ဘယ်လက္ခဏာဆို ဘာကင်ဆာလဲ

ဘယ္လကၡဏာဆို ဘာကင္ဆာလဲ

ကင္ဆာဟာ ဒီဘက္ေခတ္လူမႈအဖြဲ႕အစည္းအတြက္ အၾကီးမားဆံုးက်န္းမာေရးဆိုင္ရာ စိန္ေခၚမႈတရပ္ ျဖစ္ပါတယ္။ကမာ႓အနွံ႕မွာ လူေတာ္ေတာ္မ်ားမ်ားဟာ ကင္ဆာေရာဂါမ်ိဳးစံုေၾကာင့္ သက္တမ္းေစ့ေနထိုင္နိုင္ျခင္းမရိွဘဲ ေသေၾကတိမ္းပါးေနၾကရပါတယ္။ကင္ဆာေရာဂါကို ကုသတဲ့ေနရာမွာ အေရးအၾကီးဆံုးလို႔ ေျပာလို႔ရမဲ့ အခ်က္တခ်က္ရိွပါတယ္။ဒါကေတာ့ ” ေစာေစာ သိဖို႔(Early Diagnosis)”ပါပဲ။ေစာေစာစီးစီးသိျပီး ကုသမႈခံယူနိုင္ရင္ ကင္ဆာအမ်ားစုဟာ သက္သာေပ်ာက္ကင္းနိုင္ပါတယ္။ဒါေၾကာင့္ ကင္ဆာေရာဂါသည္ေတြမွာ ေတြ႕ရေလ့ရိွတဲ့ လကၡဏာတခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။(ဒီေနရာမွာ ေျပာခ်င္တာတခုက ဒီလကၡဏာေတြ႕တာနဲ႔  ဒီကင္ဆာပဲလို႔ တန္းျပီးေတာ့ သတ္မွတ္လို႔ မရေသးဘူးဆိုတာပါပဲ။စနစ္တက်စစ္ေဆးစမ္းသပ္မႈေတြ ခံယူျပီးမွသာ ကင္ဆာလား မဆာလား သိနိုင္ပါလိမ့္မယ္။ဒါေပမဲ့ ဒီလို စမ္းသပ္မႈ ခံယူမဲ့အဆင့္ေရာက္ဖို႔ ဆိုရင္ေတာ့ သက္ဆိုင္ရာကင္ဆာေတြရဲ႕ သက္ဆိုင္ရာ လကၡဏာေတြကို သိထားတာက အေထာက္အကူျပဳပါလိမ့္မယ္။)

ကဲ  ေလ့လာၾကည့္ရေအာင္

၁။ကိုယ္အေလးခ်ိန္က်ဆင္းျခင္း

က်န္းမာေနတဲ့သူတေယာက္ကို ကင္ဆာဆဲလ္ေတြ စတင္တိုက္ခိုက္ျပီဆိုရင္ ခႏၶာကိုယ္ရဲ႕ တံု႔ျပန္မႈတခုရိွပါတယ္။ဒါကေတာ့ တေျဖးေျဖးပိန္လာတာပါပဲ။လူအမ်ားစုဟာ သူတို႔ကိုယ္သူတို႔ ကင္ဆာျဖစ္ေနျပီေဟ့လို႔  မသိရေသးခင္မွာ ကိုယ္အေလးခ်ိန္ ဆယ္ေပါင္နဲ႔အထက္ က်ဆင္းလို႔ ေနတတ္ပါတယ္။ေျပာမယ္ဆိုရင္ ကိုယ္အေလးခ်ိန္က်ဆင္းတယ္ဆိုတာ ကင္ဆာရဲ႕အေစာဆံုးလကၡဏာလို႔ေတာင္ ေျပာလို႔ရပါတယ္။လည္ပင္းေဟာ္မုန္းမ်ားတဲ့ေရာဂါ (Hyperthyroidism) မွာလည္း ခုလို ဘာမွန္းမသိပဲ ပိန္သြားတတ္ပါတယ္။ဒါေပမဲ့ မတူတာက ကင္ဆာမွာျဖစ္တဲ့ ကိုယ္အေလးခ်ိန္က်တာက ရုတ္တရက္ ယူပစ္လိုက္သလိုကို ပိန္ခ်ံဳ းသြားတဲ့ပံုမ်ိဳးပါ။ကိုယ္အေလးခ်ိန္သိသိသာသာက်ဆင္းသြားတတ္တဲ့ကင္ဆာေတြကေတာ့

၁)အစာေရျမိဳ ကင္ဆာ
၂)အဆုတ္ကင္ဆာ
၃)ပန္ကရိယကင္ဆာ
၄)အစာအိမ္ကင္ဆာ   တို႔ပဲျဖစ္ပါတယ္။

၂။အဖ်ား

ဖ်ားတယ္ဆိုတာလည္း ေရာဂါပိုးဝင္ေရာက္မႈ (သို႔မဟုတ္) နာမက်န္းမႈတခုကို ခႏၶာကိုယ္ရဲ႕တံု႔ျပန္ပံုတခုပါပဲ။ဒါေပမဲ့ ကင္ဆာေရာဂါသည္ေတြမွာလည္း မၾကာခဏဆိုသလို ဖ်ားတတ္တာကို ေတြ႕ရပါတယ္။မ်ားေသာအားျဖင့္  ဖ်ားျပီေဟ့ဆို  အဲဒီကင္ဆာဟာ တျခားေနရာေတြထိ ပ်ံ႕ေနတာ ဒါမွမဟုတ္ အဆင့္ေတာ္ေတာ္လြန္ေနတာမ်ိဳ း ျဖစ္ေလ့ရိွပါတယ္။ဒါေၾကာင့္ ေျပာနိုင္တာတခုက ဖ်ားတယ္ဆိုတာ ကင္ဆာရဲ႕ အေစာပိုင္းလကၡဏာတခုေတာ့ ျဖစ္ေလ့မရိွပါဘူး။ဒါေပမဲ့ ေသြးကင္ဆာတခ်ိဳ႕မွာေတာ့ ခဏခဏဖ်ားတတ္တာဟာ အေစာပိုင္းလကၡဏာတခုအျဖစ္ ရိွနိုင္ပါတယ္။

၃။ဆီးနွင့္ဝမ္းတြင္ ေသြးပါျခင္း

တခ်ိဳ႕ကင္ဆာေတြဟာ ဆီးထဲေသြးပါတာ ဝမ္းထဲေသြးပါတာေတြနဲ႔ ဆက္စပ္မႈရိွနိုင္ပါတယ္။ဥပမာအားျဖင့္ အူမၾကီးကင္ဆာမွာ ေသြးဝမ္းသြားေလ့ရိွျပီး ဆီးထဲမွာေသြးပါတယ္ဆိုရင္ေတာ့ ဆီးက်ိတ္ကင္ဆာ ဆီးအိတ္ကင္ဆာေတြမ်ားလားလို႔ သံသယရိွနိုင္ပါတယ္။ဘယ္ထဲမွာ ေသြးပါတာျဖစ္ျဖစ္ တိတိက်က်သိရဖို႔ ဆရာဝန္နဲ႔ျပျပီး စမ္းသပ္စစ္ေဆးမႈေတြ ခံယူသင့္ပါတယ္။

၄။နာက်င္ကိုက္ခဲျခင္းနွင့္ေမာပန္းႏြမ္းနယ္ျခင္း

ဘာမွန္းမသိပဲ ခဏခဏေမာေနတာကလည္း ကင္ဆာရဲ႕လကၡဏာတခုျဖစ္နိုင္ပါတယ္။အိပ္ေရးေတြဘာေတြလည္း မပ်က္ပါပဲနဲ႔ ေမာတာပန္းတာက မေပ်ာက္ဘူးဆိုရင္ေတာ့ ေနာက္ခံက်န္းမာေရးျပသနာတခုခုေတာ့ က်ိန္းေသေပါက္ရိွေနပါျပီ။ကင္ဆာဟာလည္း ျဖစ္နိုင္ေခ်တခုေပါ့။ဒီလို အေၾကာင္းမရိွ အရင္းမရိွ ေမာေမာေနတာနဲ႔ အသက္ဆိုင္ဆံုးကင္ဆာကေတာ့ ေသြးကင္ဆာေပါ့။တျခားေသာ ေသြးဆံုးရံႈးမႈရိွတဲ့ကင္ဆာေတြမွာလည္း ေမာတာပန္းတာေတြ ျဖစ္နိုင္ပါတယ္။တခ်ိဳ႕ေသာကင္ဆာေတြမွာ ပ်ံ႕ႏွံ႕တဲ့အဆင့္ေရာက္ျပီဆိုရင္ နာက်င္ကိုက္ခဲမႈေတြ ရိွလာတတ္ပါတယ္။ေအာက္ပါ ကင္ဆာေတြမွာဆိုရင္ ခါးနာေလ့ရိွၾကပါတယ္။။

၁)အူမၾကီးကင္ဆာ
၂)ဆီးက်ိတ္ကင္ဆာ
၃)သားဥအိမ္ကင္ဆာ
၄)အစာေဟာင္းအိမ္ကင္ဆာ

၅။အခ်ိန္အေတာ္ၾကာၾကာ ေခ်ာင္းဆိုးမေပ်ာက္ျခင္း

ေခ်ာင္းဆိုးတယ္ဆိုတာေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္နိုင္ပါတယ္။အေအးမိတာ တုပ္ေကြးမိတာ ဓာတ္မတည့္တာ ေလထုစိုထိုင္းဆနည္းတာ စသျဖင့္ေပါ့။ဒါေပမဲ့ အဆုတ္ကင္ဆာလိုေရာဂါမ်ိဳးမွာေတာ့ ေခ်ာင္းဆိုးတာဟာ ဘယ္လိုလုပ္လုပ္ သက္သာေလ့မရိွတဲ့ပံုစံမ်ိဳးနဲ႔ ဆိုးတတ္ပါတယ္။မၾကာခဏ ဆိုးျပီး အသံေတာင္ ဝင္တဲ့အထိ ျဖစ္ပါတယ္။ေရာဂါရင့္လာျပီဆို ေခ်ာင္းဆိုးေသြးပါေတာင္ ျဖစ္လာနိုင္ပါတယ္။ဒီလို ေခ်ာင္းဆိုးတာမ်ိဳးကို အဆုတ္ကင္ဆာမွာတင္မကပဲ သိုင္းရြိဳက္ကင္ဆာမွာလည္း ေတြ႔ရတတ္ပါတယ္။

၆။အေရျပားေျပာင္းလဲမႈမ်ား

ဒါကေတာ့ အေရျပားကင္ဆာမွာ အမ်ားဆံုးေတြ႕ရတဲ့ ေျပာင္းလဲမႈေတြပဲ ျဖစ္ပါတယ္။မွည့္ေတြ အသားပိုေတြ ၾကီးလာ မ်ားလာတာမ်ိဳးေတြေပါ့။အလံုးေတြအက်ိတ္ေတြ ထြက္လာတာလည္း ပါတာေပါ့။ကင္ဆာေၾကာင့္ ျဖစ္နိုင္တဲ့အေရျပားေျပာင္းလဲမႈေတြကေတာ့

၁)အေမႊးေတြအမ်ားၾကီးေပါက္တာ
၂)အသားအေရာင္ရင့္လာျပီး အမည္းကြက္ေတြထြက္လာတာ
၃)မ်က္လံုးနဲ႔အသားေတြဝါလာတာ
၄)အေရျပားေတြနီရဲလာတာ   ပဲျဖစ္ပါတယ္။

၇။အစာအိမ္ပိုင္းဆိုင္ရာအေျပာင္းအလဲမ်ား

တခ်ိဳ႕ ကင္ဆာေတြက စားတဲ့ေသာက္တဲ့ေနရာမွာ လကၡဏာ ျပပါတယ္။မ်ိဳခ်ရခက္တာ အစာစားခ်င္စိတ္မရိွတာ စားျပီးရင္နာတာ စသျဖင့္ေပါ့။အစာအိမ္ကင္ဆာက ေစာေစာစီးစီး လကၡဏာျပေလ့ေတာ့မရိွပါဘူး။ဒါေပမဲ့ အစာမေၾကတာ ပ်ိဳ႕တာ အန္တာ ေလထတာ ေတြဟာ အစာအိမ္ကင္ဆာရဲ႕ လကၡဏာေတြ ျဖစ္ေနနိုင္ပါတယ္။
အစာေရမ်ိဳကင္ဆာလိုကင္ဆာမ်ိဳးမွာ မ်ိဳခ်ရခက္ခဲတဲ့ျပသနာကို ၾကံဳရေလ့ရိွပါတယ္။ဒါေပမဲ့ အစာလမ္းေၾကာင္းနဲ႔ဆိုင္တဲ့ကင္ဆာေတြမွာပဲ ဒီလကၡဏာေတြ ၾကံဳရတာေတာ့ မဟုတ္ပါဘူး။သားဥအိမ္ကင္ဆာမွာဆိုရင္ ရင္ျပည့္ရင္ကယ္သလို တခ်ိန္လံုးျဖစ္ေနတတ္ပါတယ္။ဦ ေနွာက္ကင္ဆာမွာလည္း ပ်ိဳ႕တာအန္တာေတြ ၾကံဳရတတ္ပါတယ္။

၈။ညဘက္ေခြ် း ထြက္ျခင္း

အိပ္ေနရင္း တခါတေလေခြ်းေတြနဲ႔ ရႊဲနစ္ျပီး နိုးလာဖူးပါလိမ့္မယ္။ေရွ႕မွာ ေျပာခဲ့တဲ့လကၡဏာေတြလိုပဲ ညေခြ်းထြက္တာမွာလည္း ကင္ဆာမဟုတ္တဲ့အေၾကာင္းရင္းေတြ အမ်ားၾကီး ရိွပါတယ္။ဒါေပမဲ့လည္း  ေသြးကင္ဆာ အသည္းကင္ဆာစတဲ့ ကင္ဆာတခ်ိဳ႕မွာ ညဘက္ဆိုေခြ်းေတြ မတရားထြက္ေလ့ရိွတတ္ပါတယ္။

အခုေျပာခဲ့တာေတြကေတာ့ ကင္ဆာအခ်ိဳ႕နဲ႔ သူတို႕ရဲ႕သက္ဆိုင္တဲ့လကၡဏာတခ်ိဳ႕ပါ။ဒါေပမဲ့ ျဖစ္ခါမွျဖစ္ေရာ ဘာလကၡဏာမွ သိပ္မျပတတ္တဲ့ကင္ဆာေတြလည္း ရိွပါေသးတယ္။ပန္ကရိယကင္ဆာ အဆုတ္ကင္ဆာနဲ႔ ေက်ာက္ကပ္ကင္ဆာတို႔ဟာ အမ်ားအားျဖင့္ ေစာေစာစီးစီး လကၡဏာျပခဲပါတယ္။

ေရွ႕ဆံုးမွာ ေျပာခဲ့သလိုပါပဲ။ကင္ဆာရဲ႕ အဓိကအခ်က္က ေစာေစာသိဖို႔ပါ။ေစာေစာသိျပီး ေစာေစာကုရင္ ေပ်ာက္ကင္းနိုင္ပါတယ္။ဒါေၾကာင့္ ေဖာ္ျပခဲ့တဲ့လကၡဏာမ်ိဳးေတြ ၾကံဳျပီဆိုရင္ ေပါ့ဆမေနပဲ ဆရာဝန္နဲ႔ျပျပီး စမ္းသပ္စစ္ေဆးမႈေတြ ခံယူပါလို႔ အၾကံေပးလိုကိပါတယ္။

Dr.KG

Unicode Version

ဘယ်လက္ခဏာဆို ဘာကင်ဆာလဲ

ကင်ဆာဟာ ဒီဘက်ခေတ်လူမှုအဖွဲ့အစည်းအတွက် အကြီးမားဆုံးကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။ကမ္ဘာအနှံ့မှာ လူတော်တော်များများဟာ ကင်ဆာရောဂါမျိုးစုံကြောင့် သက်တမ်းစေ့နေထိုင်နိုင်ခြင်းမရှိဘဲ သေကြေတိမ်းပါးနေကြရပါတယ်။ကင်ဆာရောဂါကို ကုသတဲ့နေရာမှာ အရေးအကြီးဆုံးလို့ ပြောလို့ရမဲ့ အချက်တချက်ရှိပါတယ်။ဒါကတော့ ” စောစော သိဖို့(Early Diagnosis)”ပါပဲ။စောစောစီးစီးသိပြီး ကုသမှုခံယူနိုင်ရင် ကင်ဆာအများစုဟာ သက်သာပျောက်ကင်းနိုင်ပါတယ်။ဒါကြောင့် ကင်ဆာရောဂါသည်တွေမှာ တွေ့ရလေ့ရှိတဲ့ လက္ခဏာတချို့ကို ဖော်ပြပေးချင်ပါတယ်။(ဒီနေရာမှာ ပြောချင်တာတခုက ဒီလက္ခဏာတွေ့တာနဲ့  ဒီကင်ဆာပဲလို့ တန်းပြီးတော့ သတ်မှတ်လို့ မရသေးဘူးဆိုတာပါပဲ။စနစ်တကျစစ်ဆေးစမ်းသပ်မှုတွေ ခံယူပြီးမှသာ ကင်ဆာလား မဆာလား သိနိုင်ပါလိမ့်မယ်။ဒါပေမဲ့ ဒီလို စမ်းသပ်မှု ခံယူမဲ့အဆင့်ရောက်ဖို့ ဆိုရင်တော့ သက်ဆိုင်ရာကင်ဆာတွေရဲ့ သက်ဆိုင်ရာ လက္ခဏာတွေကို သိထားတာက အထောက်အကူပြုပါလိမ့်မယ်။)

ကဲ  လေ့လာကြည့်ရအောင်

၁။ကိုယ်အလေးချိန်ကျဆင်းခြင်း

ကျန်းမာနေတဲ့သူတယောက်ကို ကင်ဆာဆဲလ်တွေ စတင်တိုက်ခိုက်ပြီဆိုရင် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတခုရှိပါတယ်။ဒါကတော့ တဖြေးဖြေးပိန်လာတာပါပဲ။လူအများစုဟာ သူတို့ကိုယ်သူတို့ ကင်ဆာဖြစ်နေပြီဟေ့လို့  မသိရသေးခင်မှာ ကိုယ်အလေးချိန် ဆယ်ပေါင်နဲ့အထက် ကျဆင်းလို့ နေတတ်ပါတယ်။ပြောမယ်ဆိုရင် ကိုယ်အလေးချိန်ကျဆင်းတယ်ဆိုတာ ကင်ဆာရဲ့အစောဆုံးလက္ခဏာလို့တောင် ပြောလို့ရပါတယ်။လည်ပင်းဟော်မုန်းများတဲ့ရောဂါ (Hyperthyroidism) မှာလည်း ခုလို ဘာမှန်းမသိပဲ ပိန်သွားတတ်ပါတယ်။ဒါပေမဲ့ မတူတာက ကင်ဆာမှာဖြစ်တဲ့ ကိုယ်အလေးချိန်ကျတာက ရုတ်တရက် ယူပစ်လိုက်သလိုကို ပိန်ချုံ းသွားတဲ့ပုံမျိုးပါ။ကိုယ်အလေးချိန်သိသိသာသာကျဆင်းသွားတတ်တဲ့ကင်ဆာတွေကတော့

၁)အစာရေမြို ကင်ဆာ
၂)အဆုတ်ကင်ဆာ
၃)ပန်ကရိယကင်ဆာ
၄)အစာအိမ်ကင်ဆာ   တို့ပဲဖြစ်ပါတယ်။

၂။အဖျား

ဖျားတယ်ဆိုတာလည်း ရောဂါပိုးဝင်ရောက်မှု (သို့မဟုတ်) နာမကျန်းမှုတခုကို ခန္ဓာကိုယ်ရဲ့တုံ့ပြန်ပုံတခုပါပဲ။ဒါပေမဲ့ ကင်ဆာရောဂါသည်တွေမှာလည်း မကြာခဏဆိုသလို ဖျားတတ်တာကို တွေ့ရပါတယ်။များသောအားဖြင့်  ဖျားပြီဟေ့ဆို  အဲဒီကင်ဆာဟာ တခြားနေရာတွေထိ ပျံ့နေတာ ဒါမှမဟုတ် အဆင့်တော်တော်လွန်နေတာမျို း ဖြစ်လေ့ရှိပါတယ်။ဒါကြောင့် ပြောနိုင်တာတခုက ဖျားတယ်ဆိုတာ ကင်ဆာရဲ့ အစောပိုင်းလက္ခဏာတခုတော့ ဖြစ်လေ့မရှိပါဘူး။ဒါပေမဲ့ သွေးကင်ဆာတချို့မှာတော့ ခဏခဏဖျားတတ်တာဟာ အစောပိုင်းလက္ခဏာတခုအဖြစ် ရှိနိုင်ပါတယ်။

၃။ဆီးနှင့်ဝမ်းတွင် သွေးပါခြင်း

တချို့ကင်ဆာတွေဟာ ဆီးထဲသွေးပါတာ ဝမ်းထဲသွေးပါတာတွေနဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။ဥပမာအားဖြင့် အူမကြီးကင်ဆာမှာ သွေးဝမ်းသွားလေ့ရှိပြီး ဆီးထဲမှာသွေးပါတယ်ဆိုရင်တော့ ဆီးကျိတ်ကင်ဆာ ဆီးအိတ်ကင်ဆာတွေများလားလို့ သံသယရှိနိုင်ပါတယ်။ဘယ်ထဲမှာ သွေးပါတာဖြစ်ဖြစ် တိတိကျကျသိရဖို့ ဆရာဝန်နဲ့ပြပြီး စမ်းသပ်စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။

၄။နာကျင်ကိုက်ခဲခြင်းနှင့်မောပန်းနွမ်းနယ်ခြင်း

ဘာမှန်းမသိပဲ ခဏခဏမောနေတာကလည်း ကင်ဆာရဲ့လက္ခဏာတခုဖြစ်နိုင်ပါတယ်။အိပ်ရေးတွေဘာတွေလည်း မပျက်ပါပဲနဲ့ မောတာပန်းတာက မပျောက်ဘူးဆိုရင်တော့ နောက်ခံကျန်းမာရေးပြသနာတခုခုတော့ ကျိန်းသေပေါက်ရှိနေပါပြီ။ကင်ဆာဟာလည်း ဖြစ်နိုင်ချေတခုပေါ့။ဒီလို အကြောင်းမရှိ အရင်းမရှိ မောမောနေတာနဲ့ အသက်ဆိုင်ဆုံးကင်ဆာကတော့ သွေးကင်ဆာပေါ့။တခြားသော သွေးဆုံးရှုံးမှုရှိတဲ့ကင်ဆာတွေမှာလည်း မောတာပန်းတာတွေ ဖြစ်နိုင်ပါတယ်။တချို့သောကင်ဆာတွေမှာ ပျံ့နှံ့တဲ့အဆင့်ရောက်ပြီဆိုရင် နာကျင်ကိုက်ခဲမှုတွေ ရှိလာတတ်ပါတယ်။အောက်ပါ ကင်ဆာတွေမှာဆိုရင် ခါးနာလေ့ရှိကြပါတယ်။။

၁)အူမကြီးကင်ဆာ
၂)ဆီးကျိတ်ကင်ဆာ
၃)သားဥအိမ်ကင်ဆာ
၄)အစာဟောင်းအိမ်ကင်ဆာ

၅။အချိန်အတော်ကြာကြာ ချောင်းဆိုးမပျောက်ခြင်း

ချောင်းဆိုးတယ်ဆိုတာတော့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။အအေးမိတာ တုပ်ကွေးမိတာ ဓာတ်မတည့်တာ လေထုစိုထိုင်းဆနည်းတာ စသဖြင့်ပေါ့။ဒါပေမဲ့ အဆုတ်ကင်ဆာလိုရောဂါမျိုးမှာတော့ ချောင်းဆိုးတာဟာ ဘယ်လိုလုပ်လုပ် သက်သာလေ့မရှိတဲ့ပုံစံမျိုးနဲ့ ဆိုးတတ်ပါတယ်။မကြာခဏ ဆိုးပြီး အသံတောင် ဝင်တဲ့အထိ ဖြစ်ပါတယ်။ရောဂါရင့်လာပြီဆို ချောင်းဆိုးသွေးပါတောင် ဖြစ်လာနိုင်ပါတယ်။ဒီလို ချောင်းဆိုးတာမျိုးကို အဆုတ်ကင်ဆာမှာတင်မကပဲ သိုင်းရွိုက်ကင်ဆာမှာလည်း တွေ့ရတတ်ပါတယ်။

၆။အရေပြားပြောင်းလဲမှုများ

ဒါကတော့ အရေပြားကင်ဆာမှာ အများဆုံးတွေ့ရတဲ့ ပြောင်းလဲမှုတွေပဲ ဖြစ်ပါတယ်။မှည့်တွေ အသားပိုတွေ ကြီးလာ များလာတာမျိုးတွေပေါ့။အလုံးတွေအကျိတ်တွေ ထွက်လာတာလည်း ပါတာပေါ့။ကင်ဆာကြောင့် ဖြစ်နိုင်တဲ့အရေပြားပြောင်းလဲမှုတွေကတော့

၁)အမွှေးတွေအများကြီးပေါက်တာ
၂)အသားအရောင်ရင့်လာပြီး အမည်းကွက်တွေထွက်လာတာ
၃)မျက်လုံးနဲ့အသားတွေဝါလာတာ
၄)အရေပြားတွေနီရဲလာတာ   ပဲဖြစ်ပါတယ်။

၇။အစာအိမ်ပိုင်းဆိုင်ရာအပြောင်းအလဲများ

တချို့ ကင်ဆာတွေက စားတဲ့သောက်တဲ့နေရာမှာ လက္ခဏာ ပြပါတယ်။မျိုချရခက်တာ အစာစားချင်စိတ်မရှိတာ စားပြီးရင်နာတာ စသဖြင့်ပေါ့။အစာအိမ်ကင်ဆာက စောစောစီးစီး လက္ခဏာပြလေ့တော့မရှိပါဘူး။ဒါပေမဲ့ အစာမကြေတာ ပျို့တာ အန်တာ လေထတာ တွေဟာ အစာအိမ်ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။
အစာရေမျိုကင်ဆာလိုကင်ဆာမျိုးမှာ မျိုချရခက်ခဲတဲ့ပြသနာကို ကြုံရလေ့ရှိပါတယ်။ဒါပေမဲ့ အစာလမ်းကြောင်းနဲ့ဆိုင်တဲ့ကင်ဆာတွေမှာပဲ ဒီလက္ခဏာတွေ ကြုံရတာတော့ မဟုတ်ပါဘူး။သားဥအိမ်ကင်ဆာမှာဆိုရင် ရင်ပြည့်ရင်ကယ်သလို တချိန်လုံးဖြစ်နေတတ်ပါတယ်။ဦ နှောက်ကင်ဆာမှာလည်း ပျို့တာအန်တာတွေ ကြုံရတတ်ပါတယ်။

၈။ညဘက်ချွေ း ထွက်ခြင်း

အိပ်နေရင်း တခါတလေချွေးတွေနဲ့ ရွှဲနစ်ပြီး နိုးလာဖူးပါလိမ့်မယ်။ရှေ့မှာ ပြောခဲ့တဲ့လက္ခဏာတွေလိုပဲ ညချွေးထွက်တာမှာလည်း ကင်ဆာမဟုတ်တဲ့အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ဒါပေမဲ့လည်း  သွေးကင်ဆာ အသည်းကင်ဆာစတဲ့ ကင်ဆာတချို့မှာ ညဘက်ဆိုချွေးတွေ မတရားထွက်လေ့ရှိတတ်ပါတယ်။

အခုပြောခဲ့တာတွေကတော့ ကင်ဆာအချို့နဲ့ သူတို့ရဲ့သက်ဆိုင်တဲ့လက္ခဏာတချို့ပါ။ဒါပေမဲ့ ဖြစ်ခါမှဖြစ်ရော ဘာလက္ခဏာမှ သိပ်မပြတတ်တဲ့ကင်ဆာတွေလည်း ရှိပါသေးတယ်။ပန်ကရိယကင်ဆာ အဆုတ်ကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာတို့ဟာ အများအားဖြင့် စောစောစီးစီး လက္ခဏာပြခဲပါတယ်။

ရှေ့ဆုံးမှာ ပြောခဲ့သလိုပါပဲ။ကင်ဆာရဲ့ အဓိကအချက်က စောစောသိဖို့ပါ။စောစောသိပြီး စောစောကုရင် ပျောက်ကင်းနိုင်ပါတယ်။ဒါကြောင့် ဖော်ပြခဲ့တဲ့လက္ခဏာမျိုးတွေ ကြုံပြီဆိုရင် ပေါ့ဆမနေပဲ ဆရာဝန်နဲ့ပြပြီး စမ်းသပ်စစ်ဆေးမှုတွေ ခံယူပါလို့ အကြံပေးလိုကိပါတယ်။

Dr.KG