ကင်ဆာကို ကာကွယ်လို့ရသလား

ကင္ဆာကိုု ကာကြယ္လိုု႔ရသလား

ကင္ဆာ ဆိုတဲ့ အသံ ၾကားလိုက္တာနဲ႔ လူေတာ္ေတာ္မ်ားမ်ား ေၾကာက္သြားၾကမယ္ ထင္ပါတယ္ ။ ကူးစက္ေရာဂါ မဟုတ္တဲ့ ေရာဂါေတြ ထဲမွာ ကင္ဆာဟာ ပါဝင္ျပီး ကင္ဆာဟာ ကမာၻမွာ ေသႏႈန္း အမ်ားဆံုး ျဖစ္ေစတဲ့ ေရာဂါေတြထဲမွာ တစ္ခုအပါအဝင္ ျဖစ္ပါတယ္။

ျပင္ပက ေလထု ညစ္ညမ္းမႈေတြ နဲ႔ အႏၱရာယ္ရွိတဲ့ ဓာတ္ေငြ႔ေတြ ၊ စက္ရုံသံုး ဓာတုပစၥည္းေတြ ၊ ထိန္းသိမ္းျပဳျပင္ထားတဲ့ အစားအေသာက္ အစရွိတာေတြဟာ ကင္ဆာေရာဂါ ကို ျဖစ္ေစႏိုင္ပါတယ္။

ခႏၶာကိုယ္ မွာ ရွိတဲ့ အဂၤါ အစိတ္အပိုင္း ေတြကို အေျခခံ ဖြဲ႔စည္းတည္ေဆာက္ေပးထားတဲ့ အရာေတြဟာ ဆဲလ္ေတြပဲ ျဖစ္ပါတယ္။ အေဆာက္အဦး တစ္ခု ခိုင္မာဖို႔ အေျခခံအုတ္က အေရးၾကီးသလိုပဲ ခႏၶာကိုယ္ ပံုမွန္အလုပ္လုပ္ႏိုင္ဖို႔ အတြက္လည္း ဆဲလ္ေတြက အေရးၾကီးပါတယ္။

ပတ္ဝန္းက်င္က ကင္ဆာျဖစ္ေစႏိုင္တဲ့ အရာေတြဟာ ကိုယ္တြင္းက ဆဲလ္ေတြ ပံုမွန္ျဖစ္ပြားမႈ ကို ထိန္းခ်ဳပ္ေပးထားတဲ့ ျဖစ္စဥ္ကို ကေမာက္ကမ ျဖစ္သြားေစႏိုင္ပါတယ္။ ဒီအခါ ပံုမမွန္တဲ့ ဆဲလ္ပြားမ်ားမႈေတြ ျဖစ္ေပၚလာျပီး ကင္ဆာ ျဖစ္လာရပါတယ္။

 

ကင္ဆာ ျဖစ္တာကို ဘယ္လို ကာကြယ္မလဲ ???

ကိုယ္အဂၤါ အစိတ္အပိုင္း အားလံုးလိုလိုမွာ ကင္ဆာ ျဖစ္ႏိုင္ပါတယ္။ ကင္ဆာေရာဂါ အမ်ိဳးအစား တစ္ခုခ်င္းစီ အလိုက္ ေရာဂါကို ျဖစ္ေစႏိုင္တဲ့ အရာေတြဟာ ကြဲျပားၾကပါတယ္။ ဥပမာေျပာရရင္ အရက္ ၊ အသည္းေရာင္အသားဝါ ဘီပိုး စီပိုးေတြဟာ အသည္းကင္ဆာကို ျဖစ္ေစႏိုင္ျပီး ေဆးလိပ္ေသာက္တာ မ်ားရင္ေတာ့ အဆုတ္ကင္ဆာ ျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္ ကင္ဆာေရာဂါ မျဖစ္ပြားႏိုင္ေအာင္ ကိုယ့္ရဲ႔ မေကာင္းတဲ့ အက်င့္ေတြကို ျပဳျပင္ဖို႔ လိုပါလိမ့္မယ္။ ေဆးလိပ္ေသာက္တာ ေတြကို ေရွာင္ၾကဥ္ရမွာ ျဖစ္သလို အရက္ကိုလည္း ေသာက္ဖို႔ သင့္တဲ့ ပမာဏထက္ ပိုမေသာက္မိဖို႔ သတိျပဳရပါမယ္။

ကင္ဆာေရာဂါ ကို ျဖစ္ေစႏိုင္တဲ့ စက္ရုံသံုး အညစ္အေၾကးေတြ ကိုလည္း တတ္ႏိုင္သမွ် ေရွာင္ရပါမယ္။ ျပဳျပင္ထားတဲ့ အသားနဲ႔ ဟင္းသီးဟင္းရြက္ေတြကို လည္း အလြန္အကၽြံ စားတာကို ေရွာင္ရပါမယ္။

ေရာဂါပိုးေၾကာင့္ ျဖစ္တဲ့ အသည္းကင္ဆာေတြ မျဖစ္ဖို႔ အတြက္ အသည္းေရာင္ အသားဝါ ဘီပိုး ကာကြယ္ေဆးကို ထိုးထားရပါမယ္။

သားအိမ္ေခါင္းကင္ဆာ ဟာလည္း Human papilloma virus ေတြေၾကာင့္ ျဖစ္တဲ့အတြက္ ဒီေရာဂါပိုးေတြ ကူးစက္မခံရေအာင္ ကာကြယ္ေဆးကို ၾကိဳထိုးသင့္ပါတယ္။

ကင္ဆာေရာဂါ စျဖစ္ေစတဲ့ ပံုမမွန္ဆဲလ္ပြားတာ ကို ၾကိဳတင္တားဆီးႏိုင္ေအာင္ Antioxidant ေတြ ပါဝင္တဲ့ အစားအစာေတြကို မ်ားမ်ားစားေပးသင့္ပါတယ္။

 

ကင္ဆာေရာဂါေၾကာင့္ ဘာလိုု႔ ေသဆံုးရသလဲ ???

ကင္ဆာေရာဂါ ျဖစ္တဲ့ အဂၤါေတြ ဟာ ကင္ဆာေၾကာင့္ အလုပ္မလုပ္ႏို္င္ေတာ့ဘူး ျဖစ္လာတဲ့ အခါ ျပင္းထန္တဲ့ လကၡဏာေတြ ျဖစ္လာပါတယ္။  

တစ္ခ်ိဳ႔ေသာ ကင္ဆာေရာဂါ ေတြမွာ ေဟာ္မုန္းေတြ ထြက္ပါတယ္။ ထြက္တဲ့ ေဟာ္မုန္းေတြဟာလည္း တစ္ခါတစ္ေလ ျပင္းထန္တဲ့ ေနာက္ဆက္တြဲဆိုးက်ိဳး ေတြကို ျဖစ္ေစႏို္င္ပါတယ္။

ကင္ဆာဆဲလ္ေတြ အေရးၾကီးတဲ့ ကိုယ္အဂၤါအစိတ္အပိုင္းေတြကို ေရာက္သြားတဲ့ အခါမွာလည္း အသက္အႏၱရာယ္ ရွိႏို္င္ပါတယ္။

ကင္ဆာေရာဂါ ေတြ ျဖစ္တဲ့ အခါမွာ ကိုယ္ရဲ႔ ခုခံအားဟာ က်သြားပါတယ္။ တစ္ခါတစ္လည္း ကင္ဆာေရာဂါ ကို ကုသရတဲ့ ေဆးေတြဟာလည္း ခုခံအားကို က်သြားေစနိုင္တဲ့ အတြက္ ဒီလိုအခါမ်ိဳးေတြမွာ ကိုယ္တြင္းကို ပိုးမႊားေတြ ဝင္ေရာက္ျပီး အသက္ကို ထိခိုက္ႏို္င္ပါတယ္။

 

ဒီလို အသက္အႏၱရာယ္ ျဖစ္ေစႏုိင္တဲ့ အေၾကာင္းအေတာ္မ်ားမ်ားဟာ ကင္ဆာေရာဂါ ပ်ံ႔ႏွံ႔တဲ့ အခ်ိန္မွသာ ျဖစ္တာမ်ားပါတယ္။

ကင္ဆာ မပ်ံ႔ႏွ့ံခင္ မွာ ေစာေစာစီးစီး သိရွိျပီး ကုသမယ္ဆိုရင္ ကင္ဆာေရာဂါေၾကာင့္ ေသႏိုင္ေခ်ဟာ ေလ်ာ့က်သြားႏိုင္ပါတယ္။

ကင္ဆာေရာဂါ ျဖစ္ခါစမွာ အလံုးအက်ိတ္ဟာ သိပ္မၾကီးေသးတဲ့ အတြက္ ဒီလို ျဖစ္ခါစ အလံုးအက်ိတ္ ကို ျဖတ္ထုတ္လိုက္မယ္ ကုသလိုက္မယ္ ဆိုရင္ ကင္ဆာေရာဂါ အရွင္းေပ်ာက္သြားႏုိင္ပါတယ္။

 

ကင္ဆာ ေရာဂါ ျဖစ္ခါစမွာ ေစာေစာစီးစီး ကုသႏိုင္ဖို႔ အတြက္ ကိုယ္မွာ ပံုမမွန္တဲ့ အက်ိတ္တစ္ခု ျဖစ္လာခဲ့ရင္ ၊ ပံုမွန္မဟုတ္တဲ့ တစ္ေနရာရာေပၚလာခဲ့ရင္ ကင္ဆာ ဟုတ္မဟုတ္ သိရွိဖို႔ ကၽြမ္းက်င္တဲ့ ဆရာဝန္ နဲ႔ တိုင္ပင္ စစ္ေဆးျပီး ကုသရပါမယ္။

Dr.ေမႊး

Unicode Version

ကင်ဆာကို ကာကွယ်လို့ရသလား

ကင်ဆာ ဆိုတဲ့ အသံ ကြားလိုက်တာနဲ့ လူတော်တော်များများ ကြောက်သွားကြမယ် ထင်ပါတယ် ။ ကူးစက်ရောဂါ မဟုတ်တဲ့ ရောဂါတွေ ထဲမှာ ကင်ဆာဟာ ပါဝင်ပြီး ကင်ဆာဟာ ကမ္ဘာမှာ သေနှုန်း အများဆုံး ဖြစ်စေတဲ့ ရောဂါတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ပြင်ပက လေထု ညစ်ညမ်းမှုတွေ နဲ့ အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေ ၊ စက်ရုံသုံး ဓာတုပစ္စည်းတွေ ၊ ထိန်းသိမ်းပြုပြင်ထားတဲ့ အစားအသောက် အစရှိတာတွေဟာ ကင်ဆာရောဂါ ကို ဖြစ်စေနိုင်ပါတယ်။

ခန္ဓာကိုယ် မှာ ရှိတဲ့ အင်္ဂါ အစိတ်အပိုင်း တွေကို အခြေခံ ဖွဲ့စည်းတည်ဆောက်ပေးထားတဲ့ အရာတွေဟာ ဆဲလ်တွေပဲ ဖြစ်ပါတယ်။ အဆောက်အဦး တစ်ခု ခိုင်မာဖို့ အခြေခံအုတ်က အရေးကြီးသလိုပဲ ခန္ဓာကိုယ် ပုံမှန်အလုပ်လုပ်နိုင်ဖို့ အတွက်လည်း ဆဲလ်တွေက အရေးကြီးပါတယ်။

ပတ်ဝန်းကျင်က ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေဟာ ကိုယ်တွင်းက ဆဲလ်တွေ ပုံမှန်ဖြစ်ပွားမှု ကို ထိန်းချုပ်ပေးထားတဲ့ ဖြစ်စဉ်ကို ကမောက်ကမ ဖြစ်သွားစေနိုင်ပါတယ်။ ဒီအခါ ပုံမမှန်တဲ့ ဆဲလ်ပွားများမှုတွေ ဖြစ်ပေါ်လာပြီး ကင်ဆာ ဖြစ်လာရပါတယ်။

ကင်ဆာ ဖြစ်တာကို ဘယ်လို ကာကွယ်မလဲ ???

ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးလိုလိုမှာ ကင်ဆာ ဖြစ်နိုင်ပါတယ်။ ကင်ဆာရောဂါ အမျိုးအစား တစ်ခုချင်းစီ အလိုက် ရောဂါကို ဖြစ်စေနိုင်တဲ့ အရာတွေဟာ ကွဲပြားကြပါတယ်။ ဥပမာပြောရရင် အရက် ၊ အသည်းရောင်အသားဝါ ဘီပိုး စီပိုးတွေဟာ အသည်းကင်ဆာကို ဖြစ်စေနိုင်ပြီး ဆေးလိပ်သောက်တာ များရင်တော့ အဆုတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကင်ဆာရောဂါ မဖြစ်ပွားနိုင်အောင် ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်တွေကို ပြုပြင်ဖို့ လိုပါလိမ့်မယ်။ ဆေးလိပ်သောက်တာ တွေကို ရှောင်ကြဉ်ရမှာ ဖြစ်သလို အရက်ကိုလည်း သောက်ဖို့ သင့်တဲ့ ပမာဏထက် ပိုမသောက်မိဖို့ သတိပြုရပါမယ်။

ကင်ဆာရောဂါ ကို ဖြစ်စေနိုင်တဲ့ စက်ရုံသုံး အညစ်အကြေးတွေ ကိုလည်း တတ်နိုင်သမျှ ရှောင်ရပါမယ်။ ပြုပြင်ထားတဲ့ အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို လည်း အလွန်အကျွံ စားတာကို ရှောင်ရပါမယ်။

ရောဂါပိုးကြောင့် ဖြစ်တဲ့ အသည်းကင်ဆာတွေ မဖြစ်ဖို့ အတွက် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးကို ထိုးထားရပါမယ်။

သားအိမ်ခေါင်းကင်ဆာ ဟာလည်း Human papilloma virus တွေကြောင့် ဖြစ်တဲ့အတွက် ဒီရောဂါပိုးတွေ ကူးစက်မခံရအောင် ကာကွယ်ဆေးကို ကြိုထိုးသင့်ပါတယ်။

ကင်ဆာရောဂါ စဖြစ်စေတဲ့ ပုံမမှန်ဆဲလ်ပွားတာ ကို ကြိုတင်တားဆီးနိုင်အောင် Antioxidant တွေ ပါဝင်တဲ့ အစားအစာတွေကို များများစားပေးသင့်ပါတယ်။

ကင်ဆာရောဂါ ကြောင့် ဘာကြောင့် သေဆုံးရသလဲ ???

ကင်ဆာရောဂါ ဖြစ်တဲ့ အင်္ဂါတွေ ဟာ ကင်ဆာကြောင့် အလုပ်မလုပ်နိုင်တော့ဘူး ဖြစ်လာတဲ့ အခါ ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။

တစ်ချို့သော ကင်ဆာရောဂါ တွေမှာ ဟော်မုန်းတွေ ထွက်ပါတယ်။ ထွက်တဲ့ ဟော်မုန်းတွေဟာလည်း တစ်ခါတစ်လေ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကို ဖြစ်စေနိုင်ပါတယ်။

ကင်ဆာဆဲလ်တွေ အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရောက်သွားတဲ့ အခါမှာလည်း အသက်အန္တရာယ် ရှိနိုင်ပါတယ်။

ကင်ဆာရောဂါ တွေ ဖြစ်တဲ့ အခါမှာ ကိုယ်ရဲ့ ခုခံအားဟာ ကျသွားပါတယ်။ တစ်ခါတစ်လည်း ကင်ဆာရောဂါ ကို ကုသရတဲ့ ဆေးတွေဟာလည်း ခုခံအားကို ကျသွားစေနိုင်တဲ့ အတွက် ဒီလိုအခါမျိုးတွေမှာ ကိုယ်တွင်းကို ပိုးမွှားတွေ ဝင်ရောက်ပြီး အသက်ကို ထိခိုက်နိုင်ပါတယ်။

ဒီလို အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ အကြောင်းအတော်များများဟာ ကင်ဆာရောဂါ ပျံ့နှံ့တဲ့ အချိန်မှသာ ဖြစ်တာများပါတယ်။

ကင်ဆာ မပျံ့နှံ့ခင် မှာ စောစောစီးစီး သိရှိပြီး ကုသမယ်ဆိုရင် ကင်ဆာရောဂါကြောင့် သေနိုင်ချေဟာ လျော့ကျသွားနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ခါစမှာ အလုံးအကျိတ်ဟာ သိပ်မကြီးသေးတဲ့ အတွက် ဒီလို ဖြစ်ခါစ အလုံးအကျိတ် ကို ဖြတ်ထုတ်လိုက်မယ် ကုသလိုက်မယ် ဆိုရင် ကင်ဆာရောဂါ အရှင်းပျောက်သွားနိုင်ပါတယ်။

ကင်ဆာ ရောဂါ ဖြစ်ခါစမှာ စောစောစီးစီး ကုသနိုင်ဖို့ အတွက် ကိုယ်မှာ ပုံမမှန်တဲ့ အကျိတ်တစ်ခု ဖြစ်လာခဲ့ရင် ၊ ပုံမှန်မဟုတ်တဲ့ တစ်နေရာရာပေါ်လာခဲ့ရင် ကင်ဆာ ဟုတ်မဟုတ် သိရှိဖို့ ကျွမ်းကျင်တဲ့ ဆရာဝန် နဲ့ တိုင်ပင် စစ်ဆေးပြီး ကုသရပါမယ်။