ဓာတ်ကင်တာနဲ့ ဆေးသွင်းတာ ဘယ်ဟာက စိတ်ချရသလဲ။

ဓာတ္ကင္တာနဲ႔ ေဆးသြင္းတာ ဘယ္ဟာက စိတ္ခ်ရသလဲ။

ဓာတ္ကင္နည္းျဖင့္ေဆးကုသရမည္ဟု ဆရာဝန္က ညႊနါျကားလိုက္သည္နွင့္ ကုသင့္သလား?မကုသင့္သလား?ေကာင္းက်ဳိးနွင့္ဆိုးက်ဳိးမ်ားကို သိခ်င္ျကပါတယ္။ဓာတ္ကင္ရ်္ ကုသနည္းသည္ ကင္ဆာေရာဂါအတြက္အဓိကကုသနည္းအျဖစ္အသံုးျပုမ်ားပါတယ္။သို့ေသာ္အျခားေသာသိုင္းရြဳိက္ေရာဂါႏွင့္ေသြးေရာဂါအခ်ဳိ့တြင္လည္းအသံုးျပုေလ့ရွိပါတယ္။
ဓာတ္ကင္ျခင္းနွင့္ကင္ဆာေဆးသြင္းျခင္းသည္ ကင္ဆာကုသရာတြင္ အသံုးျပုေသာနည္းလမ္းမ်ားျဖစ္ပါတယ္။လူနာရဲ႕ေရာဂါအေျခအေနေပါ္မူတည္ရ်္ ကုသမူကိုေရြးခ်ယ္ကုသရပါတယ္။ကင္ဆာေဆးသြင္းျခင္းသည္ ေသြးေျကာထဲသို့ေဆးသြင္းကုသျခင္းျဖစ္ပါတယ္။ဓာတ္ကင္ျခင္းမျပုမီကင္ဆာေဆးသြင္းျခင္းျဖင့္အက်ိတ္အရြယ္စားက်ဳံေစျပီး ဓာတ္ကင္ပါက ပိုမိုထိေရာက္နိုင္ပါတယ္။
ဓာတ္ကင္နည္းသည္ အက်ိတ္ေနရာသို့အဓိကအစြမ္းေပးသျဖင့္ ထိေရာက္မူရွိပါတယ္။ဓာတ္ကင္ျခင္းသည္ လူနာအတြက္ ကုသျခင္းနွင့္သက္သာျခင္း နွစ္မ်ဳိးအသံုးဝင္ပါတယ္။ဓာတ္ကင္ျခင္းအျကိမ္အေရအတြက္ကို ကင္ဆာအထူးကုဆရာဝန္မွဆံုးျဖတ္ေပးပါတယ္။
(1)ေကာင္းက်ဳိးမ်ား
ဓာတ္ကင္ျခင္းျဖင့္ကုသနည္းသည္စြမ္းအားျပည့္ေသာလိူင္းမ်ားျဖင့္ ကင္ဆာဆဲလ္မ်ား ျကီးထြားမူကိုက်ဆင္းေစသည္။
-ေသေစနိုင္သည္။
-ကင္ဆာဆဲလ္ပြားမ်ားမူကိုေနွးေကြးေစသည္။
-ကင္ဆာအက်ိတ္ကို ေသးေစနိုင္သည္။ဓာတ္ကင္ျခင္းသည္ ကင္ဆာေဆးသြင္းျခင္းနွင့္လည္းအတူတကြကုသမူခံယူရေလ့ရွိပါတယ္။ကင္ဆာဆဲလ္မ်ားသည္အလ်င္အျမန္ပြားမ်ားတတ္ေသာေျကာင့္ဓာတ္ကင္ျခင္းျဖင့္ဟန့္တားနိုင္ပါတယ္။
-အခ်ိန္ကာလတိုေတာင္းျပီး နာက်င္မူမရွိပါ။
(2)ဆိုးက်ဳိးမ်ား
ဆိုးက်ဳိးသည္ကင္ဆာမဟုတ္ေသာဆဲလ္မ်ား ဓာတ္ေရာင္ျခည္ထိေသာေျကာင့္ ျဖစ္လာနိုင္ပါတယ္။ဆိုးက်ဳိးအေနျဖင့္ လူနာရဲ႔ဓာတ္ေရာင္ျခင္ကင္ေသာေနရာ။ဓာတ္ေရာင္ျခည္အမ်ဳိးအစားနွင့္ပမာဏ။လူနာရဲ႔က်န္းမာေရးေပါ္မူတည္သည္။
ခဏတာျဖစ္ေစေသာဆိုးက်ဳိးမ်ားမွာ
-နူံးခ်ိ္ျခင္း
-အေရျပားယားယံျခင္း။အေရျကည္ဖုထျခင္း
-ဆံပင္က်ြတ္ျခင္း။ဆီးျပသနာမ်ား။ပ်ဳိ့အန္ျခင္းနွင့္ဝမ္းေလ်ာျခင္းနွင့္ အဆုတ္ေရာင္။အသဲေရာင္ျခင္းျဖစ္ပါသည္။
ေရရွည္ျဖစ္နိုင္ေသာဆိုးက်ဳိးမ်ားမွာ
-အရုိးမ်ားေတာင့္တင္းျခင္း
-ေသြးေျကာမ်ားက်ယ္လာေသာေျကာင့္အသားအေရေျပာင္းျခင္း
-ဝမ္းသြားျခင္းနွင့္ေသြးထြက္ျခင္း
-ေဟာ္မုန္းေျပာင္းလဲျခင္းစသည္တို့ျဖစ္ပါတယ္။
အထက္ေဖာ္ပါျပဆိုးက်ဳိးမ်ားသည္လူတိုင္းျဖစ္နိုင္သည္ဟု အတိအက်မမွန္ပါ။ထို့ေျကာင့္ ေကာင္းက်ဳိးနွင့္ဆိုးက်ဳိးမ်ားကို ခ်ိန္ဆစဥ္းစားပါ။
ဓာတ္ကင္ျခင္းသည္ ကင္ဆာကိုရပ္တန့္ေစျပီး ေပ်ာက္ကင္းေအာင္ကုသနိုင္သလို ကင္ဆာေျကာင့္ခံစားေနရေသာလကၡဏာမ်ားလည္းသက္သာေစနိုင္ပါတယ္။
ကုသရ်္မရနိုင္ေတာ့ေသာကင္ဆာမ်ားတြင္ခံစားရေသာေဝဒနာကိုသက္သာေစရန္လည္း အသံုးဝင္ပါတယ္။
-အက်ိတ္ေျကာင့္ဖိအားဒဏ္သက္သာေစပါတယ္။
-ဦးေနွာက္ကင္ဆာမ်ားတြင္ ေခါင္းကိုက္။ပ်ဳိ့အန္ျခင္းသက္သာေစပါတယ္။
-အဆုတ္ကင္ဆာေျကာင့္ျဖစ္ေသာရင္ဘတ္နာျခင္းနွင့္ေမာျခင္းသက္သာေစပါတယ္။
-ေသြးေျကာပ္ိတ္ျခင္းကိုသက္သာေစပါတယ္။
-ေသြးထြက္ျခင္းနွင့္ပိုးဝင္ျခင္းကိုသက္သာေစပါတယိ။

Dr.ျပည္႔ရွင္း

Unicode Version

ဓာတ်ကင်တာနဲ့ ဆေးသွင်းတာ ဘယ်ဟာက စိတ်ချရသလဲ။

ဓာတ်ကင်နည်းဖြင့်ဆေးကုသရမည်ဟု ဆရာဝန်က ညွှနါကြားလိုက်သည်နှင့် ကုသင့်သလား?မကုသင့်သလား?ကောင်းကျိုးနှင့်ဆိုးကျိုးများကို သိချင်ကြပါတယ်။ဓာတ်ကင်ရျ် ကုသနည်းသည် ကင်ဆာရောဂါအတွက်အဓိကကုသနည်းအဖြစ်အသုံးပြုများပါတယ်။သို့သော်အခြားသောသိုင်းရွိုက်ရောဂါနှင့်သွေးရောဂါအချို့တွင်လည်းအသုံးပြုလေ့ရှိပါတယ်။
ဓာတ်ကင်ခြင်းနှင့်ကင်ဆာဆေးသွင်းခြင်းသည် ကင်ဆာကုသရာတွင် အသုံးပြုသောနည်းလမ်းများဖြစ်ပါတယ်။လူနာရဲ့ရောဂါအခြေအနေပေါ်မူတည်ရျ် ကုသမူကိုရွေးချယ်ကုသရပါတယ်။ကင်ဆာဆေးသွင်းခြင်းသည် သွေးကြောထဲသို့ဆေးသွင်းကုသခြင်းဖြစ်ပါတယ်။ဓာတ်ကင်ခြင်းမပြုမီကင်ဆာဆေးသွင်းခြင်းဖြင့်အကျိတ်အရွယ်စားကျုံစေပြီး ဓာတ်ကင်ပါက ပိုမိုထိရောက်နိုင်ပါတယ်။
ဓာတ်ကင်နည်းသည် အကျိတ်နေရာသို့အဓိကအစွမ်းပေးသဖြင့် ထိရောက်မူရှိပါတယ်။ဓာတ်ကင်ခြင်းသည် လူနာအတွက် ကုသခြင်းနှင့်သက်သာခြင်း နှစ်မျိုးအသုံးဝင်ပါတယ်။ဓာတ်ကင်ခြင်းအကြိမ်အရေအတွက်ကို ကင်ဆာအထူးကုဆရာဝန်မှဆုံးဖြတ်ပေးပါတယ်။
(1)ကောင်းကျိုးများ
ဓာတ်ကင်ခြင်းဖြင့်ကုသနည်းသည်စွမ်းအားပြည့်သောလိူင်းများဖြင့် ကင်ဆာဆဲလ်များ ကြီးထွားမူကိုကျဆင်းစေသည်။
-သေစေနိုင်သည်။
-ကင်ဆာဆဲလ်ပွားများမူကိုနှေးကွေးစေသည်။
-ကင်ဆာအကျိတ်ကို သေးစေနိုင်သည်။ဓာတ်ကင်ခြင်းသည် ကင်ဆာဆေးသွင်းခြင်းနှင့်လည်းအတူတကွကုသမူခံယူရလေ့ရှိပါတယ်။ကင်ဆာဆဲလ်များသည်အလျင်အမြန်ပွားများတတ်သောကြောင့်ဓာတ်ကင်ခြင်းဖြင့်ဟန့်တားနိုင်ပါတယ်။
-အချိန်ကာလတိုတောင်းပြီး နာကျင်မူမရှိပါ။
(2)ဆိုးကျိုးများ
ဆိုးကျိုးသည်ကင်ဆာမဟုတ်သောဆဲလ်များ ဓာတ်ရောင်ခြည်ထိသောကြောင့် ဖြစ်လာနိုင်ပါတယ်။ဆိုးကျိုးအနေဖြင့် လူနာရဲ့ဓာတ်ရောင်ခြင်ကင်သောနေရာ။ဓာတ်ရောင်ခြည်အမျိုးအစားနှင့်ပမာဏ။လူနာရဲ့ကျန်းမာရေးပေါ်မူတည်သည်။
ခဏတာဖြစ်စေသောဆိုးကျိုးများမှာ
-နူံးချိခြင်း
-အရေပြားယားယံခြင်း။အရေကြည်ဖုထခြင်း
-ဆံပင်ကျွတ်ခြင်း။ဆီးပြသနာများ။ပျို့အန်ခြင်းနှင့်ဝမ်းလျောခြင်းနှင့် အဆုတ်ရောင်။အသဲရောင်ခြင်းဖြစ်ပါသည်။
ရေရှည်ဖြစ်နိုင်သောဆိုးကျိုးများမှာ
-အရိုးများတောင့်တင်းခြင်း
-သွေးကြောများကျယ်လာသောကြောင့်အသားအရေပြောင်းခြင်း
-ဝမ်းသွားခြင်းနှင့်သွေးထွက်ခြင်း
-ဟော်မုန်းပြောင်းလဲခြင်းစသည်တို့ဖြစ်ပါတယ်။
အထက်ဖော်ပါပြဆိုးကျိုးများသည်လူတိုင်းဖြစ်နိုင်သည်ဟု အတိအကျမမှန်ပါ။ထို့ကြောင့် ကောင်းကျိုးနှင့်ဆိုးကျိုးများကို ချိန်ဆစဉ်းစားပါ။
ဓာတ်ကင်ခြင်းသည် ကင်ဆာကိုရပ်တန့်စေပြီး ပျောက်ကင်းအောင်ကုသနိုင်သလို ကင်ဆာကြောင့်ခံစားနေရသောလက္ခဏာများလည်းသက်သာစေနိုင်ပါတယ်။
ကုသရျ်မရနိုင်တော့သောကင်ဆာများတွင်ခံစားရသောဝေဒနာကိုသက်သာစေရန်လည်း အသုံးဝင်ပါတယ်။
-အကျိတ်ကြောင့်ဖိအားဒဏ်သက်သာစေပါတယ်။
-ဦးနှောက်ကင်ဆာများတွင် ခေါင်းကိုက်။ပျို့အန်ခြင်းသက်သာစေပါတယ်။
-အဆုတ်ကင်ဆာကြောင့်ဖြစ်သောရင်ဘတ်နာခြင်းနှင့်မောခြင်းသက်သာစေပါတယ်။
-သွေးကြောပိတ်ခြင်းကိုသက်သာစေပါတယ်။
-သွေးထွက်ခြင်းနှင့်ပိုးဝင်ခြင်းကိုသက်သာစေပါတယိ။

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image