ကလေးသွေးကင်ဆာလို့ မသင်္ကာရင် ဒီလက္ခဏာတွေကို ရှာပါ

ကေလးေသြးကင္ဆာလို႔ မသကၤာရင္ ဒီလကၡဏာေတြကို ရွာပါ
လူကီးမီးယား လို႔ဆိုလိုက္ရင္ အရပ္ထဲမွာ သိတဲ့လူေတြလည္း သိၾကပါတယ္။ေသြးကင္ဆာ လို႔ေျပာလိုက္ရင္ေတာ့ တန္းသိၾကတာေပါ့ေလ။အဲဒီေသြးကင္ဆာကို က်ေနာ္စသိရတာကေတာ့ ကိုရီးယားဇာတ္လမ္းတြဲထဲက မင္းသမီးေလးအြန္ေစာမွာ  ျဖစ္ျပီး ေသသြားတဲ့ေရာဂါအေနနဲ႔ပါ။ေနာက္ပိုင္းလည္း ကိုရီးယားကားေတြထဲမယ္ ေသြးကင္ဆာနဲ႔ မင္းသားမင္းသမီးေတြ ေသလိုက္ၾကတာမ်ား တျဖဳတ္ျဖဳတ္ပဲ။ငယ္ငယ္က စဥ္းစားမိတာက ဒီေသြးကင္ဆာဟာ ေခ်ာေခ်ာလွလွေလးေတြမွ ေရြးျပီးျဖစ္တတ္တဲ့အမ်ိဳးလားေပါ့
ဒီလိုနဲ႔ ေဆးေက်ာင္းတက္ ဘြဲ႔ရ အလုပ္သင္ဆင္းရင္းက ေသြးကင္ဆာအေၾကာင္း တီးမိေခါက္မိ ရိွလာတယ္။လူကီးမီးယားဆိုတာ ေသြးဆဲလ္ေတြမွာ ျဖစ္တတ္တဲ့ကင္ဆာကို ေခၚပါသတဲ့။ဘယ္ေသြးဆဲလ္လည္းဆိုေတာ့ ေသြးျဖဴဥေတြမွာပါတဲ့။ေသြးျဖဴဥ ေသြးနီဥေတြကို ပံုမွန္အားျဖင့္ ရိုးတြင္းျခင္ဆီကေန ထုတ္လုပ္ေပးလ်က္ရိွပါတယ္။ေသြးကင္ဆာ စျဖစ္တဲ့အခါ ထုတ္လုပ္လိုက္တဲ့ ေသြးျဖဴဥအသစ္တခ်ိဳ႕ဟာ ပံုမွန္ၾကီးရိုးၾကီးစဥ္တိုင္း မၾကီးနိုင္ၾကေတာ့ပါဘူး။ဒါ့အျပင္ အဲဒီပံုမမွန္တဲ့ေသြးျဖဴဥေတြဟာ အဆမတန္လ်င္ျမန္စြာပြားမ်ားလာျပီး က်န္းမာေနတဲ့ေသြးဆဲလ္ေတြကိုပါဖံုးလႊမ္းသြားပါတယ္။ေသြးကင္ဆာရဲ႕ ေရာဂါလကၡဏာေတြကို အဲဒီအခါမွာ စတင္ေတြ႔ရိွရတတ္ပါတယ္။ေသြးကင္ဆာဟာ ကေလးေတြမွာ အျဖစ္အမ်ားဆံုးကင္ဆာျဖစ္ျပီး အေမရိကန္မွာ တစ္နွစ္ကို ကေလး ၄၀၀၀ ခန္႔ ဒီေရာဂါ ခံစားေနရတယ္လို႔ သိရပါတယ္။
ကေလးေတြမွာ ေသြးကင္ဆာျဖစ္ရတဲ့အေၾကာင္းအရင္းတိတိက်က်ကိုေတာ့ ခုထက္ထိ မသိရေသးပါဘူး။ေသြးကင္ဆာရဲ႕လကၡဏာေတြကလည္း ကေလးတေယာက္နဲ႔တေယာက္ မတူတာမ်ိဳးေတြ ရိွတတ္ၾကပါတယ္။နာတာရွည္ေသြးကင္ဆာမွာ လကၡဏာေတြဟာ တေျဖးေျဖးခ်င္းအခ်ိန္ၾကာမွ ေပၚေပါက္လာတတ္ၾကေပမဲ့ ရုတ္တရက္ျဖစ္တဲ့ေသြးကင္ဆာမ်ိဳးမွာေတာ့ ေရာဂါလကၡဏာေတြက ရုတ္ျခည္းဆိုသလို ေပၚေပါက္လာတတ္ၾကပါတယ္။တခ်ိဳ႕လကၡဏာေတြဟာဆိုရင္ အျခားေသာအျဖစ္မ်ားတတ္တဲ့ေရာဂါတခ်ိဳ႕ရဲ႕လကၡဏာေတြနဲ႔ ခပ္ဆင္ဆင္ျဖစ္ေနတာမို႔ သို႔ေလာသို႔ေလာ ေရာေထြးမႈေတြရိွနိုင္ပါတယ္။ဒါေၾကာင့္မို႔လို႔ အခုေဖာ္ျပမဲ့လကၡဏာေတြ ေတြ႔ရယံုနဲ႔ေတာ့ ေသြးကင္ဆာလို႔ တပ္အပ္မတ္အပ္ၾကီး ေျပာဖို႔ မျဖစ္နိုင္ေသးပါဘူး။ဒါေပမဲ့ သတိထားဖို႔ေတာ့ လိုအပ္မွာ အမွန္ပါပဲ။
၁။အနီကြက္ အညိဳကြက္မ်ား ထြက္ျခင္း/ ေသြးထြက္ျခင္း
ေသြးကင္ဆာရိွတဲ့ကေလးတေယာက္ဟာ နွာေခါင္းေသြးလ်ွံတာမ်ိဳး  ထိခိုက္ရွနာအေသးအဖြဲေလးရတာမ်ိဳးေတြမွာေတာင္ ေသြးမတိတ္ေတာ့မဲ့အလား ေသြးေတြအမ်ားၾကီး ထြက္ေစတတ္ပါတယ္။နဲနဲေလးမထိလိုက္နဲ႔ တန္းျပီးေတာ့ ေသြးျခည္ဥတာမ်ိဳးေတြလည္း ေတြ႔ရပါတယ္။ဒါ့အျပင္အေရျပားေပၚမွာ အနီကြက္အညိဳကြက္ကေလးေတြကို အမ်ားအျပားေတြ႔ရတတ္ပါတယ္။ေသြးထဲမွာ platelet လို႔ေခၚတဲ့ေသြးဆဲလ္ေလးေတြ လံုလံုေလာက္ေလာက္ရိွမွ ေသြးခဲနိုင္မွာျဖစ္တာေၾကာင့္ ေသြးကင္ဆာကေလးေတြကို ေသြးစစ္ၾကည့္တဲ့အခါ platelet အေရအတြက္ အလြန္အမင္းက်ဆင္းေနတာမ်ိဳးကို ေတြ႔ရနိုင္ပါတယ္။
၂။ဗိုက္ခဏခဏေအာင့္ျခင္းနွင့္အစာစားခ်င္စိတ္မရိွျခင္း
ေသြးကင္ဆာရိွေနခဲ့မယ္ဆိုရင္ ကေလးတေယာက္ဟာ သင့္ကို မၾကာခဏဆိုသလို ဗိုက္ေအာင့္တယ္ အစာအိမ္ေအာင့္တယ္ဆိုျပီးေတာ့ ေျပာေနနိုင္ပါတယ္။ဘာလို႔လည္းဆိုေတာ့ သူ႔ဗိုက္ထဲက အသည္း ေက်ာက္ကပ္နဲ႔ ေဘလံုးစတဲ့အဂၤါေတြဟာ ကင္ဆာဆဲလ္ေတြေၾကာင့္ ပိုမိုၾကီးထြားလာၾကလို႔ပါပဲ။တခါတေလ ဆရာဝန္ေတြလက္နဲ႔စမ္းလို႔ မိတဲ့အထိ ၾကီးလာတတ္ပါတယ္။ဒါ့အျပင္ကေလးအေနနဲ႔ ဘာမွစားခ်င္ေသာက္ခ်င္စိတ္ မရိွပဲ  ပိန္ခ်ံဳးခ်ည့္နဲ႔လာနိုင္ပါတယ္။
၃။ အသက္ရႈမဝျခင္း
ကင္ဆာဆဲလ္ေတြ လည္ပင္းရဲ႕အေျခမွာရိွတဲ့ သိုင္းမတ္စ္ လို႔ေခၚတဲ့ ဂလင္းတခုကို ဖိမိညွပ္မိတဲ့အခါ ကေလးမွာ အသက္ရႈမဝတာ ၾကပ္တာေတြျဖစ္လာပါတယ္။တခါတေလ ရင္ဘတ္မွာရိွတဲ့ ျပန္ရည္ေၾကာအက်ိတ္ေတြ ကင္ဆာေၾကာင့္ ေရာင္လာတာကလည္း ေလျပြန္ကိုဖိမိသလိုျဖစ္ျပီး အသက္ရႈရခက္နိုင္ပါတယ္။ဒါေၾကာင့္ ေသြးကင္ဆာေဝဒနာသည္ကေလးငယ္ေတြမွာ မၾကာခဏ ေခ်ာင္းဆိုးတာ အသက္ရႈရင္ တရႊီရႊီနဲ႔ျမည္ေနတာမ်ိဳးေတြ ေတြ႔ရတတ္ပါတယ္။တကယ္လို႔မ်ား အသက္ရႈရတာ နာက်င္လာတယ္ဆိုရင္ေတာ့ အျမန္ဆံုးေဆးကုသမႈခံယူဖို႔ လိုအပ္လာပါလိမ့္မယ္။
၄။မၾကာခဏ ဖ်ားနာျခင္း
ပံုမွန္ဆို ေသြးျဖဴဥေတြဟာ ခႏၶာကိုယ္ထဲကို ဝင္ေရာက္လာမဲ့ ရန္သူပိုးမႊားေတြကို တိုက္ခိုက္ေပးၾကပါတယ္။ေသြးကင္ဆာျဖစ္ေနတဲ့အခ်ိန္မွာေတာ့ ေသြးျဖဴဥေတြဟာ ပံုမွန္အတိုင္း မစြမ္းေဆာင္နိုင္ေတာ့တာေၾကာင့္ ကေလးအေနနဲ႔ ခဏခဏဖ်ားတာ ေတာ္ေတာ္နဲ႔အဖ်ားမေပ်ာက္တာမ်ိဳးေတြ ၾကံဳေတြ႔လာရတတ္ပါတယ္။ေနာက္ျပီး ေသြးကင္ဆာကေလးေတြမွာ မၾကာခဏ နွာေစးေခ်ာင္းဆိုး ျဖစ္တတ္ၾကပါေသးတယ္။
၅။အလံုးအက်ိတ္မ်ား ထြက္လာျခင္း
ကင္ဆာဆဲလ္ေတြ ျပန္ရည္ေၾကာအက်ိတ္ေတြထဲ ေရာက္တဲ့အခါ အလံုးအကိ်တ္ေတြ ျဖစ္ေပၚလာတတ္ပါတယ္။ေသြးကင္ဆာေၾကာင့္ျဖစ္တဲ့အလံုးအက်ိတ္ေတြကို မ်ားေသာအားျဖင့္ ခ်ိဳင္းေအာက္မွာ လည္ပင္းမွာ ပခံုးနားမွာနဲ႔ ေပါင္ျခံလိုေနရာမ်ိဳးေတြမွာ စမ္းမိတတ္ပါတယ္။
၆။အရိုးအဆစ္မ်ားနာက်င္ကိုက္ခဲျခင္း
ေသြးဆဲလ္ေတြကို ရိုးတြင္းျခင္ဆီကေန အဓိကထုတ္လုပ္ေပးတာျဖစ္လို႔ ေသြးကင္ဆာလို ဆဲလ္ေတြ မဟားဒယားပြားမ်ားတဲ့ ေရာဂါမ်ိဳးမွာဆို အရိုးအဆစ္ေတြထဲမွာ ကင္ဆာဆဲလ္ေတြစုပံုေနတတ္ျပီး နာက်င္ကိုက္ခဲမႈေတြျဖစ္ေပၚေစပါတယ္။တခ်ိဳ႕ကေလးေတြမွာ ခါးေအာက္ပိုင္းနာက်င္ေလ့ရိွျပီး  တခ်ိဳ႕မွာေတာ့ ေျခေထာက္ေတြမခံမရပ္နိုင္ေအာင္ နာတာေၾကာင့္ လမ္းေလ်ွာက္ရင္ကို ေထာ့နဲ႔ေထာ့နဲ႔ ျဖစ္ေနတတ္ပါတယ္။
၇။ေသြးအားနည္းျပီး ျဖဴဖပ္ျဖဴေရာ္ျဖစ္ျခင္း
ေသြးနီဥေတြဟာ ခႏၶာကိုယ္အနွံ႔ ေအာက္ဆီဂ်င္ကို သယ္ယူပို႔ေဆာင္ေပးပါတယ္။ဒါေပမဲ့ ေသြးျဖဴဥေတြခ်ည္း လွိမ့္ထုတ္ေနတဲ့ေသြးကင္ဆာမွာေတာ့ ေသြးနီဥထြက္ရိွႏႈန္းဟာ သ္သိသာသာနည္းပါးသြားပါတယ္။ဒီအခါ အလြယ္တကူေမာတာ ့ျဖဴဖပ္ျဖဴေရာ္ျဖစ္တာ အသက္ရႈျမန္တာေတြ ျဖစ္လာပါတယ္။တခ်ိဳ႕ကေလးေတြမွာ အားနည္းျပီး ေခါင္းမူးတာမ်ိဳးေတြ ၾကံဳရတတ္ပါတယ္။
ေျပာခဲ့တဲ့အတိုင္းပါပဲ။ဒီလကၡဏာေတြရိွေနယံုနဲ႔ ေသြးကင္ဆာျဖစ္ေနျပီလို႔ ေျပာလို႔မရဘူးဆိုတာကေတာ့ ဟုတ္ပါတယ္။ဒါေပမဲ့ ကေလးေတြမွာ ျဖစ္တဲ့ေသြးကင္ဆာဟာ ေစာေစာသိရင္ အခ်ိန္မွီကုသနိုင္ရင္ ေပ်ာက္ကင္းနိုင္ေခ်ရိွတာမို႔ ဒီလကၡဏာေတြေတြ႔ရရင္ ဘာပဲေျပာေျပာ မေပါ့သင့္ေၾကာင္းပါလို႔ သတိေပးလိုက္ပါတယ္။
Dr.KG
Unicode Version

 

ကလေးသွေးကင်ဆာလို့ မသင်္ကာရင် ဒီလက္ခဏာတွေကို ရှာပါ

လူကီးမီးယား လို့ဆိုလိုက်ရင် အရပ်ထဲမှာ သိတဲ့လူတွေလည်း သိကြပါတယ်။သွေးကင်ဆာ လို့ပြောလိုက်ရင်တော့ တန်းသိကြတာပေါ့လေ။အဲဒီသွေးကင်ဆာကို ကျနော်စသိရတာကတော့ ကိုရီးယားဇာတ်လမ်းတွဲထဲက မင်းသမီးလေးအွန်စောမှာ  ဖြစ်ပြီး သေသွားတဲ့ရောဂါအနေနဲ့ပါ။နောက်ပိုင်းလည်း ကိုရီးယားကားတွေထဲမယ် သွေးကင်ဆာနဲ့ မင်းသားမင်းသမီးတွေ သေလိုက်ကြတာများ တဖြုတ်ဖြုတ်ပဲ။ငယ်ငယ်က စဉ်းစားမိတာက ဒီသွေးကင်ဆာဟာ ချောချောလှလှလေးတွေမှ ရွေးပြီးဖြစ်တတ်တဲ့အမျိုးလားပေါ့။

ဒီလိုနဲ့ ဆေးကျောင်းတက် ဘွဲ့ရ အလုပ်သင်ဆင်းရင်းက သွေးကင်ဆာအကြောင်း တီးမိခေါက်မိ ရှိလာတယ်။လူကီးမီးယားဆိုတာ သွေးဆဲလ်တွေမှာ ဖြစ်တတ်တဲ့ကင်ဆာကို ခေါ်ပါသတဲ့။ဘယ်သွေးဆဲလ်လည်းဆိုတော့ သွေးဖြူဥတွေမှာပါတဲ့။သွေးဖြူဥ သွေးနီဥတွေကို ပုံမှန်အားဖြင့် ရိုးတွင်းခြင်ဆီကနေ ထုတ်လုပ်ပေးလျက်ရှိပါတယ်။သွေးကင်ဆာ စဖြစ်တဲ့အခါ ထုတ်လုပ်လိုက်တဲ့ သွေးဖြူဥအသစ်တချို့ဟာ ပုံမှန်ကြီးရိုးကြီးစဉ်တိုင်း မကြီးနိုင်ကြတော့ပါဘူး။ဒါ့အပြင် အဲဒီပုံမမှန်တဲ့သွေးဖြူဥတွေဟာ အဆမတန်လျင်မြန်စွာပွားများလာပြီး ကျန်းမာနေတဲ့သွေးဆဲလ်တွေကိုပါဖုံးလွှမ်းသွားပါတယ်။သွေးကင်ဆာရဲ့ ရောဂါလက္ခဏာတွေကို အဲဒီအခါမှာ စတင်တွေ့ရှိရတတ်ပါတယ်။သွေးကင်ဆာဟာ ကလေးတွေမှာ အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး အမေရိကန်မှာ တစ်နှစ်ကို ကလေး ၄၀၀၀ ခန့် ဒီရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။

ကလေးတွေမှာ သွေးကင်ဆာဖြစ်ရတဲ့အကြောင်းအရင်းတိတိကျကျကိုတော့ ခုထက်ထိ မသိရသေးပါဘူး။သွေးကင်ဆာရဲ့လက္ခဏာတွေကလည်း ကလေးတယောက်နဲ့တယောက် မတူတာမျိုးတွေ ရှိတတ်ကြပါတယ်။နာတာရှည်သွေးကင်ဆာမှာ လက္ခဏာတွေဟာ တဖြေးဖြေးချင်းအချိန်ကြာမှ ပေါ်ပေါက်လာတတ်ကြပေမဲ့ ရုတ်တရက်ဖြစ်တဲ့သွေးကင်ဆာမျိုးမှာတော့ ရောဂါလက္ခဏာတွေက ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာတတ်ကြပါတယ်။တချို့လက္ခဏာတွေဟာဆိုရင် အခြားသောအဖြစ်များတတ်တဲ့ရောဂါတချို့ရဲ့လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတာမို့ သို့လောသို့လော ရောထွေးမှုတွေရှိနိုင်ပါတယ်။ဒါကြောင့်မို့လို့ အခုဖော်ပြမဲ့လက္ခဏာတွေ တွေ့ရယုံနဲ့တော့ သွေးကင်ဆာလို့ တပ်အပ်မတ်အပ်ကြီး ပြောဖို့ မဖြစ်နိုင်သေးပါဘူး။ဒါပေမဲ့ သတိထားဖို့တော့ လိုအပ်မှာ အမှန်ပါပဲ။

၁။အနီကွက် အညိုကွက်များ ထွက်ခြင်း/ သွေးထွက်ခြင်း

သွေးကင်ဆာရှိတဲ့ကလေးတယောက်ဟာ နှာခေါင်းသွေးလျှံတာမျိုး  ထိခိုက်ရှနာအသေးအဖွဲလေးရတာမျိုးတွေမှာတောင် သွေးမတိတ်တော့မဲ့အလား သွေးတွေအများကြီး ထွက်စေတတ်ပါတယ်။နဲနဲလေးမထိလိုက်နဲ့ တန်းပြီးတော့ သွေးခြည်ဥတာမျိုးတွေလည်း တွေ့ရပါတယ်။ဒါ့အပြင်အရေပြားပေါ်မှာ အနီကွက်အညိုကွက်ကလေးတွေကို အများအပြားတွေ့ရတတ်ပါတယ်။သွေးထဲမှာ platelet လို့ခေါ်တဲ့သွေးဆဲလ်လေးတွေ လုံလုံလောက်လောက်ရှိမှ သွေးခဲနိုင်မှာဖြစ်တာကြောင့် သွေးကင်ဆာကလေးတွေကို သွေးစစ်ကြည့်တဲ့အခါ platelet အရေအတွက် အလွန်အမင်းကျဆင်းနေတာမျိုးကို တွေ့ရနိုင်ပါတယ်။

၂။ဗိုက်ခဏခဏအောင့်ခြင်းနှင့်အစာစားချင်စိတ်မရှိခြင်း

သွေးကင်ဆာရှိနေခဲ့မယ်ဆိုရင် ကလေးတယောက်ဟာ သင့်ကို မကြာခဏဆိုသလို ဗိုက်အောင့်တယ် အစာအိမ်အောင့်တယ်ဆိုပြီးတော့ ပြောနေနိုင်ပါတယ်။ဘာလို့လည်းဆိုတော့ သူ့ဗိုက်ထဲက အသည်း ကျောက်ကပ်နဲ့ ဘေလုံးစတဲ့အင်္ဂါတွေဟာ ကင်ဆာဆဲလ်တွေကြောင့် ပိုမိုကြီးထွားလာကြလို့ပါပဲ။တခါတလေ ဆရာဝန်တွေလက်နဲ့စမ်းလို့ မိတဲ့အထိ ကြီးလာတတ်ပါတယ်။ဒါ့အပြင်ကလေးအနေနဲ့ ဘာမှစားချင်သောက်ချင်စိတ် မရှိပဲ  ပိန်ချုံးချည့်နဲ့လာနိုင်ပါတယ်။

၃။ အသက်ရှုမဝခြင်း

ကင်ဆာဆဲလ်တွေ လည်ပင်းရဲ့အခြေမှာရှိတဲ့ သိုင်းမတ်စ် လို့ခေါ်တဲ့ ဂလင်းတခုကို ဖိမိညှပ်မိတဲ့အခါ ကလေးမှာ အသက်ရှုမဝတာ ကြပ်တာတွေဖြစ်လာပါတယ်။တခါတလေ ရင်ဘတ်မှာရှိတဲ့ ပြန်ရည်ကြောအကျိတ်တွေ ကင်ဆာကြောင့် ရောင်လာတာကလည်း လေပြွန်ကိုဖိမိသလိုဖြစ်ပြီး အသက်ရှုရခက်နိုင်ပါတယ်။ဒါကြောင့် သွေးကင်ဆာဝေဒနာသည်ကလေးငယ်တွေမှာ မကြာခဏ ချောင်းဆိုးတာ အသက်ရှုရင် တရွှီရွှီနဲ့မြည်နေတာမျိုးတွေ တွေ့ရတတ်ပါတယ်။တကယ်လို့များ အသက်ရှုရတာ နာကျင်လာတယ်ဆိုရင်တော့ အမြန်ဆုံးဆေးကုသမှုခံယူဖို့ လိုအပ်လာပါလိမ့်မယ်။

၄။မကြာခဏ ဖျားနာခြင်း

ပုံမှန်ဆို သွေးဖြူဥတွေဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာမဲ့ ရန်သူပိုးမွှားတွေကို တိုက်ခိုက်ပေးကြပါတယ်။သွေးကင်ဆာဖြစ်နေတဲ့အချိန်မှာတော့ သွေးဖြူဥတွေဟာ ပုံမှန်အတိုင်း မစွမ်းဆောင်နိုင်တော့တာကြောင့် ကလေးအနေနဲ့ ခဏခဏဖျားတာ တော်တော်နဲ့အဖျားမပျောက်တာမျိုးတွေ ကြုံတွေ့လာရတတ်ပါတယ်။နောက်ပြီး သွေးကင်ဆာကလေးတွေမှာ မကြာခဏ နှာစေးချောင်းဆိုး ဖြစ်တတ်ကြပါသေးတယ်။

၅။အလုံးအကျိတ်များ ထွက်လာခြင်း

ကင်ဆာဆဲလ်တွေ ပြန်ရည်ကြောအကျိတ်တွေထဲ ရောက်တဲ့အခါ အလုံးအကျိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။သွေးကင်ဆာကြောင့်ဖြစ်တဲ့အလုံးအကျိတ်တွေကို များသောအားဖြင့် ချိုင်းအောက်မှာ လည်ပင်းမှာ ပခုံးနားမှာနဲ့ ပေါင်ခြံလိုနေရာမျိုးတွေမှာ စမ်းမိတတ်ပါတယ်။

၆။အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်း

သွေးဆဲလ်တွေကို ရိုးတွင်းခြင်ဆီကနေ အဓိကထုတ်လုပ်ပေးတာဖြစ်လို့ သွေးကင်ဆာလို ဆဲလ်တွေ မဟားဒယားပွားများတဲ့ ရောဂါမျိုးမှာဆို အရိုးအဆစ်တွေထဲမှာ ကင်ဆာဆဲလ်တွေစုပုံနေတတ်ပြီး နာကျင်ကိုက်ခဲမှုတွေဖြစ်ပေါ်စေပါတယ်။တချို့ကလေးတွေမှာ ခါးအောက်ပိုင်းနာကျင်လေ့ရှိပြီး  တချို့မှာတော့ ခြေထောက်တွေမခံမရပ်နိုင်အောင် နာတာကြောင့် လမ်းလျှောက်ရင်ကို ထော့နဲ့ထော့နဲ့ ဖြစ်နေတတ်ပါတယ်။

၇။သွေးအားနည်းပြီး ဖြူဖပ်ဖြူရော်ဖြစ်ခြင်း

သွေးနီဥတွေဟာ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးပါတယ်။ဒါပေမဲ့ သွေးဖြူဥတွေချည်း လှိမ့်ထုတ်နေတဲ့သွေးကင်ဆာမှာတော့ သွေးနီဥထွက်ရှိနှုန်းဟာ သ်သိသာသာနည်းပါးသွားပါတယ်။ဒီအခါ အလွယ်တကူမောတာ့ဖြူဖပ်ဖြူရော်ဖြစ်တာ အသက်ရှုမြန်တာတွေ ဖြစ်လာပါတယ်။တချို့ကလေးတွေမှာ အားနည်းပြီး ခေါင်းမူးတာမျိုးတွေ ကြုံရတတ်ပါတယ်။

ပြောခဲ့တဲ့အတိုင်းပါပဲ။ဒီလက္ခဏာတွေရှိနေယုံနဲ့ သွေးကင်ဆာဖြစ်နေပြီလို့ ပြောလို့မရဘူးဆိုတာကတော့ ဟုတ်ပါတယ်။ဒါပေမဲ့ ကလေးတွေမှာ ဖြစ်တဲ့သွေးကင်ဆာဟာ စောစောသိရင် အချိန်မှီကုသနိုင်ရင် ပျောက်ကင်းနိုင်ချေရှိတာမို့ ဒီလက္ခဏာတွေတွေ့ရရင် ဘာပဲပြောပြော မပေါ့သင့်ကြောင်းပါလို့ သတိပေးလိုက်ပါတယ်။

Dr.KG