သားသားလေးမှာ ဥတစ်လုံးပါမလာခဲ့ရင်

သားသားေလးမွာ ဥတစ္လံုုးပါမလာခဲ့ရင္

မိမိသားငယ္ေလးရဲ႔ ကယ္ပယ္အိတ္ထဲတြင္ေဝွးေစ့မပါလာသည္ကို သင္သိရွိေသာအခါ အထူးစိတ္ပူပန္မူျမင့္တက္လာနိုင္ပါတယ္။ဘာအတြက္ေျကာင့္ ထိုသို့ျဖစ္ရသည္ကို သင္သိလိုမည္မွာမလြဲပါ။ကိုယ္ဝန္ေဆာင္ကာလေမြးခါနီးအခ်ိန္တြင္ ရင္ေသြးငယ္သည္ေျပာင္းလဲမူမ်ဳိးစံုျဖစ္လာပါတယ္။မ်က္စိအိမ္က်ယ္လာပါသည္။အရုိးအဆစိသန္မာလာျပီး အေလးခ်ိန္တိုးလာပါသည္။ထို့အတူ ေယာက်ာၤးေလးမ်ားတြင္ ေဝွးေစ့မ်ားသည္ လိင္တံေနာက္ဘက္ရွိကပ္ပယ္အိတ္ထဲသို့အလံုးစံု ဆင္းပါသည္။
သို့ေသာ္ တခါတရံ ဥတလံုး သို့မဟုတ္ ၂လံုးလိုးသည္ ေနရာမွန္သို့မဆင္းျကပါ။ထိုအေျခအေနကို ဥမဆင္းေသာေဝွးေစ့ဟုဆိုနိုင္ပါတယ္။သားယာက်ာၤးရင္ေသြးတိုင္းျဖစ္န်ုင္ေသာ္လည္း ေမြးရက္ထက္ေစာေစာေမြးေသာကေလးမ်ားတြင္ ပိုမ်ုျဖစ္နိုင္ေခ်ရွိပါတယ္။သားငယ္ အသက္၆လထိတိုင္ေအာင္ ဥသည္ေနရာမွန္သို့ ပံုမွန္အတ္ုင္းမဆင္းလာလ်ွင္ ခြဲစိတ္မူျပုလုပ္ရန္လိုနိုင္ပါတယ္။
ဥ မဆင္းျခင္းျဖစ္ေစေသာအေျကာင္းရင္းမ်ားမွာ  ဆရာဝန္မ်ားမွ အေသအခ်ာမသိနိုင္ေသးပါ။သို့ေသာ္ မ်ဳိး ရုိးဗီဇ။မိခင္က်န္းမာေရးနွင့္ပတ္ဝန္းက်င္လႊမ္းမိုးမူမ်ားေျကာင့္ ေဟာ္မုန္းနွင့္အာရုံေျကာထိခိုက္မူမ်ားေျကာင့္ျဖစ္နိုင္ပါတယ္။
ေသခ်ာေသာအေျကာင္းရင္းမရွိေသာ္လည္း ျဖစ္ေစနိုင္ေသာအေျခအေနမ်ားမွာ
-ေမြးရက္ေစာေမြးျခင္း
-မိသားစုအတြင္းမ်ဳိးရုိးဗီဇျပႆနာမ်ား
-ေမြးရာပါ ေရာဂါမ်ား
-ေပါင္မျပည့္ျခင္း
-ပိုးသတ္ေဆးမ်ားထိျခင္းစသည္တို့ျဖစ္ပါတယ္။
မိခင္သည္  ကိုယ္ဝန္ေဆာင္စဥ္ ဆီးခ်ဳိရွိျခင္း။အဝလြန္ျခင္းနွင့္အရက္။ေဆးလိပ္နွင့္မူးယစ္ေဆးဝါးသံုးစြဲျခင္းတို့ေျကာင့္ျဖစ္ေစနိုင္ပါတယ္။
ဘယ္လိုသတိထားမ္ိနိုင္သလဲ?
အဓိက သတိထားမိသည္မွာကေလးငယ္ရဲ့ကယ္ပယ္အိတ္သည္ ျပားေနတတ္ျပီး တလံုးဘဲမဆင္းလ်ွင္ တဘက္နဲ႔တဘက္မညီပါ။ထို့သို့ ေမြးစကတည္းက ကေလးကိုေသခ်ာစမ္းသပ္ျပီး ျပႆနာတစံုတရာရွိလာပါက ေသခ်ာနားလည္တတ္က်ြမ္းေသာကေလးဆရာဝန္နွင့္ျပသစစ္ေဆးပါ။ဥ မဆင္းေသာအေျခအေနျဖစ္လာပါက အျခားေသာေရာဂါအေျခအေနမ်ားကိုလည္း စမ္းသပ္ရွာေဖြပါ။
-ေဝွးေစ့အပိုပါျခင္း
ဥ ေနရာမွန္မဆင္းျခင္းတြင္ ေဝွးေစ့အပိုပါသည္လည္း ျဖစ္ေနနိုင္သည္ကို စမ္းသပ္ျခင္းျဖင့္သိလာနိုင္ပါတယ္။
-ေနရာေရြ႔နိုင္ေသာေဝွးေစ့
ကယ္ပယ္အိတ္အတြင္းရွိေဝွးေစ့သည္ လက္နဲ႔ညစ္ျကည့္ပါက အေပါ္သို့တက္ကာ ျပန္ေလ်ာ့လ်ွင္ေအာက္ျပန္က်သည္ကို ေတြ႔ရွိနိုင္ပါတယ္။
ဥ ေနရာမွန္မဆင္းျခင္းေျကာင့္ျဖစ္ေစနိုင္ေသာအေျခအေနမ်ားမွာ
-ကေလးမရနိုင္ေသာျပႆနာမ်ား
သုတ္ပိုးသည္ ကိုယ္ခႏၶာရဲ႔ အျခားအစိတ္အပိုင္းမ်ားထက္ အပူခ်္န္သည္ ေအးေသာေနရာရွိရန္လိုအပ္ေသာေျကာင့္ ဥမဆင္းလ်ွင္ ကေလးမရနိုင္ေသာျပႆနာမ်ားျဖစ္ေစနိုင္ပါတယ္။ေပါင္ျကားထဲတြင္ ခိုေနလ်ွင္ ပိုဆိုးတတ္ပါတယ္။ကုသမူသည္လည္း ကြာျခားနိုင္ပါတယ္။
-အူက်ျခင္း
အူမ်ားသည္ ျကြက္သားျကားမ်ားမွျဖတ္ရ်္ ကပ္ပယ္အိတ္ထဲတိုးဝင္လာေသာအေျခအေနျဖစ္ပါတယ္။
-ဒဏ္ရာရျခင္း
ေဝွးေစ့သည္ေနရာမွန္မရွိေသာေျကာင့္ ဒဏ္ရာပိုမိုရနိုင္ပါတယ္။
-ကင္ဆာ
ေဝွးေစ့ေနရာမွန္မရွိသူမ်ားသည္ ေဝွးေစ့ကင္ဆာျဖစ္ရန္ ပိုမိုျဖစ္လြယ္နိုင္ပါတယ္။
-ေဝွးေစ့လိမ္ျခင္း
သုတ္ရည္ကိုု လိင္တံဆီသိုု႕ပိုု႔ေပးေသာ  အေခ်ာင္းတံလိမ္သြားေသာအခါ အလြန္နာက်င္ျပီး ေဝွးေစ့ဆီသို့ေသြးလွည့္ပတ္မူမေရာက္ေတာ့ပါ။
ကုသမူ
ကေလးငယ္အမ်ားစုသည္ လအနည္းငယ္ျကာေသာအခါ ကုသမူအေထြအထူးမရွိဘဲ ေနရာမွန္သို့ေရာက္ရွိနိုင္ပါတယ္။ပံုမွန္စမ္းသပ္မူျပုလုပ္ျပီး အသက္၆လထိ ေနရာမွန္မေရာက္ခဲ႔ေသာ္ခြဲစိတ္မူျပုလုပ္ရန္ ခြဲစိတ္အထူးကုနဲ႔တိုင္ပင္ပါ။ခြဲစိတ္မူ အဓိက ကုသမူတစ္ခုျဖစ္ပါတယ္။ခြဲစိတ္မူသည္ ကေလးအသက္၆လ နွင့္တနွစ္ျကားအတြင္းျပုလုပ္လ်ွင္အသင့္ေတာ္ဆံုးျဖစ္ပါတယ္။ကုသမူသည္ အခ်ိန္မွီျပုလုပ္လ်ွင္ ကေလးမရေသာျပႆနာမ်ား နည္းပါးနိုင္ပါတယ္။ေဟာ္မုန္းနည္းျဖင့္ကုသမူျပုလုပ္နိုင္ေသာ္လည္းမထိေရာက္ပါ။ဆိုးက်ဳိးမ်ားနိုင္ပါတယ္။

Dr.ျပည့္ရွင္း

Unicode Version

သားသားလေးမှာ ဥတစ်လုံးပါမလာခဲ့ရင်

မိမိသားငယ်လေးရဲ့ ကယ်ပယ်အိတ်ထဲတွင်ဝှေးစေ့မပါလာသည်ကို သင်သိရှိသောအခါ အထူးစိတ်ပူပန်မူမြင့်တက်လာနိုင်ပါတယ်။ဘာအတွက်ကြောင့် ထိုသို့ဖြစ်ရသည်ကို သင်သိလိုမည်မှာမလွဲပါ။ကိုယ်ဝန်ဆောင်ကာလမွေးခါနီးအချိန်တွင် ရင်သွေးငယ်သည်ပြောင်းလဲမူမျိုးစုံဖြစ်လာပါတယ်။မျက်စိအိမ်ကျယ်လာပါသည်။အရိုးအဆစိသန်မာလာပြီး အလေးချိန်တိုးလာပါသည်။ထို့အတူ ယောကျာၤးလေးများတွင် ဝှေးစေ့များသည် လိင်တံနောက်ဘက်ရှိကပ်ပယ်အိတ်ထဲသို့အလုံးစုံ ဆင်းပါသည်။
သို့သော် တခါတရံ ဥတလုံး သို့မဟုတ် ၂လုံးလိုးသည် နေရာမှန်သို့မဆင်းကြပါ။ထိုအခြေအနေကို ဥမဆင်းသောဝှေးစေ့ဟုဆိုနိုင်ပါတယ်။သားယာကျာၤးရင်သွေးတိုင်းဖြစ်နျုင်သော်လည်း မွေးရက်ထက်စောစောမွေးသောကလေးများတွင် ပိုမျုဖြစ်နိုင်ချေရှိပါတယ်။သားငယ် အသက်၆လထိတိုင်အောင် ဥသည်နေရာမှန်သို့ ပုံမှန်အတ်ုင်းမဆင်းလာလျှင် ခွဲစိတ်မူပြုလုပ်ရန်လိုနိုင်ပါတယ်။
ဥ မဆင်းခြင်းဖြစ်စေသောအကြောင်းရင်းများမှာ  ဆရာဝန်များမှ အသေအချာမသိနိုင်သေးပါ။သို့သော် မျိုး ရိုးဗီဇ။မိခင်ကျန်းမာရေးနှင့်ပတ်ဝန်းကျင်လွှမ်းမိုးမူများကြောင့် ဟော်မုန်းနှင့်အာရုံကြောထိခိုက်မူများကြောင့်ဖြစ်နိုင်ပါတယ်။
သေချာသောအကြောင်းရင်းမရှိသော်လည်း ဖြစ်စေနိုင်သောအခြေအနေများမှာ
-မွေးရက်စောမွေးခြင်း
-မိသားစုအတွင်းမျိုးရိုးဗီဇပြဿနာများ
-မွေးရာပါ ရောဂါများ
-ပေါင်မပြည့်ခြင်း
-ပိုးသတ်ဆေးများထိခြင်းစသည်တို့ဖြစ်ပါတယ်။
မိခင်သည်  ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရှိခြင်း။အဝလွန်ခြင်းနှင့်အရက်။ဆေးလိပ်နှင့်မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကြောင့်ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုသတိထားမိနိုင်သလဲ?
အဓိက သတိထားမိသည်မှာကလေးငယ်ရဲ့ကယ်ပယ်အိတ်သည် ပြားနေတတ်ပြီး တလုံးဘဲမဆင်းလျှင် တဘက်နဲ့တဘက်မညီပါ။ထို့သို့ မွေးစကတည်းက ကလေးကိုသေချာစမ်းသပ်ပြီး ပြဿနာတစုံတရာရှိလာပါက သေချာနားလည်တတ်ကျွမ်းသောကလေးဆရာဝန်နှင့်ပြသစစ်ဆေးပါ။ဥ မဆင်းသောအခြေအနေဖြစ်လာပါက အခြားသောရောဂါအခြေအနေများကိုလည်း စမ်းသပ်ရှာဖွေပါ။
-ဝှေးစေ့အပိုပါခြင်း
ဥ နေရာမှန်မဆင်းခြင်းတွင် ဝှေးစေ့မပိုပါသည်လည်း ဖြစ်နေနိုင်ပါသည်ကို စမ်းသပ်ခြင်းဖြင့်သိလာနိုင်ပါတယ်။
-နေရာရွေ့နိုင်သောဝှေးစေ့
ကယ်ပယ်အိတ်အတွင်းရှိဝှေးစေ့သည် လက်နဲ့ညစ်ကြည့်ပါက အပေါ်သို့တက်ကာ ပြန်လျော့လျှင်အောက်ပြန်ကျသည်ကို တွေ့ရှိနိုင်ပါတယ်။
ဥ နေရာမှန်မဆင်းခြင်းကြောင့်ဖြစ်စေနိုင်သောအခြေအနေများမှာ
-ကလေးမရနိုင်သောပြဿနာများ
သုတ်ပိုးသည် ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းများထက် အပူချ်န်သည် အေးသောနေရာရှိရန်လိုအပ်သောကြောင့် ဥမဆင်းလျှင် ကလေးမရနိုင်သောပြဿနာများဖြစ်စေနိုင်ပါတယ်။ပေါင်ကြားထဲတွင် ခိုနေလျှင် ပိုဆိုးတတ်ပါတယ်။ကုသမူသည်လည်း ကွာခြားနိုင်ပါတယ်။
-အူကျခြင်း
အူများသည် ကြွက်သားကြားများမှဖြတ်ရျ် ကပ်ပယ်အိတ်ထဲတိုးဝင်လာသောအခြေအနေဖြစ်ပါတယ်။
-ဒဏ်ရာရခြင်း
ဝှေးစေ့သည်နေရာမှန်မရှိသောကြောင့် ဒဏ်ရာပိုမိုရနိုင်ပါတယ်။
-ကင်ဆာ
ဝှေးစေ့နေရာမှန်မရှိသူများသည် ဝှေးစေ့ကင်ဆာဖြစ်ရန် ပိုမိုဖြစ်လွယ်နိုင်ပါတယ်။
-ဝှေးစေ့လိမ်ခြင်း
သုတ်ရည်ကို လိင်တံဆီသို့ပို့ပေးသော  အချောင်းတံလိမ်သွားသောအခါ အလွန်နာကျင်ပြီး ဝှေးစေ့ဆီသို့သွေးလှည့်ပတ်မူမရောက်တော့ပါ။
ကုသမူ
ကလေးငယ်အများစုသည် လအနည်းငယ်ကြာသောအခါ ကုသမူအထွေအထူးမရှိဘဲ နေရာမှန်သို့ရောက်ရှိနိုင်ပါတယ်။ပုံမှန်စမ်းသပ်မူပြုလုပ်ပြီး အသက်၆လထိ နေရာမှန်မရောက်ခဲ့သော်ခွဲစိတ်မူပြုလုပ်ရန် ခွဲစိတ်အထူးကုနဲ့တိုင်ပင်ပါ။ခွဲစိတ်မူ အဓိက ကုသမူတစ်ခုဖြစ်ပါတယ်။ခွဲစိတ်မူသည် ကလေးအသက်၆လ နှင့်တနှစ်ကြားအတွင်းပြုလုပ်လျှင်အသင့်တော်ဆုံးဖြစ်ပါတယ်။ကုသမူသည် အချိန်မှီပြုလုပ်လျှင် ကလေးမရသောပြဿနာများ နည်းပါးနိုင်ပါတယ်။ဟော်မုန်းနည်းဖြင့်ကုသမူပြုလုပ်နိုင်သော်လည်းမထိရောက်ပါ။ဆိုးကျိုးများနိုင်ပါတယ်။

Dr.ပြည့်ရှင်း