အရှင်းပျောက်အောင် ကုဖို့ကြာတဲ့ ကလေးကျောက်ကပ်ရောဂါ

အရွင္းေပ်ာက္ေအာင္ ကုုဖိုု႔ၾကာတဲ့ ကေလးေက်ာက္ကပ္ေရာဂါ

အပိုင္း၁မွာ ကေလးေတြမွာျဖစ္တဲ႔ ရုတ္တရက္ေက်ာက္ကပ္ေရာင္ရမ္းျခင္းအေၾကာင္းကို အတန္အသင္႔ျပည္႔စံုေအာင္ ေရးသားတင္ျပခဲ႔ပါတယ္။

ခုအပိုင္း၂မွာေတာ႔ ကေလးေတြမွာျဖစ္တဲ႔ နာတာရွည္ေက်ာက္ကပ္ေရာင္ရမ္းျခင္းအေၾကာင္းကို ေရးသားတင္ျပပါမယ္။

ကေလးေတြမွာျဖစ္တဲ႔နာတာရွည္ေက်ာက္ကပ္ေရာင္ရမ္းျခင္းကို ေဆးပညာအရ nephrotic syndrome လို႔လည္းေခၚပါတယ္။

ဒီေရာဂါဟာ ေက်ာင္းေနရြယ္မတိုင္မွီ ကေလးေတြ(မူၾကိဳကေလးေတြ)မွာ အျဖစ္မ်ားပါတယ္။၂နွစ္ကေန ၅နွစ္အရြယ္ကေလးေတြမွာ အမ်ားဆံုးျဖစ္တတ္ပါတယ္။ေယာက်္ားေလးေတြမွာပိုအျဖစ္မ်ားတတ္ပါတယ္။

တခ်ိဳ႕ေသာကေလးေတြမွာက် ေမြးကတည္းက Nephrotic Syndrome ပါလာတာမ်ိဳးလည္းရွိပါတယ္။

Nephrotic Syndrome ဟာ ေက်ာက္ကပ္အတြင္းမွာရွိတဲ႔ Glomeruli လို႔ေခၚေသာ ေသြးေၾကာအေသးေလးေတြ ထိခိုက္ပ်က္စီးျခင္းေၾကာင္႔ ျဖစ္တာပါ။

Minimal change disease၊Focal Segmental glomerulosclerosis၊Membranous nephropathy စတဲ႔ ျဖစ္ရတဲ႔အေၾကာင္းေသခ်ာရွာမရေသာမ်ိဳးရိုးဗီဇ သို႔မဟုတ္ ကိုယ္ခံအားစနစ္နဲ႔ဆိုင္တဲ႔ေရာဂါေတြျဖစ္တာ

ဆီးခ်ိဳေရာဂါျဖစ္တာ

အေရျပားေလးဖက္နာေရာဂါျဖစ္တာ

ေက်ာက္ကပ္ေသြးျပန္ေၾကာထဲမွာေသြးခဲပိတ္တာ

စတဲ႔အေၾကာင္းေတြေၾကာင္႔ ေက်ာက္ကပ္ထဲက ေသြးေၾကာအေသးေလးေတြထိခိုက္ပ်က္စီးျပီး Nephrotic Syndrome ျဖစ္နိုင္ပါတယ္။

ဒါ႔အျပင္ တခ်ိဳ႕ေသာပိုးသတ္ေဆးေတြ၊အကိုက္အခဲေပ်ာက္ေဆးေတြကို ေရရွည္အေသာက္မ်ားျခင္းေၾကာင္႔လည္း ျဖစ္နိုင္ပါတယ္လို႔ သုေတသနအခ်ိဳ႕ကေရးသားထားတာေတြရွိပါတယ္။

ေက်ာက္ကပ္ထဲကေသြးေၾကာေလးေတြထိခိုက္ပ်က္စီးတဲ႔အခါမွာ ေက်ာက္ကပ္က ေသြးထဲကအညစ္အေၾကးနဲ႔စြန္႔ပစ္ပစၥည္းေတြကို ဆီးထဲသုိ႔ ေကာင္းေကာင္းမစစ္ထုတ္နိုင္ေတာ႔ပါဘူး။

ဒါ႔အျပင္ ေသြးထဲမွာပဲက်န္ရွိေနရမယ္႔ ခႏၶာကိုယ္အတြက္အေရးပါတဲ႔ ပရိုတင္းဓါတ္နဲ႔ တျခားအက်ိဳးျပဳဓါတ္ေတြဟာလည္း ဆီးထဲကိုပါကုန္ပါတယ္။

ဒီအခါမွာ ကေလးကနံုးျပီးအားမရွိသလုိျဖစ္ေနတာ၊အစားအေသာက္ပ်က္တာ၊ဆီးသြားရင္ဆီးကတအားအျမဳပ္ထတာ၊ကေလးရဲ႕မ်က္နွာနဲ႔ေျခလက္ေတြေဖာေရာင္လာကာကိုယ္အေလးခ်ိန္တက္လာတာေတြျဖစ္လာပါတယ္။

ပိုဆိုးပါက ကေလးတကိုယ္လံုးေဖာေရာင္လာျပီး ဗိုက္မွာေရဖ်ဥ္းစြဲတာ၊အဆုတ္ထဲေရ၀င္တာေတြပါျဖစ္နိုင္ပါတယ္။

ဒီလကၡဏာေတြခံစားေနရျပီဆိုရင္ေတာ႔ နီးစပ္ရာေဆးရံု၊ေဆးခန္းျပျပီး Nephrotic Syndrome ျဖစ္တာဟုတ္မဟုတ္ ေသခ်ာေအာင္ စမ္းသပ္စစ္ေဆးၾကည္႔ဖို႔လိုပါတယ္။

စစ္ေဆးမႈေတြအေနနဲ႔ကေတာ႔ ေသြးစစ္တာ၊ဆီးစစ္တာေတြလုပ္ရနိုင္ပါတယ္။လိုအပ္ပါက ေက်ာက္ကပ္ကေနအသားစယူစစ္တာမ်ိဳးလည္းလုပ္ရနိုင္ပါတယ္။

စစ္ေဆးၾကည္႔လို႔ Nephrotic Syndrome ဆိုတာေသခ်ာရင္ေတာ႔ ေစာစီးစြာေဆးရံုတက္ကုသမႈခံယူဖို႔လိုပါတယ။္

ဘာလို႔လဲဆိုေတာ႔ အရပ္နည္းေတြ၊ေဆးျမီးတို ေတြနဲ႔ေလွ်ာက္ကုေနမယ္ဆိုပါက ေနာက္ဆက္တြဲအေနနဲ႔ ကေလးက ကိုယ္ခံအားက်လာတဲ႔အတြက္ အသက္ရႈလမ္းေၾကာင္းပိုးခဏခဏ၀င္တာ၊ဆီးလမ္းေၾကာင္းပိုးခဏခဏ၀င္တာ၊ခႏၶာကိုယ္ေဖာေရာင္တဲ႔အခါ ခႏၶာကိုယ္ထဲကအရည္ေတြက ေဖာတဲ႔ေနရာေတြမွာစုျပီး ေသြးေၾကာထဲမွာက်နည္းသြားတဲ႔အတြက္ ေသြးပ်စ္လာျပီးေသြးခဲလြယ္တာ၊ေသြးေပါင္က်ျပီးေရွာ႔ခ္ျဖစ္ကာ သတိလစ္တာ စတဲ႔အသက္အႏၱရာယ္စိုးရိမ္ရတဲ႔အေျခအေနေတြျဖစ္နိုင္ပါတယ္။

ဒါေၾကာင္႔ ကေလးေတြမွာ Nephrotic Syndrome ျဖစ္ရင္ ေစာစီးစြာေဆးရံုတက္ကုသဖို႔လိုပါတယ္။

ကုသမႈအေနနဲ႔ကေတာ႔ Nephrotic Syndrome ကိုျဖစ္ေစတဲ႔အေၾကာင္းရင္းကိုရွာကုရပါတယ္။

ကေလးေတြမွာေတာ႔ Minimal change disease လို႔ေခၚတဲ႔ ျဖစ္ရတဲ႔အေၾကာင္းေသခ်ာရွာမရေသာမ်ိဳးရိုးဗီဇ သို႔မဟုတ္ ကိုယ္ခံအားစနစ္နဲ႔ဆိုင္တဲ႔ေရာဂါေၾကာင္႔ ေက်ာက္ကပ္ထဲကေသြးေၾကာေလးေတြထိခုိက္ပ်က္စီးျပီး နာတာရွည္ေက်ာက္ကပ္ေရာင္ရမ္းျခင္း(Nephrotic Syndrome)ျဖစ္တာမ်ားပါတယ္။

ဒါေၾကာင္႔ Nephrotic Syndrome ျဖစ္တဲ႔ကေလးေတြကို ကုသရာမွာ Streptococcus ပိုး၀င္ျပီးေက်ာက္ကပ္ေရာင္ေရာဂါျဖစ္တဲ႔ကေလးေတြကို ကုသ သလို ပိုးသတ္ေဆးေတြေပးေလ႔မရွိပါ။

(ခြ်င္းခ်က္အေနနဲ႔ေတာ႔ ဆီးလမ္းေၾကာင္းပိုး၀င္တာ၊အသက္ရႈလမ္းေၾကာင္းပိုး၀င္တာ စတဲ႔ေနာက္ဆက္တြဲဆိုးက်ိဳးေတြရွိလာရင္ေတာ႔ ပိုးသတ္ေဆးေပးတတ္ပါတယ္)

အမ်ားအားျဖင္႔ေတာ႔ ေရရွည္ေက်ာက္ကပ္ေရာင္ျခင္း(Nephrotic Syndrome)ကိုျဖစ္ေစတဲ႔ Minimal chage disease အတြက္ ကိုယ္ခံအားစနစ္ကို ထိန္းညိွရန္ စတီးရြိဳက္ေဆးေတြေပးတာ၊

ဆီးထဲပါသြားတဲ႔ပရိုတင္းဓါတ္ေတြကိုျပန္ျဖည္႔ေပးတဲ႔ေဆးေတြေပးတာ၊လတ္တေလာခံစားေနရတဲ႔ေဖာေရာင္တာေတြကိုသက္သာေအာင္ဆီးေဆးေတြေပးတာေတြ နဲ႔ ကုသေလ႔ရွိပါတယ္။

ဒါ႔အျပင္ ေရနဲ႔အစားစာကိုလည္း ေဆးရံုကဆရာ၀န္ေတြတြက္ခ်က္ညြန္ၾကားေပးတဲ႔အတိုင္းပဲ တိုက္ေကြ်းရပါမယ္။

ကိုယ္ေကြ်းခ်င္တာေကြ်းလို႔မရသလို ေရလည္းကိုယ္တိုက္ခ်င္သေလာက္မတိုက္ရပါ။

ေရာဂါသက္သာလို႔ ေဆးရံုကဆင္းျပီးေနာက္မွာလည္း ေဆးရံုကဆရာ၀န္ေတြက ကေလးအသက္အရြယ္နဲ႔ကိုယ္အေလးခ်ိန္အေနအထားအလိုက္ တြက္ခ်က္ေပးတဲ႔ စတီးရြိဳက္ေဆးပမာဏ ကို ေရရွည္စြဲေသာက္ရတတ္ပါတယ္။

နာတာရွည္ေက်ာက္ကပ္ေရာင္ျခင္း(Nephrotic Syndrome)ဟာ နာတာရွည္ဆိုတဲ႔နာမည္အတိုင္းပဲ ခဏခဏ ျပန္ျပန္ ျဖစ္တတ္ပါတယ္။အထူးသျဖင္႔ ပိုး၀င္တာ၊ဓါတ္မတည္႔တာေတြကိုရႈမိထိမိစားမိျပီး အလာဂ်ီထတာမ်ိဳးဆိုရင္ နာတာရွည္ေက်ာက္ကပ္ေရာင္ေရာဂါဟာ ျပန္ထတတ္ပါတယ္။

Streptococcus ပိုး၀င္ျပီးရုတ္တရက္ေက်ာက္ကပ္ေရာင္ေရာဂါ(APSGN)လို အရွင္းေပ်ာက္ေလ႔မရွိပါဘူး။

ဒါေပမယ္႔ ၀မ္းသာစရာတခုကေတာ႔ ကေလးအမ်ားစုဟာ ဆယ္ေက်ာ္သက္အရြယ္ေရာက္လာတာနဲ႔အမွ် Nephrotic Syndrome ျပန္ျဖစ္နိုင္ေျခဟာနည္းနည္းလာျပီး အသက္၂၀ျပည္႔ခါနီးအရြယ္ေလာက္က် Nephrotic Syndrome ျပန္ျဖစ္နိုင္ေျခဟာမရွိသေလာက္နည္းလာပါတယ္။

Dr 528

Unicode Version

အရှင်းပျောက်အောင် ကုဖို့ကြာတဲ့ ကလေးကျောက်ကပ်ရောဂါ

အပိုင်း၁မှာ ကလေးတွေမှာဖြစ်တဲ့ ရုတ်တရက်ကျောက်ကပ်ရောင်ရမ်းခြင်းအကြောင်းကို အတန်အသင့်ပြည့်စုံအောင် ရေးသားတင်ပြခဲ့ပါတယ်။

ခုအပိုင်း၂မှာတော့ ကလေးတွေမှာဖြစ်တဲ့ နာတာရှည်ကျောက်ကပ်ရောင်ရမ်းခြင်းအကြောင်းကို ရေးသားတင်ပြပါမယ်။

ကလေးတွေမှာဖြစ်တဲ့နာတာရှည်ကျောက်ကပ်ရောင်ရမ်းခြင်းကို ဆေးပညာအရ nephrotic syndrome လို့လည်းခေါ်ပါတယ်။

ဒီရောဂါဟာ ကျောင်းနေရွယ်မတိုင်မှီ ကလေးတွေ(မူကြိုကလေးတွေ)မှာ အဖြစ်များပါတယ်။၂နှစ်ကနေ ၅နှစ်အရွယ်ကလေးတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ယောကျ်ားလေးတွေမှာပိုအဖြစ်များတတ်ပါတယ်။

တချို့သောကလေးတွေမှာကျ မွေးကတည်းက Nephrotic Syndrome ပါလာတာမျိုးလည်းရှိပါတယ်။

Nephrotic Syndrome ဟာ ကျောက်ကပ်အတွင်းမှာရှိတဲ့ Glomeruli လို့ခေါ်သော သွေးကြောအသေးလေးတွေ ထိခိုက်ပျက်စီးခြင်းကြောင့် ဖြစ်တာပါ။

Minimal change disease၊Focal Segmental glomerulosclerosis၊Membranous nephropathy စတဲ့ ဖြစ်ရတဲ့အကြောင်းသေချာရှာမရသောမျိုးရိုးဗီဇ သို့မဟုတ် ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါတွေဖြစ်တာ

ဆီးချိုရောဂါဖြစ်တာ

အရေပြားလေးဖက်နာရောဂါဖြစ်တာ

ကျောက်ကပ်သွေးပြန်ကြောထဲမှာသွေးခဲပိတ်တာ

စတဲ့အကြောင်းတွေကြောင့် ကျောက်ကပ်ထဲက သွေးကြောအသေးလေးတွေထိခိုက်ပျက်စီးပြီး Nephrotic Syndrome ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် တချို့သောပိုးသတ်ဆေးတွေ၊အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်အသောက်များခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်လို့ သုတေသနအချို့ကရေးသားထားတာတွေရှိပါတယ်။

ကျောက်ကပ်ထဲကသွေးကြောလေးတွေထိခိုက်ပျက်စီးတဲ့အခါမှာ ကျောက်ကပ်က သွေးထဲကအညစ်အကြေးနဲ့စွန့်ပစ်ပစ္စည်းတွေကို ဆီးထဲသို့ ကောင်းကောင်းမစစ်ထုတ်နိုင်တော့ပါဘူး။

ဒါ့အပြင် သွေးထဲမှာပဲကျန်ရှိနေရမယ့် ခန္ဓာကိုယ်အတွက်အရေးပါတဲ့ ပရိုတင်းဓါတ်နဲ့ တခြားအကျိုးပြုဓါတ်တွေဟာလည်း ဆီးထဲကိုပါကုန်ပါတယ်။

ဒီအခါမှာ ကလေးကနုံးပြီးအားမရှိသလိုဖြစ်နေတာ၊အစားအသောက်ပျက်တာ၊ဆီးသွားရင်ဆီးကတအားအမြုပ်ထတာ၊ကလေးရဲ့မျက်နှာနဲ့ခြေလက်တွေဖောရောင်လာကာကိုယ်အလေးချိန်တက်လာတာတွေဖြစ်လာပါတယ်။

ပိုဆိုးပါက ကလေးတကိုယ်လုံးဖောရောင်လာပြီး ဗိုက်မှာရေဖျဉ်းစွဲတာ၊အဆုတ်ထဲရေဝင်တာတွေပါဖြစ်နိုင်ပါတယ်။

ဒီလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ဆေးခန်းပြပြီး Nephrotic Syndrome ဖြစ်တာဟုတ်မဟုတ် သေချာအောင် စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊ဆီးစစ်တာတွေလုပ်ရနိုင်ပါတယ်။လိုအပ်ပါက ကျောက်ကပ်ကနေအသားစယူစစ်တာမျိုးလည်းလုပ်ရနိုင်ပါတယ်။

စစ်ဆေးကြည့်လို့ Nephrotic Syndrome ဆိုတာသေချာရင်တော့ စောစီးစွာဆေးရုံတက်ကုသမှုခံယူဖို့လိုပါတယ။်

ဘာလို့လဲဆိုတော့ အရပ်နည်းတွေ၊ဆေးမြီးတို တွေနဲ့လျှောက်ကုနေမယ်ဆိုပါက နောက်ဆက်တွဲအနေနဲ့ ကလေးက ကိုယ်ခံအားကျလာတဲ့အတွက် အသက်ရှုလမ်းကြောင်းပိုးခဏခဏဝင်တာ၊ဆီးလမ်းကြောင်းပိုးခဏခဏဝင်တာ၊ခန္ဓာကိုယ်ဖောရောင်တဲ့အခါ ခန္ဓာကိုယ်ထဲကအရည်တွေက ဖောတဲ့နေရာတွေမှာစုပြီး သွေးကြောထဲမှာကျနည်းသွားတဲ့အတွက် သွေးပျစ်လာပြီးသွေးခဲလွယ်တာ၊သွေးပေါင်ကျပြီးရှော့ခ်ဖြစ်ကာ သတိလစ်တာ စတဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကလေးတွေမှာ Nephrotic Syndrome ဖြစ်ရင် စောစီးစွာဆေးရုံတက်ကုသဖို့လိုပါတယ်။

ကုသမှုအနေနဲ့ကတော့ Nephrotic Syndrome ကိုဖြစ်စေတဲ့အကြောင်းရင်းကိုရှာကုရပါတယ်။

ကလေးတွေမှာတော့ Minimal change disease လို့ခေါ်တဲ့ ဖြစ်ရတဲ့အကြောင်းသေချာရှာမရသောမျိုးရိုးဗီဇ သို့မဟုတ် ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါကြောင့် ကျောက်ကပ်ထဲကသွေးကြောလေးတွေထိခိုက်ပျက်စီးပြီး နာတာရှည်ကျောက်ကပ်ရောင်ရမ်းခြင်း(Nephrotic Syndrome)ဖြစ်တာများပါတယ်။

ဒါကြောင့် Nephrotic Syndrome ဖြစ်တဲ့ကလေးတွေကို ကုသရာမှာ Streptococcus ပိုးဝင်ပြီးကျောက်ကပ်ရောင်ရောဂါဖြစ်တဲ့ကလေးတွေကို ကုသ သလို ပိုးသတ်ဆေးတွေပေးလေ့မရှိပါ။

(ချွင်းချက်အနေနဲ့တော့ ဆီးလမ်းကြောင်းပိုးဝင်တာ၊အသက်ရှုလမ်းကြောင်းပိုးဝင်တာ စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေရှိလာရင်တော့ ပိုးသတ်ဆေးပေးတတ်ပါတယ်)

အများအားဖြင့်တော့ ရေရှည်ကျောက်ကပ်ရောင်ခြင်း(Nephrotic Syndrome)ကိုဖြစ်စေတဲ့ Minimal chage disease အတွက် ကိုယ်ခံအားစနစ်ကို ထိန်းညှိရန် စတီးရွိုက်ဆေးတွေပေးတာ၊

ဆီးထဲပါသွားတဲ့ပရိုတင်းဓါတ်တွေကိုပြန်ဖြည့်ပေးတဲ့ဆေးတွေပေးတာ၊လတ်တလောခံစားနေရတဲ့ဖောရောင်တာတွေကိုသက်သာအောင်ဆီးဆေးတွေပေးတာတွေ နဲ့ ကုသလေ့ရှိပါတယ်။

ဒါ့အပြင် ရေနဲ့အစားစာကိုလည်း ဆေးရုံကဆရာဝန်တွေတွက်ချက်ညွန်ကြားပေးတဲ့အတိုင်းပဲ တိုက်ကျွေးရပါမယ်။

ကိုယ်ကျွေးချင်တာကျွေးလို့မရသလို ရေလည်းကိုယ်တိုက်ချင်သလောက်မတိုက်ရပါ။

ရောဂါသက်သာလို့ ဆေးရုံကဆင်းပြီးနောက်မှာလည်း ဆေးရုံကဆရာဝန်တွေက ကလေးအသက်အရွယ်နဲ့ကိုယ်အလေးချိန်အနေအထားအလိုက် တွက်ချက်ပေးတဲ့ စတီးရွိုက်ဆေးပမာဏ ကို ရေရှည်စွဲသောက်ရတတ်ပါတယ်။

နာတာရှည်ကျောက်ကပ်ရောင်ခြင်း(Nephrotic Syndrome)ဟာ နာတာရှည်ဆိုတဲ့နာမည်အတိုင်းပဲ ခဏခဏ ပြန်ပြန် ဖြစ်တတ်ပါတယ်။အထူးသဖြင့် ပိုးဝင်တာ၊ဓါတ်မတည့်တာတွေကိုရှုမိထိမိစားမိပြီး အလာဂျီထတာမျိုးဆိုရင် နာတာရှည်ကျောက်ကပ်ရောင်ရောဂါဟာ ပြန်ထတတ်ပါတယ်။

Streptococcus ပိုးဝင်ပြီးရုတ်တရက်ကျောက်ကပ်ရောင်ရောဂါ(APSGN)လို အရှင်းပျောက်လေ့မရှိပါဘူး။

ဒါပေမယ့် ဝမ်းသာစရာတခုကတော့ ကလေးအများစုဟာ ဆယ်ကျော်သက်အရွယ်ရောက်လာတာနဲ့အမျှ Nephrotic Syndrome ပြန်ဖြစ်နိုင်ခြေဟာနည်းနည်းလာပြီး အသက်၂၀ပြည့်ခါနီးအရွယ်လောက်ကျ Nephrotic Syndrome ပြန်ဖြစ်နိုင်ခြေဟာမရှိသလောက်နည်းလာပါတယ်။

Dr 528