လည်ပင်းအကျိတ်ကင်ဆာရဲ့  လက္ခဏာများ

လည္ပင္းအက်ိတ္ကင္ဆာရဲ႕  လကၡဏာမ်ား

လူတိုင္းလူတိုင္းရဲ႕ လည္ပင္းေရွ႕တည္႔တည္႔ ေအာက္ေျခနား ေနရာေလာက္မွာ လည္ပင္းအက်ိတ္တခုရွိပါတယ္။

အဲ႔ဒါကိုေဆးပညာအရ Thyroid gland (သိုင္းရြက္ဂလန္း)လို႔ေခၚပါတယ္။

သိုင္းရြက္ဂလန္းဟာ လိပ္ျပာပံုစံရွိျပီး သူ႔ဆီကေန သိုင္းရြက္ေဟာ္မုန္း(Thyroid hormones)ေတြကိုထုတ္ေပးပါတယ္။

သိုင္းရြက္ေဟာ္မုန္းေတြဟာ ခႏၶာကိုယ္ရဲ႕ဇီ၀ျဖစ္စဥ္ေတြ ေန႔စဥ္ပံုမွန္ျဖစ္ပ်က္ဖို႔အတြက္ အလြန္အေရးပါတဲ႔ေဟာ္မုန္းေတြျဖစ္ပါတယ္။

သိုင္းရြက္ဂလင္းနဲ႔ပတ္သက္ျပီးျဖစ္တဲ႔ေရာဂါေတြအေနနဲ႔ကေတာ႔

သိုင္းရြက္ေဟာ္မုန္းမ်ားတာ၊နည္းတာ၊လည္ပင္းၾကီးတာ၊သိုင္းရြက္ဂလင္းေရာင္ရမ္းတာ၊သိုင္းရြက္ဂလင္းမွာရိုးရိုးအလံုးအက်ိတ္ျဖစ္တာ၊သိုင္းရြက္ဂလင္းကင္ဆာျဖစ္တာ စသျဖင္႔ အမ်ားၾကီးရွိပါတယ္။

ထိုအမ်ားၾကီးရွိတဲ႔ထဲမွာမွ အခုတပတ္မွာ သိုင္းရြက္ဂလင္းကင္ဆာ အေၾကာင္းကို ေရးသားတင္ျပခ်င္ပါတယ္။

သိုင္းရြက္ဂလင္းကင္ဆာမွာ

Papillary thyroid cancer

Follicular thyroid candcer

Medullary thyroid cancer

Anaplastic thyroid cancer

ဆိုျပီး အမ်ိဳးအစား ၄ မ်ိဳးရွိပါတယ္။

ထို ၄ မ်ိဳးထဲမွာမွ Papillary thyroid cancer အမ်ိဳးအစားက အျဖစ္အမ်ားဆံုးျဖစ္ပါတယ္။သိုင္းရြက္ကင္ဆာျဖစ္သူအေယာက္၁၀၀မွာ အေယာက္၇၅ေယာက္ကေန အေယာက္၈၅ေယာက္ ေလာက္ဟာ ဒီအမ်ိဳးအစားျဖစ္ေလ႔ရွိပါတယ္။ဒီအမ်ိဳးအစားက တျဖည္းျဖည္းနဲ႔မွၾကီးလာတဲ႔ကင္ဆာက်ိတ္အမ်ိဳးအစားျဖစ္ျပီး လည္ပင္းမွာရွိတဲ႔ျပန္ရည္ေၾကာေတြကေနတဆင္႔ ခႏၶာကိုယ္တျခားေနရာအစိတ္အပိုင္းေတြကို ပ်ံ႕နွ႔ံပါတယ္။

ဒုတိယလိုက္တာကေတာ႔ Follicular thyroid cancer အမ်ိဳးအစားျဖစ္ပါတယ္။သိုင္းရြက္ကင္ဆာျဖစ္သူအေယာက္၁၀၀မွာ ၁၀ေယာက္ကေန ၁၅ေယာက္ေလာက္ဟာ Follicular thyroid caner အမ်ိဳးအစားျဖစ္နိုင္ေျခရွိပါတယ္။

ဒီကင္ဆာအမ်ိဳးအစားကေတာ႔ ခႏၶာကိုယ္တျခားေနရာအစိတ္အပိုင္းေတြကို ေသြးေၾကာေတြကေနတဆင္႔အဓိကပ်ံ႕နွံ႕ပါတယ္။

Medulluary thyroid cancer ကေတာ႔ သိုင္းရြက္ကင္ဆာျဖစ္သူအေယာက္၁၀၀မွာ ၄ေယာက္ေလာက္ပဲျဖစ္နိုင္ေျခရွိတဲ႔ကင္ဆာအမ်ိဳးအစားပါ။

Anaplastic thyroid cancer အမ်ိဳးအစားကေတာ႔ အရမ္းကိုအျဖစ္နည္းပါတယ္။သိုင္းရြက္ကင္ဆာျဖစ္သူအေယာက္၁၀၀မွာ ၁ေယာက္ျဖစ္ခဲပါတယ္။ဒါေပမယ္႔ ျဖစ္ျပီဆိုရင္ အရမ္းဆိုး၀ါးျပီး ခႏၶာကိုယ္ရွိတျခားေနရာေတြကိုပ်ံ႕နွံ႕နႈန္းကလည္းအလြန္ျမန္ဆန္တဲ႔အတြက္ ကုရမလြယ္တဲ႔ ကင္ဆာအမ်ိဳးအစားျဖစ္ပါတယ္။

သိုင္းရြက္ဂလင္းကင္ဆာေတြဟာ အမ်ိဳးသမီးေတြမွာျဖစ္နိုင္ေျခပိုမ်ားပါတယ္။သုေတသနေတြအရ အမ်ိဳးသမီးေတြမွာ သိုင္းရြက္ဂလင္းကင္ဆာျဖစ္နိုင္ေျခဟာ အမ်ိဳးသားေတြထက္ နွစ္ဆ ကေန ေလးဆထိပိုမ်ားေၾကာင္းသိရပါတယ္။

အသက္အရြယ္အားျဖင္႔ဆိုရင္ေတာ႔ Papillary thyroid cancer ဟာ အသက္၃၀ ကေန ၅၀ အရြယ္ၾကားမွာ အျဖစ္မ်ားေလ႔ရွိျပီး Follicular thyroid cancer ကေတာ႔ အသက္၅၀ေက်ာ္အရြယ္ေတြမွာ အျဖစ္မ်ားပါတယ္။

သိုင္းရြက္ဂလင္းကင္ဆာျဖစ္ပြားရတဲ႔အေၾကာင္းအတိအက်ကေတာ႔ေျပာရမလြယ္ပါ။သို႔ေသာ္ ျဖစ္နိုင္ေျခရွိတဲ႔အေၾကာင္းေတြအေနနဲ႔ကေတာ႔

မ်ိဳးရိုးဗီဇနဲ႔ဆိုင္တာ

ဓါတ္ေရာင္ျခည္သင္႔တာ

အိုင္အိုဒင္းဓါတ္ခ်ိဳ႕တဲ႔တာ

သိုင္းရြက္ဂလင္းေရာင္တာ စသျဖင္႔ ရွိပါတယ္။

သိုင္းရြက္ဂလင္းကင္ဆာဟာစစျဖစ္ခ်င္းမွာေထြေထြထူးထူးလကၡဏာေတြျပတာသိပ္မရွိေပမယ္႔ ကင္ဆာအက်ိတ္ၾကီးလာတာနဲ႔အမွ်ေနာက္ပိုင္းမွာ

လည္ပင္းမွာအလံုးအက်ိတ္ေပၚလာတာ

လည္ပင္းနာတာ၊လည္ေခ်ာင္းနာတာ

အစားအေသာက္မ်ိဳရခက္တာ

အသံေျပာင္းလာတာ၊အသံၾသလာတာ

ေခ်ာင္းဆိုးတာ

အစားအေသာက္သိသိသာသာပ်က္တာ၊ကိုယ္အေလးခ်ိန္သိသိသာသာက်လာတာ စတဲ႔လကၡဏာေတြျဖစ္လာတတ္ပါတယ္။

ဒီလိုလကၡဏာေတြေပၚလာျပီဆိုရင္ေတာ႔ အခ်ိန္ဆြဲမေနဘဲ ဆရာ၀န္နဲ႔ျပသျပီး သိုင္းရြက္ဂလင္းကင္ဆာဟုတ္မဟုတ္ စမ္းသပ္စစ္ေဆးၾကည္႔သင္႔ပါတယ္။

စစ္ေဆးမႈေတြအေနနဲ႔ကေတာ႔

ေသြးစစ္တာ

လည္ပင္းအာထရာေဆာင္းရိုက္တာ

Fine-needle aspiration biopsy ေခၚ အပ္နဲ႔အသားစယူျပီး စစ္ေဆးတာ

စသျဖင္႔လုပ္နိုင္ပါတယ္။

ဒီလိုေတြလုပ္ၾကည္႔လို႔ သိုင္းရြက္ဂလင္းကင္ဆာျဖစ္တယ္လို႔အေျဖထြက္ရင္ေတာ႔ ကင္ဆာပ်ံ႕ေနလား သိဖို႔အတြက္ ရင္ဘတ္ဓါတ္မွန္ရိုက္တာ၊စီတီရိုက္တာ၊အမ္အာအိုင္ရိုက္တာ၊ဗိုက္ကိုအာထရာေဆာင္းရိုက္တာ စသျဖင္႔ ထပ္စစ္ဖို႔လိုနိုင္ပါတယ္။

ကုသမႈအေနနဲ႔ကေတာ႔ လူနာရဲ႕က်န္းမာေရးအေျခအေနနဲ႔ေရာဂါအေျခအေနေပၚလိုက္ျပီး ခြဲစိတ္ကုသတာ၊ဓါတ္ေရာင္ျခည္နဲ႔ကုသတာ၊ကင္ဆာေဆးသြင္းကုသတာ၊ေဟာ္မုန္းေဆးေပးကုသတာ စသျဖင္႔ ကုသနည္းေတြရွိပါတယ္။

လိုအပ္ပါက နွစ္နည္းေပါင္းကုတာမ်ိဳးေတြလည္းလုပ္ပါတယ္။

Dr 528

Unicode Version

လည်ပင်းအကျိတ်ကင်ဆာရဲ့  လက္ခဏာများ

လူတိုင်းလူတိုင်းရဲ့ လည်ပင်းရှေ့တည့်တည့် အောက်ခြေနား နေရာလောက်မှာ လည်ပင်းအကျိတ်တခုရှိပါတယ်။

အဲ့ဒါကိုဆေးပညာအရ Thyroid gland (သိုင်းရွက်ဂလန်း)လို့ခေါ်ပါတယ်။

သိုင်းရွက်ဂလန်းဟာ လိပ်ပြာပုံစံရှိပြီး သူ့ဆီကနေ သိုင်းရွက်ဟော်မုန်း(Thyroid hormones)တွေကိုထုတ်ပေးပါတယ်။

သိုင်းရွက်ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေ နေ့စဉ်ပုံမှန်ဖြစ်ပျက်ဖို့အတွက် အလွန်အရေးပါတဲ့ဟော်မုန်းတွေဖြစ်ပါတယ်။

သိုင်းရွက်ဂလင်းနဲ့ပတ်သက်ပြီးဖြစ်တဲ့ရောဂါတွေအနေနဲ့ကတော့

သိုင်းရွက်ဟော်မုန်းများတာ၊နည်းတာ၊လည်ပင်းကြီးတာ၊သိုင်းရွက်ဂလင်းရောင်ရမ်းတာ၊သိုင်းရွက်ဂလင်းမှာရိုးရိုးအလုံးအကျိတ်ဖြစ်တာ၊သိုင်းရွက်ဂလင်းကင်ဆာဖြစ်တာ စသဖြင့် အများကြီးရှိပါတယ်။

ထိုအများကြီးရှိတဲ့ထဲမှာမှ အခုတပတ်မှာ သိုင်းရွက်ဂလင်းကင်ဆာ အကြောင်းကို ရေးသားတင်ပြချင်ပါတယ်။

သိုင်းရွက်ဂလင်းကင်ဆာမှာ

Papillary thyroid cancer

Follicular thyroid candcer

Medullary thyroid cancer

Anaplastic thyroid cancer

ဆိုပြီး အမျိုးအစား ၄ မျိုးရှိပါတယ်။

ထို ၄ မျိုးထဲမှာမှ Papillary thyroid cancer အမျိုးအစားက အဖြစ်အများဆုံးဖြစ်ပါတယ်။သိုင်းရွက်ကင်ဆာဖြစ်သူအယောက်၁၀၀မှာ အယောက်၇၅ယောက်ကနေ အယောက်၈၅ယောက် လောက်ဟာ ဒီအမျိုးအစားဖြစ်လေ့ရှိပါတယ်။ဒီအမျိုးအစားက တဖြည်းဖြည်းနဲ့မှကြီးလာတဲ့ကင်ဆာကျိတ်အမျိုးအစားဖြစ်ပြီး လည်ပင်းမှာရှိတဲ့ပြန်ရည်ကြောတွေကနေတဆင့် ခန္ဓာကိုယ်တခြားနေရာအစိတ်အပိုင်းတွေကို ပျံ့နှံ့ပါတယ်။

ဒုတိယလိုက်တာကတော့ Follicular thyroid cancer အမျိုးအစားဖြစ်ပါတယ်။သိုင်းရွက်ကင်ဆာဖြစ်သူအယောက်၁၀၀မှာ ၁၀ယောက်ကနေ ၁၅ယောက်လောက်ဟာ Follicular thyroid caner အမျိုးအစားဖြစ်နိုင်ခြေရှိပါတယ်။

ဒီကင်ဆာအမျိုးအစားကတော့ ခန္ဓာကိုယ်တခြားနေရာအစိတ်အပိုင်းတွေကို သွေးကြောတွေကနေတဆင့်အဓိကပျံ့နှံ့ပါတယ်။

Medulluary thyroid cancer ကတော့ သိုင်းရွက်ကင်ဆာဖြစ်သူအယောက်၁၀၀မှာ ၄ယောက်လောက်ပဲဖြစ်နိုင်ခြေရှိတဲ့ကင်ဆာအမျိုးအစားပါ။

Anaplastic thyroid cancer အမျိုးအစားကတော့ အရမ်းကိုအဖြစ်နည်းပါတယ်။သိုင်းရွက်ကင်ဆာဖြစ်သူအယောက်၁၀၀မှာ ၁ယောက်ဖြစ်ခဲပါတယ်။ဒါပေမယ့် ဖြစ်ပြီဆိုရင် အရမ်းဆိုးဝါးပြီး ခန္ဓာကိုယ်ရှိတခြားနေရာတွေကိုပျံ့နှံ့နှုန်းကလည်းအလွန်မြန်ဆန်တဲ့အတွက် ကုရမလွယ်တဲ့ ကင်ဆာအမျိုးအစားဖြစ်ပါတယ်။

သိုင်းရွက်ဂလင်းကင်ဆာတွေဟာ အမျိုးသမီးတွေမှာဖြစ်နိုင်ခြေပိုများပါတယ်။သုတေသနတွေအရ အမျိုးသမီးတွေမှာ သိုင်းရွက်ဂလင်းကင်ဆာဖြစ်နိုင်ခြေဟာ အမျိုးသားတွေထက် နှစ်ဆ ကနေ လေးဆထိပိုများကြောင်းသိရပါတယ်။

အသက်အရွယ်အားဖြင့်ဆိုရင်တော့ Papillary thyroid cancer ဟာ အသက်၃၀ ကနေ ၅၀ အရွယ်ကြားမှာ အဖြစ်များလေ့ရှိပြီး Follicular thyroid cancer ကတော့ အသက်၅၀ကျော်အရွယ်တွေမှာ အဖြစ်များပါတယ်။

သိုင်းရွက်ဂလင်းကင်ဆာဖြစ်ပွားရတဲ့အကြောင်းအတိအကျကတော့ပြောရမလွယ်ပါ။သို့သော် ဖြစ်နိုင်ခြေရှိတဲ့အကြောင်းတွေအနေနဲ့ကတော့

မျိုးရိုးဗီဇနဲ့ဆိုင်တာ

ဓါတ်ရောင်ခြည်သင့်တာ

အိုင်အိုဒင်းဓါတ်ချို့တဲ့တာ

သိုင်းရွက်ဂလင်းရောင်တာ စသဖြင့် ရှိပါတယ်။

သိုင်းရွက်ဂလင်းကင်ဆာဟာစစဖြစ်ချင်းမှာထွေထွေထူးထူးလက္ခဏာတွေပြတာသိပ်မရှိပေမယ့် ကင်ဆာအကျိတ်ကြီးလာတာနဲ့အမျှနောက်ပိုင်းမှာ

လည်ပင်းမှာအလုံးအကျိတ်ပေါ်လာတာ

လည်ပင်းနာတာ၊လည်ချောင်းနာတာ

အစားအသောက်မျိုရခက်တာ

အသံပြောင်းလာတာ၊အသံသြလာတာ

ချောင်းဆိုးတာ

အစားအသောက်သိသိသာသာပျက်တာ၊ကိုယ်အလေးချိန်သိသိသာသာကျလာတာ စတဲ့လက္ခဏာတွေဖြစ်လာတတ်ပါတယ်။

ဒီလိုလက္ခဏာတွေပေါ်လာပြီဆိုရင်တော့ အချိန်ဆွဲမနေဘဲ ဆရာဝန်နဲ့ပြသပြီး သိုင်းရွက်ဂလင်းကင်ဆာဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။

စစ်ဆေးမှုတွေအနေနဲ့ကတော့

သွေးစစ်တာ

လည်ပင်းအာထရာဆောင်းရိုက်တာ

Fine-needle aspiration biopsy ခေါ် အပ်နဲ့အသားစယူပြီး စစ်ဆေးတာ

စသဖြင့်လုပ်နိုင်ပါတယ်။

ဒီလိုတွေလုပ်ကြည့်လို့ သိုင်းရွက်ဂလင်းကင်ဆာဖြစ်တယ်လို့အဖြေထွက်ရင်တော့ ကင်ဆာပျံ့နေလား သိဖို့အတွက် ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊စီတီရိုက်တာ၊အမ်အာအိုင်ရိုက်တာ၊ဗိုက်ကိုအာထရာဆောင်းရိုက်တာ စသဖြင့် ထပ်စစ်ဖို့လိုနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ လူနာရဲ့ကျန်းမာရေးအခြေအနေနဲ့ရောဂါအခြေအနေပေါ်လိုက်ပြီး ခွဲစိတ်ကုသတာ၊ဓါတ်ရောင်ခြည်နဲ့ကုသတာ၊ကင်ဆာဆေးသွင်းကုသတာ၊ဟော်မုန်းဆေးပေးကုသတာ စသဖြင့် ကုသနည်းတွေရှိပါတယ်။

လိုအပ်ပါက နှစ်နည်းပေါင်းကုတာမျိုးတွေလည်းလုပ်ပါတယ်။

Dr 528