ကင်ဆာ  ကကြီးခကွေး

ကင္ဆာ  ကၾကီးခေကြး

ကင္ဆာလို့ ေျပာလိုက္ရင္ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ေရာဂါျကီးတယ္ဆိုတာ မေျပာဘဲ သိျကတယ္။ ကင္ဆာစစ္ေဆးတာေတြျကည့္ျပီး ဒါကင္ဆာလား လို့ေမးတတ္တဲ႔ ေမးခြန္းေတြလည္း ရွိတယ္။ တစ္ခ်ို့ ေဆးစစ္တာမွာ Carcinoma ကာဆီနိုမား လို့ေရးတယ္။ တစ္ခ်ို့ ေဆးစစ္တဲ႔ ေနရာေတြမွာေတာ့ Sarcoma ဆာကိုးမား လို့ ေရးျကတယ္ ။
Carcinoma ကာဆီနိုမား နဲ႔ Sarcoma ဆာကိုမား ဘာကြာလဲ ဒီႏွစ္ခုက ျဖစ္တဲ႔ေနရာေတြမတူပါဘူး ။
Sarcoma ေတြက mesenchymal cells လို့ေခၚတဲ႔ ဆဲလ္အလႊာကေန ျဖစ္လာတာပါ။ Sarcoma ျဖစ္နိုင္တဲ႔ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းေတြက အရိုး ျကြက္သား အဆီ ေသြးေျကာနဲ႔ အရြတ္ေတြစတဲ႔ ေနရာေတြကေနျဖစ္တဲ႔ ကင္ဆာေတြကို ေခၚတာပါ ။
Carcinoma ေတြက epithelial cells ေတြနဲ႔ ဖြဲ႔စည္းထားတဲ႔ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းေတြမွာ ကင္ဆာျဖစ္တာကို ေခၚတာပါ။ ဥပမာ အေရျပား အဆုတ္ ရင္သား ပန္ကရိယ နဲ႔ တစ္ျခားအက်ိတ္ေတြကျဖစ္တဲ႔ ကင္ဆာေတြပါ ။
ထူးဆန္းတာတစ္ခုကေတာ့ အရိုးမွာဆိုရင္ေတာ့ ဒီကင္ဆာနွစ္မ်ိုးလံုးျဖစ္ခြင့္ရွိပါတယ္။ အရိုးတစ္ခုမွာ mesenchymal ဆဲလ္ ေရာ epithelial ဆဲလ္ ေရာ နွစ္မ်ိုးလံုးပါဝင္ေနလို့ပါ ။
ကင္ဆာနွစ္မ်ိုးမွာ Carcinoma အမ်ိုးအစားေတြက တစ္ခ်ို့ေတြမွာ မ်ိုးရိုးလိုက္ျပီး ျဖစ္နိုင္ပါတယ္။ ဥပမာ အူမျကီးကင္ဆာတို့ ရင္သားကင္ဆာတို့ဆိုရင္ မိဘ ေဆြမ်ိုးျဖစ္ဖူးတယ္ဆို ေနာက္လူေတြမွာလည္း ျဖစ္နိုင္ေခ်ရွိပါတယ္။ Sarcoma အုပ္စုေတြကေတာ့ မ်ိုးရိုးမလိုက္တတ္ပါဘူး ။ကိုယ့္မွာရွိတာေျကာင့္ သားသမီးေတြမွာ လိုက္မျဖစ္တတ္ပါဘူး ။
Sarcoma အုပ္စု ကင္ဆာေတြ ဘာေျကာင့္ျဖစ္တယ္ဆိုတာ ေျပာလို့မရပါဘူး ျဖစ္ခ်င္တဲ႔သူမွာျဖစ္တာပါ Carcinoma အုပ္စုကင္ဆာေတြမွာေတာ့ တစ္ေနရာခ်င္းစီအလိုက္ ျဖစ္တဲ႔ အေျကာင္းအရင္းေတြမတူတတ္ျကပါဘူး ဥပမာ ေဆးလိပ္အရမ္းေသာက္တဲ႔အခါ အဆုတ္ကင္ဆာျဖစ္ေစနိုင္တာမ်ိုးေတြပါ ။
အျဖစ္မ်ားတဲ႔ Sarcoma အုပ္စု ကင္ဆာေတြ ရွိပါတယ္ အဆီက်ိတ္ေတြကေန ကင္ဆာအျဖစ္ေျပာင္းသြားတဲ႔ liposarcoma ေတြ ျကြက္သားေတြမွာျဖစ္တဲ႕ ကင္ဆာ leiomyosarcoma ေတြပါ ။
Sarcoma အုပ္စုကင္ဆာေတြက အဓိကအားျဖင့္ အဆုတ္ကိုပဲ ပ်ံ႔တတ္ပါတယ္။ တစ္ျခားေနရာေတြပ်ံ႔တာ နည္းလြန္းပါတယ္။ အေရျပား အက်ိတ္နဲ႕ အသည္းလည္း တစ္ခါတစ္ေလ ရွားရွားပါးပါးပ်ံ႔ေနတတ္ပါတယ္ ။Carcinoma ေတြက ကင္ဆာျဖစ္ေနတဲ့ ကိုယ္တြင္းအစိတ္အပိုင္းအနီးတစ္ဝိုက္ေတြ ေသြးေျကာကတစ္ဆင့္ ျပန္ရည္ေျကာကတစ္ဆင့္ ေနရာစံု ပ်ံ႔နိုင္ပါတယ္။ အဓိကအားျဖင့္ အသည္း အဆုတ္အရိုး ဦးေနွာက္ နဲ႔ ရင္သားစတာေတြကို ပ်ံ႔ႏွ့တတ္ပါတယ္ ။
ကင္ဆာ စစ္ေဆးတာကေတာ့ နွစ္မ်ိုးလံုးမွာ အသားစယူစစ္တာေတြ လိုပါတယ္။ ေသြးဆီး စတဲ႔ လိုအပ္တာေတြလည္း စစ္ရပါတယ္။ ရလာတဲ႔ အေျဖကိုျကည့္ျပီး အဆင့္ခြဲေပးရပါတယ္ ။
ကင္ဆာတို့ရဲ႔ ထံုးစံအတိုင္း Sarcoma ေရာ Carcinoma ေရာ အဆင့္မ်ားေလ ကုဖို့ခက္ေလပါ ။အဆင့္နည္းေနေသးတဲ႔ အခ်ိန္ဆိုရင္ေတာ့ ကင္ဆာကို တတ္နိုင္သေလာက္ျကိုးစားျပီး ကုျကပါတယ္ ။
Sarcoma ေတြက စသိကာစဆိုရင္ ခြဲစိတ္ကုတာတစ္ခုတည္းနဲ႕ ကုျကပါတယ္။ ခြဲဖို့ျကီးေနတယ္ဆိုရင္ေတာ့ မခြဲခင္အရင္ေဆးသြင္းတာေတြ အရင္လုပ္တတ္ျကတယ္။ တစ္ခ်ို့ Sarcoma ေတြကေတာ့ ခြဲစိတ္ျပီးမွ ေဆးသြင္းတာ ဓာတ္ကင္တာေတြ လုပ္ျကတယ္။ ခြဲလို့က်န္ေနတဲ႕ ကင္ဆာဆဲလ္ေတြကို ေသေစေအာင္ပါ ။
Carcinoma ေတြမွာ စသိကာစမွာပဲ အဆင့္ေတြမ်ားေနတတ္ပါတယ္။ တစ္ေနရာတည္းမွာပဲ ရွိေသးတယ္ဆိုရင္ေတာင္ ခြဲစိတ္ကုတာတစ္ခုတည္းနဲ႕ မျပီးတတ္ပါဘူး။ ကင္ဆာအက်ိတ္က ဘယ္ေနရာမွာ ရွိတယ္ဆိုတာကိုျကည့္ျပီး ခြဲလို့ရမရလည္း ျပန္တြက္ရပါတယ္။ ခြဲျပီးရင္လည္း ေဆးသြင္းတာ ဓာတ္ကင္တာေတြ မျဖစ္မေနလုပ္ရပါတယ္။ အျပီးေပ်ာက္တာေတာ့ ရွားပါတယ္ အဆင့္နည္းေနတဲ႔ အခ်ိန္ေစာေစာသိမွပဲ ကုရတာပိုအဆင္ေျပတတ္ပါတယ္ ။

Dr. CST

Unicode Version

ကင်ဆာ  ကကြီးခကွေး

ကင်ဆာလို့ ပြောလိုက်ရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ရောဂါကြီးတယ်ဆိုတာ မပြောဘဲ သိကြတယ်။ ကင်ဆာစစ်ဆေးတာတွေကြည့်ပြီး ဒါကင်ဆာလား လို့မေးတတ်တဲ့ မေးခွန်းတွေလည်း ရှိတယ်။ တစ်ချို့ ဆေးစစ်တာမှာ Carcinoma ကာဆီနိုမား လို့ရေးတယ်။ တစ်ချို့ ဆေးစစ်တဲ့ နေရာတွေမှာတော့ Sarcoma ဆာကိုးမား လို့ ရေးကြတယ် ။
Carcinoma ကာဆီနိုမား နဲ့ Sarcoma ဆာကိုမား ဘာကွာလဲ ဒီနှစ်ခုက ဖြစ်တဲ့နေရာတွေမတူပါဘူး ။
Sarcoma တွေက mesenchymal cells လို့ခေါ်တဲ့ ဆဲလ်အလွှာကနေ ဖြစ်လာတာပါ။ Sarcoma ဖြစ်နိုင်တဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေက အရိုး ကြွက်သား အဆီ သွေးကြောနဲ့ အရွတ်တွေစတဲ့ နေရာတွေကနေဖြစ်တဲ့ ကင်ဆာတွေကို ခေါ်တာပါ ။
Carcinoma တွေက epithelial cells တွေနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာ ကင်ဆာဖြစ်တာကို ခေါ်တာပါ။ ဥပမာ အရေပြား အဆုတ် ရင်သား ပန်ကရိယ နဲ့ တစ်ခြားအကျိတ်တွေကဖြစ်တဲ့ ကင်ဆာတွေပါ ။
ထူးဆန်းတာတစ်ခုကတော့ အရိုးမှာဆိုရင်တော့ ဒီကင်ဆာနှစ်မျိုးလုံးဖြစ်ခွင့်ရှိပါတယ်။ အရိုးတစ်ခုမှာ mesenchymal ဆဲလ် ရော epithelial ဆဲလ် ရော နှစ်မျိုးလုံးပါဝင်နေလို့ပါ ။
ကင်ဆာနှစ်မျိုးမှာ Carcinoma အမျိုးအစားတွေက တစ်ချို့တွေမှာ မျိုးရိုးလိုက်ပြီး ဖြစ်နိုင်ပါတယ်။ ဥပမာ အူမကြီးကင်ဆာတို့ ရင်သားကင်ဆာတို့ဆိုရင် မိဘ ဆွေမျိုးဖြစ်ဖူးတယ်ဆို နောက်လူတွေမှာလည်း ဖြစ်နိုင်ချေရှိပါတယ်။ Sarcoma အုပ်စုတွေကတော့ မျိုးရိုးမလိုက်တတ်ပါဘူး ။ကိုယ့်မှာရှိတာကြောင့် သားသမီးတွေမှာ လိုက်မဖြစ်တတ်ပါဘူး ။
Sarcoma အုပ်စု ကင်ဆာတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာ ပြောလို့မရပါဘူး ဖြစ်ချင်တဲ့သူမှာဖြစ်တာပါ Carcinoma အုပ်စုကင်ဆာတွေမှာတော့ တစ်နေရာချင်းစီအလိုက် ဖြစ်တဲ့ အကြောင်းအရင်းတွေမတူတတ်ကြပါဘူး ဥပမာ ဆေးလိပ်အရမ်းသောက်တဲ့အခါ အဆုတ်ကင်ဆာဖြစ်စေနိုင်တာမျိုးတွေပါ ။
အဖြစ်များတဲ့ Sarcoma အုပ်စု ကင်ဆာတွေ ရှိပါတယ် အဆီကျိတ်တွေကနေ ကင်ဆာအဖြစ်ပြောင်းသွားတဲ့ liposarcoma တွေ ကြွက်သားတွေမှာဖြစ်တဲ့ ကင်ဆာ leiomyosarcoma တွေပါ ။
Sarcoma အုပ်စုကင်ဆာတွေက အဓိကအားဖြင့် အဆုတ်ကိုပဲ ပျံ့တတ်ပါတယ်။ တစ်ခြားနေရာတွေပျံ့တာ နည်းလွန်းပါတယ်။ အရေပြား အကျိတ်နဲ့ အသည်းလည်း တစ်ခါတစ်လေ ရှားရှားပါးပါးပျံ့နေတတ်ပါတယ် ။Carcinoma တွေက ကင်ဆာဖြစ်နေတဲ့ ကိုယ်တွင်းအစိတ်အပိုင်းအနီးတစ်ဝိုက်တွေ သွေးကြောကတစ်ဆင့် ပြန်ရည်ကြောကတစ်ဆင့် နေရာစုံ ပျံ့နိုင်ပါတယ်။ အဓိကအားဖြင့် အသည်း အဆုတ်အရိုး ဦးနှောက် နဲ့ ရင်သားစတာတွေကို ပျံ့နှ့တတ်ပါတယ် ။
ကင်ဆာ စစ်ဆေးတာကတော့ နှစ်မျိုးလုံးမှာ အသားစယူစစ်တာတွေ လိုပါတယ်။ သွေးဆီး စတဲ့ လိုအပ်တာတွေလည်း စစ်ရပါတယ်။ ရလာတဲ့ အဖြေကိုကြည့်ပြီး အဆင့်ခွဲပေးရပါတယ် ။
ကင်ဆာတို့ရဲ့ ထုံးစံအတိုင်း Sarcoma ရော Carcinoma ရော အဆင့်များလေ ကုဖို့ခက်လေပါ ။အဆင့်နည်းနေသေးတဲ့ အချိန်ဆိုရင်တော့ ကင်ဆာကို တတ်နိုင်သလောက်ကြိုးစားပြီး ကုကြပါတယ် ။
Sarcoma တွေက စသိကာစဆိုရင် ခွဲစိတ်ကုတာတစ်ခုတည်းနဲ့ ကုကြပါတယ်။ ခွဲဖို့ကြီးနေတယ်ဆိုရင်တော့ မခွဲခင်အရင်ဆေးသွင်းတာတွေ အရင်လုပ်တတ်ကြတယ်။ တစ်ချို့ Sarcoma တွေကတော့ ခွဲစိတ်ပြီးမှ ဆေးသွင်းတာ ဓာတ်ကင်တာတွေ လုပ်ကြတယ်။ ခွဲလို့ကျန်နေတဲ့ ကင်ဆာဆဲလ်တွေကို သေစေအောင်ပါ ။
Carcinoma တွေမှာ စသိကာစမှာပဲ အဆင့်တွေများနေတတ်ပါတယ်။ တစ်နေရာတည်းမှာပဲ ရှိသေးတယ်ဆိုရင်တောင် ခွဲစိတ်ကုတာတစ်ခုတည်းနဲ့ မပြီးတတ်ပါဘူး။ ကင်ဆာအကျိတ်က ဘယ်နေရာမှာ ရှိတယ်ဆိုတာကိုကြည့်ပြီး ခွဲလို့ရမရလည်း ပြန်တွက်ရပါတယ်။ ခွဲပြီးရင်လည်း ဆေးသွင်းတာ ဓာတ်ကင်တာတွေ မဖြစ်မနေလုပ်ရပါတယ်။ အပြီးပျောက်တာတော့ ရှားပါတယ် အဆင့်နည်းနေတဲ့ အချိန်စောစောသိမှပဲ ကုရတာပိုအဆင်ပြေတတ်ပါတယ် ။
Dr. CST

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image