ကလေးငယ်တွေကို ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးစေမဲ့ သံဓာတ်ချို့တဲ့မှုပြဿနာ

ကေလးငယ္ေတြကိုု ဦးေနွာက္ဖြံ႔ျဖိဳးမႈေနွးေကြးေစမဲ့ သံဓာတ္ခ်ိဳ႕တဲ့မႈျပႆနာ

ကေလးငယ္အမ်ားစုဟာ အစားအေသာက္ဂ်ီးမ်ားျပီး အစာေကြ်းရတာခက္တဲ႔အတြက္ သံဓါတ္ခ်ိဳ႕တဲ႔မႈျပသာနာဟာ ကေလးငယ္ေလးေတြမွာ အေတြ႔ရမ်ားျပီး အျဖစ္မ်ားေလ႔ရွိပါတယ္။ေလ႔လာမႈေတြအရ ကေလးငယ္အေယာက္၁၀၀မွာ ၈ေယာက္ေလာက္ဟာ သံဓါတ္ခ်ိဳ႕တဲ႔ေနေၾကာင္းသိရပါတယ္။

အေမရိကန္နိုင္ငံ အမ်ိဳးသားက်န္းမာေရးေကာလိပ္ရဲ႕ေဖာ္ျပခ်က္အရ

အသက္၇လကေန တနွစ္အရြယ္ကေလးငယ္ေတြမွာဆိုရင္ တေန႔လွ်င္ သံဓါတ္ ၁၁မီလီဂရမ္ ရရွိရန္လိုအပ္ျပီး

တနွစ္မွ သံုးနွစ္အရြယ္ကေလးေတြမွာဆိုရင္ တေန႔လွ်င္ သံဓါတ္ ၇ မီလီဂရမ္ ရရွိရန္လိုအပ္ကာ

၄နွစ္မွ ၈နွစ္အရြယ္ကေလးေတြမွာဆိုရင္ေတာ႔ တေန႔လွ်င္ သံဓါတ္ ၁၀ မီလီဂရမ္လိုအပ္ေၾကာင္းသိရပါတယ္။

သံဓါတ္ဆိုတာဟာ ကေလးငယ္ေတြက်န္းမာေရးေကာင္းျပီး ခႏၶာကိုယ္နဲ႔ ဦးေနွာက္ဖြံ႔ျဖိဳးတိုးတက္ဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ႔ သတၳဳဓါတ္တမ်ိဳးျဖစ္ပါတယ္။ကေလးငယ္ေတြဟာ ၾကီးထြားဖြံ႕ျဖိဳးေနဆဲအရြယ္ျဖစ္လို႔ အရြယ္ေရာက္ျပီးသား လူငယ္ေတြလူၾကီးေတြထက္ သံဓါတ္ပိုလိုအပ္ပါတယ္။သံဓါတ္ခ်ိဳ႕တဲ႔ပါက ကေလးေတြဟာ အစာစားခ်င္စိတ္မရွိတာ၊ကိုယ္အေလးခ်ိန္မတက္တာ၊ဦးေနွာက္ဖြံ႕ျဖိဳးမႈေနွးတာ၊ျဖဴဖတ္ျဖဴေရာ္ျဖစ္တာ၊နည္းနည္းလႈပ္ရွားတာနဲ႔ေမာတဲ႔အတြက္သိပ္မေဆာ႔သိပ္လႈပ္လႈပ္ရွားရွားမရွိတာ၊ပင္ပန္းႏြမ္းနယ္ေနတာ၊လက္သည္းေတြဆိုလည္း ဇြန္းလိုမ်ိဴးခြက္ေနတာ ပါးပီးက်ိဴးလြယ္တာ စတာေတြျဖစ္နိုင္ပါတယ္။ဒါေတြအျပင္ အသက္ရႈလမ္းေၾကာင္းခဏခဏပိုး၀င္ျပီးေနမေကာင္းျဖစ္တာ၊ႏွလံုးၾကီးတာေတြလည္းျဖစ္နိုင္ပါတယ္။ဒါေၾကာင္႔ သံဓါတ္ခ်ိဳ႕တဲ႔မႈမျဖစ္ေအာင္ ကေလးေျခာက္လျပည္႔လို႔ မိခင္နို႔အျပင္ ျဖည္႔စြက္စာစေကြ်းတဲ႔အခ်ိန္ကစျပီး သံဓါတ္ၾကြယ္၀တဲ႔အစားအစာေတြကို ေသခ်ာဂရုစိုက္ေကြ်းဖို႔လိုပါတယ္။

အသား၊ငါး၊အသည္း၊ၾကက္ဥ၊နို႔နဲနို႔ထြက္ပစၥည္းမ်ား၊ပဲအမ်ိဳးမ်ိဳး၊ဟင္းနုႏြယ္၊ေက်ာက္ဖရံုသီး စတဲ႔အစားအစာေတြ သံဓါတ္ၾကြယ္၀စြာပါတဲ႔အစားအစာေတြျဖစ္ပါတယ္။အဆံုးသတ္အေနနဲ႔အၾကံေပးခ်င္တာကေတာ႔ ဒီလိုသံဓါတ္ၾကြယ္၀တဲ႔အစားစာေတြကိုေကြ်းရာမွာ ကေလးေတြနွစ္သက္သေဘာက်မယ္႔ပံုစံနဲ႔ေကြ်းဖို႔လိုပါတယ္။ဒါမွသူတို႔က စားမွာပါ။ဥပမာ အသားဆိုရင္ ဒီအတိုင္းေကြ်းတာမ်ိဳးထက္ အသားညွပ္ေပါင္မုန္႔လုပ္ေကြ်းတာ၊ေကာ္ျပန္႔ထဲအသားထည္႔ေၾက္ာေကြ်းတာ၊ဖက္ထုပ္လုပ္ေကြ်းတာမ်ိဳးပါ။ၾကက္ဥေၾကာ္တာ၊ျပဳတ္တာေတြေကြ်းတဲ႔အခါမွာဆိုရင္လည္း ကေလးသေဘာက်နိုင္တဲ႔ ကာတြန္းမ်က္နွာပံု၊အသည္းပံုစတဲ႔ပံုစံေလးေတြေဖာ္ေကြ်းတာမ်ိဳးပါ။

Dr 528

Unicode Version

ကလေးငယ်တွေကို ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးစေမဲ့ သံဓာတ်ချို့တဲ့မှုပြဿနာ

ကလေးငယ်အများစုဟာ အစားအသောက်ဂျီးများပြီး အစာကျွေးရတာခက်တဲ့အတွက် သံဓါတ်ချို့တဲ့မှုပြသာနာဟာ ကလေးငယ်လေးတွေမှာ အတွေ့ရများပြီး အဖြစ်များလေ့ရှိပါတယ်။လေ့လာမှုတွေအရ ကလေးငယ်အယောက်၁၀၀မှာ ၈ယောက်လောက်ဟာ သံဓါတ်ချို့တဲ့နေကြောင်းသိရပါတယ်။

အမေရိကန်နိုင်ငံ အမျိုးသားကျန်းမာရေးကောလိပ်ရဲ့ဖော်ပြချက်အရ

အသက်၇လကနေ တနှစ်အရွယ်ကလေးငယ်တွေမှာဆိုရင် တနေ့လျှင် သံဓါတ် ၁၁မီလီဂရမ် ရရှိရန်လိုအပ်ပြီး

တနှစ်မှ သုံးနှစ်အရွယ်ကလေးတွေမှာဆိုရင် တနေ့လျှင် သံဓါတ် ၇ မီလီဂရမ် ရရှိရန်လိုအပ်ကာ

၄နှစ်မှ ၈နှစ်အရွယ်ကလေးတွေမှာဆိုရင်တော့ တနေ့လျှင် သံဓါတ် ၁၀ မီလီဂရမ်လိုအပ်ကြောင်းသိရပါတယ်။

သံဓါတ်ဆိုတာဟာ ကလေးငယ်တွေကျန်းမာရေးကောင်းပြီး ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္ထုဓါတ်တမျိုးဖြစ်ပါတယ်။ကလေးငယ်တွေဟာ ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်ဖြစ်လို့ အရွယ်ရောက်ပြီးသား လူငယ်တွေလူကြီးတွေထက် သံဓါတ်ပိုလိုအပ်ပါတယ်။သံဓါတ်ချို့တဲ့ပါက ကလေးတွေဟာ အစာစားချင်စိတ်မရှိတာ၊ကိုယ်အလေးချိန်မတက်တာ၊ဦးနှောက်ဖွံ့ဖြိုးမှုနှေးတာ၊ဖြူဖတ်ဖြူရော်ဖြစ်တာ၊နည်းနည်းလှုပ်ရှားတာနဲ့မောတဲ့အတွက်သိပ်မဆော့သိပ်လှုပ်လှုပ်ရှားရှားမရှိတာ၊ပင်ပန်းနွမ်းနယ်နေတာ၊လက်သည်းတွေဆိုလည်း ဇွန်းလိုမျိူးခွက်နေတာ ပါးပီးကျိူးလွယ်တာ စတာတွေဖြစ်နိုင်ပါတယ်။ဒါတွေအပြင် အသက်ရှုလမ်းကြောင်းခဏခဏပိုးဝင်ပြီးနေမကောင်းဖြစ်တာ၊နှလုံးကြီးတာတွေလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့် သံဓါတ်ချို့တဲ့မှုမဖြစ်အောင် ကလေးခြောက်လပြည့်လို့ မိခင်နို့အပြင် ဖြည့်စွက်စာစကျွေးတဲ့အချိန်ကစပြီး သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို သေချာဂရုစိုက်ကျွေးဖို့လိုပါတယ်။

အသား၊ငါး၊အသည်း၊ကြက်ဥ၊နို့နဲနို့ထွက်ပစ္စည်းများ၊ပဲအမျိုးမျိုး၊ဟင်းနုနွယ်၊ကျောက်ဖရုံသီး စတဲ့အစားအစာတွေ သံဓါတ်ကြွယ်ဝစွာပါတဲ့အစားအစာတွေဖြစ်ပါတယ်။အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ဒီလိုသံဓါတ်ကြွယ်ဝတဲ့အစားစာတွေကိုကျွေးရာမှာ ကလေးတွေနှစ်သက်သဘောကျမယ့်ပုံစံနဲ့ကျွေးဖို့လိုပါတယ်။ဒါမှသူတို့က စားမှာပါ။ဥပမာ အသားဆိုရင် ဒီအတိုင်းကျွေးတာမျိုးထက် အသားညှပ်ပေါင်မုန့်လုပ်ကျွေးတာ၊ကော်ပြန့်ထဲအသားထည့်ေြက်ာကျွေးတာ၊ဖက်ထုပ်လုပ်ကျွေးတာမျိုးပါ။ကြက်ဥကြော်တာ၊ပြုတ်တာတွေကျွေးတဲ့အခါမှာဆိုရင်လည်း ကလေးသဘောကျနိုင်တဲ့ ကာတွန်းမျက်နှာပုံ၊အသည်းပုံစတဲ့ပုံစံလေးတွေဖော်ကျွေးတာမျိုးပါ။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image