မြန်မာပြည်မှာ အဖြစ်များလာတဲ့ ကျောက်ကပ်ကင်ဆာ

ျမန္မာျပည္မွာ အျဖစ္မ်ားလာတဲ့ ေက်ာက္ကပ္ကင္ဆာ

ေက်ာက္ကပ္နဲ႔ပတ္သက္ရင္ အရပ္ထဲကလူေတြအေနနဲ႔ အမ်ားအားျဖင္႔ ေက်ာက္ကပ္ေရာင္တာ၊ေက်ာက္တည္တာ၊ေက်ာက္ကပ္ပ်က္တာ ေတြကိုပဲ အသိမ်ားၾကပါတယ္။

ေက်ာက္ကပ္ကင္ဆာအေၾကာင္းကိုေတာ႔ အသိနည္းပါတယ္။

ဒါေပမယ္႔ ေက်ာက္ကပ္ကင္ဆာေရာဂါက အျဖစ္နည္းတဲ႔ေရာဂါအမ်ိဳးအစားေတာ႔မဟုတ္ပါဘူး။

အေမရိကန္နိုင္ငံက အမ်ိဳးသားကင္ဆာအဖြဲ႔ရဲ႕ ေလ႔လာခ်က္မ်ားအရ ၂၀၁၅ခုနွစ္မွာ ေက်ာက္ကင္ကင္ဆာ အသစ္ျဖစ္ပြားသူေပါင္း ေျခာက္ေသာင္းေက်ာ္ရွိေနေၾကာင္းသိရပါတယ္။

ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံမွာလည္း ေက်ာက္ကပ္ကင္ဆာျဖစ္ပြားတဲ႔နႈန္းဟာ တႏွစ္ထက္တနွစ္ပိုပိုမ်ားလာတယ္လို႔ က်န္းမာေရးပညာရွင္မ်ားက ေျပာၾကားထားပါတယ္။

အသက္၁၅နွစ္ေအာက္ကေလးေတြ၊အသက္၆၀ေက်ာ္အရြယ္ေတြ နဲ႔ အမ်ိဳးသားေတြမွာ ပိုျဖစ္နိုင္ေျခမ်ားေၾကာင္း သိရပါတယ္။

ေက်ာက္ကပ္ကင္ဆာအမ်ိဳးအစားေတြထဲက Renal Cell Carcinoma အမ်ိဳးအစားက အျဖစ္အမ်ားဆံုးအမ်ိဳးအစားျဖစ္ပါတယ္။

Wilms Tumor အမ်ိဳးအစား ကေတာ႔ အျဖစ္နည္းျပီးကေလးေတြမွာပဲ ျဖစ္ေလ႔ရွိပါတယ္။

ေက်ာက္ကပ္ကင္ဆာျဖစ္ရတဲ႔ တိက်တဲ႔အေၾကာင္းရင္းကေတာ႔ ေသခ်ာေျပာမရေသးပါ။

သို႔ေသာ္

ေဆးလိပ္ေသာက္တာ

ေဆးရြက္ၾကီးနဲ႔ေဆးရြက္ၾကီးပါတဲ႔ပစၥည္းေတြသံုးတာ

အ၀လြန္တာ

ေသြးတိုးရွိတာ

မိသားစုထဲကတေယာက္ေယာက္မွာေက်ာက္ကပ္ကင္ဆာျဖစ္ဖူးတာ

အကိုက္အခဲေပ်ာက္ေဆးေတြေရရွည္ေသာက္ေနရတာ

ေက်ာက္ကပ္ပ်က္စီးျပီးေက်ာက္ကပ္ေဆးေနရတာ

အလုပ္အကိုင္အရ ဓါတုပစၥည္း(Chemicals)ေတြနဲ႔ေန႔စဥ္ထိေတြ႔ေနရတာ

စတဲ႔အေၾကာင္းရင္းေတြေၾကာင္႔ ေက်ာက္ကပ္ကင္ဆာျဖစ္နိုင္ေျခကို ျမင္႔တက္ေစနိုင္ျပီး ေက်ာက္ကပ္ကင္ဆာေရာဂါျဖစ္ပြားနိုင္ပါတယ္။

ေက်ာက္ကပ္ကင္ဆာေရာဂါျဖစ္တဲ႔အခါမွာ

ဆီးထဲေသြးပါတာ(ေရေႏြးၾကမ္းအေရာင္ သို႔မဟုတ္ ကိုကာကိုလာအေရာင္ ဆီးေတြသြားတာ)

ခါးနာတာ၊နံရိုးေအာက္နားမွာေအာင္႔တာ

ဗိုက္ေအာင္႔တာ၊ဗိုက္မွာ သို႔မဟုတ္ နံရိုးေအာက္၊ခါးတေစာင္းေနရာေတြမွာ အလံုးအက်ိတ္ေပၚလာတာ

အဖ်ားေငြ႔ေငြ႔နဲ႔မၾကာခဏဖ်ားတာ

ေသြးအားနည္းတာ၊နံုးခ်ိတာ

အစားအေသာက္ပ်က္တာ

ကိုယ္အေလးခ်ိန္သိသိသာသာက်တာ

စသျဖင္႔ ေရာဂါလကၡဏာေတြခံစားရနိုင္ပါတယ္။

ဒီလိုေတြခံစားရျပီဆိုရင္ ေက်ာက္ကပ္ကင္ဆာေရာဂါ ဟုတ္မဟုတ္ ေသခ်ာေအာင္ဆရာ၀န္နဲ႔ျပသျပီး စမ္းသပ္စစ္ေဆးမႈေတြခံယူရပါမယ္။

လုပ္နိုင္တဲ႔စစ္ေဆးမႈေတြကေတာ႔ ေသြးစစ္ဆီးစစ္တာ၊အာထရာေဆာင္းရိုက္တာ၊ကြန္ပ်ဴတာဓါတ္မွန္(CT Scan)ရိုက္တာ၊သံလိုက္ဓါတ္မွန္(MRI)ရိုက္တာ၊ေက်ာက္ကပ္တစ္သွ်ဴးအသားစကိုနမူနာယူစစ္တာ စသျဖင္႔ပါ။

ကုသမႈအေနနဲ႔ကေတာ႔ ေရာဂါအေျခအေနအဆင္႔နဲ႔လူနာအေျခအေနေပၚမူတည္ျပီး ခြဲစိတ္ကုသတာ၊ကင္ဆာေဆးသြင္းကုသတာ၊ဓါတ္ေရာင္ျခည္ကုထံုးနဲ႔ကုတာ စသျဖင္႔ အမ်ိဳးမ်ိဳးရွိပါတယ္။နွစ္နည္း၊သံုးနည္း ေပါင္းကုတာမ်ိဳးလည္းရွိတတ္ပါတယ္။

အဆံုးသတ္အေနနဲ႔ကေတာ႔ ေက်ာက္ကပ္ကင္ဆာျဖစ္ပြားသူဦးေရဟာ တျဖည္းျဖည္းနဲ႔မ်ားလာတဲ႔အတြက္ ေက်ာက္ကပ္ကင္ဆာျဖစ္ပြားနိုင္ေျခနည္းေအာင္ ေအာက္ပါအခ်က္မ်ားကို လိုက္နာၾကပါလို႔အၾကံေပးခ်င္ပါတယ္။

၁။ေဆးလိပ္ျဖတ္ပါ။ေဆးရြက္ၾကီးနဲ႔ေဆးရြက္ၾကီးပါတဲ႔ပစၥည္းေတြသံုးတာရပ္ပါ။

၂။အ၀မလြန္ပါေစနဲ႔။ကိုယ္အေလးခ်ိန္ကို ရွိသင္႔တဲ႔ပမာဏာအတြင္းမွာပဲထိန္းထားပါ။

၃။အကိုက္အခဲေပ်ာက္ေဆးေတြကို မိမိသေဘာနဲ႔မိမိေသာက္တာ၊မၾကာခဏေသာက္တာေတြကိုေရွာင္ပါ။

၄။ေသြးတိုးရွိပါက ဆရာ၀န္နဲ႔တိုင္ပင္ျပီး ေသြးတိုးက်ေဆးေသာက္ျခင္းျဖင္႔ ေသြးေပါင္ခ်ိန္ကို ထိန္းပါ။

၅။ မိမိရဲ႕ မိဘ ညီအကိုေမာင္နွမ စတဲ႔မိသားစုထဲကတေယာက္ေယာက္မွာေက်ာက္ကပ္ကင္ဆာေရာဂါရွိတယ္ဆိုပါကမိမိအေနနဲ႔လည္း ရွိနိုင္ေျခမ်ားတဲ႔အတြက္ ပံုမွန္ေဆးစစ္မႈခံယူပါ။

Dr 528

Unicode Version

မြန်မာပြည်မှာ အဖြစ်များလာတဲ့ ကျောက်ကပ်ကင်ဆာ

ကျောက်ကပ်နဲ့ပတ်သက်ရင် အရပ်ထဲကလူတွေအနေနဲ့ အများအားဖြင့် ကျောက်ကပ်ရောင်တာ၊ကျောက်တည်တာ၊ကျောက်ကပ်ပျက်တာ တွေကိုပဲ အသိများကြပါတယ်။

ကျောက်ကပ်ကင်ဆာအကြောင်းကိုတော့ အသိနည်းပါတယ်။

ဒါပေမယ့် ကျောက်ကပ်ကင်ဆာရောဂါက အဖြစ်နည်းတဲ့ရောဂါအမျိုးအစားတော့မဟုတ်ပါဘူး။

အမေရိကန်နိုင်ငံက အမျိုးသားကင်ဆာအဖွဲ့ရဲ့ လေ့လာချက်များအရ ၂၀၁၅ခုနှစ်မှာ ကျောက်ကင်ကင်ဆာ အသစ်ဖြစ်ပွားသူပေါင်း ခြောက်သောင်းကျော်ရှိနေကြောင်းသိရပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ကျောက်ကပ်ကင်ဆာဖြစ်ပွားတဲ့နှုန်းဟာ တနှစ်ထက်တနှစ်ပိုပိုများလာတယ်လို့ ကျန်းမာရေးပညာရှင်များက ပြောကြားထားပါတယ်။

အသက်၁၅နှစ်အောက်ကလေးတွေ၊အသက်၆၀ကျော်အရွယ်တွေ နဲ့ အမျိုးသားတွေမှာ ပိုဖြစ်နိုင်ခြေများကြောင်း သိရပါတယ်။

ကျောက်ကပ်ကင်ဆာအမျိုးအစားတွေထဲက Renal Cell Carcinoma အမျိုးအစားက အဖြစ်အများဆုံးအမျိုးအစားဖြစ်ပါတယ်။

Wilms Tumor အမျိုးအစား ကတော့ အဖြစ်နည်းပြီးကလေးတွေမှာပဲ ဖြစ်လေ့ရှိပါတယ်။

ကျောက်ကပ်ကင်ဆာဖြစ်ရတဲ့ တိကျတဲ့အကြောင်းရင်းကတော့ သေချာပြောမရသေးပါ။

သို့သော်

ဆေးလိပ်သောက်တာ

ဆေးရွက်ကြီးနဲ့ဆေးရွက်ကြီးပါတဲ့ပစ္စည်းတွေသုံးတာ

အဝလွန်တာ

သွေးတိုးရှိတာ

မိသားစုထဲကတယောက်ယောက်မှာကျောက်ကပ်ကင်ဆာဖြစ်ဖူးတာ

အကိုက်အခဲပျောက်ဆေးတွေရေရှည်သောက်နေရတာ

ကျောက်ကပ်ပျက်စီးပြီးကျောက်ကပ်ဆေးနေရတာ

အလုပ်အကိုင်အရ ဓါတုပစ္စည်း(Chemicals)တွေနဲ့နေ့စဉ်ထိတွေ့နေရတာ

စတဲ့အကြောင်းရင်းတွေကြောင့် ကျောက်ကပ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပြီး ကျောက်ကပ်ကင်ဆာရောဂါဖြစ်ပွားနိုင်ပါတယ်။

ကျောက်ကပ်ကင်ဆာရောဂါဖြစ်တဲ့အခါမှာ

ဆီးထဲသွေးပါတာ(ရေနွေးကြမ်းအရောင် သို့မဟုတ် ကိုကာကိုလာအရောင် ဆီးတွေသွားတာ)

ခါးနာတာ၊နံရိုးအောက်နားမှာအောင့်တာ

ဗိုက်အောင့်တာ၊ဗိုက်မှာ သို့မဟုတ် နံရိုးအောက်၊ခါးတစောင်းနေရာတွေမှာ အလုံးအကျိတ်ပေါ်လာတာ

အဖျားငွေ့ငွေ့နဲ့မကြာခဏဖျားတာ

သွေးအားနည်းတာ၊နုံးချိတာ

အစားအသောက်ပျက်တာ

ကိုယ်အလေးချိန်သိသိသာသာကျတာ

စသဖြင့် ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

ဒီလိုတွေခံစားရပြီဆိုရင် ကျောက်ကပ်ကင်ဆာရောဂါ ဟုတ်မဟုတ် သေချာအောင်ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေခံယူရပါမယ်။

လုပ်နိုင်တဲ့စစ်ဆေးမှုတွေကတော့ သွေးစစ်ဆီးစစ်တာ၊အာထရာဆောင်းရိုက်တာ၊ကွန်ပျူတာဓါတ်မှန်(CT Scan)ရိုက်တာ၊သံလိုက်ဓါတ်မှန်(MRI)ရိုက်တာ၊ကျောက်ကပ်တစ်သျှူးအသားစကိုနမူနာယူစစ်တာ စသဖြင့်ပါ။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေအဆင့်နဲ့လူနာအခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ကုသတာ၊ကင်ဆာဆေးသွင်းကုသတာ၊ဓါတ်ရောင်ခြည်ကုထုံးနဲ့ကုတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။နှစ်နည်း၊သုံးနည်း ပေါင်းကုတာမျိုးလည်းရှိတတ်ပါတယ်။

အဆုံးသတ်အနေနဲ့ကတော့ ကျောက်ကပ်ကင်ဆာဖြစ်ပွားသူဦးရေဟာ တဖြည်းဖြည်းနဲ့များလာတဲ့အတွက် ကျောက်ကပ်ကင်ဆာဖြစ်ပွားနိုင်ခြေနည်းအောင် အောက်ပါအချက်များကို လိုက်နာကြပါလို့အကြံပေးချင်ပါတယ်။

၁။ဆေးလိပ်ဖြတ်ပါ။ဆေးရွက်ကြီးနဲ့ဆေးရွက်ကြီးပါတဲ့ပစ္စည်းတွေသုံးတာရပ်ပါ။

၂။အဝမလွန်ပါစေနဲ့။ကိုယ်အလေးချိန်ကို ရှိသင့်တဲ့ပမာဏာအတွင်းမှာပဲထိန်းထားပါ။

၃။အကိုက်အခဲပျောက်ဆေးတွေကို မိမိသဘောနဲ့မိမိသောက်တာ၊မကြာခဏသောက်တာတွေကိုရှောင်ပါ။

၄။သွေးတိုးရှိပါက ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးတိုးကျဆေးသောက်ခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းပါ။

၅။ မိမိရဲ့ မိဘ ညီအကိုမောင်နှမ စတဲ့မိသားစုထဲကတယောက်ယောက်မှာကျောက်ကပ်ကင်ဆာရောဂါရှိတယ်ဆိုပါကမိမိအနေနဲ့လည်း ရှိနိုင်ခြေများတဲ့အတွက် ပုံမှန်ဆေးစစ်မှုခံယူပါ။

Dr 528