သွေးကင်ဆာ ကုလို့ပျောက်သလား

ေသြးကင္ဆာ ကုုလိုု႔ေပ်ာက္သလား

ေသြးကင္ဆာဆိုရင္ ျကားရတဲ့ သူတိုင္း စိတ္ပူပန္တတ္ျကတယ္ ကိုရီးယားရုပ္ရွင္အမ်ားစုမွာ မင္းသားမင္းသမီးေတြ နွာေခါင္းေသြးလ်ွံျပတာေတြျဖစ္ျပီး ေသြးကင္ဆာျဖစ္သြားတာေတြ ေသြးကင္ဆာျဖစ္ျပီးရင္ အသက္ဆက္ရွင္ဖို့အတြက္ မနည္းရုန္းကန္ရတာေတြေျကာင့္ ျမန္မာနိုင္ငံမွာ ေသြးကင္ဆာကို တစ္ျခားေသာကင္ဆာေတြထက္ ပိုရင္းႏွီးေနတတ္ျကတယ္ ။ရင္းႏွီးေနတဲ႔ ေသြးကင္ဆာကို ပိုျပီးသိရွိသြားေစဖို့ ဒီေဆာင္းပါးက ရည္ရြယ္ပါတယ္ ။

ေသြးကင္ဆာဆိုတာ ေခၚေတာ့တာ တစ္မ်ိုးတည္းလို ျဖစ္ေနတာပါ ေသြးကင္ဆာဆိုတာ အားလံုးကို ျခံုျပီး ေခၚလိုက္တာပါ တစ္ကယ္ကေတာ့ ေသြးကင္ဆာမွာ တစ္မ်ိုးနဲ႕ တစ္မ်ိုး မတူတတ္ျကပါဘူး ။ေသြးကင္ဆာဟာ ေသြးဆဲလ္ေတြ ထုတ္ေပးတဲ႔ ရိုးတြင္းျခင္ဆီမွာ ျဖစ္တဲ႔ေရာဂါပါ ရိုးတြင္းျခင္ဆီကေန ေသြးနီဥ ေသြးျဖူဥ န႔ဲ ေသြးဥမႊားေတြ ထုတ္ေပးပါတယ္ အမ်ားစုထိတာကေတာ့ ေသြးျဖူဥျဖစ္ေစတဲ႔ ေသြးဆဲလ္ေတြမွာပါ ေသြးျဖူဥ အမ်ိုးအစားက ငါးမ်ိုးေလာက္ရွိပါတယ္ ဘယ္ေသြးျဖူဥထိတယ္ဆိုတာေပၚမူတည္ျပီး ေသြးကင္ဆာအမ်ိုးအစားကြဲပါတယ္ ။ေသြးကင္ဆာက ကေလးကေန လူျကီးအရြယ္ထိျဖစ္နိုင္ပါတယ္ ျဖစ္နိုင္တဲ႔ အမ်ိုးအစားေတာ့ ကြာပါတယ္ ေသြးကင္ဆာတိုင္းနွာေခါင္းေသြးလ်ွံတာမ်ိုးေတာ့ မဟုုတ္ဘူး နွာေခါင္းေသြးလ်ွံတိုင္းလည္း ေသြးကင္ဆာ မဟုတ္ပါဘူး။

ေသြးကင္ဆာေတြက စျဖစ္ကာစမွာ ေသြးျဖူဥေတြမေကာင္းေတာ့ ေရာဂါပိုုးေတြကို ေကာင္းေကာင္းမြန္မြန္ ျပန္မတိုက္ခိုက္နိုင္တာေျကာင့္ မျကာခဏဆိုသလို ဖ်ားေနတတ္ပါတယ္ နုန္းတတ္တယ္ ။တစ္ခါတစ္ေလမွာ ေသြးကင္ဆာေတြက ေသြးျဖူဥတစ္ခုပဲ ေသြးနီဥနဲ႔ ေသြးဥမႊားေတြပါ ထိခိုက္လာတာေျကာင့္ ေသြးထြက္တာေတြ ေသြးအားနည္းျပီးျဖူေဖ်ာ့လာတာေတြ ျဖစ္တတ္ပါတယ္ ။ေသြးဆဲလ္ေတြကိုရိုးတြင္းျခင္ဆီေတြကေကာင္းစြာမထုတ္နိုင္တာလည္းျဖစ္နိုင္သလို အရည္အေသြးမျပည့္မီတာလည္းျဖစ္နိုင္ပါတယ္ အထုတ္မ်ားျပီးအသံုးမဝင္တဲ႔ ေသြးဆဲလ္ေတြမ်ားလြန္းလည္းမေကာင္းပါဘူး တစ္ျခားကိုယ္တြင္း အဂၤါအစိတ္အပိုင္းေတြမွာ လာပံုေနတတ္တယ္ အသည္းျကီးတာ ေဘလံုးျကီးတာေတြ အက်ိတ္ေတြ ျကီးတာေတြပါ ျဖစ္လာတတ္ပါတယ္ ေသြးကင္ဆာတိုင္းေတာ့ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းမျကီးတတ္ပါဘူး တစ္ခ်ို့ေသာအမ်ိုးအစားကသာ ျဖစ္ေစတာပါ ဒီလိုအက်ိတ္ေတြ ျကီးလာတဲ႔အခါမွာ အက်ိတ္ေဘးက အာရံုေျကာေတြ ဖိမိတာေတြ လည္းျဖစ္လာတတ္ပါတယ္ ။

တစ္ခ်ို့ေသာေသြးကင္ဆာအမ်ိုးအစားကေတာ့ လူနာက အစမွာဘာမွမခံစားရတတ္ဘဲ ပံုမွန္လိုရွိေနရာကေန ေဘလံုးျကီးလာမွ ေဆးခန္းေရာက္လာတာလည္းျဖစ္နိုင္တယ္ ေဘလံုးျကီးစမွာလည္း သတိမထားမိဘဲ အေတာ္အတန္ျကီးမွ သိတာမ်ိုးရွိတတ္တယ္ ။အသက္ျကီးပိုင္းေတြမွာ ပိုျဖစ္တတ္တဲ႔ ေသြးကင္ဆာ အမ်ိုးအစားလည္း ရွိပါတယ္ ေသြးလ်ွံတာထက္ အဖ်ာတာရွည္ေနတာေတြ ေခ်ြးအရမ္းထြက္ေနတာေတြ တစ္ျဖည္းျဖည္းပိန္လာတာ အစာမစားခ်င္တာ ေတြ ခံစားရတတ္ပါတယ္ အက်ိတ္ေတြလည္း ထြက္ေနတတ္ပါတယ္ ။တစ္ခ်ို့ေသြးကင္ဆာအမ်ိုးအစားကေတာ့ အစာအိမ္အူလမ္းေျကာင္းထဲမွာ အက်ိတ္ေတြနဲ႔ တြဲတတ္ပါတယ္ ဒီလိုမ်ိုးဆိုရင္ အစာအိမ္ ေရာဂါလကၡဏာမ်ိုးေတြလည္း ခံစားျကရနိုင္ပါတယ္ ။

ေသြးကင္ဆာေတြ ဘာေျကာင့္ျဖစ္ရတာလဲ ဆိုရင္ျဖင့္ တစ္ခ်ို့ေတြ မ်ိုးရိုးလိုက္ပါတယ္ တစ္ခ်ို့ကေတာ့ အလိုလိုျဖစ္လာတတ္တယ္ တစ္ခ်ို့ေတြမွာေတာ့ Ebstein bar ဗိုင္းရပ္စ္ပိုးေျကာင့္ ျဖစ္တတ္တယ္ တစ္ခ်ို့ေသြးကင္ဆာက်ေတာ့ ေဆးေတြေျကာင့္ျဖစ္တတ္တယ္ ေဆးလို့ဆိုရာမွာ ေသြးကင္ဆာတစ္မ်ိုးအတြက္ ေဆးကုတာက ေဆးရဲ႔ ေဘးထြက္ဆိုးက်ိုးက ေနာက္ထပ္ကင္ဆာတစ္မ်ိုးကိုျဖစ္ေစတာလည္း ျဖစ္နိုင္ပါတယ္ ဓာတ္ေရာင္ျခည္ ခဏခဏ ခံရတဲ႔သူေတြမွာလည္း ကင္ဆာျဖစ္နိုင္ေခ် ပိုမ်ားတတ္ပါတယ္ ။

ေသြးကင္ဆာျဖစ္တယ္ဆိုရင္ ဘယ္လိုအမ်ိုးအစားလဲ အဆင့္ဘယ္ေလာက္လဲေတြ စစ္ဖို့လိုပါတယ္ ဒါေတြစစ္ျခင္းက ဒီေသြးကင္ဆာ ကုလို့ရလားမရလားအတြက္အမ်ားျကီးအေထာက္အကူျပုပါတယ္ ေဆးကုတဲ႔ အခါ ကင္ဆာေဆးေတြသြင္းရံုနဲ႔ မျပီးပါဘူး လူနာမွာ ေသြးအားနည္းတာေတြ ေသြးထြက္ထားတာေတြကိုလည္း ျပန္ျဖည့္ရပါတယ္ ေသြးသြင္းတာေတြလည္းလိုတတ္ပါတယ္ ေသြးျဖူဥျပႆနာေတြေျကာင့္ ေရာဂါပိုးေတြ ခဏခဏဝင္နိုင္တာအတြက္လည္း ျပန္ကုေပးရပါတယ္ ေသြးကင္ဆာကေန တစ္ျခားေနရာေတြကို ေရာဂါမျပန့္ခင္ ျကိုတင္ကာကြယ္ျပီး ကုသရတာလည္းရွိပါတယ္ ဥပမားျဖသ့္ တစ္ခ်ို့ေသြးကင္ဆာမွာ ဦးေႏွာက္ကို မျပန့္ခင္ အရင္ျကိုျပီး ဓာတ္ကင္တာ ေဆးသြင္းတာေတြ လုပ္တတ္ျကပါတယ္ ။

ကင္ဆာအတြက္ ေဆးကုေနရင္းပဲ ကင္ဆာေဆးေတြရဲ႔ ေဘးထြက္ဆိုးက်ိုးေတြကိုလည္း စစ္ေဆးျပီး ျပန္ကုရတာေတြလည္းရွိတတ္တယ္ တစ္ခ်ို့ကင္ဆာေဆးေတြ ေသြးတိုးေစတယ္သျကားဓာတ္မ်ားေစတယ္ ေသြအားနည္းေစတယ္ ေက်ာက္ကပ္ထိေစတတ္ပါတယ္ ။ေသြးကင္ဆာေတြ ကုလို့ရမလားေမးလာတဲ႔ အခါ ကင္ဆာတို့ရဲ႔ ေျပာေနက်အတိုင္း ေစာေစာသိတယ္ ဆိုရင္ျဖင့္ ကင္ဆာအဆင့္နုေနေသးတာေျကာင့္ ကုဖို့ပိုလြယ္နိုင္ပါတယ္ ဒါေပမယ့္လည္း ကင္ဆာ အမ်ိုးအစားေပၚအမ်ားျကီးမူတည္ေနေသးတာေျကာင့္ ဒီအေျဖကေတာ့ စစ္ေဆးခ်က္ေတြေပၚမွာပဲ မူတည္ပါတယ္ ။

Dr. CST

Unicode Version

သွေးကင်ဆာ ကုလို့ပျောက်သလား
သွေးကင်ဆာဆိုရင် ကြားရတဲ့ သူတိုင်း စိတ်ပူပန်တတ်ကြတယ် ကိုရီးယားရုပ်ရှင်အများစုမှာ မင်းသားမင်းသမီးတွေ နှာခေါင်းသွေးလျှံပြတာတွေဖြစ်ပြီး သွေးကင်ဆာဖြစ်သွားတာတွေ သွေးကင်ဆာဖြစ်ပြီးရင် အသက်ဆက်ရှင်ဖို့အတွက် မနည်းရုန်းကန်ရတာတွေကြောင့် မြန်မာနိုင်ငံမှာ သွေးကင်ဆာကို တစ်ခြားသောကင်ဆာတွေထက် ပိုရင်းနှီးနေတတ်ကြတယ် ။ရင်းနှီးနေတဲ့ သွေးကင်ဆာကို ပိုပြီးသိရှိသွားစေဖို့ ဒီဆောင်းပါးက ရည်ရွယ်ပါတယ် ။

သွေးကင်ဆာဆိုတာ ခေါ်တော့တာ တစ်မျိုးတည်းလို ဖြစ်နေတာပါ သွေးကင်ဆာဆိုတာ အားလုံးကို ခြုံပြီး ခေါ်လိုက်တာပါ တစ်ကယ်ကတော့ သွေးကင်ဆာမှာ တစ်မျိုးနဲ့ တစ်မျိုး မတူတတ်ကြပါဘူး ။သွေးကင်ဆာဟာ သွေးဆဲလ်တွေ ထုတ်ပေးတဲ့ ရိုးတွင်းခြင်ဆီမှာ ဖြစ်တဲ့ရောဂါပါ ရိုးတွင်းခြင်ဆီကနေ သွေးနီဥ သွေးဖြူဥ နဲ့ သွေးဥမွှားတွေ ထုတ်ပေးပါတယ် အများစုထိတာကတော့ သွေးဖြူဥဖြစ်စေတဲ့ သွေးဆဲလ်တွေမှာပါ သွေးဖြူဥ အမျိုးအစားက ငါးမျိုးလောက်ရှိပါတယ် ဘယ်သွေးဖြူဥထိတယ်ဆိုတာပေါ်မူတည်ပြီး သွေးကင်ဆာအမျိုးအစားကွဲပါတယ် ။သွေးကင်ဆာက ကလေးကနေ လူကြီးအရွယ်ထိဖြစ်နိုင်ပါတယ် ဖြစ်နိုင်တဲ့ အမျိုးအစားတော့ ကွာပါတယ် သွေးကင်ဆာတိုင်းနှာခေါင်းသွေးလျှံတာမျိုးတော့ မဟုတ်ဘူး နှာခေါင်းသွေးလျှံတိုင်းလည်း သွေးကင်ဆာ မဟုတ်ပါဘူး။

သွေးကင်ဆာတွေက စဖြစ်ကာစမှာ သွေးဖြူဥတွေမကောင်းတော့ ရောဂါပိုးတွေကို ကောင်းကောင်းမွန်မွန် ပြန်မတိုက်ခိုက်နိုင်တာကြောင့် မကြာခဏဆိုသလို ဖျားနေတတ်ပါတယ် နုန်းတတ်တယ် ။တစ်ခါတစ်လေမှာ သွေးကင်ဆာတွေက သွေးဖြူဥတစ်ခုပဲ သွေးနီဥနဲ့ သွေးဥမွှားတွေပါ ထိခိုက်လာတာကြောင့် သွေးထွက်တာတွေ သွေးအားနည်းပြီးဖြူဖျော့လာတာတွေ ဖြစ်တတ်ပါတယ် ။သွေးဆဲလ်တွေကိုရိုးတွင်းခြင်ဆီတွေကကောင်းစွာမထုတ်နိုင်တာလည်းဖြစ်နိုင်သလို အရည်အသွေးမပြည့်မီတာလည်းဖြစ်နိုင်ပါတယ် အထုတ်များပြီးအသုံးမဝင်တဲ့ သွေးဆဲလ်တွေများလွန်းလည်းမကောင်းပါဘူး တစ်ခြားကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေမှာ လာပုံနေတတ်တယ် အသည်းကြီးတာ ဘေလုံးကြီးတာတွေ အကျိတ်တွေ ကြီးတာတွေပါ ဖြစ်လာတတ်ပါတယ် သွေးကင်ဆာတိုင်းတော့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းမကြီးတတ်ပါဘူး တစ်ချို့သောအမျိုးအစားကသာ ဖြစ်စေတာပါ ဒီလိုအကျိတ်တွေ ကြီးလာတဲ့အခါမှာ အကျိတ်ဘေးက အာရုံကြောတွေ ဖိမိတာတွေ လည်းဖြစ်လာတတ်ပါတယ် ။

တစ်ချို့သောသွေးကင်ဆာအမျိုးအစားကတော့ လူနာက အစမှာဘာမှမခံစားရတတ်ဘဲ ပုံမှန်လိုရှိနေရာကနေ ဘေလုံးကြီးလာမှ ဆေးခန်းရောက်လာတာလည်းဖြစ်နိုင်တယ် ဘေလုံးကြီးစမှာလည်း သတိမထားမိဘဲ အတော်အတန်ကြီးမှ သိတာမျိုးရှိတတ်တယ် ။အသက်ကြီးပိုင်းတွေမှာ ပိုဖြစ်တတ်တဲ့ သွေးကင်ဆာ အမျိုးအစားလည်း ရှိပါတယ် သွေးလျှံတာထက် အဖျာတာရှည်နေတာတွေ ချွေးအရမ်းထွက်နေတာတွေ တစ်ဖြည်းဖြည်းပိန်လာတာ အစာမစားချင်တာ တွေ ခံစားရတတ်ပါတယ် အကျိတ်တွေလည်း ထွက်နေတတ်ပါတယ် ။တစ်ချို့သွေးကင်ဆာအမျိုးအစားကတော့ အစာအိမ်အူလမ်းကြောင်းထဲမှာ အကျိတ်တွေနဲ့ တွဲတတ်ပါတယ် ဒီလိုမျိုးဆိုရင် အစာအိမ် ရောဂါလက္ခဏာမျိုးတွေလည်း ခံစားကြရနိုင်ပါတယ် ။

သွေးကင်ဆာတွေ ဘာကြောင့်ဖြစ်ရတာလဲ ဆိုရင်ဖြင့် တစ်ချို့တွေ မျိုးရိုးလိုက်ပါတယ် တစ်ချို့ကတော့ အလိုလိုဖြစ်လာတတ်တယ် တစ်ချို့တွေမှာတော့ Ebstein bar ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တတ်တယ် တစ်ချို့သွေးကင်ဆာကျတော့ ဆေးတွေကြောင့်ဖြစ်တတ်တယ် ဆေးလို့ဆိုရာမှာ သွေးကင်ဆာတစ်မျိုးအတွက် ဆေးကုတာက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးက နောက်ထပ်ကင်ဆာတစ်မျိုးကိုဖြစ်စေတာလည်း ဖြစ်နိုင်ပါတယ် ဓာတ်ရောင်ခြည် ခဏခဏ ခံရတဲ့သူတွေမှာလည်း ကင်ဆာဖြစ်နိုင်ချေ ပိုများတတ်ပါတယ် ။

သွေးကင်ဆာဖြစ်တယ်ဆိုရင် ဘယ်လိုအမျိုးအစားလဲ အဆင့်ဘယ်လောက်လဲတွေ စစ်ဖို့လိုပါတယ် ဒါတွေစစ်ခြင်းက ဒီသွေးကင်ဆာ ကုလို့ရလားမရလားအတွက်အများကြီးအထောက်အကူပြုပါတယ် ဆေးကုတဲ့ အခါ ကင်ဆာဆေးတွေသွင်းရုံနဲ့ မပြီးပါဘူး လူနာမှာ သွေးအားနည်းတာတွေ သွေးထွက်ထားတာတွေကိုလည်း ပြန်ဖြည့်ရပါတယ် သွေးသွင်းတာတွေလည်းလိုတတ်ပါတယ် သွေးဖြူဥပြဿနာတွေကြောင့် ရောဂါပိုးတွေ ခဏခဏဝင်နိုင်တာအတွက်လည်း ပြန်ကုပေးရပါတယ် သွေးကင်ဆာကနေ တစ်ခြားနေရာတွေကို ရောဂါမပြန့်ခင် ကြိုတင်ကာကွယ်ပြီး ကုသရတာလည်းရှိပါတယ် ဥပမားဖြသ့် တစ်ချို့သွေးကင်ဆာမှာ ဦးနှောက်ကို မပြန့်ခင် အရင်ကြိုပြီး ဓာတ်ကင်တာ ဆေးသွင်းတာတွေ လုပ်တတ်ကြပါတယ် ။

ကင်ဆာအတွက် ဆေးကုနေရင်းပဲ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း စစ်ဆေးပြီး ပြန်ကုရတာတွေလည်းရှိတတ်တယ် တစ်ချို့ကင်ဆာဆေးတွေ သွေးတိုးစေတယ်သကြားဓာတ်များစေတယ် သွေအားနည်းစေတယ် ကျောက်ကပ်ထိစေတတ်ပါတယ် ။သွေးကင်ဆာတွေ ကုလို့ရမလားမေးလာတဲ့ အခါ ကင်ဆာတို့ရဲ့ ပြောနေကျအတိုင်း စောစောသိတယ် ဆိုရင်ဖြင့် ကင်ဆာအဆင့်နုနေသေးတာကြောင့် ကုဖို့ပိုလွယ်နိုင်ပါတယ် ဒါပေမယ့်လည်း ကင်ဆာ အမျိုးအစားပေါ်အများကြီးမူတည်နေသေးတာကြောင့် ဒီအဖြေကတော့ စစ်ဆေးချက်တွေပေါ်မှာပဲ မူတည်ပါတယ် ။

Dr. CST

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image