မွေးကင်းစကလေး ခေါင်းရိတ်ရင် ဘာဖြစ်တတ်လဲ

ေမြးကင္းစကေလး ေခါင္းရိတ္ရင္ ဘာျဖစ္တတ္လဲ

 

ေမြးကင္းစကေလးေတြမွာ ေမြးဆံပင္ဆိုတာပါလာေလ႔ရွိပါတယ္။

မိဘေတြအေတာ္မ်ားမ်ားက ကေလးေမြးကတည္းကပါလာတဲ႔ အဲ႔ေမြးဆံပင္ကို ညွပ္ေပးတာ ေခါင္းတံုးရိတ္ေပးတာေတြလုပ္ မွ ကေလးဆံပင္သန္မယ္ ဆံပင္ထူမယ္ဆိုျပီး ကေလး၁လ သို႔မဟုတ္ ၂လေလာက္မွာ ေခါင္းတံုးရိတ္တာ ဆံပင္ညွပ္တာေတြလုပ္ေလ႔ရွိပါတယ္။

အခ်ိဳ႕ေတြ(ဥပမာတရုတ္လူမ်ိဳး၊ကုလားလူမ်ိဳးေတြ)မွာက်ေတာ႔လည္း ရိုးရာဓေလ႔အရ ရိတ္ရတာမ်ိဳးေတြရွိပါတယ္။

တတ္သိနားလည္တဲ႔ေဆးဘက္ဆိုင္ရာပညာရွင္မ်ားကေတာ႔ ေမြးကင္းစအရြယ္ ၁လ၂လအရြယ္ကေလးငယ္ေလးေတြကို ေခါင္းတံုးမရိတ္သင္႔ ဆံပင္ညွပ္မေပးသင္႔ဘူး လို႔ ဆိုထားပါတယ္။

ဆံပင္ဆိုတာဟာဦးေရျပားေအာက္မွာရွိတဲ႔ ေမႊးညွင္းအိတ္(Hair follicles)ေလးေတြကေပါက္လာတာျဖစ္ပါတယ္။

ထိုေမႊးညွင္းအိတ္အေရအတြက္ေလးေတြမ်ားရင္ ဆံပင္အံုထူ ျပီး နည္းရင္ ဆံပင္အံုပါးတာ ျဖစ္နိုင္ပါတယ္။

ထိုေမႊးညွင္းအိတ္အေရအတြက္မ်ားျခင္း နည္းျခင္းကလည္း ကေလးရဲ႕မ်ိဳးရိုးဗီဇ(Gene) နဲ႔ပဲဆိုင္ပါတယ္။

ဆံပင္သန္ျခင္း မသန္ျခင္းကေတာ႔ အစာအာဟာရလံုေလာက္ေကာင္းမြန္စြာရမရနဲ႔လည္းဆိုင္ပါတယ္။

ေခါင္းတံုးရိတ္ျခင္းဟာ ဦးေရျပားေပၚမွာရွိတဲ႔ဆံပင္ကိုရိတ္တာျဖစ္ျပီး ဆံပင္ရဲ႕မူလအရင္းအျမစ္ျဖစ္တဲ႔ Hair follicles ေတြအေပၚဘာသက္ေရာက္မႈမွ မရွိတာေၾကာင္႔  ေခါင္းတံုးရိတ္ျခင္း၊ဆံပင္ညွပ္ျခင္းဟာ ဆံပင္ထူတာ၊ဆံပင္သန္တာအေပၚ ဘယ္လိုမွ အက်ိဳးမသက္ေရာက္နိုင္ေၾကာင္း

ေနာက္ျပီး ကေလးရဲ႕ေမြးဆံပင္ေလးေတြဟာ ကေလးအသက္ေလးလေလာက္က် သူ႔ဘာသာသူကြ်တ္ျပီး ဆံပင္အသစ္ေတြေပါက္တာျဖစ္တဲ႔အတြက္ ကေလးအသက္၁လ ၂လေလာက္မွာ ေခါင္းတံုးရိတ္ေပးဖို႔မလိုေၾကာင္း ပညာရွင္မ်ားကရွင္းျပထားပါတယ္။

ဒါ႔အျပင္ ကေလးငယ္ငယ္ေလးေတြကို ေခါင္းတံုးရိတ္ေပးျခင္းျဖင္႔ရနိုင္တဲ႔ဆိုးက်ိဳးေတြကိုလည္း သတိေပးေျပာထားပါတယ္။

ကေလးငယ္ေလးေတြရဲ႕ဦးေခါင္းခြံဟာ အျပည္႔မဆက္ေသးတဲ႔အတြက္ ငယ္ထိပ္မွာ လႈပ္ေနတဲ႔ေနရာေလးတခုရွိပါတယ္။

ကေလးေတြရဲ႕ ဦးေရျပားဟာပါးတဲ႔အျပင္ အဲ႔လႈပ္ေနတဲ႔ေနရာေလးရွိတဲ႔အတြက္ ကေလးကိုေခါင္းရိတ္တဲ႔အခါ ထိခိုက္ရွနာျဖစ္လြယ္ပါတယ္။

ထိုထိခိုက္ရွနာ ဒဏ္ရာမွတဆင္႔ ပိုး၀င္တတ္ပါတယ္။ကေလးငယ္ေလးေတြဟာ ကိုယ္ခံအားသိပ္မေကာင္းတဲ႔အတြက္ ၀င္လာတဲ႔ပိုးကို မတိုက္ထုတ္နိုင္တဲ႔အခါ အသက္အႏၱရာယ္စိုးရိမ္ရတဲ႔ထိပါျဖစ္တတ္ပါတယ္။

ေခါင္းရိတ္ျခင္းျဖင္႔ကေလးငယ္ေလးေတြဟာ အေအးပိုမိလြယ္တတ္ပါတယ္။

ဒါေၾကာင္႔အဆံုးသတ္အေနနဲ႔အၾကံေပးရရင္ ေမြးကင္းစကေလးငယ္ေတြကို ေခါင္းတံုးရိတ္တာ ဆံပင္ညွပ္ေပးတာဟာ အႏၱရာယ္မ်ားျပီး အက်ိဳးေက်းဇူးလည္းမရွိတဲ႔အတြက္ မိဘေတြအေနနဲ႔ အရပ္စကားနားေယာင္ျပီး မလုပ္မိဖို႔၊တကယ္ ဆံပင္သန္ခ်င္တယ္ဆိုရင္ နို႔မ်ားမ်ားတိုက္ဖို႔၊ အစာအာဟာရ ေကာင္းေကာင္းေကြ်းဖို႔ ေျပာခ်င္ပါတယ္။

Dr 528

Unicode Version

မွေးကင်းစကလေး ခေါင်းရိတ်ရင် ဘာဖြစ်တတ်လဲ

မွေးကင်းစကလေးတွေမှာ မွေးဆံပင်ဆိုတာပါလာလေ့ရှိပါတယ်။

မိဘတွေအတော်များများက ကလေးမွေးကတည်းကပါလာတဲ့ အဲ့မွေးဆံပင်ကို ညှပ်ပေးတာ ခေါင်းတုံးရိတ်ပေးတာတွေလုပ် မှ ကလေးဆံပင်သန်မယ် ဆံပင်ထူမယ်ဆိုပြီး ကလေး၁လ သို့မဟုတ် ၂လလောက်မှာ ခေါင်းတုံးရိတ်တာ ဆံပင်ညှပ်တာတွေလုပ်လေ့ရှိပါတယ်။

အချို့တွေ(ဥပမာတရုတ်လူမျိုး၊ကုလားလူမျိုးတွေ)မှာကျတော့လည်း ရိုးရာဓလေ့အရ ရိတ်ရတာမျိုးတွေရှိပါတယ်။

တတ်သိနားလည်တဲ့ဆေးဘက်ဆိုင်ရာပညာရှင်များကတော့ မွေးကင်းစအရွယ် ၁လ၂လအရွယ်ကလေးငယ်လေးတွေကို ခေါင်းတုံးမရိတ်သင့် ဆံပင်ညှပ်မပေးသင့်ဘူး လို့ ဆိုထားပါတယ်။

ဆံပင်ဆိုတာဟာဦးရေပြားအောက်မှာရှိတဲ့ မွှေးညှင်းအိတ်(Hair follicles)လေးတွေကပေါက်လာတာဖြစ်ပါတယ်။

ထိုမွှေးညှင်းအိတ်အရေအတွက်လေးတွေများရင် ဆံပင်အုံထူ ပြီး နည်းရင် ဆံပင်အုံပါးတာ ဖြစ်နိုင်ပါတယ်။

ထိုမွှေးညှင်းအိတ်အရေအတွက်များခြင်း နည်းခြင်းကလည်း ကလေးရဲ့မျိုးရိုးဗီဇ(Gene) နဲ့ပဲဆိုင်ပါတယ်။

ဆံပင်သန်ခြင်း မသန်ခြင်းကတော့ အစာအာဟာရလုံလောက်ကောင်းမွန်စွာရမရနဲ့လည်းဆိုင်ပါတယ်။

ခေါင်းတုံးရိတ်ခြင်းဟာ ဦးရေပြားပေါ်မှာရှိတဲ့ဆံပင်ကိုရိတ်တာဖြစ်ပြီး ဆံပင်ရဲ့မူလအရင်းအမြစ်ဖြစ်တဲ့ Hair follicles တွေအပေါ်ဘာသက်ရောက်မှုမှ မရှိတာကြောင့်  ခေါင်းတုံးရိတ်ခြင်း၊ဆံပင်ညှပ်ခြင်းဟာ ဆံပင်ထူတာ၊ဆံပင်သန်တာအပေါ် ဘယ်လိုမှ အကျိုးမသက်ရောက်နိုင်ကြောင်း

နောက်ပြီး ကလေးရဲ့မွေးဆံပင်လေးတွေဟာ ကလေးအသက်လေးလလောက်ကျ သူ့ဘာသာသူကျွတ်ပြီး ဆံပင်အသစ်တွေပေါက်တာဖြစ်တဲ့အတွက် ကလေးအသက်၁လ ၂လလောက်မှာ ခေါင်းတုံးရိတ်ပေးဖို့မလိုကြောင်း ပညာရှင်များကရှင်းပြထားပါတယ်။

ဒါ့အပြင် ကလေးငယ်ငယ်လေးတွေကို ခေါင်းတုံးရိတ်ပေးခြင်းဖြင့်ရနိုင်တဲ့ဆိုးကျိုးတွေကိုလည်း သတိပေးပြောထားပါတယ်။

ကလေးငယ်လေးတွေရဲ့ဦးခေါင်းခွံဟာ အပြည့်မဆက်သေးတဲ့အတွက် ငယ်ထိပ်မှာ လှုပ်နေတဲ့နေရာလေးတခုရှိပါတယ်။

ကလေးတွေရဲ့ ဦးရေပြားဟာပါးတဲ့အပြင် အဲ့လှုပ်နေတဲ့နေရာလေးရှိတဲ့အတွက် ကလေးကိုခေါင်းရိတ်တဲ့အခါ ထိခိုက်ရှနာဖြစ်လွယ်ပါတယ်။

ထိုထိခိုက်ရှနာ ဒဏ်ရာမှတဆင့် ပိုးဝင်တတ်ပါတယ်။ကလေးငယ်လေးတွေဟာ ကိုယ်ခံအားသိပ်မကောင်းတဲ့အတွက် ဝင်လာတဲ့ပိုးကို မတိုက်ထုတ်နိုင်တဲ့အခါ အသက်အန္တရာယ်စိုးရိမ်ရတဲ့ထိပါဖြစ်တတ်ပါတယ်။

ခေါင်းရိတ်ခြင်းဖြင့်ကလေးငယ်လေးတွေဟာ အအေးပိုမိလွယ်တတ်ပါတယ်။

ဒါကြောင့်အဆုံးသတ်အနေနဲ့အကြံပေးရရင် မွေးကင်းစကလေးငယ်တွေကို ခေါင်းတုံးရိတ်တာ ဆံပင်ညှပ်ပေးတာဟာ အန္တရာယ်များပြီး အကျိုးကျေးဇူးလည်းမရှိတဲ့အတွက် မိဘတွေအနေနဲ့ အရပ်စကားနားယောင်ပြီး မလုပ်မိဖို့၊တကယ် ဆံပင်သန်ချင်တယ်ဆိုရင် နို့များများတိုက်ဖို့၊ အစာအာဟာရ ကောင်းကောင်းကျွေးဖို့ ပြောချင်ပါတယ်။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image