ေဒါင္းေရာဂါအေၾကာင္း အပိုင္း ၂ ေဒါင္းေရာဂါလကၡဏာ(Down Syndrome) ပါတဲ့ကေလးေမြးဖြားလာရင္ ဘယ္လိုေစာင့္ေရွာက္မႈေတြ၊ထိန္းေက်ာင္းမႈေတြ၊ကုသမႈေတြလုပ္ရမလဲ။
ေမြးလာတဲ႔ကေလးဟာ ေဒါင္းကေလးျဖစ္ေနျပီဆိုရင္ ကေလးရဲ႕မိဘေတြအေတာ္မ်ားမ်ားဟာ ထိတ္လန္႔ ေၾကာက္ရြံ႕ေျခာက္ျခားသြားၾကတာမ်ားပါတယ္။ဦးဆံုး စိတ္ပ်က္မႈ၊၀မ္းနည္းမႈ၊အျပစ္ရွိသည္ဟုခံစားရမႈ၊အနာဂါတ္ကိုေၾကာက္ရြံ႕မႈ၊ဘာေၾကာင္႔ငါတို႔ကေလးမွ ေဒါင္းျဖစ္ေနရတာလဲဆိုတဲ႔ မခ်ိတင္ကဲျဖစ္မႈ၊ေဒါသျဖစ္မႈ စတဲ႔ခံစားခ်က္ေတြ၀င္လာတတ္ပါတယ္။ေနာက္ျပီး ဒီေဒါင္းကေလး ကို ျပဳစုေစာင္႔ေရွာက္ေနရတာနဲ႔ ဘ၀မွာ ေပါ႔ေပါ႔ပါးပါးေနနိုင္ပါဦးမလား။မိမိအသက္ၾကီးလို႔အိုမင္းမစြမ္းျဖစ္ေနခ်ိန္ထိ ဒီေဒါင္းကေလးကို အေသးစိတ္ေစာင္႔ေရွာက္ေနရရင္ ဆိုတဲ႔အတြးေတြ စိုးရိမ္ေသာကေတြဟာ ေဒါင္း ကေလး ေမြးျပီးသည္မွ စျပီး ကေလးရဲ႕မိဘေတြအေပၚမွာ လႊမ္းမိုး ဖိစီးေနတတ္ပါတယ္။
ပုထုဇဥ္လူသားေတြရဲ႕သဘာ၀အတိုင္း အဆိုးေတြနဲ႔ၾကံဳေတြ႔ရတဲ႔အခါ ဒါေတြကေတာ႔ျဖစ္ေလ႔ရွိတာပါပဲ။ သို႔ေသာ္ အခ်ိန္အတိုင္းအတာတခုထိပဲစိတ္ညစ္ျပီး အတတ္နိုင္ဆံုးျမန္ျမန္ဆန္ဆန္ ဒီအေျခအေနကိုလက္ခံနိုင္ေအာင္ၾကိဳးစားပါ။လက္ခံနိုင္ျပီဆိုရင္ ဒီေရာဂါရဲ႕အေျခအေနေတြကိုအလံုးစံုသိဖို႔အတြက္ ေဒါင္းေရာဂါနဲ႔ ဆိုင္တဲ႔ ေဟာေျပာပြဲေတြ၊ေတြ႔ဆံုပြဲေတြကို တက္ေရာက္ပါ။အဲ႔အခါမွာ ေဒါင္းေရာဂါကေလးေတြဟာ သင္ကေလးတေယာက္တည္းမဟုတ္ဘဲ ျဖစ္ေနတဲ႔တျခားကေလးမ်ားစြာလည္းရွိေၾကာင္း ေတြ႔ရွိရမွာပါ။
ေဒါင္းကေလးကို ျပဳစုေစာင္႔ေရွာက္ရတာက သာမန္ကေလးျပဳစုေစာင္႔ေရွာက္ရတာထက္ ပိုပင္ပန္းေပမယ္႔ တအားခက္ခက္ခဲခဲမရွိပါဘူး။ မိဘေတြအေနနဲ႔ေဒါင္းကေလးကို အျပင္ေခၚရင္ ကရိကထမ်ားမွာမို႔၊ပတ္၀န္းက်င္ကလူေတြ၊သူငယ္ခ်င္းေတြကိုရွက္တာမို႔၊ကေလးေနရခက္မွာမို႔စတဲ႔ အေၾကာင္းျပခ်က္ေတြနဲ႔ ေဒါင္းကေလးကို အိမ္မွာပဲထားတာမ်ိဳးလံုး၀မလုပ္ပါနဲ႔။ေဒါင္းကေလးဟာ အျပင္ပတ္၀န္းက်င္နဲ႔မၾကာမၾကာ ထိေတြ႔ဖို႔လိုပါတယ္။မိမိမွာေဒါင္းကေလးအျပင္တျခားသားသမီးေတြရွိပါက ထိုသားသမီးမ်ားနဲ႔အတူ ေဒါင္းကေလးကို တန္းတူဆက္ဆံပါ။ ေဒါင္းကေလးကို တအားပစ္ပယ္ထားတာမ်ိဳးေတြ သို႔မဟုတ္ တအားဂရုစိုက္အေလးေပးတာမ်ိဳးေတြမလုပ္ပါနဲ႔။တအားပစ္ပယ္ထားပါက ကေလးစိတ္ထိခိုက္ျပီး ေရာဂါပိုဆိုးနိုင္သလို တအားဂရုစိုက္လြန္းပါကလည္း ကေလးကမိဘမ်ားအေပၚမွီခိုလြန္းအားၾကီးကာ မည္သည္႔အရာကိုမွ မသင္ယူမေလ႔လာနိုင္ေတာ႔ဘဲ မိဘမ်ားမ်က္ကြယ္ျပဳခ်ိန္မွာ ကေလးအတြက္ တအားဒုကၡေရာက္နိုင္ပါတယ္။
ေဒါင္းကေလးေတြမွာ ၾကြက္သားေတြဟာ ေပ်ာ႔ျပီးအားနည္းတာေၾကာင္႔ သူတို႕ရဲ႕ၾကြက္သားေတြဖြံ႕ျဖိဳးသန္မာရန္အတြက္ ေဒါင္းကေလးငယ္မ်ားကိုငယ္စဥ္ကပင္ ကိုယ္လက္လႈပ္ရွားမႈေလ႔က်င္႔ခန္းကုထံုး(Physical therapy) ေတြေပးထားဖို႔လိုပါတယ္။ ဒီလိုေလ႔က်င္႔ခန္းကုထံုးေပးထားျခငး္ျဖင္႔ ေဒါင္းကေလးေတြမွာ ၾကြက္သားေတြအားနည္းလို႔ မလႈပ္ရွားနိုင္တာ၊အ၀လြန္တာေတြ ျဖစ္နိုင္ေျခနည္းသြားပါတယ္။ဒီကိုယ္လက္လႈပ္ရွားမႈေလ႔က်င္႔ခန္းကုထံုး(Physical therapy)နဲ႔အတူ စကားေျပာေလ႔က်င္႔ခန္းကုထံုး(Speech therapy)ကိုလည္း ငယ္စဥ္ကပင္တခါတည္းေပးထားဖို႔လိုပါတယ္။ အရြယ္ေရာက္ပါကလည္း တျခားအရြယ္ေရာက္သူေတြလို ကိုယ္႔၀မ္းကိုယ္ေက်ာင္းနိုင္ဖို႔အတြက္ လုပ္တတ္ကိုင္တတ္ေအာင္ေလ႔က်င္႔ေပးျခင္းဆိုတဲ႔ Occupational thrapy ကိုလည္းျပဳလုပ္ေပးရပါမယ္။
ဒီလိုေတြလုပ္ေပးနိုင္ဖို႔အတြက္ သက္ဆိုင္ရာအဖြဲ႔အစည္း သင္တန္းေက်ာင္းေတြနဲ႔မၾကာမၾကာဆက္သြယ္ဖို႔လိုသလို သြားေရာက္သင္ၾကားဖို႔လည္းလိုပါတယ္။ဒါေတြအျပင္ ေဒါင္းကေလးမွာ မ်က္စိျပသာနာ၊အၾကားအာရံုျပသာနာ၊ေမြးရာပါနွလံုးေရာဂါ၊ေမြးရာပါအစာအိမ္နဲ႔အူလမ္းေၾကာင္းဆိုင္ရာျပသာနာ၊အယ္လ္ဇိုင္းမားေရာဂါ၊သိုင္းရြက္ေဟာ္မုန္းနည္းတဲ႔ေရာဂါ စတဲ႔ေရာဂါျပသာနာေတြတြဲပါေနတတ္တာေၾကာင္႔ေဒါင္းကေလးမ်ားကို မ်က္စိစစ္ေဆးေပးတာ၊အၾကားအာရံုစစ္ေဆးေပးတာေတြလုပ္ေပးရပါမယ္။ ႏွလံုးေရာဂါ၊ လည္ပင္းၾကီးေရာဂါႏွင့္အူလမ္းေၾကာင္း ေရာဂါမ်ားကိုလည္း အကယ္၍ လကၡဏာရွိလွ်င္ စစ္ေဆးေပးရပါမယ္။
ေဒါင္းကေလးေတြဟာ ခႏၶာကိုယ္နဲ႔ဥာဏ္ရည္ဖြံ႕ျဖိဳးမႈ ေႏွးေကြးေနာက္က်တယ္၊တျခားေရာဂါေတြတြဲပါလာနိုင္တယ္ဆိုေပမယ္႔ သင္ၾကားေလ႔က်င္႔ေပးတာေကာင္းရင္ ေစာင္႔ေရွာက္မႈေကာင္းရင္ က်န္းမာျပီး ဘြဲ႕ရပညာတတ္ေတြအထိျဖစ္နိုင္ပါတယ္။ တကယ္႔လက္ေတြ႔အျပင္ေလာကမွာလည္း ဘြဲ႔ရပညာတတ္ေဒါင္းကေလးေတြရွိေနပါတယ္။ ဒါေၾကာင္႔ အဆံုးသတ္အေနနဲ႔ ျခံဳေျပာရရင္ ေဒါင္းကေလးေမြးတိုင္း တအားစိတ္ဓါတ္က်တာ၊၀မ္းနည္းအျပစ္တင္တာေတြ ေရရွည္ျဖစ္မေနဘဲ ေမြးလာတဲ႔ေဒါင္းကေလးအတြက္ မိဘေတြအေနနဲ႔ ေအာက္ပါအခ်က္ေတြကိုလုပ္သင္႔ပါတယ္။
၁။ ေဒါင္းေရာဂါလကၡဏာစုအေၾကာင္း ေသခ်ာသိရွိေအာင္ မိဘေတြအေနနဲ႔ေသခ်ာေလ႔လာပါ။
ေဟာေျပာပြဲေတြ၊ေတြ႔ဆံုပြဲေတြတက္ေရာက္နားေထာင္ပါ။ပိုေသခ်ာသိတဲ႔အခါမွာ ပိုေကာင္းတဲ႔ေစာင္႔ေရွာက္မႈ ကေလးကိုေပးနိုင္ပါလိမ္႔မယ္။
၂။ေဟာေျပာပြဲေတြ၊ေတြ႔ဆံုပြဲေတြတက္ေရာက္ရာကေန ရင္းနွီးသိကြ်မ္းလာတဲ႔ တျခား Down Syndrome ကေလးမိသားစုေတြ၊Down Syndrome အေၾကာင္းကြ်မ္းက်င္တဲ႔ ဆရာ၀န္ေတြ၊ဆရာမေတြနဲ႔ မိမိအခက္အခဲေတြကို မၾကာမၾကာတိုင္ပင္ေဆြးေႏြးျပီး လိုတဲ႔အၾကံဥာဏ္ရယူပါ။
၃။ဥာဏ္ရည္အားနည္းေသာ ကေလးေတြကို ေလ႔က်င္႔သင္ၾကားေပးေနတဲ႔ သင္တန္းေတြ၊ေက်ာင္းေတြကို ေလ႔လာစံုစမ္းပါ။
၄။ေဒါင္းကေလးကို ပတ္၀န္းက်င္ အျပင္ေလာကနဲ႔မၾကာမၾကာထိေတြ႔ေပးပါ။
၅။ေဒါင္းကေလးကို တအားပစ္ပယ္ထားတာ သို႔မဟုတ္ တအားဂရုစိုက္လြန္းအလိုလိုက္လြန္းတာေတြ မလုပ္ပါနဲ႔။
၆။ေဒါင္းကေလးမွာတျခားေရာဂါေတြတြဲပါလာမလာ စစ္ေဆးျပီး ပါခဲ႔ပါက ေသခ်ာကုသေပးပါ။
Dr 528
(Unicode)
ဒေါင်းရောဂါအကြောင်း အပိုင်း ၂ ဒေါင်းရောဂါလက္ခဏာ(Down Syndrome) ပါတဲ့ကလေးမွေးဖွားလာရင် ဘယ်လိုစောင့်ရှောက်မှုတွေ၊ထိန်းကျောင်းမှုတွေ၊ကုသမှုတွေလုပ်ရမလဲ။
မွေးလာတဲ့ကလေးဟာ ဒေါင်းကလေးဖြစ်နေပြီဆိုရင် ကလေးရဲ့မိဘတွေအတော်များများဟာ ထိတ်လန့် ကြောက်ရွံ့ခြောက်ခြားသွားကြတာများပါတယ်။ဦးဆုံး စိတ်ပျက်မှု၊ဝမ်းနည်းမှု၊အပြစ်ရှိသည်ဟုခံစားရမှု၊အနာဂါတ်ကိုကြောက်ရွံ့မှု၊ဘာကြောင့်ငါတို့ကလေးမှ ဒေါင်းဖြစ်နေရတာလဲဆိုတဲ့ မချိတင်ကဲဖြစ်မှု၊ဒေါသဖြစ်မှု စတဲ့ခံစားချက်တွေဝင်လာတတ်ပါတယ်။နောက်ပြီး ဒီဒေါင်းကလေး ကို ပြုစုစောင့်ရှောက်နေရတာနဲ့ ဘဝမှာ ပေါ့ပေါ့ပါးပါးနေနိုင်ပါဦးမလား။မိမိအသက်ကြီးလို့အိုမင်းမစွမ်းဖြစ်နေချိန်ထိ ဒီဒေါင်းကလေးကို အသေးစိတ်စောင့်ရှောက်နေရရင် ဆိုတဲ့အတွးတွေ စိုးရိမ်သောကတွေဟာ ဒေါင်း ကလေး မွေးပြီးသည်မှ စပြီး ကလေးရဲ့မိဘတွေအပေါ်မှာ လွှမ်းမိုး ဖိစီးနေတတ်ပါတယ်။
ပုထုဇဉ်လူသားတွေရဲ့သဘာဝအတိုင်း အဆိုးတွေနဲ့ကြုံတွေ့ရတဲ့အခါ ဒါတွေကတော့ဖြစ်လေ့ရှိတာပါပဲ။ သို့သော် အချိန်အတိုင်းအတာတခုထိပဲစိတ်ညစ်ပြီး အတတ်နိုင်ဆုံးမြန်မြန်ဆန်ဆန် ဒီအခြေအနေကိုလက်ခံနိုင်အောင်ကြိုးစားပါ။လက်ခံနိုင်ပြီဆိုရင် ဒီရောဂါရဲ့အခြေအနေတွေကိုအလုံးစုံသိဖို့အတွက် ဒေါင်းရောဂါနဲ့ ဆိုင်တဲ့ ဟောပြောပွဲတွေ၊တွေ့ဆုံပွဲတွေကို တက်ရောက်ပါ။အဲ့အခါမှာ ဒေါင်းရောဂါကလေးတွေဟာ သင်ကလေးတယောက်တည်းမဟုတ်ဘဲ ဖြစ်နေတဲ့တခြားကလေးများစွာလည်းရှိကြောင်း တွေ့ရှိရမှာပါ။
ဒေါင်းကလေးကို ပြုစုစောင့်ရှောက်ရတာက သာမန်ကလေးပြုစုစောင့်ရှောက်ရတာထက် ပိုပင်ပန်းပေမယ့် တအားခက်ခက်ခဲခဲမရှိပါဘူး။ မိဘတွေအနေနဲ့ဒေါင်းကလေးကို အပြင်ခေါ်ရင် ကရိကထများမှာမို့၊ပတ်ဝန်းကျင်ကလူတွေ၊သူငယ်ချင်းတွေကိုရှက်တာမို့၊ကလေးနေရခက်မှာမို့စတဲ့ အကြောင်းပြချက်တွေနဲ့ ဒေါင်းကလေးကို အိမ်မှာပဲထားတာမျိုးလုံးဝမလုပ်ပါနဲ့။ဒေါင်းကလေးဟာ အပြင်ပတ်ဝန်းကျင်နဲ့မကြာမကြာ ထိတွေ့ဖို့လိုပါတယ်။မိမိမှာဒေါင်းကလေးအပြင်တခြားသားသမီးတွေရှိပါက ထိုသားသမီးများနဲ့အတူ ဒေါင်းကလေးကို တန်းတူဆက်ဆံပါ။ ဒေါင်းကလေးကို တအားပစ်ပယ်ထားတာမျိုးတွေ သို့မဟုတ် တအားဂရုစိုက်အလေးပေးတာမျိုးတွေမလုပ်ပါနဲ့။တအားပစ်ပယ်ထားပါက ကလေးစိတ်ထိခိုက်ပြီး ရောဂါပိုဆိုးနိုင်သလို တအားဂရုစိုက်လွန်းပါကလည်း ကလေးကမိဘများအပေါ်မှီခိုလွန်းအားကြီးကာ မည်သည့်အရာကိုမှ မသင်ယူမလေ့လာနိုင်တော့ဘဲ မိဘများမျက်ကွယ်ပြုချိန်မှာ ကလေးအတွက် တအားဒုက္ခရောက်နိုင်ပါတယ်။
ဒေါင်းကလေးတွေမှာ ကြွက်သားတွေဟာ ပျော့ပြီးအားနည်းတာကြောင့် သူတို့ရဲ့ကြွက်သားတွေဖွံ့ဖြိုးသန်မာရန်အတွက် ဒေါင်းကလေးငယ်များကိုငယ်စဉ်ကပင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကုထုံး(Physical therapy) တွေပေးထားဖို့လိုပါတယ်။ ဒီလိုလေ့ကျင့်ခန်းကုထုံးပေးထားခြင်းဖြင့် ဒေါင်းကလေးတွေမှာ ကြွက်သားတွေအားနည်းလို့ မလှုပ်ရှားနိုင်တာ၊အဝလွန်တာတွေ ဖြစ်နိုင်ခြေနည်းသွားပါတယ်။ဒီကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကုထုံး(Physical therapy)နဲ့အတူ စကားပြောလေ့ကျင့်ခန်းကုထုံး(Speech therapy)ကိုလည်း ငယ်စဉ်ကပင်တခါတည်းပေးထားဖို့လိုပါတယ်။ အရွယ်ရောက်ပါကလည်း တခြားအရွယ်ရောက်သူတွေလို ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်ဖို့အတွက် လုပ်တတ်ကိုင်တတ်အောင်လေ့ကျင့်ပေးခြင်းဆိုတဲ့ Occupational thrapy ကိုလည်းပြုလုပ်ပေးရပါမယ်။
ဒီလိုတွေလုပ်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်း သင်တန်းကျောင်းတွေနဲ့မကြာမကြာဆက်သွယ်ဖို့လိုသလို သွားရောက်သင်ကြားဖို့လည်းလိုပါတယ်။ဒါတွေအပြင် ဒေါင်းကလေးမှာ မျက်စိပြသာနာ၊အကြားအာရုံပြသာနာ၊မွေးရာပါနှလုံးရောဂါ၊မွေးရာပါအစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာပြသာနာ၊အယ်လ်ဇိုင်းမားရောဂါ၊သိုင်းရွက်ဟော်မုန်းနည်းတဲ့ရောဂါ စတဲ့ရောဂါပြသာနာတွေတွဲပါနေတတ်တာကြောင့်ဒေါင်းကလေးများကို မျက်စိစစ်ဆေးပေးတာ၊အကြားအာရုံစစ်ဆေးပေးတာတွေလုပ်ပေးရပါမယ်။ နှလုံးရောဂါ၊ လည်ပင်းကြီးရောဂါနှင့်အူလမ်းကြောင်း ရောဂါများကိုလည်း အကယ်၍ လက္ခဏာရှိလျှင် စစ်ဆေးပေးရပါမယ်။
ဒေါင်းကလေးတွေဟာ ခန္ဓာကိုယ်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးနောက်ကျတယ်၊တခြားရောဂါတွေတွဲပါလာနိုင်တယ်ဆိုပေမယ့် သင်ကြားလေ့ကျင့်ပေးတာကောင်းရင် စောင့်ရှောက်မှုကောင်းရင် ကျန်းမာပြီး ဘွဲ့ရပညာတတ်တွေအထိဖြစ်နိုင်ပါတယ်။ တကယ့်လက်တွေ့အပြင်လောကမှာလည်း ဘွဲ့ရပညာတတ်ဒေါင်းကလေးတွေရှိနေပါတယ်။ ဒါကြောင့် အဆုံးသတ်အနေနဲ့ ခြုံပြောရရင် ဒေါင်းကလေးမွေးတိုင်း တအားစိတ်ဓါတ်ကျတာ၊ဝမ်းနည်းအပြစ်တင်တာတွေ ရေရှည်ဖြစ်မနေဘဲ မွေးလာတဲ့ဒေါင်းကလေးအတွက် မိဘတွေအနေနဲ့ အောက်ပါအချက်တွေကိုလုပ်သင့်ပါတယ်။
၁။ ဒေါင်းရောဂါလက္ခဏာစုအကြောင်း သေချာသိရှိအောင် မိဘတွေအနေနဲ့သေချာလေ့လာပါ။
ဟောပြောပွဲတွေ၊တွေ့ဆုံပွဲတွေတက်ရောက်နားထောင်ပါ။ပိုသေချာသိတဲ့အခါမှာ ပိုကောင်းတဲ့စောင့်ရှောက်မှု ကလေးကိုပေးနိုင်ပါလိမ့်မယ်။
၂။ဟောပြောပွဲတွေ၊တွေ့ဆုံပွဲတွေတက်ရောက်ရာကနေ ရင်းနှီးသိကျွမ်းလာတဲ့ တခြား Down Syndrome ကလေးမိသားစုတွေ၊Down Syndrome အကြောင်းကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ဆရာမတွေနဲ့ မိမိအခက်အခဲတွေကို မကြာမကြာတိုင်ပင်ဆွေးနွေးပြီး လိုတဲ့အကြံဉာဏ်ရယူပါ။
၃။ဉာဏ်ရည်အားနည်းသော ကလေးတွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ သင်တန်းတွေ၊ကျောင်းတွေကို လေ့လာစုံစမ်းပါ။
၄။ဒေါင်းကလေးကို ပတ်ဝန်းကျင် အပြင်လောကနဲ့မကြာမကြာထိတွေ့ပေးပါ။
၅။ဒေါင်းကလေးကို တအားပစ်ပယ်ထားတာ သို့မဟုတ် တအားဂရုစိုက်လွန်းအလိုလိုက်လွန်းတာတွေ မလုပ်ပါနဲ့။
၆။ဒေါင်းကလေးမှာတခြားရောဂါတွေတွဲပါလာမလာ စစ်ဆေးပြီး ပါခဲ့ပါက သေချာကုသပေးပါ။
Dr 528