လျာကင်ဆာ ဘယ်သူတွေမှာ အဖြစ်များလဲ

လွ်ာဆိုတာဟာ ၾကြက္သားနဲ႔ဖြဲ႔စည္းထားေသာ ခံတြင္းအဂၤါအစိတ္အပိုင္းတခုျဖစ္ျပီး အရသာခံဖို႔၊အစာမ်ိဳဖို႔၊စကားေျပာဖို႔အတြက္ မရွိမျဖစ္အေရးပါပါတယ္။

လွ်ာကင္ဆာဟာ ခုေနာက္ပိုင္းမွာေတာ္ေတာ္ေလးအျဖစ္မ်ားလာေစတဲ႔ ခံတြင္းကင္ဆာအမ်ိဳးအစားျဖစ္ပါတယ္။

ပါးေစာင္၊လွ်ာ၊သြားဖံုး၊အာေခါင္မိုး၊တံေတြးဂလင္း၊နႈတ္ခမ္း စတဲ႔အာခံတြင္းအစိတ္အပိုင္းေနရာေတြမွာျဖစ္တဲ႔ကင္ဆာေတြကို ခံတြင္းကင္ဆာလို႔ ျခံဳျပီးေခၚဆိုပါတယ္။

အမ်ားအားျဖင္႔ အသက္၅၀ေက်ာ္အမ်ိဳးသားေတြမွာအျဖစ္မ်ားေလ႔ရွိပါတယ္။ သို႔ေသာ္ အခုေနာက္ပိုင္းမွာဆိုရင္ အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ျဖစ္တဲ႔သူေတြကိုလည္း ေတြ႔လာရပါတယ္။

လွ်ာကင္ဆာျဖစ္ရတဲ႔အေၾကာင္းအရင္းအတိအက်ကိုေတာ႔ ေသခ်ာေျပာမရပါ။

သို႔ေသာ္သုေတသနေတြအရ လွ်ာကင္ဆာဟာ ေဆးလိပ္ေသာက္၊အရက္ေသာက္၊ကြမ္းစားတဲ႔သူေတြ၊အကင္ေတြအစားမ်ားတဲ႔သူေတြ၊ခံတြင္းသန္႔ရွင္းမႈအားနည္းတဲ႔သူေတြ၊တရားလြန္ပူေသာ စပ္ေသာ အစားေသာက္မ်ားကို ေရရွည္ ခဏခဏ စားေသာက္တဲ႔သူေတြ၊HPV ပိုးရွိသူနဲ႔ပါးစပ္ျဖင္႔လိင္ဆက္ဆံခဲ႔ျခင္းေၾကာင္႔ HPV ပိုးကူးစက္ခံရသူေတြ၊မိဘမ်ိဳးရိုးမွာ လွ်ာကင္ဆာျဖစ္ဖူးတဲ႔ရာဇ၀င္ရွိသူေတြ မွာဆိုရင္ ျဖစ္နိုင္ေျခမ်ားတတ္ပါတယ္။

ဒါ႔အျပင္ တခ်ိဳ႕ေတြမွာ သြားခြ်န္သြားတက္ေတြရွိေနျပီး အဲ႔သြားေတြက လွ်ာကိုမၾကာခဏသြားထိခိုက္မႈျဖစ္ေစတာမ်ိဳး သို႔မဟုတ္

တခ်ိဳ႕ေတြမွာ သြားတုတပ္ရာကေန ပံုစံမက်ေခ်ာင္ေနျခင္းေၾကာင္႔ မၾကာခဏလွ်ာကိုသြားထိခိုက္တာမ်ိဳးေတြမွတဆင္႔ ေရရွည္မွာ လွ်ာကင္ဆာျဖစ္လာတာမ်ိဳးရွိပါတယ္။

လွ်ာကင္ဆာျဖစ္ပါက လွ်ာမွာအနာသို႔မဟုတ္ အလံုးအက်ိတ္ေတြျဖစ္လာတာ၊ျဖစ္တဲ႔အနာသို႔မဟုတ္ အလံုးအက်ိတ္က ၃ပတ္ေက်ာ္သည္ထိမေပ်ာက္တာ၊လွ်ာနဲ႔လွ်ာေဘးပတ္လည္ေနရာေတြမွာ အနီကြက္ သို႔မဟုတ္ အျဖဴကြက္ေလးေတြျဖစ္ျပီး ထိုအကြက္ေလးေတြကပြားလာတာ၊အစာမ်ိဳခ်င္ရင္နာတာ၊စကားေျပာရခက္တာ၊လွ်ာထံုတာ၊လွ်ာကထိခိုက္မိတာမရွိဘဲေရာင္ရမ္းနာက်င္ေနတာ၊ခိုက္မိတာမရွိဘဲ လွ်ာကေနေသြးထြက္တာ မ်ိဳးေတြျဖစ္နိုင္ပါတယ္။

ဒီလိုလကၡဏာေတြျဖစ္ျပီဆိုရင္ေတာ႔ ဆရာ၀န္နဲ႔ျပသျပီး လွ်ာကင္ဆာဟုတ္မဟုတ္ စမ္းသပ္စစ္ေဆးၾကည္႔ဖို႔လိုပါတယ္။

လုပ္နိုင္တဲ႔စစ္ေဆးမႈေတြကေတာ႔ ဓါတ္မွန္ရိုက္တာ၊စီတီရိုက္တာ၊အသားစယူစစ္ေဆးတာစသျဖင္႔ပါ။

ဒီလိုေတြစမ္းသပ္စစ္ေဆးၾကည္႔လို႔ လွ်ာကင္ဆာျဖစ္ေနျပီဆိုရင္ ဆရာ၀န္နဲ႔ျပသျပီးေစာစီးစြာကုသဖို႔လိုပါတယ္။

ကုသမႈအေနနဲ႔ကေတာ႔ ေရာဂါအေျခအေန နဲ႔ လူနာကိုယ္ခံအားအေျခအေန၊အသက္အရြယ္ေပၚမႈတည္ျပီး ခြဲစိတ္တာ၊ကင္ဆာေဆးသြင္းကုသတာ၊ဓါတ္ေရာင္ျခည္နဲ႔ကုတာ စသျဖင္႔ နည္းလမ္းေတြရွိပါတယ္။လိုအပ္ပါက နည္းနွစ္နည္းေပါင္းကုတာမ်ိဳးလည္းရွိပါတယ္။ဥပမာ-အလံုးအက်ိတ္ခြဲစိတ္ျပီးေနာက္ ဓါတ္ကင္တာမ်ိဳးပါ။

အဆံုးသတ္အေနနဲ႔ အၾကံေပးခ်င္တာကေတာ႔ လွ်ာကင္ဆာျဖစ္နိုင္ေျခနည္းေအာင္

အရက္ေဆးလိပ္ကြမ္း ေရွာင္ပါ။ ခံတြင္းက်န္းမာေရးဂရုစိုက္ပါ။အစားအေသာက္ေတြကို ပူပူေလာင္ေလာင္အေနအထားမ်ိဳးနဲ႔စားတဲ႔အက်င္႔ကိုေရွာင္ပါ။ သြားခြ်န္သြားတက္ေတြရွိပါက သြားဆရာ၀န္နဲ႔ျပသတိုင္ပင္ပါ။ ပါးစပ္ျဖင္႔လိင္ဆက္ဆံျခင္းမ်ိဳးကိုေရွာင္ၾကပါလို႔ တိုက္တြန္းအၾကံျပဳခ်င္ပါတယ္။

Dr 528

Unicode Version

 

လျှာဆိုတာဟာ ကြွက်သားနဲ့ဖွဲ့စည်းထားသော ခံတွင်းအင်္ဂါအစိတ်အပိုင်းတခုဖြစ်ပြီး အရသာခံဖို့၊အစာမျိုဖို့၊စကားပြောဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။

လျှာကင်ဆာဟာ ခုနောက်ပိုင်းမှာတော်တော်လေးအဖြစ်များလာစေတဲ့ ခံတွင်းကင်ဆာအမျိုးအစားဖြစ်ပါတယ်။

ပါးစောင်၊လျှာ၊သွားဖုံး၊အာခေါင်မိုး၊တံတွေးဂလင်း၊နှုတ်ခမ်း စတဲ့အာခံတွင်းအစိတ်အပိုင်းနေရာတွေမှာဖြစ်တဲ့ကင်ဆာတွေကို ခံတွင်းကင်ဆာလို့ ခြုံပြီးခေါ်ဆိုပါတယ်။

အများအားဖြင့် အသက်၅၀ကျော်အမျိုးသားတွေမှာအဖြစ်များလေ့ရှိပါတယ်။ သို့သော် အခုနောက်ပိုင်းမှာဆိုရင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဖြစ်တဲ့သူတွေကိုလည်း တွေ့လာရပါတယ်။

လျှာကင်ဆာဖြစ်ရတဲ့အကြောင်းအရင်းအတိအကျကိုတော့ သေချာပြောမရပါ။

သို့သော်သုတေသနတွေအရ လျှာကင်ဆာဟာ ဆေးလိပ်သောက်၊အရက်သောက်၊ကွမ်းစားတဲ့သူတွေ၊အကင်တွေအစားများတဲ့သူတွေ၊ခံတွင်းသန့်ရှင်းမှုအားနည်းတဲ့သူတွေ၊တရားလွန်ပူသော စပ်သော အစားသောက်များကို ရေရှည် ခဏခဏ စားသောက်တဲ့သူတွေ၊HPV ပိုးရှိသူနဲ့ပါးစပ်ဖြင့်လိင်ဆက်ဆံခဲ့ခြင်းကြောင့် HPV ပိုးကူးစက်ခံရသူတွေ၊မိဘမျိုးရိုးမှာ လျှာကင်ဆာဖြစ်ဖူးတဲ့ရာဇဝင်ရှိသူတွေ မှာဆိုရင် ဖြစ်နိုင်ခြေများတတ်ပါတယ်။

ဒါ့အပြင် တချို့တွေမှာ သွားချွန်သွားတက်တွေရှိနေပြီး အဲ့သွားတွေက လျှာကိုမကြာခဏသွားထိခိုက်မှုဖြစ်စေတာမျိုး သို့မဟုတ်

တချို့တွေမှာ သွားတုတပ်ရာကနေ ပုံစံမကျချောင်နေခြင်းကြောင့် မကြာခဏလျှာကိုသွားထိခိုက်တာမျိုးတွေမှတဆင့် ရေရှည်မှာ လျှာကင်ဆာဖြစ်လာတာမျိုးရှိပါတယ်။

လျှာကင်ဆာဖြစ်ပါက လျှာမှာအနာသို့မဟုတ် အလုံးအကျိတ်တွေဖြစ်လာတာ၊ဖြစ်တဲ့အနာသို့မဟုတ် အလုံးအကျိတ်က ၃ပတ်ကျော်သည်ထိမပျောက်တာ၊လျှာနဲ့လျှာဘေးပတ်လည်နေရာတွေမှာ အနီကွက် သို့မဟုတ် အဖြူကွက်လေးတွေဖြစ်ပြီး ထိုအကွက်လေးတွေကပွားလာတာ၊အစာမျိုချင်ရင်နာတာ၊စကားပြောရခက်တာ၊လျှာထုံတာ၊လျှာကထိခိုက်မိတာမရှိဘဲရောင်ရမ်းနာကျင်နေတာ၊ခိုက်မိတာမရှိဘဲ လျှာကနေသွေးထွက်တာ မျိုးတွေဖြစ်နိုင်ပါတယ်။

ဒီလိုလက္ခဏာတွေဖြစ်ပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး လျှာကင်ဆာဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

လုပ်နိုင်တဲ့စစ်ဆေးမှုတွေကတော့ ဓါတ်မှန်ရိုက်တာ၊စီတီရိုက်တာ၊အသားစယူစစ်ဆေးတာစသဖြင့်ပါ။

ဒီလိုတွေစမ်းသပ်စစ်ဆေးကြည့်လို့ လျှာကင်ဆာဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ပြသပြီးစောစီးစွာကုသဖို့လိုပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေ နဲ့ လူနာကိုယ်ခံအားအခြေအနေ၊အသက်အရွယ်ပေါ်မှုတည်ပြီး ခွဲစိတ်တာ၊ကင်ဆာဆေးသွင်းကုသတာ၊ဓါတ်ရောင်ခြည်နဲ့ကုတာ စသဖြင့် နည်းလမ်းတွေရှိပါတယ်။လိုအပ်ပါက နည်းနှစ်နည်းပေါင်းကုတာမျိုးလည်းရှိပါတယ်။ဥပမာ-အလုံးအကျိတ်ခွဲစိတ်ပြီးနောက် ဓါတ်ကင်တာမျိုးပါ။

အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ လျှာကင်ဆာဖြစ်နိုင်ခြေနည်းအောင်

အရက်ဆေးလိပ်ကွမ်း ရှောင်ပါ။ခံတွင်းကျန်းမာရေးဂရုစိုက်ပါ။အစားအသောက်တွေကို ပူပူလောင်လောင်အနေအထားမျိုးနဲ့စားတဲ့အကျင့်ကိုရှောင်ပါ။သွားချွန်သွားတက်တွေရှိပါက သွားဆရာဝန်နဲ့ပြသတိုင်ပင်ပါ။ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းမျိုးကိုရှောင်ကြပါလို့ တိုက်တွန်းအကြံပြုချင်ပါတယ်။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image