ဓာတ်ကင်ခြင်းရဲ့  နောက်ဆက်တွဲဆိုးကျိုးများ

ဓာတ္ကင္ျခင္းရဲ႕  ေနာက္ဆက္တြဲဆိုုးက်ိဳးမ်ား

ဓါတ္ေရာင္ျခည္ကုထံုးကို ေဆးပညာအရ Radiation therapy သို႔မဟုတ္ Radiotherapy လို႔ေခၚပါတယ္။

အရပ္ထဲမွာေတာ႔ ဓါတ္ကင္တယ္ လို႔ ေခၚေလ႔ရွိပါတယ္။

ဓါတ္ကင္ျပီးရင္ေဆးမတိုးေတာ႔ဘူး။ဓါတ္ကင္တာေနာက္ဆံုးအဆင္႔ပဲ။ဓါတ္ကင္တာက မီးကင္တာလုိပဲ ဆိုျပီး စတဲ႔ အရပ္ေျပာစကားေတြေၾကာင္႔

ဓါတ္ကင္ရမယ္လို႔ေျပာလိုက္ရင္ အမ်ားအားျဖင္႔ က်န္းမာေရးဗဟုသုတနည္းတဲ႔ လူနာအေတာ္မ်ားမ်ားဟာ လန္႔သြားတတ္ျပီး ဓါတ္မကင္ဘဲ တျခားနည္းကုခ်င္တယ္လို႔ ေျပာတတ္ၾကပါတယ္။

ဒါေၾကာင္႔ ဒီတပတ္မွာ ဓါတ္ကင္ျခင္းအေၾကာင္းကို သိသေလာက္ ေရးသားတင္ျပလိုက္ရပါတယ္။

အမွန္တကယ္ေတာ႔ ဓါတ္ကင္တယ္ သို႔မဟုတ္ ဓါတ္ေရာင္ျခည္ကုထံုး ခံယူတယ္ဆိုတာဟာ စြမ္းအားျမင္႔ ဓါတ္ေရာင္ျခည္ကို သံုးျပီး ကင္ဆာဆဲလ္ေတြကို ဖ်က္ဆီးတဲ႔ ကုထံုးပါ။

ဓါတ္ေရာင္ျခည္ကုထံုးေပးတဲ႔အခါ(ဓါတ္ကင္တဲ႔အခါ)မွာ ခႏၶာကိုယ္အျပင္ဘက္ကေန ေပးတာ ရွိသလို ခႏၶာကိုယ္အတြင္းထဲကေနေပးတာလည္းရွိပါတယ္။

အျပင္ဘက္ကေန ဓါတ္ကင္တာကေတာ႔ရွင္းပါတယ္။ခႏၶာကိုယ္အျပင္ဘက္ေန ကင္ဆာျဖစ္တဲ႔ေနရာကို ဓါတ္ေရာင္ျခည္လႊတ္တဲ႔စက္မွ ဓါတ္ေရာင္ျခည္လႊတ္ေပးတာပါ။မီးကင္သလိုကင္တာမဟုတ္ပါ။

ဓါတ္မွန္ရိုက္သလိုပါပဲ။ဒါေပမယ္႔ဓါတ္မွန္ရိုက္တာကေတာ႔ ဓါတ္ကင္တာေလာက္မျပင္းတဲ႔ ဓါတ္ေရာင္ျခည္ကိုသံုးတာပါ။

ခႏၶာကိုယ္အတြင္းထဲကေန ဓါတ္ကင္တာကေတာ႔ ဓါတ္ေရာင္ျခည္လႊတ္တဲ႔အရာပစၥည္းတခုခုကို ကင္ဆာအက်ိတ္ရွိတဲ႔ေနရာနားမွာ ခြဲထည္႔တာမ်ိဳးပါ။

ဓါတ္ေရာင္ျခည္ကုထံုး ကို ကင္ဆာေရာဂါကုသရာမွာ ကင္ဆာေရာဂါအမ်ိဳးအစားနဲ႔ေရာဂါအေျခအေနေပၚမူတည္ျပီး ဓါတ္ေရာင္ျခည္ကုထံုးသီးသန္႔ပဲေပးတာရွိသလို ခြဲစိတ္ကုထံုး၊ကင္ဆာေဆးသြင္းကုထံုး တခုခုနဲ႔ တြဲျပီး ေပးတာလည္းရွိပါတယ္။

အမ်ားအားျဖင္႔ေတာ႔ ခြဲစိတ္ကုထံုး၊ကင္ဆာေဆးသြင္းကုထံုးတမ်ိဳးမ်ိဳးနဲ႔တြဲေပးတာမ်ားပါတယ္။

ဥပမာအားျဖင္႔ဆိုရင္ ကင္ဆာအလံုးအက်ိတ္အရြယ္အစားက အရမ္းၾကီးမားျပီး ခြဲစိတ္ရခက္တဲ႔အေျခအေနေတြမွာ မခြဲခင္ ဓါတ္ကင္ျခင္း(ဓါတ္ေရာင္ျခည္ကုထံုးေပးျခင္း)ျဖင္႔ ကင္ဆာအလံုးအက်ိတ္အရြယ္အစားကို အနည္းငယ္ေသးသြားေအာင္လုပ္ျပီးမွ ခြဲစိတ္တာလုပ္ေလ႔ရွိသလို

ကင္ဆာအလံုးအက်ိတ္ကို ခြဲစိတ္ဖယ္ရွားျပီးတဲ႔ေနာက္မွာလည္း မေတာ္တဆ ကင္ဆာဆဲလ္မ်ားက်န္ေနပါကပ်က္ဆီးေအာင္ ဆိုျပီး ဓါတ္ကင္တာ လုပ္ရေလ႔ရွိပါတယ္။

ဓါတ္ေရာင္ျခည္ကုထံုးကို ကင္ဆာေရာဂါကုသရာမွာ သာမက

ကင္ဆာအေျခအေနကတအားဆိုးလို႔ ေနရာအေတာ္မ်ားမ်ားကိုကင္ဆာဆဲလ္ေတြကပ်ံ႕ျပီး ေပ်ာက္ေအာင္ ကုလို႔မရေတာ႔တဲ႔သူေတြမွာဆိုရင္လည္း

ခြဲစိတ္တာ၊ကင္ဆာေဆးသြင္းတာေတြမလုပ္ေတာ႔ဘဲ ကင္ဆာဆဲလ္ေတြထပ္ပ်ံ႕တာေနွးေအာင္၊ကင္ဆာအလံုးအက်ိတ္ေတြကိုေသးေအာင္၊ကင္ဆာေၾကာင္႔ ခံစားရတဲ႔ေရာဂါေ၀ဒနာေတြကို သက္သာေအာင္ ဓါတ္ေရာင္ျခည္ကုထံုးပဲ ေပးေလ႔ရွိပါတယ္။

ဓါတ္ကင္တာဟာ အေပၚမွာတခါေျပာခဲ႔သလို စြမ္းအားျမင္႔ေရာင္ျခည္ကို သံုးျပီး ကင္ဆာဆဲလ္ေတြကိုဖ်က္ဆီးတာျဖစ္တဲ႔အတြက္ ဓါတ္ကင္တဲ႔အခါမွာ ေဘးထြက္ဆိုးက်ိဳးေတြလည္းရွိနိုင္ပါတယ္။

ဓါတ္ကင္တဲ႔အခါမွာ ကင္ဆာဆဲလ္ေတြပ်က္စီးရံုသာမက ကင္ဆာအလံုးအက်ိတ္အနီးနားက ေကာင္းတဲ႔ပံုမွန္ဆဲလ္ေတြလည္းပ်က္ဆီးပါတယ္။

ဓါတ္ကင္ျခင္းေၾကာင္႔ျဖစ္နိုင္တဲ႔ေဘးထြက္ဆိုးက်ိဳးေတြဟာ ေရာဂါေပၚမူတည္ျပီးသံုးရတဲ႔ဓါတ္ေရာင္ျခည္ပမာဏာ၊ကင္ဆာေဆးသြင္းကုသမႈနဲ႔တြဲမတြဲ၊လူနာရဲ႕ခံနိုင္ရည္၊ဓါတ္ကင္တဲ႔ေနရာ စတဲ႔အခ်က္ေတြေပၚမူတည္ျပီး ကြဲျပားမႈရွိနိုင္ပါတယ္။

အမ်ားအားျဖင္႔ျဖစ္နိုင္ေျခရွိတဲ႔ ေဘးထြက္ဆိုးက်ိဳးေတြကေတာ႔ နံုးျပီး အားမရွိသလိုခံစားရတာ၊အစားအေသာက္ပ်က္တာ၊ရင္ပူတာ၊အေရျပားေတြယားတာ၊ေျခာက္ေသြ႔တာ၊အရည္ၾကည္ဖုတာ ခံစားရတာေတြပါ။

ဓါတ္ကင္ျခင္းေၾကာင္႔ျဖစ္နိုင္တဲ႔ေဘးထြက္ဆိုးက်ိဳးေတြကို ေတြးျပီးအရမ္းစိတ္ပူစရာမလိုပါ။ဓါတ္ကင္ဖို႔လိုအပ္ရင္ ကင္ပါ။

ျဖစ္လာမယ္႔ေဘးထြက္ဆိုးက်ိဳးေတြအတြက္ ကုသနည္းေတြရွိပါတယ္။

အခုေနာက္ပိုင္းမွာ ဓါတ္ေရာင္ျခည္ကုထံုးဟာ ပိုမိုေခတ္မွီလာတဲ႔အတြက္ ျဖစ္တဲ႔ကင္ဆာအလံုးအက်ိတ္ေနရာကို ပိုမိုတိက်စြာဓါတ္ကင္လာနိုင္ျပီး ကင္ဆာေနရာနားတ၀ိုက္က ေကာင္းတဲ႔ဆဲလ္ေတြထိခိုက္ပ်က္စီးမႈလည္းနည္းလာပါတယ္။ေဘးထြက္ဆိုးက်ိဳးျဖစ္တာလည္းနည္းလာပါတယ္။

ဓါတ္ေရာင္ျခည္ကုသမႈခံယူေနစဥ္မွာ လိုက္နာရမယ္႔အခ်က္ေတြကေတာ႔ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

အိပ္ေရး၀၀အိပ္ပါ။အစားအေသာက္ကို စားခ်င္စိတ္မရွိလည္း အားျဖစ္ေအာင္ စားေပးပါ။

 

ဓါတ္ေရာင္ျခည္ကုသမႈေၾကာင္႔ ျဖစ္လာတဲ႔ေဘးထြက္ဆိုးက်ိဳးေတြကို အျဖစ္နည္းေအာင္၊သက္သာေအာင္ သက္ဆိုင္ရာဆရာ၀န္နဲ႔ အနည္းဆံုး တပတ္တခါ ျပသပါ။

ခႏၶာကို္ယ္အတြင္းထဲကေန ဓါတ္ကင္ဖို႔အတြက္ ကိုယ္ခႏၶာထဲကို ဓါတ္ေရာင္ျခည္လႊတ္တဲ႔ပစၥည္းကိရိယာတခုခုထည္႔ထားတဲ႔သူေတြဆိုရင္ ကိုယ္၀န္ေဆာင္ေတြ၊အသက္၈နွစ္ေအာက္ကေလးေတြ နဲ႔ ထိေတြ႔တာကိုေရွာင္ပါ။

ခႏၶာကိုယ္အျပင္ကေနဓါတ္ကင္တာကေတာ႔ ေရွာင္ဖို႔မလိုပါ။

Dr 528

Unicode Version

ဓာတ်ကင်ခြင်းရဲ့  နောက်ဆက်တွဲဆိုးကျိုးများ

ဓါတ်ရောင်ခြည်ကုထုံးကို ဆေးပညာအရ Radiation therapy သို့မဟုတ် Radiotherapy လို့ခေါ်ပါတယ်။

အရပ်ထဲမှာတော့ ဓါတ်ကင်တယ် လို့ ခေါ်လေ့ရှိပါတယ်။

ဓါတ်ကင်ပြီးရင်ဆေးမတိုးတော့ဘူး။ဓါတ်ကင်တာနောက်ဆုံးအဆင့်ပဲ။ဓါတ်ကင်တာက မီးကင်တာလိုပဲ ဆိုပြီး စတဲ့ အရပ်ပြောစကားတွေကြောင့်

ဓါတ်ကင်ရမယ်လို့ပြောလိုက်ရင် အများအားဖြင့် ကျန်းမာရေးဗဟုသုတနည်းတဲ့ လူနာအတော်များများဟာ လန့်သွားတတ်ပြီး ဓါတ်မကင်ဘဲ တခြားနည်းကုချင်တယ်လို့ ပြောတတ်ကြပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ဓါတ်ကင်ခြင်းအကြောင်းကို သိသလောက် ရေးသားတင်ပြလိုက်ရပါတယ်။

အမှန်တကယ်တော့ ဓါတ်ကင်တယ် သို့မဟုတ် ဓါတ်ရောင်ခြည်ကုထုံး ခံယူတယ်ဆိုတာဟာ စွမ်းအားမြင့် ဓါတ်ရောင်ခြည်ကို သုံးပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးတဲ့ ကုထုံးပါ။

ဓါတ်ရောင်ခြည်ကုထုံးပေးတဲ့အခါ(ဓါတ်ကင်တဲ့အခါ)မှာ ခန္ဓာကိုယ်အပြင်ဘက်ကနေ ပေးတာ ရှိသလို ခန္ဓာကိုယ်အတွင်းထဲကနေပေးတာလည်းရှိပါတယ်။

အပြင်ဘက်ကနေ ဓါတ်ကင်တာကတော့ရှင်းပါတယ်။ခန္ဓာကိုယ်အပြင်ဘက်နေ ကင်ဆာဖြစ်တဲ့နေရာကို ဓါတ်ရောင်ခြည်လွှတ်တဲ့စက်မှ ဓါတ်ရောင်ခြည်လွှတ်ပေးတာပါ။မီးကင်သလိုကင်တာမဟုတ်ပါ။

ဓါတ်မှန်ရိုက်သလိုပါပဲ။ဒါပေမယ့်ဓါတ်မှန်ရိုက်တာကတော့ ဓါတ်ကင်တာလောက်မပြင်းတဲ့ ဓါတ်ရောင်ခြည်ကိုသုံးတာပါ။

ခန္ဓာကိုယ်အတွင်းထဲကနေ ဓါတ်ကင်တာကတော့ ဓါတ်ရောင်ခြည်လွှတ်တဲ့အရာပစ္စည်းတခုခုကို ကင်ဆာအကျိတ်ရှိတဲ့နေရာနားမှာ ခွဲထည့်တာမျိုးပါ။

ဓါတ်ရောင်ခြည်ကုထုံး ကို ကင်ဆာရောဂါကုသရာမှာ ကင်ဆာရောဂါအမျိုးအစားနဲ့ရောဂါအခြေအနေပေါ်မူတည်ပြီး ဓါတ်ရောင်ခြည်ကုထုံးသီးသန့်ပဲပေးတာရှိသလို ခွဲစိတ်ကုထုံး၊ကင်ဆာဆေးသွင်းကုထုံး တခုခုနဲ့ တွဲပြီး ပေးတာလည်းရှိပါတယ်။

အများအားဖြင့်တော့ ခွဲစိတ်ကုထုံး၊ကင်ဆာဆေးသွင်းကုထုံးတမျိုးမျိုးနဲ့တွဲပေးတာများပါတယ်။

ဥပမာအားဖြင့်ဆိုရင် ကင်ဆာအလုံးအကျိတ်အရွယ်အစားက အရမ်းကြီးမားပြီး ခွဲစိတ်ရခက်တဲ့အခြေအနေတွေမှာ မခွဲခင် ဓါတ်ကင်ခြင်း(ဓါတ်ရောင်ခြည်ကုထုံးပေးခြင်း)ဖြင့် ကင်ဆာအလုံးအကျိတ်အရွယ်အစားကို အနည်းငယ်သေးသွားအောင်လုပ်ပြီးမှ ခွဲစိတ်တာလုပ်လေ့ရှိသလို

ကင်ဆာအလုံးအကျိတ်ကို ခွဲစိတ်ဖယ်ရှားပြီးတဲ့နောက်မှာလည်း မတော်တဆ ကင်ဆာဆဲလ်များကျန်နေပါကပျက်ဆီးအောင် ဆိုပြီး ဓါတ်ကင်တာ လုပ်ရလေ့ရှိပါတယ်။

ဓါတ်ရောင်ခြည်ကုထုံးကို ကင်ဆာရောဂါကုသရာမှာ သာမက

ကင်ဆာအခြေအနေကတအားဆိုးလို့ နေရာအတော်များများကိုကင်ဆာဆဲလ်တွေကပျံ့ပြီး ပျောက်အောင် ကုလို့မရတော့တဲ့သူတွေမှာဆိုရင်လည်း

ခွဲစိတ်တာ၊ကင်ဆာဆေးသွင်းတာတွေမလုပ်တော့ဘဲ ကင်ဆာဆဲလ်တွေထပ်ပျံ့တာနှေးအောင်၊ကင်ဆာအလုံးအကျိတ်တွေကိုသေးအောင်၊ကင်ဆာကြောင့် ခံစားရတဲ့ရောဂါဝေဒနာတွေကို သက်သာအောင် ဓါတ်ရောင်ခြည်ကုထုံးပဲ ပေးလေ့ရှိပါတယ်။

ဓါတ်ကင်တာဟာ အပေါ်မှာတခါပြောခဲ့သလို စွမ်းအားမြင့်ရောင်ခြည်ကို သုံးပြီး ကင်ဆာဆဲလ်တွေကိုဖျက်ဆီးတာဖြစ်တဲ့အတွက် ဓါတ်ကင်တဲ့အခါမှာ ဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါတယ်။

ဓါတ်ကင်တဲ့အခါမှာ ကင်ဆာဆဲလ်တွေပျက်စီးရုံသာမက ကင်ဆာအလုံးအကျိတ်အနီးနားက ကောင်းတဲ့ပုံမှန်ဆဲလ်တွေလည်းပျက်ဆီးပါတယ်။

ဓါတ်ကင်ခြင်းကြောင့်ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေဟာ ရောဂါပေါ်မူတည်ပြီးသုံးရတဲ့ဓါတ်ရောင်ခြည်ပမာဏာ၊ကင်ဆာဆေးသွင်းကုသမှုနဲ့တွဲမတွဲ၊လူနာရဲ့ခံနိုင်ရည်၊ဓါတ်ကင်တဲ့နေရာ စတဲ့အချက်တွေပေါ်မူတည်ပြီး ကွဲပြားမှုရှိနိုင်ပါတယ်။

အများအားဖြင့်ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ နုံးပြီး အားမရှိသလိုခံစားရတာ၊အစားအသောက်ပျက်တာ၊ရင်ပူတာ၊အရေပြားတွေယားတာ၊ခြောက်သွေ့တာ၊အရည်ကြည်ဖုတာ ခံစားရတာတွေပါ။

ဓါတ်ကင်ခြင်းကြောင့်ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကို တွေးပြီးအရမ်းစိတ်ပူစရာမလိုပါ။ဓါတ်ကင်ဖို့လိုအပ်ရင် ကင်ပါ။

ဖြစ်လာမယ့်ဘေးထွက်ဆိုးကျိုးတွေအတွက် ကုသနည်းတွေရှိပါတယ်။

အခုနောက်ပိုင်းမှာ ဓါတ်ရောင်ခြည်ကုထုံးဟာ ပိုမိုခေတ်မှီလာတဲ့အတွက် ဖြစ်တဲ့ကင်ဆာအလုံးအကျိတ်နေရာကို ပိုမိုတိကျစွာဓါတ်ကင်လာနိုင်ပြီး ကင်ဆာနေရာနားတဝိုက်က ကောင်းတဲ့ဆဲလ်တွေထိခိုက်ပျက်စီးမှုလည်းနည်းလာပါတယ်။ဘေးထွက်ဆိုးကျိုးဖြစ်တာလည်းနည်းလာပါတယ်။

ဓါတ်ရောင်ခြည်ကုသမှုခံယူနေစဉ်မှာ လိုက်နာရမယ့်အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အိပ်ရေး၀၀အိပ်ပါ။အစားအသောက်ကို စားချင်စိတ်မရှိလည်း အားဖြစ်အောင် စားပေးပါ။

ဓါတ်ရောင်ခြည်ကုသမှုကြောင့် ဖြစ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေကို အဖြစ်နည်းအောင်၊သက်သာအောင် သက်ဆိုင်ရာဆရာဝန်နဲ့ အနည်းဆုံး တပတ်တခါ ပြသပါ။

ခန္ဓာကိုယ်အတွင်းထဲကနေ ဓါတ်ကင်ဖို့အတွက် ကိုယ်ခန္ဓာထဲကို ဓါတ်ရောင်ခြည်လွှတ်တဲ့ပစ္စည်းကိရိယာတခုခုထည့်ထားတဲ့သူတွေဆိုရင် ကိုယ်ဝန်ဆောင်တွေ၊အသက်၈နှစ်အောက်ကလေးတွေ နဲ့ ထိတွေ့တာကိုရှောင်ပါ။

ခန္ဓာကိုယ်အပြင်ကနေဓါတ်ကင်တာကတော့ ရှောင်ဖို့မလိုပါ။

Dr 528