ရာသီခဏခဏ ထိမ်တတ်တဲ့ အမျိုးသမီးတွေမှာ ကင်ဆာဖြစ်နိုင်လား

ရာသီခဏခဏ ထိမ္တတ္တဲ့ အမ်ိဳးသမီးေတြမွာ ကင္ဆာျဖစ္နိုင္လား

အရြယ္ေရာက္ျပီး အမ်ိဳးသမီးတေယာက္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရာသီထိမ္သြားတာမ်ိဳးျဖစ္တတ္ပါတယ္။ရာသီထိမ္တယ္ဆိုတာက လြယ္လြယ္ေျပာရရင္ လတလအတြက္ ရာသီလံုးဝ မလာသြားတာကို ဆိုလိုပါတယ္။တခ်ိဳ႕ အိမ္ေထာင္သည္ေတြက် တားေဆးေတြေၾကာင့္ ရာသီမလာတာမ်ိဳးလည္း ရိွတာေပါ့ေလ။ဒါေပမဲ့ ဒီေဆာင္းပါးမွာ ေျပာခ်င္တာက ရာသီထိမ္တာနဲ႔ သားဥအိမ္ကင္ဆာၾကားကဆက္စပ္မႈပါ။ျဖစ္ခဲတဲ့အခ်က္ဆိုေပမဲ့ ဆက္စပ္မႈေတာ့ ရိွေနပါတယ္။

ဒီေနရာမွာ သားဥအိမ္ကင္ဆာ အေၾကာင္းက စေျပာပါမယ္။သားဥအိမ္ကင္ဆာဆိုတာ သားအိမ္ရဲ႕ေဘးတဖက္တခ်က္စီမွာရိွတဲ့ သားဥေတြ သားဥျပြန္ေတြမွာ ျဖစ္ေလ့ရိွတဲ့ ကင္ဆာပါ။အေမရိကလိုနိုင္ငံမ်ိဳးမွာကို အမ်ိဳးသမီး ၇၈ ေယာက္မွာ ၁ ေယာက္ျဖစ္တတ္တဲ့ ကင္ဆာတခုပါ။သူ႕ရဲ႕ေရာဂါလကၡဏာေတြကို သိထားရင္ေတာ့ ေစာေစာသတိထားမိနိုုင္ျပီး ကုသရတာပိုအဆင္ေျပပါတယ္။အခုေျပာမဲ့ ရာသီထိမ္တတ္တာဟာ ဒီကင္ဆာရဲ႕ အေစာပိုင္းလကၡဏာတစ္ခုျဖစ္တယ္ဆိုေပမဲ့ ဒီ့ထက္ပိုျပီးအျဖစ္မ်ားအျပမ်ားတဲ့လကၡဏာေတြလည္း ရိွေသးတယ္ဆိုတာ သတိခ်ပ္မိေစခ်င္ပါတယ္။

အေမရိကန္ကင္ဆာလူမႈအဖြဲ႕အစည္း (American Cancer Society ) ရဲ႕ အဆိုအရ  သားဥအိမ္ကင္ဆာဟာ အမ်ိဳးသမီးတေယာက္ရဲ႕ ဓမၼတာျဖစ္စဥ္ေပၚ သက္ေရာက္မႈရိွတယ္လို႔ သိရပါတယ္။ပံုမွန္ထက္ အမ်ားၾကီးလာတာလည္း ျဖစ္နိုင္သလို  ရာသီလာပံုမမွန္တာလည္း ျဖစ္နိုင္ပါတယ္။ဥပမာ တလေလာက္ ေပ်ာက္သြားလိုက္ ျပန္လာလိုက္ ျပန္ေပ်ာက္လိုက္ ပံုစံမ်ိဳးေပါ့။ဒီလိုျဖစ္တာဟာ သားဥအိမ္ကင္ဆာရဲ႕ အေစာပိုင္းလကၡဏာတစ္ခုျဖစ္နိုင္ပါတယ္။
ဒါေပမဲ့ ဓမၼတာမမွန္ရျခင္းရဲ႕ တျခားအေၾကာင္းရင္းေတြလဲ ရိွနိုင္ပါေသးတယ္။သူတို႔ကေတာ့

၁) စိတ္ဖိစီးမႈမ်ားတာ
၂)ကိုယ္အေလးခ်ိန္နည္းတာ (ပိန္လြန္းတာ)
၃)ကိုယ္ဝန္ရိွတာ
၄)ေလ့က်င့္ခန္းအလြန္အကြ်ံလုပ္တာ
၅)ေဟာ္မုန္းမမ်ွတတာတို႔ပဲ ျဖစ္ပါတယ္။

ဘယ္လိုအခါမွာ ရာသီထိမ္တယ္လို႔ေျပာလို႔ရမလဲဆိုတာကို သိဖို႔လည္း လိုပါမယ္။ပံုမွန္အားျဖင့္ေတာ့ ရာသီစက္ဝန္းက ၂၄ ရက္ နဲ႔ ၃၈ ရက္ၾကား ၾကာတတ္ပါတယ္။တေယာက္နဲ႔တေယာက္ မတူနိုင္သလို  တေယာက္ထဲမွာကို တလနဲ႔တလ ရက္အနည္းငယ္ကြာဟမႈရိွတတ္ပါတယ္။ကိုယ့္ရဲ႕အၾကမ္းအားျဖင့္ လာတတ္တဲ့အခ်ိန္နဲ႔ပံုစံကို သိထားရင္ ရာသီမမွန္တာ ထိမ္တာေတြကို သတိထားမိနိုင္ပါတယ္။ရာသီမမွန္ဘူးဆိုတာက ရာသီစက္ဝန္းအေျပာင္းအလဲဟာ ၇ ရက္ကေန ၉ ရက္ထက္ ေက်ာ္ေနတာကိုေခၚပါတယ္။ဆိုလိုခ်င္တာက ေရွ႕လကထက္ ၇ ရက္ေနာက္က်တယ္ ဒါမွမဟုတ္ ၇ ရက္ေစာတယ္။ဒါကို ရာသီမမွန္တာလို႔ ေခၚပါတယ္။ရာသီထိမ္တယ္ဆိုတာကေတာ့ တလလံုးလံုး ရာသီလံုးဝ မလာတာကို ဆိုလိုပါတယ္။

ရာသီထိမ္လို႔  သားဥအိမ္ကင္ဆာျဖစ္တာေတာ့ မဟုတ္ပါဘူး။ဒါေပမဲ့ေလ့လာခ်က္ေတြအရေတာ့ အဲဒီလို ရာသီထိမ္တတ္တဲ့ ရာသီမမွန္တတ္တဲ့အမ်ိဳးသမီးေတြမွာ သားဥအိမ္ကင္ဆာျဖစ္နိုင္ေခ် ပိုမ်ားေၾကာင္းေတြ႔ရပါတယ္။အသက္ၾကီးေလ ပိုျဖစ္နိုင္ေလလို႔လဲ ဆိုပါတယ္။ဒါေၾကာင့္ ဒီလိုခဏခဏျဖစ္ေလ့ရိွတဲ့ အမ်ိဳးသမီးေတြအတြက္ သတိထားေစာင့္ၾကည့္ဖို႔လိုပါလိမ့္မယ္။ဘာေတြကို ေစာင့္ၾကည့္ရမလဲဆိုေတာ့ သားဥအိမ္ကင္ဆာရဲ႕ အျခားလကၡဏာေတြကိုပါ။အဓိကေစာင့္ၾကည့္ရမွာေတြကေတာ့

၁)ဗိုက္နာျခင္း  တင္ပဆံုနာျခင္း
၂)ခဏခဏ ဆီးသြားခ်င္ျခင္း
၃)အစားနည္းသြားျခင္း
၄)အနည္းငယ္စားယံုျဖင့္ ရင္ျပည့္တတ္ျခင္း တို႔ပဲျဖစ္ပါတယ္။

အျခားျဖစ္တတ္တဲ့လကၡဏာေတြကေတာ့

အလြန္အမင္း ပင္ပန္းႏြမ္းနယ္ျခင္း
ဗိုက္ခနခနေအာင့္ျခင္း
ဝမ္းခ်ဳပ္ျခင္း
ဗိုက္ေဖာသြပ္ျခင္း
ကိုယ္အေလးခ်ိန္က်ဆင္းျခင္း
လိင္ဆက္ဆံစဥ္ နာက်င္ျခင္း
ခါးနာျခင္း  တို႔ပဲ ျဖစ္တယ္။

ဘယ္လိုအမ်ိဳးသမီးေတြမွာ အမ်ားဆံုးျဖစ္တတ္လဲ

၁) အသက္ၾကီးသူမ်ား
၂)၃၅ နွစ္ေက်ာ္မွ ကေလးယူသူမ်ား
၃)ကေလးမၾကာခဏပ်က္က်တတ္သူမ်ား
၄)အျမဲလိုလို ကေလးေစာေမြးတတ္သူမ်ား
၅)အဝလြန္သူမ်ား
၆)မိသားစုထဲတြင္ သားဥအိမ္ကင္ဆာ ရင္သားကင္ဆာနွင့္အူမၾကီးကင္ဆာျဖစ္ဖူးျခင္း

တကယ္လို႔ ခုေဖာ္ျပခဲ့တဲ့ ရာသီထိမ္ျခင္းအျပင္ ဒီလကၡဏာေတြ တလထဲမွာ ၁၂ ၾကိမ္အထက္ ျဖစ္ခဲ့တယ္ဆိုရင္ ဆရာဝန္နဲ႔ျပဖို႔ အေရးတၾကီးလိုအပ္ပါတယ္။စမ္းသပ္မႈေတြျပဳလုပ္ျပီး သားဥအိမ္ကင္ဆာမွန္း သိျပီဆိုရင္ေတာ့ လံုေလာက္တဲ့ကုသမႈေတြခံယူဖို႔ လိုအပ္ပါလိမ့္မယ္။ ကင္ဆာရဲ႕သေဘာသဘာဝအတိုင္း ေစာေစာသိေလ ေပ်ာက္ကင္းဖို႔ အခြင့္အလမ္းမ်ားေလေလပါပဲ။

Dr.KG

Unicode Version

ရာသီခဏခဏ ထိမ်တတ်တဲ့ အမျိုးသမီးတွေမှာ ကင်ဆာဖြစ်နိုင်လား

အရွယ်ရောက်ပြီး အမျိုးသမီးတယောက်မှာ အကြောင်းအမျိုးမျိုးကြောင့် ရာသီထိမ်သွားတာမျိုးဖြစ်တတ်ပါတယ်။ရာသီထိမ်တယ်ဆိုတာက လွယ်လွယ်ပြောရရင် လတလအတွက် ရာသီလုံးဝ မလာသွားတာကို ဆိုလိုပါတယ်။တချို့ အိမ်ထောင်သည်တွေကျ တားဆေးတွေကြောင့် ရာသီမလာတာမျိုးလည်း ရှိတာပေါ့လေ။ဒါပေမဲ့ ဒီဆောင်းပါးမှာ ပြောချင်တာက ရာသီထိမ်တာနဲ့ သားဥအိမ်ကင်ဆာကြားကဆက်စပ်မှုပါ။ဖြစ်ခဲတဲ့အချက်ဆိုပေမဲ့ ဆက်စပ်မှုတော့ ရှိနေပါတယ်။

ဒီနေရာမှာ သားဥအိမ်ကင်ဆာ အကြောင်းက စပြောပါမယ်။သားဥအိမ်ကင်ဆာဆိုတာ သားအိမ်ရဲ့ဘေးတဖက်တချက်စီမှာရှိတဲ့ သားဥတွေ သားဥပြွန်တွေမှာ ဖြစ်လေ့ရှိတဲ့ ကင်ဆာပါ။အမေရိကလိုနိုင်ငံမျိုးမှာကို အမျိုးသမီး ၇၈ ယောက်မှာ ၁ ယောက်ဖြစ်တတ်တဲ့ ကင်ဆာတခုပါ။သူ့ရဲ့ရောဂါလက္ခဏာတွေကို သိထားရင်တော့ စောစောသတိထားမိနိုင်ပြီး ကုသရတာပိုအဆင်ပြေပါတယ်။အခုပြောမဲ့ ရာသီထိမ်တတ်တာဟာ ဒီကင်ဆာရဲ့ အစောပိုင်းလက္ခဏာတစ်ခုဖြစ်တယ်ဆိုပေမဲ့ ဒီ့ထက်ပိုပြီးအဖြစ်များအပြများတဲ့လက္ခဏာတွေလည်း ရှိသေးတယ်ဆိုတာ သတိချပ်မိစေချင်ပါတယ်။

အမေရိကန်ကင်ဆာလူမှုအဖွဲ့အစည်း (American Cancer Society ) ရဲ့ အဆိုအရ  သားဥအိမ်ကင်ဆာဟာ အမျိုးသမီးတယောက်ရဲ့ ဓမ္မတာဖြစ်စဉ်ပေါ် သက်ရောက်မှုရှိတယ်လို့ သိရပါတယ်။ပုံမှန်ထက် အများကြီးလာတာလည်း ဖြစ်နိုင်သလို  ရာသီလာပုံမမှန်တာလည်း ဖြစ်နိုင်ပါတယ်။ဥပမာ တလလောက် ပျောက်သွားလိုက် ပြန်လာလိုက် ပြန်ပျောက်လိုက် ပုံစံမျိုးပေါ့။ဒီလိုဖြစ်တာဟာ သားဥအိမ်ကင်ဆာရဲ့ အစောပိုင်းလက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဓမ္မတာမမှန်ရခြင်းရဲ့ တခြားအကြောင်းရင်းတွေလဲ ရှိနိုင်ပါသေးတယ်။သူတို့ကတော့

၁) စိတ်ဖိစီးမှုများတာ
၂)ကိုယ်အလေးချိန်နည်းတာ (ပိန်လွန်းတာ)
၃)ကိုယ်ဝန်ရှိတာ
၄)လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာ
၅)ဟော်မုန်းမမျှတတာတို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုအခါမှာ ရာသီထိမ်တယ်လို့ပြောလို့ရမလဲဆိုတာကို သိဖို့လည်း လိုပါမယ်။ပုံမှန်အားဖြင့်တော့ ရာသီစက်ဝန်းက ၂၄ ရက် နဲ့ ၃၈ ရက်ကြား ကြာတတ်ပါတယ်။တယောက်နဲ့တယောက် မတူနိုင်သလို  တယောက်ထဲမှာကို တလနဲ့တလ ရက်အနည်းငယ်ကွာဟမှုရှိတတ်ပါတယ်။ကိုယ့်ရဲ့အကြမ်းအားဖြင့် လာတတ်တဲ့အချိန်နဲ့ပုံစံကို သိထားရင် ရာသီမမှန်တာ ထိမ်တာတွေကို သတိထားမိနိုင်ပါတယ်။ရာသီမမှန်ဘူးဆိုတာက ရာသီစက်ဝန်းအပြောင်းအလဲဟာ ၇ ရက်ကနေ ၉ ရက်ထက် ကျော်နေတာကိုခေါ်ပါတယ်။ဆိုလိုချင်တာက ရှေ့လကထက် ၇ ရက်နောက်ကျတယ် ဒါမှမဟုတ် ၇ ရက်စောတယ်။ဒါကို ရာသီမမှန်တာလို့ ခေါ်ပါတယ်။ရာသီထိမ်တယ်ဆိုတာကတော့ တလလုံးလုံး ရာသီလုံးဝ မလာတာကို ဆိုလိုပါတယ်။

ရာသီထိမ်လို့  သားဥအိမ်ကင်ဆာဖြစ်တာတော့ မဟုတ်ပါဘူး။ဒါပေမဲ့လေ့လာချက်တွေအရတော့ အဲဒီလို ရာသီထိမ်တတ်တဲ့ ရာသီမမှန်တတ်တဲ့အမျိုးသမီးတွေမှာ သားဥအိမ်ကင်ဆာဖြစ်နိုင်ချေ ပိုများကြောင်းတွေ့ရပါတယ်။အသက်ကြီးလေ ပိုဖြစ်နိုင်လေလို့လဲ ဆိုပါတယ်။ဒါကြောင့် ဒီလိုခဏခဏဖြစ်လေ့ရှိတဲ့ အမျိုးသမီးတွေအတွက် သတိထားစောင့်ကြည့်ဖို့လိုပါလိမ့်မယ်။ဘာတွေကို စောင့်ကြည့်ရမလဲဆိုတော့ သားဥအိမ်ကင်ဆာရဲ့ အခြားလက္ခဏာတွေကိုပါ။အဓိကစောင့်ကြည့်ရမှာတွေကတော့

၁)ဗိုက်နာခြင်း  တင်ပဆုံနာခြင်း
၂)ခဏခဏ ဆီးသွားချင်ခြင်း
၃)အစားနည်းသွားခြင်း
၄)အနည်းငယ်စားယုံဖြင့် ရင်ပြည့်တတ်ခြင်း တို့ပဲဖြစ်ပါတယ်။

အခြားဖြစ်တတ်တဲ့လက္ခဏာတွေကတော့

အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း
ဗိုက်ခနခနအောင့်ခြင်း
ဝမ်းချုပ်ခြင်း
ဗိုက်ဖောသွပ်ခြင်း
ကိုယ်အလေးချိန်ကျဆင်းခြင်း
လိင်ဆက်ဆံစဉ် နာကျင်ခြင်း
ခါးနာခြင်း  တို့ပဲ ဖြစ်တယ်။

ဘယ်လိုအမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်လဲ

၁) အသက်ကြီးသူများ
၂)၃၅ နှစ်ကျော်မှ ကလေးယူသူများ
၃)ကလေးမကြာခဏပျက်ကျတတ်သူများ
၄)အမြဲလိုလို ကလေးစောမွေးတတ်သူများ
၅)အဝလွန်သူများ
၆)မိသားစုထဲတွင် သားဥအိမ်ကင်ဆာ ရင်သားကင်ဆာနှင့်အူမကြီးကင်ဆာဖြစ်ဖူးခြင်း

တကယ်လို့ ခုဖော်ပြခဲ့တဲ့ ရာသီထိမ်ခြင်းအပြင် ဒီလက္ခဏာတွေ တလထဲမှာ ၁၂ ကြိမ်အထက် ဖြစ်ခဲ့တယ်ဆိုရင် ဆရာဝန်နဲ့ပြဖို့ အရေးတကြီးလိုအပ်ပါတယ်။စမ်းသပ်မှုတွေပြုလုပ်ပြီး သားဥအိမ်ကင်ဆာမှန်း သိပြီဆိုရင်တော့ လုံလောက်တဲ့ကုသမှုတွေခံယူဖို့ လိုအပ်ပါလိမ့်မယ်။ ကင်ဆာရဲ့သဘောသဘာဝအတိုင်း စောစောသိလေ ပျောက်ကင်းဖို့ အခွင့်အလမ်းများလေလေပါပဲ။

Dr.KG