နို့အန်တတ်တဲ့ကလေးတွေမှာ  ဆေးခန်းပြကိုပြဖို့လိုအပ်တဲ့အခြေအနေတွေ

နိုု႔အန္တတ္တဲ့ကေလးေတြမွာ  ေဆးခန္းျပကိုုျပဖိုု႔လိုုအပ္တဲ့အေျခအေနေတြ

ကေလးေတြမွာ နို႔အန္တယ္ဆိုတာဟာ ကေလးေတြနို႔စို႔ျပီးတဲ႔ေနာက္မွာ သူတို႔ရဲ႕ ပါးစပ္ သို႔မဟုတ္ နွာေခါင္း သို႔မဟုတ္ နွစ္ေနရာစလံုး ကေန နို႔ရည္အခ်ိဳ႕ျပန္ထြက္က်ျခင္းျဖစ္ပါတယ္။

ေမြးကင္းစကေန ၆လအရြယ္ ကေလးေလးေတြဟာ နို႔စို႔ျပီးတဲ႔ေနာက္ မွာ နို႔အန္တာမ်ိဳး မၾကာမၾကာ ျဖစ္တတ္ပါတယ္။နို႔ဘူးစို႔တဲ႔ကေလးေတြမွာပိုျဖစ္တတ္ပါတယ္။

အရပ္အေခၚအေနနဲ႔ နို႔သက္တယ္လို႔လည္းေခၚၾကပါတယ္။

ေဆးပညာအရေတာ႔ reflux သို႔မဟုတ္ posseting လို႔ေခၚပါတယ္။

အမ်ားအားျဖင္႔ေတာ႔ နို႔သက္တာဟာ ၆လေက်ာ္ ၇လအရြယ္ေလာက္မွာ ေပ်ာက္သြားေလ႔ရွိပါတယ္။တခ်ိဳ႕ေတြမွာေတာ႔ ၁နွစ္အရြယ္ေလာက္မွ ေပ်ာက္သြားတာမ်ိဳးလည္းရွိပါတယ္။

ကေလးေတြမွာဘာျဖစ္လို႔နို႔အန္ျခင္းျဖစ္ရတာလဲ။

ကေလးေတြနို႔စို႔တဲ႔အခါမွာ သို႔မဟုတ္ ကေလးေတြကိုမိခင္နို႔တိုက္တဲ႔အခါမွာ ပံုစံမမွန္ျခင္းေၾကာင္႔ နို႔နဲ႔အတူေလေတြကိုပါ ကေလးေတြက မ်ိဳခ်မိတတ္ပါတယ္။

ထိုမ်ိဳခ်မိတဲ႔ေလေတြဟာ အစာအိမ္ထဲေရာက္သြားေပမယ္႔ ေလရဲ႕သေဘာသဘာ၀အရ ေပါ႔တဲ႔အတြက္ အထက္ကိုျပန္ဆန္ပါတယ္။

အဲ႔အခါမွာ ျပန္ဆန္တဲ႔ေလေတြနဲ႔အတူ နို႔ရည္အခ်ိဳ႕ပါ ပါလာျပီး ကေလးငယ္ရဲ႕ပါးစပ္၊နွာေခါင္းေနရာေတြကေန စီးက်တတ္ပါတယ္။

ဒါ႔အျပင္ ကေလးငယ္ေလးေတြဟာ သူတို႕ဗိုက္နဲ႔မဆန္႔ေအာင္ နို႔ရည္ပမာဏမ်ားမ်ားစို႔မိတဲ႔အခါမွာဆိုရင္လည္း ပိုတဲ႔နို႔ရည္ေတြဟာ နို႔စို႔ျပီးေနာက္ ခဏေနရင္ ကေလးရဲ႕ပါးစပ္နွာေခါင္းတို႔ကေန ျပန္ထြက္က်တတ္ပါတယ္။ဘာလို႔လဲဆိုေတာ႔ ၁နွစ္ေအာက္ကေလးအရြယ္ေတြမွာဆိုရင္ အစာေရမ်ိဳျပြန္ေအာက္ေျခနားက အစာ၀င္တာကိုခြင္႔ျပဳေပးျပီး အစာျပန္ထြက္တာကို ကာကြယ္ေပးတဲ႔ ၾကြက္သားက လူၾကီးေတြလိုေကာင္းစြာမဖြံ႕ျဖိဳးေသးတာေၾကာင္႔ျဖစ္ပါတယ္။

နို႔အန္ျခင္းျဖစ္တာကို ေလ်ာ႔နည္းေအာင္ ကေလးကိုနို႔တိုက္တဲ႔အခါမွာေအာက္ပါအခ်က္ေတြကိုလိုက္နာဖို႔လိုပါတယ္။

၁။ကေလးရဲ႕ဦးေခါင္းနဲ႔ ခႏၶာကိုယ္ကို တေျဖာင့္တည္း ထားရွိရပါမယ္။

၂။ကေလးရဲ႕မ်က္ႏွာကို မိခင္ဘက္ကိုလွည့္ေစၿပီး ကေလးရဲ႕ပါးစပ္နဲ႔ႏွာေခါင္းတို႔ကို ႏို႔သီးေခါင္း (Nipple)နဲ႔ မ်က္ႏွာခ်င္းဆိုင္ထားရွိရပါမယ္။

၃။မိခင္ရဲ႕ႏို႔သီးေခါင္းနဲ႔ ႏို႔သီးေခါင္းထိပ္အဝိုင္း (Nipple and Aerola)ကို ႏို႔စိုေနတဲ့ ကေလးပါးစပ္ထဲမ်ားႏိုင္သမွ် မ်ားမ်ားဝင္ေအာင္ ေသခ်ာျပဳလုပ္ေပးရပါမယ္။

၄။ကေလးငယ္ရဲ႕ ဦးေခါင္းနဲ႔ခႏၶာကိုယ္ကို တညီတည္းရွိေအာင္ ဆက္လက္ထားရွိၿပီး ေက်ာပိုင္းကို အမွီေသခ်ာေပးထားရပါမယ္။

နို႔ဘူးတိုက္တဲ႔အခါမွာလည္း ကေလးအသက္အရြယ္နဲ႔သင္႔ေတာ္မယ္႔ နို႔သီးေခါင္းအမ်ိဳးအစားကိုေရြးခ်ယ္ပါ။

နို႔ဘူးရဲ႕နို႔သီးေခါင္းအေပါက္ အရမ္းက်ဥ္းတာ သို႔မဟုတ္ အရမ္းက်ယ္တာ မ်ိဳးနဲ႔မတိုက္မိေအာင္သတိထားရပါမယ္။

ပက္လက္အေနအထား၊ေခြေခါက္ေနတဲ႔အေနအထားမ်ိဳးေတြနဲ႔မတိုက္ရပါ။

အနည္းငယ္ေထာင္မတ္တဲ႔အေနအထားနဲ႔တိုက္ပါ။

မိခင္နို႔ပဲတိုက္တိုက္ နို႔ဘူးပဲတိုက္တိုက္ ကေလးကိုအခ်ိန္မွန္နို႔တိုက္ရပါမယ္။တိုက္ရမယ္႔အခ်ိန္မတိုက္ဘဲ တအားေနာက္က်မွ တိုက္ပါက ကေလးငယ္ဟာအရမ္းဆာတဲ႔အတြက္ အေလာတၾကီး နို႔စို႔ပါက ေလေတြပါ အမ်ားၾကီးမ်ိဳခ်မိတတ္လို႔ပါ။

နို႔တိုက္ျပီးတဲ႔ေနာက္မွာ ကေလးငယ္ကို မိမိရဲ႕ပခံုးေပၚတင္ျပီး လမ္းေလွ်ာက္ရင္းနဲ႕ ကေလးငယ္ရဲ႕ေနာက္ေက်ာေလးကို အသာအယာပုတ္ေပးျခင္းျဖင္႔ ေလထုတ္ေပးပါ။

ကေလးကို အ၀တ္အစားအၾကပ္ေတြ၀တ္ေပးတာမ်ိဳးကိုေရွာင္ပါ။

အဆံုးသတ္အေနနဲ႔ေျပာခ်င္တာကေတာ႔ နို႔အန္တာဟာ ကေလးငယ္ေလးေတြမွာျဖစ္တတ္တဲ႔ကိစၥတခုမို႔ မစိုးရိမ္ရဖို႔မ်ားေပမယ္႔

နို႔အန္တာက အန္ေနက်ပမာဏ ထက္ပိုျပီးမ်ားတာ

အန္တဲ႔ထဲမွာအစိမ္းေရာင္ေတြ(သည္းေျခရည္)ေတြပါလာတာ

ကေလးကလည္းမလန္းဘဲ အီေနတာ၊ဖ်ားတာ၊၀မ္းေလွ်ာတာ၊မ်က္တြင္းခ်ိဳင္႔လာတာ၊သတိလစ္တာ စတဲ႔အခ်က္ေတြပါျဖစ္ရင္ေတာ႔ နီးစပ္ရာေဆးခန္းျပသဖို႔လုိပါတယ္။

Dr 528

Unicode Version

နို့အန်တတ်တဲ့ကလေးတွေမှာ  ဆေးခန်းပြကိုပြဖို့လိုအပ်တဲ့အခြေအနေတွေ

ကလေးတွေမှာ နို့အန်တယ်ဆိုတာဟာ ကလေးတွေနို့စို့ပြီးတဲ့နောက်မှာ သူတို့ရဲ့ ပါးစပ် သို့မဟုတ် နှာခေါင်း သို့မဟုတ် နှစ်နေရာစလုံး ကနေ နို့ရည်အချို့ပြန်ထွက်ကျခြင်းဖြစ်ပါတယ်။

မွေးကင်းစကနေ ၆လအရွယ် ကလေးလေးတွေဟာ နို့စို့ပြီးတဲ့နောက် မှာ နို့အန်တာမျိုး မကြာမကြာ ဖြစ်တတ်ပါတယ်။နို့ဘူးစို့တဲ့ကလေးတွေမှာပိုဖြစ်တတ်ပါတယ်။

အရပ်အခေါ်အနေနဲ့ နို့သက်တယ်လို့လည်းခေါ်ကြပါတယ်။

ဆေးပညာအရတော့ reflux သို့မဟုတ် posseting လို့ခေါ်ပါတယ်။

အများအားဖြင့်တော့ နို့သက်တာဟာ ၆လကျော် ၇လအရွယ်လောက်မှာ ပျောက်သွားလေ့ရှိပါတယ်။တချို့တွေမှာတော့ ၁နှစ်အရွယ်လောက်မှ ပျောက်သွားတာမျိုးလည်းရှိပါတယ်။

ကလေးတွေမှာဘာဖြစ်လို့နို့အန်ခြင်းဖြစ်ရတာလဲ။

ကလေးတွေနို့စို့တဲ့အခါမှာ သို့မဟုတ် ကလေးတွေကိုမိခင်နို့တိုက်တဲ့အခါမှာ ပုံစံမမှန်ခြင်းကြောင့် နို့နဲ့အတူလေတွေကိုပါ ကလေးတွေက မျိုချမိတတ်ပါတယ်။

ထိုမျိုချမိတဲ့လေတွေဟာ အစာအိမ်ထဲရောက်သွားပေမယ့် လေရဲ့သဘောသဘာဝအရ ပေါ့တဲ့အတွက် အထက်ကိုပြန်ဆန်ပါတယ်။

အဲ့အခါမှာ ပြန်ဆန်တဲ့လေတွေနဲ့အတူ နို့ရည်အချို့ပါ ပါလာပြီး ကလေးငယ်ရဲ့ပါးစပ်၊နှာခေါင်းနေရာတွေကနေ စီးကျတတ်ပါတယ်။

ဒါ့အပြင် ကလေးငယ်လေးတွေဟာ သူတို့ဗိုက်နဲ့မဆန့်အောင် နို့ရည်ပမာဏများများစို့မိတဲ့အခါမှာဆိုရင်လည်း ပိုတဲ့နို့ရည်တွေဟာ နို့စို့ပြီးနောက် ခဏနေရင် ကလေးရဲ့ပါးစပ်နှာခေါင်းတို့ကနေ ပြန်ထွက်ကျတတ်ပါတယ်။ဘာလို့လဲဆိုတော့ ၁နှစ်အောက်ကလေးအရွယ်တွေမှာဆိုရင် အစာရေမျိုပြွန်အောက်ခြေနားက အစာဝင်တာကိုခွင့်ပြုပေးပြီး အစာပြန်ထွက်တာကို ကာကွယ်ပေးတဲ့ ကြွက်သားက လူကြီးတွေလိုကောင်းစွာမဖွံ့ဖြိုးသေးတာကြောင့်ဖြစ်ပါတယ်။

နို့အန်ခြင်းဖြစ်တာကို လျော့နည်းအောင် ကလေးကိုနို့တိုက်တဲ့အခါမှာအောက်ပါအချက်တွေကိုလိုက်နာဖို့လိုပါတယ်။

၁။ကလေးရဲ့ဦးခေါင်းနဲ့ ခန္ဓာကိုယ်ကို တဖြောင့်တည်း ထားရှိရပါမယ်။

၂။ကလေးရဲ့မျက်နှာကို မိခင်ဘက်ကိုလှည့်စေပြီး ကလေးရဲ့ပါးစပ်နဲ့နှာခေါင်းတို့ကို နို့သီးခေါင်း (Nipple)နဲ့ မျက်နှာချင်းဆိုင်ထားရှိရပါမယ်။

၃။မိခင်ရဲ့နို့သီးခေါင်းနဲ့ နို့သီးခေါင်းထိပ်အဝိုင်း (Nipple and Aerola)ကို နို့စိုနေတဲ့ ကလေးပါးစပ်ထဲများနိုင်သမျှ များများဝင်အောင် သေချာပြုလုပ်ပေးရပါမယ်။

၄။ကလေးငယ်ရဲ့ ဦးခေါင်းနဲ့ခန္ဓာကိုယ်ကို တညီတည်းရှိအောင် ဆက်လက်ထားရှိပြီး ကျောပိုင်းကို အမှီသေချာပေးထားရပါမယ်။

နို့ဘူးတိုက်တဲ့အခါမှာလည်း ကလေးအသက်အရွယ်နဲ့သင့်တော်မယ့် နို့သီးခေါင်းအမျိုးအစားကိုရွေးချယ်ပါ။

နို့ဘူးရဲ့နို့သီးခေါင်းအပေါက် အရမ်းကျဉ်းတာ သို့မဟုတ် အရမ်းကျယ်တာ မျိုးနဲ့မတိုက်မိအောင်သတိထားရပါမယ်။

ပက်လက်အနေအထား၊ခွေခေါက်နေတဲ့အနေအထားမျိုးတွေနဲ့မတိုက်ရပါ။

အနည်းငယ်ထောင်မတ်တဲ့အနေအထားနဲ့တိုက်ပါ။

မိခင်နို့ပဲတိုက်တိုက် နို့ဘူးပဲတိုက်တိုက် ကလေးကိုအချိန်မှန်နို့တိုက်ရပါမယ်။တိုက်ရမယ့်အချိန်မတိုက်ဘဲ တအားနောက်ကျမှ တိုက်ပါက ကလေးငယ်ဟာအရမ်းဆာတဲ့အတွက် အလောတကြီး နို့စို့ပါက လေတွေပါ အများကြီးမျိုချမိတတ်လို့ပါ။

နို့တိုက်ပြီးတဲ့နောက်မှာ ကလေးငယ်ကို မိမိရဲ့ပခုံးပေါ်တင်ပြီး လမ်းလျှောက်ရင်းနဲ့ ကလေးငယ်ရဲ့နောက်ကျောလေးကို အသာအယာပုတ်ပေးခြင်းဖြင့် လေထုတ်ပေးပါ။

ကလေးကို အဝတ်အစားအကြပ်တွေဝတ်ပေးတာမျိုးကိုရှောင်ပါ။

အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ နို့အန်တာဟာ ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ကိစ္စတခုမို့ မစိုးရိမ်ရဖို့များပေမယ့်

နို့အန်တာက အန်နေကျပမာဏ ထက်ပိုပြီးများတာ

အန်တဲ့ထဲမှာအစိမ်းရောင်တွေ(သည်းခြေရည်)တွေပါလာတာ

ကလေးကလည်းမလန်းဘဲ အီနေတာ၊ဖျားတာ၊ဝမ်းလျှောတာ၊မျက်တွင်းချိုင့်လာတာ၊သတိလစ်တာ စတဲ့အချက်တွေပါဖြစ်ရင်တော့ နီးစပ်ရာဆေးခန်းပြသဖို့လိုပါတယ်။

Dr 528

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image