အဆုတ်ကင်ဆာရဲ့    မသိမသာ လက္ခဏာ (၉)ခု

အဆုတ္ကင္ဆာရဲ႕    မသိမသာ လကၡဏာ (၉)ခု

အဆုတ္ကင္ဆာဟာ စျဖစ္ျဖစ္ခ်င္းကာလေတြမွာ လကၡဏာရယ္လို႔ မျပသေလာက္ကို ရွားပါတယ္။ေနာက္ပိုင္းမွာေတာ့ ေခ်ာင္းဆိုးတာ အသက္ရႈၾကပ္တာ ရင္ဘတ္ေအာင့္တာေတြ စျဖစ္လာပါတယ္။အဆုတ္ကင္ဆာရယ္လို႔ ေရာဂါအမည္တပ္လိုက္နိုင္ခ်ိန္မွာေတာ့ ေရာဂါကကြ ်မ္းသေလာက္ ျဖစ္ေနတတ္ပါတယ္။ဒါေပမဲ့ တခါတေလ မထင္ထားတဲ့ေနရာမ်ိ ဳ း ေတြမွာ မသိမသာ သူ႔ရဲ ႕ လကၡဏာေတြကို ျပတတ္ပါတယ္။တခုသိထားဖို႔က ခုေျပာျပမဲ့လကၡဏာေတြဟာ အဆုတ္ကင္ဆာတခုထဲေၾကာင့္ ျဖစ္နိုင္တာေတာ့ မဟုတ္ဘူးဆိုတာကိုပါ။ဒါေပမဲ့ အဆုတ္ကင္ဆာဟာ ေၾကာက္မက္ဖြယ္ရာေရာဂါတခုျဖစ္ျပီး ေသဆံုးႏႈန္းလည္း ျမင့္မားတာေၾကာင့္ တခ်ိ ဳ ႔ လကၡဏာေတြကို သိရိွထားတာဟာ မမွားတဲ့အျပင္ အကူအညီေတာင္ျဖစ္နိုင္တဲ့အတြက္ ဒီေဆာင္းပါးကို ေဖာ္ျပေပးလိုက္ရပါတယ္။

၁။လက္ေခ်ာင္းထိပ္မ်ား ျပည့္ေဖာင္းလာျခင္း

တခ်ိ ဳ႕ အဆုတ္ကင္ဆာေတြဟာ ေဟာ္မုန္းပံုစံဓာတုေဗဒပစၥည္းအခ်ိဳ ႕ ကို ထြက္ေစျပီး အာ့ပစၥည္းေတြက လက္ေခ်ာင္းထိပ္ေတြကို ေသြးနဲ႔အရည္ေတြ ပိုျပီးေရာက္ရိွေစပါတယ္။ဒီအခါမွာ လက္ထိပ္ေတြဟာ နဂိုထက္ပိုျပီး ေဖာင္းေဖာင္းတုတ္တုတ္ေတြျဖစ္လာပါတယ္။လက္သည္းခြံနဲ႔ကပ္ရက္က အေရျပားဟာ သိသိသာသာအေရာင္ေတာက္ေနတတ္တယ္။လက္ေခ်ာင္းေတြကို ေဘးတိုက္ၾကည့္ရင္ မူလထက္ပိုျပီး ခံုးေနတာမ်ိ ဳး ေတြ ေတြ ႔ရနိုင္ပါတယ္။အဂၤလိပ္လို finger clubbing လို႔ ေခၚပါတယ္။ျဖစ္ခဲတယ္ဆိုေပမဲ့ ျဖစ္ခဲ့ျပီဆိုရင္ေတာ့ ၈၀ % ေလာက္ဟာ အဆုတ္ကင္ဆာနဲ႔တြဲေလ့ရိွပါတယ္။

၂။ဝမ္းဗိုက္ မၾကာခဏ မအီမသာျဖစ္ျခင္း

ကင္ဆာျဖစ္တဲ့လူဆယ္ေယာက္အနက္ တေယာက္ ဒါမွမဟုတ္ နွစ္ေယာက္မွာ ေသြးတြင္း ကယ္လ္ဆီယမ္ပမာဏ ျမင့္မားေနတာေတြ႕ရတတ္ပါတယ္။ေသြးထဲမွာ ကယ္လ္ဆီယမ္မ်ားေနတာဟာ ဗိုက္ကို မၾကာခဏေအာင့္ေစျပီး ဗိုက္ရစ္တာ ဝမ္းခ် ဳ ပ္တာေတြလည္း ျဖစ္ေစပါတယ္။စားခ်င္ေသာက္ခ်င္စိတ္မရိွပဲ ေရခဏခဏ ငတ္ေနတတ္ပါတယ္။

၃။စိတ္ပိုင္းဆိုင္ရာအေျပာင္းအလဲမ်ား

ကင္ဆာေၾကာင့္ ေသြးထဲမွာ ကယ္လ္ဆီယမ္တက္ေနတဲ့အခါ စိတ္မျငိမ္တာ ပူပန္ေသာကေရာက္ေနတာ စိတ္ဓာတ္က်ဆင္းေနတာ အစရိွတာေတြ ခံစားရတတ္ပါတယ္။မၾကာမၾကာဆိုသလို ျဖစ္ေနရင္ ရွင္းရွင္းလင္းလင္းသိရေအာင္ စိတ္ေရာဂါကုဆရာဝန္နဲ႔ ျပသဖို႔လိုပါမယ္။

၄။ပခံုးနွင့္ေနာက္ေက်ာ မၾကာခဏ ေအာင့္ျခင္း

Pancoast tumour လို႔ေခၚတဲ့ အဆုတ္ကင္ဆာတမ်ိဳ းဟာ အဆုတ္ရဲ႕ အေပၚဘက္အပိုင္းမွာ ျဖစ္ျပီး နံရိုးေတြ ေက်ာရိုးေတြ အာရံုေၾကာေတြနဲ႕ ေသြးေၾကာေတြဆီ ပ်ံ႕နွံ႔တတ္ပါတယ္။ဒီကင္ဆာဟာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ လကၡဏာေတြ သိပ္မျပတတ္ပဲ ပခံုး လက္ေမာင္း နဲ႔ ေနာက္ေက်ာေတြသာ မၾကာခဏ ကိုက္ခဲနာက်င္ေစတတ္ပါတယ္။

၅။ေမာပန္းလြယ္ျခင္း

အဆုတ္ကင္ဆာရဲ႕ အျဖစ္မ်ားတဲ့သက္ေရာက္မႈတခုက ေသြးနီဥပမာဏကို သိသိသာသာနည္းသြားေစတာပါ။ဒါေၾကာင့္ ေသြးအားနည္းလာျပီး မလႈပ္ခ်င္မရွားခ်င္ တစံုတခုက ဆြဲထားသလို ခံစားရတတ္ပါတယ္။အလြယ္တကူ ေမာပန္းလာတတ္ပါတယ္။

၆။အထိုင္အထမလြယ္ျခင္း

အဆုတ္ကင္ဆာဟာ အာရံုေၾကာအဖြဲ႕အစည္းကိုလည္း ထိခိုက္ေစပါတယ္။ဒါေၾကာင့္ ၾကြက္သားေတြအလုပ္လုပ္တဲ့ပံုစံ မမွန္ျဖစ္လာပါတယ္။ထိုင္ရာကေန အလြယ္တကူ မထနိုင္တာမ်ိဳ း  မတ္တပ္ရပ္ေနရင္း ယိုင္ယိုင္သြားတာမ်ိဳ းေတြ ျဖစ္တတ္ပါတယ္။

၇။ကိုယ္အေလးခ်ိန္အေျပာင္းအလဲ

တခ်ိ ဳ႕ အဆုတ္ကင္ဆာသမားေတြမွာ Cushion’s syndrome ဆိုတဲ့အေျခအေနတမ်ိ ဳ း ျဖစ္တတ္ပါတယ္။အဲ့အခါ ခႏၶာကိုယ္မွာ Cortisol ေဟာ္မုန္းပမာဏမ်ားလာျပီး ေဖာလာတာ အေလးခ်ိန္ေတြတက္လာတာေတြ ျဖစ္ေစပါတယ္။အလြယ္တကူ ေသြးေျခဥတတ္သလို အျမဲငိုက္ျမည္းေနတတ္တာမ်ိဳ းလည္း ေတြ႔ရတတ္ပါတယ္။ေနာက္တခုကေတာ့ ကယ္လ္ဆီယမ္မ်ားလာတာေၾကာင့္ ေက်ာက္ကပ္ထိခိုက္လာပါတယ္။ဒါကက်ေတာ့ စားခ်င္ေသာက္ခ်င္စိတ္ေလ်ာ့လာျပီး အလိုလိုေနရင္း ပိန္လာတတ္ပါတယ္။

၈။အမ်ိဳးသားေတြမွာ ရင္သားအရမ္းၾကီးလာျခင္း

ရွားေတာ့ရွားေပမဲ့ ျဖစ္နိုင္ပါတယ္။ရင္သားေတြၾကီးလာျပီး ထိလိုက္ရင္ေတာင္ နာေနတတ္ပါတယ္။

၉။ေခါင္းမၾကာခဏ ကိုက္တတ္ျခင္း

အဆုတ္ညာဘက္ျခမ္းမွာ အက်ိတ္ျဖစ္တဲ့အခါ ေခါင္းေပၚကဆင္းလာတဲ့ ေသြးျပန္ေၾကာမၾကီးတေခ်ာင္းကို ဖိထားမိသလိုျဖစ္ျပီး ေသြးမစီးဆင္းနိုင္ျဖစ္ေစပါတယ္။အဲဒီေသြးေတြအေပၚျပနါတက္တဲ့အခါ ေခါင္းအရမ္းကိုက္ေတာ့တာပါပဲ။ကယ္လ္ဆီယမ္ပမာဏမ်ားေနတာကလည္း ေခါင္းကိုက္ေစပါသတဲ့။

အခုေျပာခဲ့တဲ့အခ်က္ေတြရိွေနရင္ အဆုတ္ကင္ဆာျဖစ္ျပီလို႔ ေျပာလို႔မရေပမဲ့ အဆုတ္ကင္ဆာေရာဂါသည္ေတြေစာေစာပိုင္းမွာ ခံစားတတ္ၾကရတဲ့လကၡဏာေတြထဲမွာ ဒါေတြ ပါဝင္ေနတာမို႔ မၾကာခဏျဖစ္ေနျပီဆိုရင္ေတာ့ ဆရာဝန္နဲ႔တိုင္ပင္ဖို႔ အၾကံေပးလိုက္ပါရေစ။

Dr.KG

Unicode Version

အဆုတ်ကင်ဆာရဲ့    မသိမသာ လက္ခဏာ (၉)ခု

အဆုတ်ကင်ဆာဟာ စဖြစ်ဖြစ်ချင်းကာလတွေမှာ လက္ခဏာရယ်လို့ မပြသလောက်ကို ရှားပါတယ်။နောက်ပိုင်းမှာတော့ ချောင်းဆိုးတာ အသက်ရှုကြပ်တာ ရင်ဘတ်အောင့်တာတွေ စဖြစ်လာပါတယ်။အဆုတ်ကင်ဆာရယ်လို့ ရောဂါအမည်တပ်လိုက်နိုင်ချိန်မှာတော့ ရောဂါကကွ ျမ်းသလောက် ဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ တခါတလေ မထင်ထားတဲ့နေရာမျိ ု း တွေမှာ မသိမသာ သူ့ရဲ့ လက္ခဏာတွေကို ပြတတ်ပါတယ်။တခုသိထားဖို့က ခုပြောပြမဲ့လက္ခဏာတွေဟာ အဆုတ်ကင်ဆာတခုထဲကြောင့် ဖြစ်နိုင်တာတော့ မဟုတ်ဘူးဆိုတာကိုပါ။ဒါပေမဲ့ အဆုတ်ကင်ဆာဟာ ကြောက်မက်ဖွယ်ရာရောဂါတခုဖြစ်ပြီး သေဆုံးနှုန်းလည်း မြင့်မားတာကြောင့် တချိ ု့ လက္ခဏာတွေကို သိရှိထားတာဟာ မမှားတဲ့အပြင် အကူအညီတောင်ဖြစ်နိုင်တဲ့အတွက် ဒီဆောင်းပါးကို ဖော်ပြပေးလိုက်ရပါတယ်။

၁။လက်ချောင်းထိပ်များ ပြည့်ဖောင်းလာခြင်း

တချိ ု့ အဆုတ်ကင်ဆာတွေဟာ ဟော်မုန်းပုံစံဓာတုဗေဒပစ္စည်းအချို ့ ကို ထွက်စေပြီး အာ့ပစ္စည်းတွေက လက်ချောင်းထိပ်တွေကို သွေးနဲ့အရည်တွေ ပိုပြီးရောက်ရှိစေပါတယ်။ဒီအခါမှာ လက်ထိပ်တွေဟာ နဂိုထက်ပိုပြီး ဖောင်းဖောင်းတုတ်တုတ်တွေဖြစ်လာပါတယ်။လက်သည်းခွံနဲ့ကပ်ရက်က အရေပြားဟာ သိသိသာသာအရောင်တောက်နေတတ်တယ်။လက်ချောင်းတွေကို ဘေးတိုက်ကြည့်ရင် မူလထက်ပိုပြီး ခုံးနေတာမျိ ုး တွေ တွေ့ရနိုင်ပါတယ်။အင်္ဂလိပ်လို finger clubbing လို့ ခေါ်ပါတယ်။ဖြစ်ခဲတယ်ဆိုပေမဲ့ ဖြစ်ခဲ့ပြီဆိုရင်တော့ ၈၀ % လောက်ဟာ အဆုတ်ကင်ဆာနဲ့တွဲလေ့ရှိပါတယ်။

၂။ဝမ်းဗိုက် မကြာခဏ မအီမသာဖြစ်ခြင်း

ကင်ဆာဖြစ်တဲ့လူဆယ်ယောက်အနက် တယောက် ဒါမှမဟုတ် နှစ်ယောက်မှာ သွေးတွင်း ကယ်လ်ဆီယမ်ပမာဏ မြင့်မားနေတာတွေ့ရတတ်ပါတယ်။သွေးထဲမှာ ကယ်လ်ဆီယမ်များနေတာဟာ ဗိုက်ကို မကြာခဏအောင့်စေပြီး ဗိုက်ရစ်တာ ဝမ်းချ ု ပ်တာတွေလည်း ဖြစ်စေပါတယ်။စားချင်သောက်ချင်စိတ်မရှိပဲ ရေခဏခဏ ငတ်နေတတ်ပါတယ်။

၃။စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများ

ကင်ဆာကြောင့် သွေးထဲမှာ ကယ်လ်ဆီယမ်တက်နေတဲ့အခါ စိတ်မငြိမ်တာ ပူပန်သောကရောက်နေတာ စိတ်ဓာတ်ကျဆင်းနေတာ အစရှိတာတွေ ခံစားရတတ်ပါတယ်။မကြာမကြာဆိုသလို ဖြစ်နေရင် ရှင်းရှင်းလင်းလင်းသိရအောင် စိတ်ရောဂါကုဆရာဝန်နဲ့ ပြသဖို့လိုပါမယ်။

၄။ပခုံးနှင့်နောက်ကျော မကြာခဏ အောင့်ခြင်း

Pancoast tumour လို့ခေါ်တဲ့ အဆုတ်ကင်ဆာတမျို းဟာ အဆုတ်ရဲ့ အပေါ်ဘက်အပိုင်းမှာ ဖြစ်ပြီး နံရိုးတွေ ကျောရိုးတွေ အာရုံကြောတွေနဲ့ သွေးကြောတွေဆီ ပျံ့နှံ့တတ်ပါတယ်။ဒီကင်ဆာဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ သိပ်မပြတတ်ပဲ ပခုံး လက်မောင်း နဲ့ နောက်ကျောတွေသာ မကြာခဏ ကိုက်ခဲနာကျင်စေတတ်ပါတယ်။

၅။မောပန်းလွယ်ခြင်း

အဆုတ်ကင်ဆာရဲ့ အဖြစ်များတဲ့သက်ရောက်မှုတခုက သွေးနီဥပမာဏကို သိသိသာသာနည်းသွားစေတာပါ။ဒါကြောင့် သွေးအားနည်းလာပြီး မလှုပ်ချင်မရှားချင် တစုံတခုက ဆွဲထားသလို ခံစားရတတ်ပါတယ်။အလွယ်တကူ မောပန်းလာတတ်ပါတယ်။

၆။အထိုင်အထမလွယ်ခြင်း

အဆုတ်ကင်ဆာဟာ အာရုံကြောအဖွဲ့အစည်းကိုလည်း ထိခိုက်စေပါတယ်။ဒါကြောင့် ကြွက်သားတွေအလုပ်လုပ်တဲ့ပုံစံ မမှန်ဖြစ်လာပါတယ်။ထိုင်ရာကနေ အလွယ်တကူ မထနိုင်တာမျို း  မတ်တပ်ရပ်နေရင်း ယိုင်ယိုင်သွားတာမျို းတွေ ဖြစ်တတ်ပါတယ်။

၇။ကိုယ်အလေးချိန်အပြောင်းအလဲ

တချိ ု့ အဆုတ်ကင်ဆာသမားတွေမှာ Cushion’s syndrome ဆိုတဲ့အခြေအနေတမျိ ု း ဖြစ်တတ်ပါတယ်။အဲ့အခါ ခန္ဓာကိုယ်မှာ Cortisol ဟော်မုန်းပမာဏများလာပြီး ဖောလာတာ အလေးချိန်တွေတက်လာတာတွေ ဖြစ်စေပါတယ်။အလွယ်တကူ သွေးခြေဥတတ်သလို အမြဲငိုက်မြည်းနေတတ်တာမျို းလည်း တွေ့ရတတ်ပါတယ်။နောက်တခုကတော့ ကယ်လ်ဆီယမ်များလာတာကြောင့် ကျောက်ကပ်ထိခိုက်လာပါတယ်။ဒါကကျတော့ စားချင်သောက်ချင်စိတ်လျော့လာပြီး အလိုလိုနေရင်း ပိန်လာတတ်ပါတယ်။

၈။အမျိုးသားတွေမှာ ရင်သားအရမ်းကြီးလာခြင်း

ရှားတော့ရှားပေမဲ့ ဖြစ်နိုင်ပါတယ်။ရင်သားတွေကြီးလာပြီး ထိလိုက်ရင်တောင် နာနေတတ်ပါတယ်။

၉။ခေါင်းမကြာခဏ ကိုက်တတ်ခြင်း

အဆုတ်ညာဘက်ခြမ်းမှာ အကျိတ်ဖြစ်တဲ့အခါ ခေါင်းပေါ်ကဆင်းလာတဲ့ သွေးပြန်ကြောမကြီးတချောင်းကို ဖိထားမိသလိုဖြစ်ပြီး သွေးမစီးဆင်းနိုင်ဖြစ်စေပါတယ်။အဲဒီသွေးတွေအပေါ်ပြနါတက်တဲ့အခါ ခေါင်းအရမ်းကိုက်တော့တာပါပဲ။ကယ်လ်ဆီယမ်ပမာဏများနေတာကလည်း ခေါင်းကိုက်စေပါသတဲ့။

အခုပြောခဲ့တဲ့အချက်တွေရှိနေရင် အဆုတ်ကင်ဆာဖြစ်ပြီလို့ ပြောလို့မရပေမဲ့ အဆုတ်ကင်ဆာရောဂါသည်တွေစောစောပိုင်းမှာ ခံစားတတ်ကြရတဲ့လက္ခဏာတွေထဲမှာ ဒါတွေ ပါဝင်နေတာမို့ မကြာခဏဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဖို့ အကြံပေးလိုက်ပါရစေ။

Dr.KG