကိုစစ်တာ၊ သံလိုက်ဓါတ်မှန်ရိုက်တာ(MRI Scan)စသဖြင့်ပါ။စမ်းသပ်စစ်ဆေးကြည့်လို့ ဆီးကျိတ်ကင်ဆာဖြစ်ပြီဆိုရင်တော့ တခြားဘယ်နေရာတွေပျံ့နေပြီလဲဆိုတာသိဖို့နဲ့ ကင်ဆာအဆင့်သတ်မှတ်ဖို့အတွက် အာထရာဆောင်းရိုက်တာ၊ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊အရိုးဓါတ်မှန်ရိုက်တာ စသဖြင့် စစ်ဆေးမှုတွေထပ်လုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့  ခွဲစိတ်ကုသတာ(Surgery)၊ကင်ဆာဆေးသွင်းကုသတာ(Chemotherapy)၊ဓါတ်ရောင်ခြည်နဲ့ကုသတာ(Radiotherapy)၊ဟော်မုန်းနည်းဖြင့်ကုသတာ(Hormonal therapy) စသဖြင့်အမျိုးမျိုးရှိပါတယ်။ရောဂါအဆင့်နဲ့လူနာအခြေအနေပေါ်မှုတည်ကာ နှစ်နည်း၊သုံးနည်း ပေါင်းကုတာမျိုးလည်းရှိပါတယ်။ဆီးကျိတ်ကင်ဆာလုံးဝမဖြစ်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းတော့မရှိသေးပါဘူး။ဒါပေမယ့် ဆီးပိုးခဏခဏမဝင်နိုင်ရန် လိင်အင်္ဂါသန့်ရှင်းရေးနဲ့ တကိုယ်ရေသန့်ရှင်းရေးဂရုစိုက်တာ၊အဆီများတဲ့အစားအစာတွေကိုလျှော့စားတာ၊လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေကိုများများစားပေးတာ၊ကိုယ်အလေးချိန်တက်မလာအောင်ထိန်းတာ တွေလုပ်ခြင်းဖြင့် မိမိမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

Dr 528

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image