နို့တိုက်မိခင်တွေဆံပင်ဆေးဆိုးရင်  ကလေးမှာအန္တရာယ်ရှိလား

နိုု႔တိုုက္မိခင္ေတြဆံပင္ေဆးဆိုုးရင္  ကေလးမွာအႏၲရာယ္ရိွလား

သားေလးကား အသက္ ေျခာက္လ ေက်ာ္၍ ျဖည့္စြက္စာ စစားေနျပီ။ သက္ဦးကေလး မို႔ နီလာ တစ္ေယာက္ မလုပ္တတ္ မကိုင္တတ္။ ကေလးတစ္ခု ခု ျဖစ္ျပီထင္တာနွင့္ ေဆးခန္း သို႔သာ ေျပးသည္။

အခု တစ္ေလာ သားေလး အသက္ရွူသံေတြ က ျပင္းထန္ေနသည္ဟု နီလာ တစ္ေယာက္ထင္သည္။ ညဖက္ ကေလး ကိုဖက္ ထားခ်ီထား လွ်င္ ကေလး ရင္က်ပ္ သံမ်ားကို အတိုင္းသားၾကားေနရသည္။ ကေလးအတြက္ စိတ္ပူတာႏွင့္ပဲ ကေလး ေဆးခန္းသို႔ ေရာက္လာခဲ့ျပန္သည္။

ေဆးခန္းတြင္လည္း လူနာ မ်ား အျပည့္။ ေတာ္ေတာ္ႏွင့္ မ၀င္ရပါ။

” ကေလး က အသက္ရူသံေတြ အရမ္း က်ယ္ေနလို႔ပါ  ”

ဆရာ၀န္ကို ေျပာလိုက္သည္။ ကေလးကို စမ္းသပ္ၾကည့္သည္။

” ဟုတ္တယ္။ ကေလး ရင္က်ပ္ေနတယ္။ ”

“ဟုတ္လား ဆရာ။ စိုးရိမ္ရလားဟင္  ” နီလာရင္ထဲ တြင္ မြန္းက်ပ္လာသလိုမ်ိဳး ခံစားရသည္။

” အရင္ကေရာ ဒီလုိမ်ိဳးရင္က်ပ္တာ ျဖစ္ဖူးလား  ”

” အရင္က ရင္က်ပ္တာမ်ိဳးေတာ့ မျဖစ္ဖူးပါဘူး ဆရာ။ ဖ်ားလို႔လာျပတာမ်ိဳး ေတာ့ရွိပါတယ္။ ”

ကာကြယ္ေဆး ထိုးျပီးလွ်င္ ကေလးသည္ ဖ်ားတတ္သည့္အတြက္ ေဆးခန္းသို႔ အျမဲ လာျပရသည္။

” ကေလး အေဖ နဲ႔ အေမ မွာေရာ ရင္က်ပ္ ေရာဂါ ရွိလား  ” ဆရာ၀န္သည္ ေဆး စာအုပ္တြင္ ေရာဂါရာဇ၀င္မ်ားေရးရင္း ေမးသည္။

” ကၽြန္မ တို႔ႏွစ္ေယာာက္ စလံုး မွာ ရင္က်ပ္ ေရာဂါ မရွိပါဘူး ဆရာ ”

“အမ်ိဳး ထဲမွာ ေရာရွိလား   ”

” သိသေလာက္္ေတာ့ မရွိပါဘူး ဆရာ ”

”  အခု ကေလး က ရင္က်ပ္ေနတာပါ။ ေဆး ေပးလို္က္မယ္။ မသက္သာ ရင္ျပန္လာ ျပပါေနာ္ ”

ကေလးအတြက္ ရူေဆးနွင့္ ေသာက္ေဆး မ်ား ေပးလိုက္သည္။

” ဟုတ္ကဲ့ပါ ဆရာ  ”

ကေလး နွင့္ အတူ ေဆးခန္းမွ ျပန္လာခဲ့သည္။ ရူေဆး ၊ေဆး ေသာက္ ျဖင့္ ကေလး ၏ အသက္ရွဴသံမ်ားက ပံုမွန္ ျပန္ျဖစ္လာသည္။ ကေလး သက္သာ လာ သျဖင့္ သြားမျပျဖစ္။

ေနာက္ တစ္ပတ္ ေလာက္ အၾကာ ကေလး အသက္ရွဴသံမ်ား ျပန္က်ယ္လာျပန္လာသည္။ သားေလး ရင္ က်ပ္ ျပန္ျပီ။ အသက္ရွဴရတာ ေမာ ေနမွန္းသိသာလာသည္။ ေဆးခန္းသို႔ ေျပးရျပန္သည္။

” ကေလး အသက္ရွဴ ျမန္ေနလို႔ပါ ဆရာ။  ”

”  ဟိုတစ္ေန႔က ေဆး ေပးတုန္းက သက္သာလား ”

”  သက္သာပါတယ္ဆရာ။ သက္သာလို႔ပဲ လာမျပတာပါ ”

” ေဆး ျဖတ္လိုက္တာနဲ႔ ကေလး က ျပန္က်ပ္တာလား ”

”  ေဆး ျဖတ္ ျဖတ္ ျပီးခ်င္းေတာ့ ကေလးက ဘာမွ မျဖစ္ဘူးဆရာ။ သံုးရက္ေလာက္ ေကာင္းေနေသးတယ္။ ဒီေန႔ ေန႔လည္က မွ စျပီ း ျပန္က်ပ္တာပါ။ ”

“မေန႔ ညကေရာ မက်ပ္ဘူးလား  ”

” မေန႔ညကလည္း မက်ပ္ပါဘူး ဆရာ။ မနက္ ေစာေစာပိုင္းကလည္း ကေလး လံုး၀ မက်ပ္ပါဘူး။ ေန႔လည္ ပိုင္းေလာက္မွ ကေလး က်ပ္လာတာပါ။ ေသခ်ာပါတယ္ ”

“ဘာမ်ား အိမ္မွာ ထူးထူးျခားျခား ေကၽြးမိေသးလဲ  ”

” ခါတိုင္းေကၽြးေနက် အတိုင္းပဲ ေကၽြးတာပါဆရာ ”

”  ျခင္ေဆးေခြ ေတြ ထြန္း တာအေမြးတိုင္ ထြန္းထာေတြ ေရာ လုပ္ေသးလား”

“မလုပ္ပါဘူးဆရာ  ”

” ကေလး က ဓာတ္မတည့္လို႔ ရင္က်ပ္တယ္လို႔ ဆရာက ယူဆတယ္။ သတိထားျပီး ေစာင့္ၾကည့္လိုက္ပါ။ ကေလး ရင္က်ပ္တာ တာ တစ္ခုခု ေၾကာင့္ ပါ  ”

” ဟုတ္ကဲ့ပါ  ဆရာ ။ကၽြန္ မေစာင့္ၾကည့္လိုက္ပါမယ္  ” ဒီတစ္ေခါက္လည္း ေသာက္ေဆး ရူေဆးမ်ား ယူျပီးျပန္လာခဲ့ရျပန္သည္။

ေဆး ေသာက္လိုက္ေတာ့လည္း သားေလး ရင္က်ပ္တာ ေပ်ာက္သြားျပန္သည္။ ဒီလုိနွင့္ တစ္ပတ္ေလာက္ ရင္ မက်ပ္ ပဲ ေနေနသည္။ တစ္ ေန႔ခင္း သားေလး ရင္ က်ပ္ ျပန္သည္။ ညေန ဖက္ ဆရာ၀န္ ဆီသို႔ ေျပးရျပန္သည္။

” တစ္ပတ္လံုးလံုး ကေလး က ရင္မက်ပ္ပဲနဲ႔ ဒီေန႔မွ ကေလးက ရင္က်ပ္တယ္။ အိမ္မွာ ဘာမ်ားထူးထူးျခားျခား ရွိလဲ။ မေန႔ည က ရင္က်ပ္လား၊ မနက္ေစာေစာကေရာ ရင္က်ပ္လား ”

“မက်ပ္ပါဘူးဆရာ။ မေန႔ညကလည္း ကေလးက ေကာင္းေကာင္းအိပ္ပါတယ္။ မနက္ကလည္း ေကာင္းပါတယ္။ ညေနခင္းက်မွ ရင္က်ပ္လာတာပါ”

“အိမ္မွာ တစ္ခုခုနဲ႔ မတည့္လို႔ပါ။ အစားအစာေရာ ဘာထူးထူးျခားျခား ေကၽြးမိေသးလဲ”

” ဘာမွ ထူးထူးျခားျခား မေကၽြးမိပါဘူးဆရာ”

” အန႔ံအသက္ေရာ ဘာထူးထူးျခားျခား ရသလဲ။”

နီလာေခါင္းထဲ အေတြး တစ္ခု ၀င္လာသည္။

”  ကၽြန္ မ ဒီေန႔ ဆံပင္ ေပါင္းတင္တယ္ဆရာ။ ကၽြန္မ သိျပီ ဆရာ။ ကၽြန္ မ ဆံပင္ ေပါင္းတင္တဲ့ေန႔ေတြ ဆို ကေလး ရင္က်ပ္တယ္လို႔ ထင္တယ္။  ”

”  ျဖစ္နိုင္ပါတယ္။ ဘယ္တုန္းက စျပီး ဆံပင္ေပါင္းတင္တာလဲ”

“ကၽြန္ မ ကေလး ငယ္ငယ္တုန္းကေတာ့ ဆံပင္ေပါင္း မတင္ပါဘူး။ လက္ေဆာင္ရတာနဲ႔ တစ္ပတ္ တစ္ခါ ေလာက္ေတာ့  အိမ္မွာပဲ ဆံပင္ ေပါင္း တင္ျဖစ္တယ္။  ေပါင္းတင္ ျပီးတဲ့ေန႔တိုင္း ကေလး ရင္က်ပ္တယ္ဆရာ။ ဒါနဲ႔ဆို သံုးၾကိမ္ရွိျပီေပါ့ေနာ္”

” ျဖစ္နိုင္ပါတယ္။ ဆံပင္ေပါင္း ေဆး ေတြ က chemical ေတြ လည္း မ်ား တယ္။ ဒါေၾကာင့္ ကေလး က ဓာတ္မတည့္ တာ ပါ။ ဒါေၾကာင့္လည္း ရင္ က်ပ္ေနတာပါ။ အေမ အေနနဲ႔ ဆံပင္ေပါင္း ေဆး ေလး သာ ဆက္ မသံုးစြဲပါနွင့္ ကေလး သက္သာ သြားမွာပါ။  ”

” ဟုတ္ကဲ့ပါဆရာ ”

“ရင္က်ပ္ရင္ အေၾကာင္း အရင္း ရွိတတ္ပါတယ္။ အစားအစာနဲ႔မတည့္တာ။ အန႔ံနဲ႔မတည့္တာေတြ ရွိပါတယ္။ တစ္ခ်ိဳ႔ က ဖုန္မွဳန္႔ေတြ ေၾကာင့္ မတည့္တာ မ်ိဳး ေတြ ရွိပါတယ္။    ”

” ဟုတ္ကဲ့ပါဆရာ ”

” အေမ ရဲ့ ဆံပင္ ေပါင္းေဆး အနံ႔ေၾကာင့္ ကေလး ရင္ က်ပ္ေနတဲ့အတြက္ ေနာက္ကို အဲဒီ ဆံပင္ေပါင္းေဆး ကို မသံုးပါနဲ႔ေတာ့  ”

“ဟုတ္ကဲ့ပါဆရာ ”

ရူေဆး ေသာက္ေဆးမ်ား ယူကာ အိမ္သို႔ျပန္လာခဲ့သည္။ အိမ္ကလူေတြ သိရင္ ငါ့ေၾကာင့္ ကေလး ရင္က်ပ္တယ္ဆိုျပီး အျပစ္ေျပာမလားလို႔ စိုးရိမ္ေနမိသည္။ အမ်ိဳးသားကိုလည္း ေျပာလို႔မျဖစ္။ ဒီအတိုင္း ထားလိုက္ေတာ့မည္ ဟု ဆံုးျဖတ္ကာ အိမ္သို႔ ျပန္လာခဲ့သည္။

နီလာ တစ္ေယာက္ ဆံပင္ ေပါင္းတင္ ျခင္း မလုပ္ေတာ့သည့္အတြက္ ကေလး သည္ ေနာက္ တစ္ၾကိ္မ္ရင္ မက်ပ္ေတာ့။ အေမ ျဖစ္သူ က ရင္မက်ပ္ ပဲ သားေလး က ရင္က်ပ္ေနသည့္အတြက္ အံေၾသာ္ရသည္။ သားအတြက္ ဆံပင္ေပါင္းေဆး မသံုးပဲေနရမည္။ရင္က်ပ္တတ္တဲ့ကေလး ေတြက ေနာက္လည္း တစ္ျခား ဓာတ္မတည့္တာေတြ ႏွင့္ေတြ႔ထိမိလွ်င္ ရင္က်ပ္တတ္သည္ဟု လည္း ဆရာ၀န္က မွာလိုက္ေသာေၾကာင့္ စိုးရိမ္စိတ္တို႔ကလည္းရင္ထဲ အျပည့္။ သားအတြက္ ဆုေတာင္းေနရံုျဖင့္ အနာဂတ္ကို ေရွ့ဆက္ရန္ အားတင္းလွ်က္။

Dr.ေအးခ်မ္းမိုုး

Unicode Version

နို့တိုက်မိခင်တွေဆံပင်ဆေးဆိုးရင်  ကလေးမှာအန္တရာယ်ရှိလား

သားလေးကား အသက် ခြောက်လ ကျော်၍ ဖြည့်စွက်စာ စစားနေပြီ။ သက်ဦးကလေး မို့ နီလာ တစ်ယောက် မလုပ်တတ် မကိုင်တတ်။ ကလေးတစ်ခု ခု ဖြစ်ပြီထင်တာနှင့် ဆေးခန်း သို့သာ ပြေးသည်။

အခု တစ်လော သားလေး အသက်ရှူသံတွေ က ပြင်းထန်နေသည်ဟု နီလာ တစ်ယောက်ထင်သည်။ ညဖက် ကလေး ကိုဖက် ထားချီထား လျှင် ကလေး ရင်ကျပ် သံများကို အတိုင်းသားကြားနေရသည်။ ကလေးအတွက် စိတ်ပူတာနှင့်ပဲ ကလေး ဆေးခန်းသို့ ရောက်လာခဲ့ပြန်သည်။

ဆေးခန်းတွင်လည်း လူနာ များ အပြည့်။ တော်တော်နှင့် မဝင်ရပါ။

” ကလေး က အသက်ရူသံတွေ အရမ်း ကျယ်နေလို့ပါ  ”

ဆရာဝန်ကို ပြောလိုက်သည်။ ကလေးကို စမ်းသပ်ကြည့်သည်။

” ဟုတ်တယ်။ ကလေး ရင်ကျပ်နေတယ်။ ”

“ဟုတ်လား ဆရာ။ စိုးရိမ်ရလားဟင်  ” နီလာရင်ထဲ တွင် မွန်းကျပ်လာသလိုမျိုး ခံစားရသည်။

” အရင်ကရော ဒီလိုမျိုးရင်ကျပ်တာ ဖြစ်ဖူးလား  ”

” အရင်က ရင်ကျပ်တာမျိုးတော့ မဖြစ်ဖူးပါဘူး ဆရာ။ ဖျားလို့လာပြတာမျိုး တော့ရှိပါတယ်။ ”

ကာကွယ်ဆေး ထိုးပြီးလျှင် ကလေးသည် ဖျားတတ်သည့်အတွက် ဆေးခန်းသို့ အမြဲ လာပြရသည်။

” ကလေး အဖေ နဲ့ အမေ မှာရော ရင်ကျပ် ရောဂါ ရှိလား  ” ဆရာဝန်သည် ဆေး စာအုပ်တွင် ရောဂါရာဇဝင်များရေးရင်း မေးသည်။

” ကျွန်မ တို့နှစ်ယောာက် စလုံး မှာ ရင်ကျပ် ရောဂါ မရှိပါဘူး ဆရာ ”

“အမျိုး ထဲမှာ ရောရှိလား   ”

” သိသလောက်တော့ မရှိပါဘူး ဆရာ ”

”  အခု ကလေး က ရင်ကျပ်နေတာပါ။ ဆေး ပေးလိုက်မယ်။ မသက်သာ ရင်ပြန်လာ ပြပါနော် ”

ကလေးအတွက် ရူဆေးနှင့် သောက်ဆေး များ ပေးလိုက်သည်။

” ဟုတ်ကဲ့ပါ ဆရာ  ”

ကလေး နှင့် အတူ ဆေးခန်းမှ ပြန်လာခဲ့သည်။ ရူဆေး ၊ဆေး သောက် ဖြင့် ကလေး ၏ အသက်ရှူသံများက ပုံမှန် ပြန်ဖြစ်လာသည်။ ကလေး သက်သာ လာ သဖြင့် သွားမပြဖြစ်။

နောက် တစ်ပတ် လောက် အကြာ ကလေး အသက်ရှူသံများ ပြန်ကျယ်လာပြန်လာသည်။ သားလေး ရင် ကျပ် ပြန်ပြီ။ အသက်ရှူရတာ မော နေမှန်းသိသာလာသည်။ ဆေးခန်းသို့ ပြေးရပြန်သည်။

” ကလေး အသက်ရှူ မြန်နေလို့ပါ ဆရာ။  ”

”  ဟိုတစ်နေ့က ဆေး ပေးတုန်းက သက်သာလား ”

”  သက်သာပါတယ်ဆရာ။ သက်သာလို့ပဲ လာမပြတာပါ ”

” ဆေး ဖြတ်လိုက်တာနဲ့ ကလေး က ပြန်ကျပ်တာလား ”

”  ဆေး ဖြတ် ဖြတ် ပြီးချင်းတော့ ကလေးက ဘာမှ မဖြစ်ဘူးဆရာ။ သုံးရက်လောက် ကောင်းနေသေးတယ်။ ဒီနေ့ နေ့လည်က မှ စပြီ း ပြန်ကျပ်တာပါ။ ”

“မနေ့ ညကရော မကျပ်ဘူးလား  ”

” မနေ့ညကလည်း မကျပ်ပါဘူး ဆရာ။ မနက် စောစောပိုင်းကလည်း ကလေး လုံး၀ မကျပ်ပါဘူး။ နေ့လည် ပိုင်းလောက်မှ ကလေး ကျပ်လာတာပါ။ သေချာပါတယ် ”

“ဘာများ အိမ်မှာ ထူးထူးခြားခြား ကျွေးမိသေးလဲ  ”

” ခါတိုင်းကျွေးနေကျ အတိုင်းပဲ ကျွေးတာပါဆရာ ”

”  ခြင်ဆေးခွေ တွေ ထွန်း တာအမွေးတိုင် ထွန်းထာတွေ ရော လုပ်သေးလား”

“မလုပ်ပါဘူးဆရာ  ”

” ကလေး က ဓာတ်မတည့်လို့ ရင်ကျပ်တယ်လို့ ဆရာက ယူဆတယ်။ သတိထားပြီး စောင့်ကြည့်လိုက်ပါ။ ကလေး ရင်ကျပ်တာ တာ တစ်ခုခု ကြောင့် ပါ  ”

” ဟုတ်ကဲ့ပါ  ဆရာ ။ကျွန် မစောင့်ကြည့်လိုက်ပါမယ်  ” ဒီတစ်ခေါက်လည်း သောက်ဆေး ရူဆေးများ ယူပြီးပြန်လာခဲ့ရပြန်သည်။

ဆေး သောက်လိုက်တော့လည်း သားလေး ရင်ကျပ်တာ ပျောက်သွားပြန်သည်။ ဒီလိုနှင့် တစ်ပတ်လောက် ရင် မကျပ် ပဲ နေနေသည်။ တစ် နေ့ခင်း သားလေး ရင် ကျပ် ပြန်သည်။ ညနေ ဖက် ဆရာဝန် ဆီသို့ ပြေးရပြန်သည်။

” တစ်ပတ်လုံးလုံး ကလေး က ရင်မကျပ်ပဲနဲ့ ဒီနေ့မှ ကလေးက ရင်ကျပ်တယ်။ အိမ်မှာ ဘာများထူးထူးခြားခြား ရှိလဲ။ မနေ့ည က ရင်ကျပ်လား၊ မနက်စောစောကရော ရင်ကျပ်လား ”

“မကျပ်ပါဘူးဆရာ။ မနေ့ညကလည်း ကလေးက ကောင်းကောင်းအိပ်ပါတယ်။ မနက်ကလည်း ကောင်းပါတယ်။ ညနေခင်းကျမှ ရင်ကျပ်လာတာပါ”

“အိမ်မှာ တစ်ခုခုနဲ့ မတည့်လို့ပါ။ အစားအစာရော ဘာထူးထူးခြားခြား ကျွေးမိသေးလဲ”

” ဘာမှ ထူးထူးခြားခြား မကျွေးမိပါဘူးဆရာ”

” အနံ့အသက်ရော ဘာထူးထူးခြားခြား ရသလဲ။”

နီလာခေါင်းထဲ အတွေး တစ်ခု ဝင်လာသည်။

”  ကျွန် မ ဒီနေ့ ဆံပင် ပေါင်းတင်တယ်ဆရာ။ ကျွန်မ သိပြီ ဆရာ။ ကျွန် မ ဆံပင် ပေါင်းတင်တဲ့နေ့တွေ ဆို ကလေး ရင်ကျပ်တယ်လို့ ထင်တယ်။  ”

”  ဖြစ်နိုင်ပါတယ်။ ဘယ်တုန်းက စပြီး ဆံပင်ပေါင်းတင်တာလဲ”

“ကျွန် မ ကလေး ငယ်ငယ်တုန်းကတော့ ဆံပင်ပေါင်း မတင်ပါဘူး။ လက်ဆောင်ရတာနဲ့ တစ်ပတ် တစ်ခါ လောက်တော့  အိမ်မှာပဲ ဆံပင် ပေါင်း တင်ဖြစ်တယ်။  ပေါင်းတင် ပြီးတဲ့နေ့တိုင်း ကလေး ရင်ကျပ်တယ်ဆရာ။ ဒါနဲ့ဆို သုံးကြိမ်ရှိပြီပေါ့နော်”

” ဖြစ်နိုင်ပါတယ်။ ဆံပင်ပေါင်း ဆေး တွေ က chemical တွေ လည်း များ တယ်။ ဒါကြောင့် ကလေး က ဓာတ်မတည့် တာ ပါ။ ဒါကြောင့်လည်း ရင် ကျပ်နေတာပါ။ အမေ အနေနဲ့ ဆံပင်ပေါင်း ဆေး လေး သာ ဆက် မသုံးစွဲပါနှင့် ကလေး သက်သာ သွားမှာပါ။  ”

” ဟုတ်ကဲ့ပါဆရာ ”

“ရင်ကျပ်ရင် အကြောင်း အရင်း ရှိတတ်ပါတယ်။ အစားအစာနဲ့မတည့်တာ။ အနံ့နဲ့မတည့်တာတွေ ရှိပါတယ်။ တစ်ချို့ က ဖုန်မှုန့်တွေ ကြောင့် မတည့်တာ မျိုး တွေ ရှိပါတယ်။    ”

” ဟုတ်ကဲ့ပါဆရာ ”

” အမေ ရဲ့ ဆံပင် ပေါင်းဆေး အနံ့ကြောင့် ကလေး ရင် ကျပ်နေတဲ့အတွက် နောက်ကို အဲဒီ ဆံပင်ပေါင်းဆေး ကို မသုံးပါနဲ့တော့  ”

“ဟုတ်ကဲ့ပါဆရာ ”

ရူဆေး သောက်ဆေးများ ယူကာ အိမ်သို့ပြန်လာခဲ့သည်။ အိမ်ကလူတွေ သိရင် ငါ့ကြောင့် ကလေး ရင်ကျပ်တယ်ဆိုပြီး အပြစ်ပြောမလားလို့ စိုးရိမ်နေမိသည်။ အမျိုးသားကိုလည်း ပြောလို့မဖြစ်။ ဒီအတိုင်း ထားလိုက်တော့မည် ဟု ဆုံးဖြတ်ကာ အိမ်သို့ ပြန်လာခဲ့သည်။

နီလာ တစ်ယောက် ဆံပင် ပေါင်းတင် ခြင်း မလုပ်တော့သည့်အတွက် ကလေး သည် နောက် တစ်ကြိမ်ရင် မကျပ်တော့။ အမေ ဖြစ်သူ က ရင်မကျပ် ပဲ သားလေး က ရင်ကျပ်နေသည့်အတွက် အံသြော်ရသည်။ သားအတွက် ဆံပင်ပေါင်းဆေး မသုံးပဲနေရမည်။ရင်ကျပ်တတ်တဲ့ကလေး တွေက နောက်လည်း တစ်ခြား ဓာတ်မတည့်တာတွေ နှင့်တွေ့ထိမိလျှင် ရင်ကျပ်တတ်သည်ဟု လည်း ဆရာဝန်က မှာလိုက်သောကြောင့် စိုးရိမ်စိတ်တို့ကလည်းရင်ထဲ အပြည့်။ သားအတွက် ဆုတောင်းနေရုံဖြင့် အနာဂတ်ကို ရှေ့ဆက်ရန် အားတင်းလျှက်။