ကလေးနို့ဖြတ်ခြင်းအနုပညာ

ကေလးနိုု႔ျဖတ္ျခင္းအနုုပညာ

ေမြးစကေန ေျခာက္လထိ ကို မိခင္နို႔တမ်ိဳးပဲတိုက္ရမယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ၾကီးကေျပာထားပါတယ္။

သို႔ေသာ္ ကေလးဘယ္အရြယ္မွာ နို႔ျဖတ္ရမယ္ဆိုတာကိုေတာ႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ၾကီးအပါအ၀င္ ဘယ္က်န္းမာေရးအဖြဲ႕ကမွ အတိအက် သတ္မွတ္ထုတ္ျပန္ေျပာၾကားထားတာမရွိပါဘူး။

ဘာလို႔လဲဆိုေတာ႔ ကေလးဘယ္အရြယ္မွာနို႔ျဖတ္မလဲဆိုတာဟာ မိခင္တေယာက္စီရဲ႕အခက္အခဲ၊အေျခအေန၊သေဘာထား နဲ႔ ကေလးရဲ႕နို႔ဆက္စို႔ခ်င္စိတ္ရွိမရွိစတဲ႔ အခ်က္ေတြေပၚမူတည္လို႔ပါ။

ေျခာက္လျပည္႔လို႔ ျဖည္႔စြက္စာစေကြ်းတဲ႔အခ်ိန္ကစျပီး တခ်ိဳ႕ကေလးေတြဟာ မိခင္နို႔ရည္ေသာက္စို႔ရတာကို ျငီးေငြ႔လာကာ တျခားအစားစာ(Solid foods)ေတြရဲ႕အရသာကိုသိလာျပီး ပိုၾကိဳက္တတ္လာၾကပါတယ္။

အဲ႔အခါမွာ ကေလးတခ်ိဳ႕ဟာ တနွစ္မျပည္႔ခင္ ၇လ ၈လ ေလာက္နဲ႔ သူ႔အလိုလိုမိခင္နို႔ျပတ္သြားတတ္ပါတယ္။

တခ်ိဳ႕ကေလးေတြက် လမ္းစေလွ်ာက္တတ္တဲ႔ တနွစ္အရြယ္ေရာက္တဲ႔အခါ မိခင္နို႔ကိုအၾကာၾကီးထိုင္စို႔ လွဲစို႔ေနရတာမ်ိဳးထက္ ေလွ်ာက္သြားေနရတာကို ပိုၾကိဳက္နွစ္သက္ေလ႔ရွိပါတယ္။

အဲ႔အခါမွာ နို႔စို႔တာကိုသိပ္အာရံုမလာေတာ႔ဘဲ သူ႔အလိုလိုနို႔ျပတ္သြားေလ႔ရွိပါတယ္။

ကေလးငယ္ေတြဟာ မိခင္နို႔မစို႔ခ်င္ေတာ႔ဘူးဆိုပါက နို႔တိုက္ခ်ိန္မွာဂ်ီက်တာ၊စိတ္မရွည္တာမ်ိဳးေတြ နဲ႔ျပတတ္ပါတယ္။

ကေလးနို႔ျဖတ္ရတာဟာ အခုေဖာ္ျပခဲ႔သလို ကေလးကသူ႔ဘာသာသူမစို႔ေတာ႔ဘူးဆိုရင္(ကေလးဘက္ကစျဖတ္ရင္) မိခင္ေတြအတြက္ အခက္အခဲမရွိအရမ္းအဆင္ေျပပါတယ္။

ဒါေပမယ္႔ တခ်ိဳ႕မိခင္ေတြအေနနဲ႔က် ခြင္႔ရက္ျပည္႔လို႔ လုပ္ငန္းခြင္ျပန္၀င္ရမွာမို႔၊အလုပ္ကလည္းအေ၀းသြားလုပ္ရမွာမို႔စတဲ႔အေျခအေနအခက္အခဲေတြေၾကာင္႔ ကေလးက နို႔ဆက္စို႔ခ်င္ေပမယ္႔လည္း မိခင္ဘက္ကစျပီး နို႔ျဖတ္ရတာမ်ိဳးရွိပါတယ္။

အဲ႔သလို မိခင္ဘက္စျပီး နို႔ျဖတ္တဲ႔အခါမ်ိဳးမွာ သတိထားရမွာတခုက ရုတ္တရက္တိခနဲနို႔ျဖတ္တာမ်ိဳးမလုပ္ဖို႔ပါ။

နို႔တိုက္ခ်ိန္မွာကေလးနို႔ေတာင္းေနေသာ္လည္းနို႔လံုး၀မတိုက္တာ၊ကေလးနဲ႔မေတြ႔ေအာင္ေရွာင္ေနတာေတြလိုမ်ိဳး ရုတ္တရက္တိခနဲနို႔ျဖတ္တာေတြလုပ္ပါက သင္႔အေနနဲ႔နို႔ေခ်ာင္းပိတ္ျပီး ရင္သားတင္းတာ၊ပိုး၀င္တာ၊ရင္သားအၾကိတ္ျဖစ္တာ၊စိတ္ဓါတ္က်တာေတြျဖစ္နိုင္သလို သင္႔ကေလးမွာလည္းစိတ္ဒဏ္ရာရသြားနိုင္ပါတယ္။

ဒါေၾကာင္႔ ကေလးကို မိခင္ဘက္ကစျပီးနို႔ျဖတ္မယ္ဆိုရင္

ရုတ္တရက္တိခနဲနို႔ျဖတ္တာမ်ိဳးမလုပ္ပါနဲ႔။

နို႔တိုက္တဲ႔အၾကိမ္အေရအတြက္ကိုျဖည္းျဖည္းခ်င္းေလွ်ာ႔ပါ။(အရင္ကတေန႔၈ၾကိမ္တိုက္တယ္ဆိုရင္ ၇ၾကိမ္ ပဲတိုက္ပါ။ေနာက္ပိုင္းက် ၇ၾကိမ္ကေန ၆ၾကိမ္၊၆ၾကိမ္ကေန၅ၾကိမ္ စသျဖင္႔ ျဖည္းျဖည္းခ်င္းေလွ်ာ႔တိုက္သြားပါ။)

နို႔တိုက္တဲ႔ၾကာခ်ိန္ကို ေလွ်ာ႔ပါ။(အရင္က မိနစ္၂၀ၾကာတယ္ဆိုရင္ ခုဆယ္မိနစ္ေလာက္ပဲတိုက္ပါ။အဲ႔ကေနတျဖည္းျဖည္းခ်င္းထပ္ေလွ်ာ႔သြားပါ။)

ေနာက္ဆံုးအေနနဲ႔အၾကံေပးခ်င္တာကေတာ႔ မိခင္ဘက္စျပီးနို႔ျဖတ္ပါက ကေလးဟာ နို႔ျဖတ္ျခင္းနဲ႔အသားက်ရန္အတြက္ ရက္သတၱပတ္ေပါင္းမ်ားစြာၾကာေအာင္၊လခ်ီၾကာေအာင္ အခ်ိန္ယူရနိုင္ပါတယ္။

အဲ႔အတြက္ တနွစ္အရြယ္မွာနို႔ျဖတ္မယ္လို႔မိမိကစဥ္းစားထားတယ္ဆိုရင္ ၉လ ၁၀လအရြယ္ေလာက္ကတည္းက နို႔တိုက္တဲ႔အၾကိမ္ေရနဲ႔ ၾကာခ်ိန္ကို တျဖည္းျဖည္းစေလွ်ာ႔ကာ ျဖည္႔စြက္စာေတြကိုမ်ားမ်ားနဲ႔စံုေအာင္ေကြ်းတာေတြကို လုပ္ဖို႔လိုပါတယ္။

တနွစ္ျပည္႔မွ တိခနဲရုတ္တရက္ျဖတ္တာမ်ိဳးကိုေရွာင္ပါ။

Dr 528

Unicode Version

ကလေးနို့ဖြတ်ခြင်းအနုပညာ

မွေးစကနေ ခြောက်လထိ ကို မိခင်နို့တမျိုးပဲတိုက်ရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပြောထားပါတယ်။

သို့သော် ကလေးဘယ်အရွယ်မှာ နို့ဖြတ်ရမယ်ဆိုတာကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအပါအဝင် ဘယ်ကျန်းမာရေးအဖွဲ့ကမှ အတိအကျ သတ်မှတ်ထုတ်ပြန်ပြောကြားထားတာမရှိပါဘူး။

ဘာလို့လဲဆိုတော့ ကလေးဘယ်အရွယ်မှာနို့ဖြတ်မလဲဆိုတာဟာ မိခင်တယောက်စီရဲ့အခက်အခဲ၊အခြေအနေ၊သဘောထား နဲ့ ကလေးရဲ့နို့ဆက်စို့ချင်စိတ်ရှိမရှိစတဲ့ အချက်တွေပေါ်မူတည်လို့ပါ။

ခြောက်လပြည့်လို့ ဖြည့်စွက်စာစကျွေးတဲ့အချိန်ကစပြီး တချို့ကလေးတွေဟာ မိခင်နို့ရည်သောက်စို့ရတာကို ငြီးငွေ့လာကာ တခြားအစားစာ(Solid foods)တွေရဲ့အရသာကိုသိလာပြီး ပိုကြိုက်တတ်လာကြပါတယ်။

အဲ့အခါမှာ ကလေးတချို့ဟာ တနှစ်မပြည့်ခင် ၇လ ၈လ လောက်နဲ့ သူ့အလိုလိုမိခင်နို့ပြတ်သွားတတ်ပါတယ်။

တချို့ကလေးတွေကျ လမ်းစလျှောက်တတ်တဲ့ တနှစ်အရွယ်ရောက်တဲ့အခါ မိခင်နို့ကိုအကြာကြီးထိုင်စို့ လှဲစို့နေရတာမျိုးထက် လျှောက်သွားနေရတာကို ပိုကြိုက်နှစ်သက်လေ့ရှိပါတယ်။

အဲ့အခါမှာ နို့စို့တာကိုသိပ်အာရုံမလာတော့ဘဲ သူ့အလိုလိုနို့ပြတ်သွားလေ့ရှိပါတယ်။

ကလေးငယ်တွေဟာ မိခင်နို့မစို့ချင်တော့ဘူးဆိုပါက နို့တိုက်ချိန်မှာဂျီကျတာ၊စိတ်မရှည်တာမျိုးတွေ နဲ့ပြတတ်ပါတယ်။

ကလေးနို့ဖြတ်ရတာဟာ အခုဖော်ပြခဲ့သလို ကလေးကသူ့ဘာသာသူမစို့တော့ဘူးဆိုရင်(ကလေးဘက်ကစဖြတ်ရင်) မိခင်တွေအတွက် အခက်အခဲမရှိအရမ်းအဆင်ပြေပါတယ်။

ဒါပေမယ့် တချို့မိခင်တွေအနေနဲ့ကျ ခွင့်ရက်ပြည့်လို့ လုပ်ငန်းခွင်ပြန်ဝင်ရမှာမို့၊အလုပ်ကလည်းအဝေးသွားလုပ်ရမှာမို့စတဲ့အခြေအနေအခက်အခဲတွေကြောင့် ကလေးက နို့ဆက်စို့ချင်ပေမယ့်လည်း မိခင်ဘက်ကစပြီး နို့ဖြတ်ရတာမျိုးရှိပါတယ်။

အဲ့သလို မိခင်ဘက်စပြီး နို့ဖြတ်တဲ့အခါမျိုးမှာ သတိထားရမှာတခုက ရုတ်တရက်တိခနဲနို့ဖြတ်တာမျိုးမလုပ်ဖို့ပါ။

နို့တိုက်ချိန်မှာကလေးနို့တောင်းနေသော်လည်းနို့လုံးဝမတိုက်တာ၊ကလေးနဲ့မတွေ့အောင်ရှောင်နေတာတွေလိုမျိုး ရုတ်တရက်တိခနဲနို့ဖြတ်တာတွေလုပ်ပါက သင့်အနေနဲ့နို့ချောင်းပိတ်ပြီး ရင်သားတင်းတာ၊ပိုးဝင်တာ၊ရင်သားအကြိတ်ဖြစ်တာ၊စိတ်ဓါတ်ကျတာတွေဖြစ်နိုင်သလို သင့်ကလေးမှာလည်းစိတ်ဒဏ်ရာရသွားနိုင်ပါတယ်။

ဒါကြောင့် ကလေးကို မိခင်ဘက်ကစပြီးနို့ဖြတ်မယ်ဆိုရင်

ရုတ်တရက်တိခနဲနို့ဖြတ်တာမျိုးမလုပ်ပါနဲ့။

နို့တိုက်တဲ့အကြိမ်အရေအတွက်ကိုဖြည်းဖြည်းချင်းလျှော့ပါ။(အရင်ကတနေ့၈ကြိမ်တိုက်တယ်ဆိုရင် ၇ကြိမ် ပဲတိုက်ပါ။နောက်ပိုင်းကျ ၇ကြိမ်ကနေ ၆ကြိမ်၊၆ကြိမ်ကနေ၅ကြိမ် စသဖြင့် ဖြည်းဖြည်းချင်းလျှော့တိုက်သွားပါ။)

နို့တိုက်တဲ့ကြာချိန်ကို လျှော့ပါ။(အရင်က မိနစ်၂၀ကြာတယ်ဆိုရင် ခုဆယ်မိနစ်လောက်ပဲတိုက်ပါ။အဲ့ကနေတဖြည်းဖြည်းချင်းထပ်လျှော့သွားပါ။)

နောက်ဆုံးအနေနဲ့အကြံပေးချင်တာကတော့ မိခင်ဘက်စပြီးနို့ဖြတ်ပါက ကလေးဟာ နို့ဖြတ်ခြင်းနဲ့အသားကျရန်အတွက် ရက်သတ္တပတ်ပေါင်းများစွာကြာအောင်၊လချီကြာအောင် အချိန်ယူရနိုင်ပါတယ်။

အဲ့အတွက် တနှစ်အရွယ်မှာနို့ဖြတ်မယ်လို့မိမိကစဉ်းစားထားတယ်ဆိုရင် ၉လ ၁၀လအရွယ်လောက်ကတည်းက နို့တိုက်တဲ့အကြိမ်ရေနဲ့ ကြာချိန်ကို တဖြည်းဖြည်းစလျှော့ကာ ဖြည့်စွက်စာတွေကိုများများနဲ့စုံအောင်ကျွေးတာတွေကို လုပ်ဖို့လိုပါတယ်။

တနှစ်ပြည့်မှ တိခနဲရုတ်တရက်ဖြတ်တာမျိုးကိုရှောင်ပါ။

Dr 528

 

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image