ကလေးတွေမှာ မက်ကလောင်ဖောက်တာ ဘယ်လောက်ဆိုးသလဲ

ကေလးေတြမွာ မက္ကေလာင္ေဖာက္တာ ဘယ္ေလာက္ဆိုုးသလဲ

မက္ကေလာင္ေဖာက္တယ္ဆိုတဲ႔ အေလ့အက်င့္ဟာ အခုခ်ိန္အထိ တစ္ခ်ို့ေသာေနရာေဒသေတြမွာ က်င့္သံုးေနဆဲပါ ျမို့ျကီးျပျကီးေတြမွာေနလည္း ဓေလ့ထံုးစံအျဖစ္ လုပ္ေနျကစျမဲပါ ။မက္ကေလာင္ ေဖာက္တယ္ဆိုတာ ဘာလဲ ။အဖ်ားအရမ္းျကီးတဲ႔အခါျဖစ္ေစ အဖ်ားရက္တာရွည္ေနတာျဖစ္ေစေတြမွာ လက္ထိပ္ကေသြးကို ေဖာက္ထုတ္တာကို မက္ကေလာင္ ေဖာက္တယ္လို့ ေခၚပါတယ္ ဒီလိုေဖာက္ျခင္းအားျဖင့္ အဖ်ားျပန္က်တယ္ဆိုတဲ႔ ဓေလ့အယူတစ္မ်ိုးပါ ။
မက္ကေလာင္ ေဖာက္တဲ႔အခါ အေရာင္မည္းညစ္တဲ႔ ေသြးေတြထြက္တာေျကာင့္ မေကာင္းတဲ႔ ေသြးေတြထြက္သြားရင္ အဖ်ားက်မယ္ ေနေကာင္းမယ္ဆိုတဲ႔ အယူအဆနဲ႔ လုပ္တတ္ျကပါတယ္ ။မက္ကေလာင္ေဖာက္တာက အဖ်ားျကီးတဲ့ ကေလး လူျကီးတိုင္းလုပ္တတ္ျကေပမယ့္ ကေလးေတြမွာ ပိုျပီးေတြ႔ရတတ္ပါတယ္ ကေလးေတြ အဖ်ားျကီးတဲ႔အခါမွာ ေဆးတိုက္ရခက္တာကတစ္ေျကာင္း ေရပတ္တိုက္ရခက္တာကတစ္ေျကာင္း အစာအရည္ ေက်ြးရခက္တာကတစ္ေျကာင္း စတဲ႔ အေျကာင္းအမ်ိုးမ်ိုးေတြေျကာင့္ အဖ်ားအလြယ္တကူျပန္မက်တဲ႔အခါ မက္ကေလာင္ ေဖာက္တတ္ျကပါတယ္ ။
မက္ကေလာင္ေဖာက္တဲ႔အခါ အဖ်ားကေတာ့အစပိုင္းမွာ က်ေကာင္းက်နိုင္ပါတယ္ ဘာေျကာင့္ျဖစ္ရတာလဲကို ခန့္မွန္းျကည့္ရင္ အဖ်ားျဖစ္ဖို့ လိုအပ္တဲ႔ Prostaglandin E2 ကေသြးထဲကေန အျပင္ကို ထြက္သြားတာေျကာင့္လည္း ပါပါတယ္ ဒီလိုလုပ္တာက ခဏပဲ အဖ်ားက်နိုင္တာမ်ိုးပါ ကိုယ္ခႏၶာထဲမွာ ရွိေနတဲ႔ ေရာဂါပိုးမကုန္သေရြ႔ေတာ့ အဖ်ားက ျပန္တက္ေနဦးမွာပါ မက္ကေလာင္ေဖာက္လည္းေနာက္တစ္ခါ အပူထပ္ျကီးနိုင္ပါေသးတယ္ ။မက္ကေလာင္ေဖာက္တဲ႕အခါ ေသြးမည္းမည္းျကီးေတြထြက္ရတဲ႔ အေျကာင္းကလည္း ေသြးကိုေဖာက္မထုတ္ခင္မွာ လက္ထိပ္ေတြကို ျကိုးနဲ႔စည္းတာေတြညွစ္ထားတာေတြေျကာင့္ ေသြးမေဖာက္ခင္တည္းက ေသြးထဲမွာပါတဲ႔ ေသြးနီဥေတြ ေသြးဥမႊားေတြ ျပိုကြဲ ပ်က္စီးသြားလို့ပါ မေကာင္းတဲ႔ေသြးေတြမဟုတ္ပါဘူး ။
ကေလးေတြမွာ အဖ်ားဝင္လာရင္ ပထမဆံုးအိမ္မွာပဲ ျပုစုေစာင့္ေရွာက္ျကတယ္ ေရပတ္တိုက္တာေတြ အဖ်ားက်ေဆးေပးတာေတြ လုပ္ျကတယ္ ဒါမွအဖ်ားမက်ေသးရင္ မက္ကေလာင္ေဖာက္တတ္ျကတယ္ မက္ကေလာင္ေဖာက္ျပီး အဖ်ားမက်မွ ေဆးရံုေဆးခန္းေရာက္လာတတ္ျကတယ္ ။
မက္ကေလာင္ေဖာက္ျပီး အဖ်ားမက်တဲ့အခါက်မွ ေဆးရံုေဆးခန္းေရာက္ရင္ လူျကီးေတြေပးတဲ႔ ဆင္ေျခတစ္ခုကေတာ့ အပ္ကို မီးကင္ျပီးမွ ေဖာက္တာပါဆိုတာပါ အပ္ကိုမီးကင္တာက ေမးခိုင္ပိုးကို ကာကြယ္ခ်င္လို့ပါ ဒါေတာင္ တစ္ခ်ို့ ေတြ အပ္ကို မီးကင္ဖို့ ေမ့ေလ်ာ့ေနတတ္ျကပါတယ္ ။မက္ကေလာင္ေဖာက္တဲ႔ အခါ အပ္ပဲမီးကင္ျပီး မေဖာက္ခင္မွာ လက္ထိပ္ကိုအရက္ျပန္မသုတ္ရင္ျဖစ္ေစ ေဖာက္ျပီးေနရာေတြကို အရက္ျပန္တို့ sepatine အနာသန့္ေဆးျဖစ္ေစမထည့္ဘဲ ဒီအတိုင္းထားလိုက္တာေတြက ေနာက္ထပ္ ေရာဂါပိုးေတြကို လက္ယပ္ေခၚေနသလိုပါပဲ ။
မက္ကေလာင္ေဖာက္ထားတဲ႔ အရွိန္ေျကာင့္ လက္ထိပ္ေတြမွာ နာတာေတြ တင္းတာေတြ ပိုျဖစ္လာတတ္ပါတယ္ အပ္ထိုးထားတဲ႔ေနရာေတြကိုလည္း ဘာေဆးမွမထည့္ ပလာစတာဘာမွကပ္မထားဘဲ အလြတ္ထားတာေျကာင့္လည္း တစ္ျခားေသာေရာဂါပိုးေတြ ထပ္ျဖစ္နိုင္ပါတယ္ ပထမျဖစ္တာက သက္သာျပီး မက္ကေလာင္ေဖာက္လိုက္တာေတြကေနတစ္ဆင့္ ထပ္ဖ်ားတတ္ပါတယ္ ။အထူးသျဖင့္ ေသြးလြန္တုပ္ေကြးေတြမွာ မက္ကေလာင္ေဖာက္လာတတ္ျကတယ္ ေရာဂါရဲ႔ ပံုစံကိုကတစ္ပတ္ေလာက္ေတာ့အဖ်ားတက္မွာပါ မက္ကေလာင္ေဖာက္လို့ အဖ်ားမသက္သာပါဘူး ။အဖ်ားျကီးတာအဖ်ားတာရွည္တာေတြမွာ ေရာဂါပိုးကို ေသခ်ာကုနိုင္ရင္ အဖ်ားက်ပါတယ္ မက္ကေလာက္ေဖာက္ဖို့မလိုပါဘူး မက္ကေလာင္ေဖာက္ျခင္းက ကေလးေတြအတြက္ နာက်င္ေစတာအျပင္ အဆိုးဆံုးေသြးဆိပ္တက္တာအထိ ျဖစ္နိုင္တယ္ဆိုတာကို လူျကီးမိဘေတြ သတိမူေစခ်င္ပါတယ္ ။

Dr. CST

Unicode Version

ကလေးတွေမှာ မက်ကလောင်ဖောက်တာ ဘယ်လောက်ဆိုးသလဲ

မက်ကလောင်ဖောက်တယ်ဆိုတဲ့ အလေ့အကျင့်ဟာ အခုချိန်အထိ တစ်ချို့သောနေရာဒေသတွေမှာ ကျင့်သုံးနေဆဲပါ မြို့ကြီးပြကြီးတွေမှာနေလည်း ဓလေ့ထုံးစံအဖြစ် လုပ်နေကြစမြဲပါ ။မက်ကလောင် ဖောက်တယ်ဆိုတာ ဘာလဲ ။အဖျားအရမ်းကြီးတဲ့အခါဖြစ်စေ အဖျားရက်တာရှည်နေတာဖြစ်စေတွေမှာ လက်ထိပ်ကသွေးကို ဖောက်ထုတ်တာကို မက်ကလောင် ဖောက်တယ်လို့ ခေါ်ပါတယ် ဒီလိုဖောက်ခြင်းအားဖြင့် အဖျားပြန်ကျတယ်ဆိုတဲ့ ဓလေ့အယူတစ်မျိုးပါ ။
မက်ကလောင် ဖောက်တဲ့အခါ အရောင်မည်းညစ်တဲ့ သွေးတွေထွက်တာကြောင့် မကောင်းတဲ့ သွေးတွေထွက်သွားရင် အဖျားကျမယ် နေကောင်းမယ်ဆိုတဲ့ အယူအဆနဲ့ လုပ်တတ်ကြပါတယ် ။မက်ကလောင်ဖောက်တာက အဖျားကြီးတဲ့ ကလေး လူကြီးတိုင်းလုပ်တတ်ကြပေမယ့် ကလေးတွေမှာ ပိုပြီးတွေ့ရတတ်ပါတယ် ကလေးတွေ အဖျားကြီးတဲ့အခါမှာ ဆေးတိုက်ရခက်တာကတစ်ကြောင်း ရေပတ်တိုက်ရခက်တာကတစ်ကြောင်း အစာအရည် ကျွေးရခက်တာကတစ်ကြောင်း စတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် အဖျားအလွယ်တကူပြန်မကျတဲ့အခါ မက်ကလောင် ဖောက်တတ်ကြပါတယ် ။
မက်ကလောင်ဖောက်တဲ့အခါ အဖျားကတော့အစပိုင်းမှာ ကျကောင်းကျနိုင်ပါတယ် ဘာကြောင့်ဖြစ်ရတာလဲကို ခန့်မှန်းကြည့်ရင် အဖျားဖြစ်ဖို့ လိုအပ်တဲ့ Prostaglandin E2 ကသွေးထဲကနေ အပြင်ကို ထွက်သွားတာကြောင့်လည်း ပါပါတယ် ဒီလိုလုပ်တာက ခဏပဲ အဖျားကျနိုင်တာမျိုးပါ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ရောဂါပိုးမကုန်သရွေ့တော့ အဖျားက ပြန်တက်နေဦးမှာပါ မက်ကလောင်ဖောက်လည်းနောက်တစ်ခါ အပူထပ်ကြီးနိုင်ပါသေးတယ် ။မက်ကလောင်ဖောက်တဲ့အခါ သွေးမည်းမည်းကြီးတွေထွက်ရတဲ့ အကြောင်းကလည်း သွေးကိုဖောက်မထုတ်ခင်မှာ လက်ထိပ်တွေကို ကြိုးနဲ့စည်းတာတွေညှစ်ထားတာတွေကြောင့် သွေးမဖောက်ခင်တည်းက သွေးထဲမှာပါတဲ့ သွေးနီဥတွေ သွေးဥမွှားတွေ ပြိုကွဲ ပျက်စီးသွားလို့ပါ မကောင်းတဲ့သွေးတွေမဟုတ်ပါဘူး ။
ကလေးတွေမှာ အဖျားဝင်လာရင် ပထမဆုံးအိမ်မှာပဲ ပြုစုစောင့်ရှောက်ကြတယ် ရေပတ်တိုက်တာတွေ အဖျားကျဆေးပေးတာတွေ လုပ်ကြတယ် ဒါမှအဖျားမကျသေးရင် မက်ကလောင်ဖောက်တတ်ကြတယ် မက်ကလောင်ဖောက်ပြီး အဖျားမကျမှ ဆေးရုံဆေးခန်းရောက်လာတတ်ကြတယ် ။
မက်ကလောင်ဖောက်ပြီး အဖျားမကျတဲ့အခါကျမှ ဆေးရုံဆေးခန်းရောက်ရင် လူကြီးတွေပေးတဲ့ ဆင်ခြေတစ်ခုကတော့ အပ်ကို မီးကင်ပြီးမှ ဖောက်တာပါဆိုတာပါ အပ်ကိုမီးကင်တာက မေးခိုင်ပိုးကို ကာကွယ်ချင်လို့ပါ ဒါတောင် တစ်ချို့ တွေ အပ်ကို မီးကင်ဖို့ မေ့လျော့နေတတ်ကြပါတယ် ။
မက်ကလောင်ဖောက်တဲ့ အခါ အပ်ပဲမီးကင်ပြီး မဖောက်ခင်မှာ လက်ထိပ်ကိုအရက်ပြန်မသုတ်ရင်ဖြစ်စေ ဖောက်ပြီးနေရာတွေကို အရက်ပြန်တို့ sepatine အနာသန့်ဆေးဖြစ်စေမထည့်ဘဲ ဒီအတိုင်းထားလိုက်တာတွေက နောက်ထပ် ရောဂါပိုးတွေကို လက်ယပ်ခေါ်နေသလိုပါပဲ ။
မက်ကလောင်ဖောက်ထားတဲ့ အရှိန်ကြောင့် လက်ထိပ်တွေမှာ နာတာတွေ တင်းတာတွေ ပိုဖြစ်လာတတ်ပါတယ် အပ်ထိုးထားတဲ့နေရာတွေကိုလည်း ဘာဆေးမှမထည့် ပလာစတာဘာမှကပ်မထားဘဲ အလွတ်ထားတာကြောင့်လည်း တစ်ခြားသောရောဂါပိုးတွေ ထပ်ဖြစ်နိုင်ပါတယ် ပထမဖြစ်တာက သက်သာပြီး မက်ကလောင်ဖောက်လိုက်တာတွေကနေတစ်ဆင့် ထပ်ဖျားတတ်ပါတယ် ။အထူးသဖြင့် သွေးလွန်တုပ်ကွေးတွေမှာ မက်ကလောင်ဖောက်လာတတ်ကြတယ် ရောဂါရဲ့ ပုံစံကိုကတစ်ပတ်လောက်တော့အဖျားတက်မှာပါ မက်ကလောင်ဖောက်လို့ အဖျားမသက်သာပါဘူး ။အဖျားကြီးတာအဖျားတာရှည်တာတွေမှာ ရောဂါပိုးကို သေချာကုနိုင်ရင် အဖျားကျပါတယ် မက်ကလောက်ဖောက်ဖို့မလိုပါဘူး မက်ကလောင်ဖောက်ခြင်းက ကလေးတွေအတွက် နာကျင်စေတာအပြင် အဆိုးဆုံးသွေးဆိပ်တက်တာအထိ ဖြစ်နိုင်တယ်ဆိုတာကို လူကြီးမိဘတွေ သတိမူစေချင်ပါတယ် ။

Dr. CST

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image