ကလေးငယ်လေးတွေကို ဘယ်တော့မှ မကျွေးသင့်တဲ့ အစားအစာ ၈ မျိုး

ကေလးငယ္ေလးေတြကို ဘယ္ေတာ့မွ မေကြ်းသင့္တဲ့ အစားအစာ ၈ မ်ိဳး
အသက္တစ္နွစ္ နွစ္နွစ္အရြယ္ကေလးငယ္ေတြအတြက္ အစားအစာအာဟာရျပည့္ဝဖို႔ အေရးၾကီးပါတယ္။မိဘေတြအေနနဲ႔ကလည္း သားသားမီးမီးအားရိွဖို႔ ဥာဏ္ေကာင္းဖို႔ အစားအစာေတြေကြ်းရမယ္ဆို ဘယ္ေလာက္ကုန္ကုန္ အသင့္ရိွေနတတ္ၾကပါတယ္။ဒါေပမဲ့ အခ်ိန္မတန္ေသးခင္မွာ မေကြ်းသင့္မေကြ်းထိုက္ေသးတာေတြ သြားေကြ်းမိရင္ အက်ိဳးထက္ အဆိုးက မ်ားနိုင္တာမို႔ ကေလးငယ္ေလးေတြကို လံုးဝ မေကြ်းသင့္ေသးတဲ့အစားအစာ ၇ မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ပ်ားရည္
ပ်ားရည္ဟာ အရမ္းငယ္ေသးတဲ့ကေလးေတြမွာ Botulism လို႔ေခၚတဲ့ ျပင္းထန္တဲ့အစာအဆိပ္သင့္မႈမ်ိဳး ျဖစ္ေစနိုင္ပါတယ္။ဒါေၾကာင့္ အသက္တစ္နွစ္မျပည့္ေသးတဲ့ကေလးငယ္ေတြကို ပ်ားရည္ လံုးဝ မတိုက္ေကြ်းသင့္ပါဘူး။ဒါေပမဲ့ နို႔တိုက္မိခင္ေတြအေနနဲ႔ေတာ့ ပ်ားရည္ေသာက္လို႕ရပါတယ္။အစာအိမ္ထဲမွာရိွတဲ့အက္ဆစ္ဓာတ္က Botulism ျဖစ္ေစတဲ့ ဘက္တီးရီးယားပိုးေတြကို ေသေစတဲ့အတြက္ နို႔ရည္ဟာ အဆိပ္မျဖစ္ေတာ့ပါဘူး။
၂။စိပ္ျခမ္းထားျခင္းမရိွေသာ ဟင္းသီးဟင္းရြက္နွင့္သစ္သီးအစိမ္းမ်ား
မုန္လာဥနီလို ပဲၾကီးေစ့လို တရုတ္နံနံလို ဟင္းသီးဟင္းရြက္မ်ိဳးေတြ ကေလးငယ္ကို ေကြ်းခ်င္တယ္ဆိုရင္ ေပ်ာ့ေပ်ာင္းႏူးညံ႔ေနေအာင္ အရင္ျပဳတ္ဖို႔ေတာ့လိုပါလိမ့္မယ္။အသီးအနွံေတြဟာ ေပ်ာ့ေပ်ာင္းရမဲ့အျပင္ လည္ပင္းမွာတစ္ေနရေလာက္ေအာင္ၾကီးတဲ့ အရြယ္အစားမ်ဳိးေတြ မျဖစ္ရေအာင္ စိပ္ျခမ္းထားဖို႔လည္း လိုပါမယ္။ကေလးမွာ အစားအစာကို ကိုက္ဝါးဖို႔ သြားေတြမေပါက္လာမခ်င္း အထက္ပါအတိုင္းေကြ်းသင့္ပါတယ္။ငွက္ေပ်ာသီး သေဘာၤသီးနဲ႔ သရက္သီး စတဲ့အသီးအနွံမ်ိဳးေတြကိုေတာ့ ကေလးစားလို႔ရေလာက္မဲ့အေနေတာ္ေလး စိပ္ျခမ္းျပီး ေကြ်းတာ အေကာင္းဆံုးပါပဲ။
၃။ႏြားနို႔ႏွင့္ပဲနို႔
ႏြားကရတဲ့နို႔ထဲမွာ တစ္နွစ္အရြယ္ကေလးငယ္ေလးေတြအေနနဲ႔ မေခ်ဖ်က္နိုင္ေသးတဲ့ ပရိုတင္းဓာတ္ေတြ ပါဝင္ပါတယ္။ဒ့ါအျပင္ ကေလးငယ္ရဲ႕ ေက်ာက္ကပ္ကို ထိခိုက္ေစနိုင္တဲ့ သတၳဳဓာတ္ေတြလည္း ပါဝင္ပါေသးတယ္။ပဲနို႔လည္း ဒီအတိုင္းပါပဲ။ဒါေၾကာင့္ တစ္နွစ္ေအာက္ကေလးငယ္ေတြကို တိုက္ေကြ်းဖို႔ဆိုရင္ေတာ့ မိခင္နို႔ ဒါမွမဟုတ္ မိခင္နို႔အတိုင္းထုတ္လုပ္ထားတဲ့ နို႔မႈန္႔ေတြကိုသာ ေရြးခ်ယ္ရပါမယ္။ေရကိုေတာ့ နည္းနည္းခ်င္း အစပ်ိဳးျပီး တိုက္သြားလို႔ ရနိုင္ပါတယ္။
၄။ေျမပဲေထာပတ္နွင့္အျခားေစးကပ္ေသာေထာပတ္မ်ား
ေျမပဲေထာပတ္နွင့္အျခားအခြံမာေစ့ေတြကလုပ္တဲ့ ေထာပတ္ေတြဟာ ကေလးငယ္ေတြအတြက္ အႏၲရာယ္မ်ားပါတယ္။ဘာလို႔လည္းဆိုေတာ့ အရမ္းေစးကပ္လို႔ပါပဲ။ကေလးအေနနဲ႔ မ်ိဳခ်ရခက္ခဲေစျပီး အသက္ရႈလမ္းေၾကာင္းမွာ ပိတ္ဆို႔တာမ်ိဳးေတြ ျဖစ္နိုင္ပါတယ္။ဒါ့အျပင္ ေျမပဲဟာ အခ်ိဳ႕ကေလးငယ္ေတြမွာ ျပင္းထန္တဲ့ ဓာတ္မတည့္မႈမ်ိဳးလည္း ျဖစ္ေစနိုင္ပါတယ္။
၅။အေစ့ပါေသာအသီးမ်ား  အေစ့မ်ား
ဖရဲသီး သစ္ေတာ္သီး ဆီးသီး နွင့္ စပ်စ္သီးလို အသီးမ်ိဳးေတြမွာ အေစ့ေသးေသးေလးေတြ အမ်ားၾကီးပါတဲ့အတြက္ ကေလးေတြကို ေကြ်းမယ္ဆိုရင္လည္း အေစ့ေတြေျပာင္စင္တဲ့အထိ ဖယ္ထုတ္ပစ္ဖို႔ လိုပါမယ္။ေနၾကာေစ့ဖရံုေစ့ေတြဟာ အသက္ရႈလမ္းေၾကာင္းပိတ္ရေလာက္ေအာင္ မၾကီးေပမဲ့ တကယ္လို႔အသက္ရႈလမ္းေၾကာင္းထဲမွာ ရိွေနခဲ့မယ္ဆိုရင္ ေရာဂါပိုးေတြဝင္နိုင္ေခ်အမ်ားၾကီး ရိွပါတယ္။
၆။ကဖိန္း(Caffeine) ဓာတ္ပါေသာ အစားအစာမ်ား
ေကာ္ဖီ ဆိုဒါ လက္ဘက္ရည္ေအး နဲ႔ အျခား ကဖိန္းဓာတ္ပါတဲ့ အရည္ေတြကို ကေလးငယ္ေတြကို လံုးဝ မတိုက္သင့္ပါဘူူး။ကေလးငယ္ရဲ႕ အစာအိမ္ဟာ ဒီကဖိန္းဓာတ္ကို လက္မခံနိုင္ေသးပါဘူး။
၇။ပိုးသတ္သန္႔စင္ထားျခင္းမရိွတဲ့ ဒိန္ခဲ (Unpasteurized Cheese)
ကေလးငယ္ေတြရဲ႕ ခုခံအားစနစ္စတင္ဖြံျဖိဳးေနခါစမွာ ခုလို ဒိန္ခဲမ်ိဳး မေကြ်းသင့္ပါဘူး။မ်ားေသာအားျဖင့္ ေစ်းကြက္မွာေရာင္းတဲ့ ဒိန္ခဲအမ်ားစုဟာ ပိုးသတ္သန္႔စင္ထားျပီးသားျဖစ္ေပမဲ့ မဝယ္ခင္ေသခ်ာ စာေတြဘာေတြဖတ္ျပီးစစ္ေဆးတာ အေကာင္းဆံုးပါပဲ။မသန္႔စင္ထားတဲ့ဒိန္ခဲမွာ အႏၲရာယ္ေပးနိုင္တဲ့ဘက္တီးရီးယားေတြ အေျမာက္အျမားပါဝင္ပါတယ္။
၈။သစ္သီးေဖ်ာ္ရည္
အသက္ေျခာက္လကေန ဆယ့္နွစ္လအတြင္းမွာ အသီးေဖ်ာ္ရည္ေတြ စတိုက္လို႔ရျပီဆိုေပမဲ့ တေန႔ကို ေလးေအာင္စထက္ေတာ့ ေက်ာ္ျပီးတိုက္လို႔ မရေသးပါဘူး။ဝမ္းပ်က္ဝမ္းေလ်ာေစနိုင္တဲ့အျပင္ ေဖ်ာ္ရည္မွာပါတဲ့ သၾကားေတြက ကေလးငယ္ရဲ႕သြားက်န္းမာေရးကို ဒုကၡျဖစ္ေစလို႔ပါ။တခုသိထားရမွာက ျဖည့္စြက္ထားတဲ့သၾကားေတြအမ်ားၾကီးပါဝင္တဲ့ေဖ်ာ္ရည္ေတြ မဟုတ္ပဲ သဘာဝသစ္သီးေဖ်ာ္ရည္ဆိုရင္ေတာ့ ဒီလိုျပႆနာေတြ သိပ္မရိွနိုင္ဘူးဆိုတာပါပဲ။
ဒါေၾကာင့္ ေဖေဖေမေမတို႔နဲ႔ သားသားမီးမီးေတြကို အာဟာရျပည့္ဝေအာင္ ေကြ်းခ်င္တာမွန္ေပမဲ့ မေကြ်းသင့္မေကြ်းသင့္ထိုက္ေသးတာေလးေတြကိုလည္း သိရိွမွတ္သားထားရေအာင္ ေဝမ်ွေပးလိုက္ရျခင္းပဲ ျဖစ္ပါတယ္။ထက္ျမက္ထူးခြ်န္ က်န္းမာသန္စြမ္းတဲ့ သားသမီးရတနာေလးမ်ားကို ပိုင္ဆိုင္နိုင္ၾကပါေစ။
Dr.KG
Unicode Version

ကလေးငယ်လေးတွေကို ဘယ်တော့မှ မကျွေးသင့်တဲ့ အစားအစာ ၈ မျိုး

အသက်တစ်နှစ် နှစ်နှစ်အရွယ်ကလေးငယ်တွေအတွက် အစားအစာအာဟာရပြည့်ဝဖို့ အရေးကြီးပါတယ်။မိဘတွေအနေနဲ့ကလည်း သားသားမီးမီးအားရှိဖို့ ဉာဏ်ကောင်းဖို့ အစားအစာတွေကျွေးရမယ်ဆို ဘယ်လောက်ကုန်ကုန် အသင့်ရှိနေတတ်ကြပါတယ်။ဒါပေမဲ့ အချိန်မတန်သေးခင်မှာ မကျွေးသင့်မကျွေးထိုက်သေးတာတွေ သွားကျွေးမိရင် အကျိုးထက် အဆိုးက များနိုင်တာမို့ ကလေးငယ်လေးတွေကို လုံးဝ မကျွေးသင့်သေးတဲ့အစားအစာ ၇ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ပျားရည်

ပျားရည်ဟာ အရမ်းငယ်သေးတဲ့ကလေးတွေမှာ Botulism လို့ခေါ်တဲ့ ပြင်းထန်တဲ့အစာအဆိပ်သင့်မှုမျိုး ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် အသက်တစ်နှစ်မပြည့်သေးတဲ့ကလေးငယ်တွေကို ပျားရည် လုံးဝ မတိုက်ကျွေးသင့်ပါဘူး။ဒါပေမဲ့ နို့တိုက်မိခင်တွေအနေနဲ့တော့ ပျားရည်သောက်လို့ရပါတယ်။အစာအိမ်ထဲမှာရှိတဲ့အက်ဆစ်ဓာတ်က Botulism ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့အတွက် နို့ရည်ဟာ အဆိပ်မဖြစ်တော့ပါဘူး။

၂။စိပ်ခြမ်းထားခြင်းမရှိသော ဟင်းသီးဟင်းရွက်နှင့်သစ်သီးအစိမ်းများ

မုန်လာဥနီလို ပဲကြီးစေ့လို တရုတ်နံနံလို ဟင်းသီးဟင်းရွက်မျိုးတွေ ကလေးငယ်ကို ကျွေးချင်တယ်ဆိုရင် ပျော့ပျောင်းနူးညံ့နေအောင် အရင်ပြုတ်ဖို့တော့လိုပါလိမ့်မယ်။အသီးအနှံတွေဟာ ပျော့ပျောင်းရမဲ့အပြင် လည်ပင်းမှာတစ်နေရလောက်အောင်ကြီးတဲ့ အရွယ်အစားမျိုးတွေ မဖြစ်ရအောင် စိပ်ခြမ်းထားဖို့လည်း လိုပါမယ်။ကလေးမှာ အစားအစာကို ကိုက်ဝါးဖို့ သွားတွေမပေါက်လာမချင်း အထက်ပါအတိုင်းကျွေးသင့်ပါတယ်။ငှက်ပျောသီး သဘောၤသီးနဲ့ သရက်သီး စတဲ့အသီးအနှံမျိုးတွေကိုတော့ ကလေးစားလို့ရလောက်မဲ့အနေတော်လေး စိပ်ခြမ်းပြီး ကျွေးတာ အကောင်းဆုံးပါပဲ။

၃။နွားနို့နှင့်ပဲနို့

နွားကရတဲ့နို့ထဲမှာ တစ်နှစ်အရွယ်ကလေးငယ်လေးတွေအနေနဲ့ မချေဖျက်နိုင်သေးတဲ့ ပရိုတင်းဓာတ်တွေ ပါဝင်ပါတယ်။ဒ့ါအပြင် ကလေးငယ်ရဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ သတ္ထုဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ပဲနို့လည်း ဒီအတိုင်းပါပဲ။ဒါကြောင့် တစ်နှစ်အောက်ကလေးငယ်တွေကို တိုက်ကျွေးဖို့ဆိုရင်တော့ မိခင်နို့ ဒါမှမဟုတ် မိခင်နို့အတိုင်းထုတ်လုပ်ထားတဲ့ နို့မှုန့်တွေကိုသာ ရွေးချယ်ရပါမယ်။ရေကိုတော့ နည်းနည်းချင်း အစပျိုးပြီး တိုက်သွားလို့ ရနိုင်ပါတယ်။

၄။မြေပဲထောပတ်နှင့်အခြားစေးကပ်သောထောပတ်များ

မြေပဲထောပတ်နှင့်အခြားအခွံမာစေ့တွေကလုပ်တဲ့ ထောပတ်တွေဟာ ကလေးငယ်တွေအတွက် အန္တရာယ်များပါတယ်။ဘာလို့လည်းဆိုတော့ အရမ်းစေးကပ်လို့ပါပဲ။ကလေးအနေနဲ့ မျိုချရခက်ခဲစေပြီး အသက်ရှုလမ်းကြောင်းမှာ ပိတ်ဆို့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ဒါ့အပြင် မြေပဲဟာ အချို့ကလေးငယ်တွေမှာ ပြင်းထန်တဲ့ ဓာတ်မတည့်မှုမျိုးလည်း ဖြစ်စေနိုင်ပါတယ်။

၅။အစေ့ပါသောအသီးများ  အစေ့များ

ဖရဲသီး သစ်တော်သီး ဆီးသီး နှင့် စပျစ်သီးလို အသီးမျိုးတွေမှာ အစေ့သေးသေးလေးတွေ အများကြီးပါတဲ့အတွက် ကလေးတွေကို ကျွေးမယ်ဆိုရင်လည်း အစေ့တွေပြောင်စင်တဲ့အထိ ဖယ်ထုတ်ပစ်ဖို့ လိုပါမယ်။နေကြာစေ့ဖရုံစေ့တွေဟာ အသက်ရှုလမ်းကြောင်းပိတ်ရလောက်အောင် မကြီးပေမဲ့ တကယ်လို့အသက်ရှုလမ်းကြောင်းထဲမှာ ရှိနေခဲ့မယ်ဆိုရင် ရောဂါပိုးတွေဝင်နိုင်ချေအများကြီး ရှိပါတယ်။

၆။ကဖိန်း(Caffeine) ဓာတ်ပါသော အစားအစာများ

ကော်ဖီ ဆိုဒါ လက်ဘက်ရည်အေး နဲ့ အခြား ကဖိန်းဓာတ်ပါတဲ့ အရည်တွေကို ကလေးငယ်တွေကို လုံးဝ မတိုက်သင့်ပါဘူူး။ကလေးငယ်ရဲ့ အစာအိမ်ဟာ ဒီကဖိန်းဓာတ်ကို လက်မခံနိုင်သေးပါဘူး။

၇။ပိုးသတ်သန့်စင်ထားခြင်းမရှိတဲ့ ဒိန်ခဲ (Unpasteurized Cheese)

ကလေးငယ်တွေရဲ့ ခုခံအားစနစ်စတင်ဖွံဖြိုးနေခါစမှာ ခုလို ဒိန်ခဲမျိုး မကျွေးသင့်ပါဘူး။များသောအားဖြင့် ဈေးကွက်မှာရောင်းတဲ့ ဒိန်ခဲအများစုဟာ ပိုးသတ်သန့်စင်ထားပြီးသားဖြစ်ပေမဲ့ မဝယ်ခင်သေချာ စာတွေဘာတွေဖတ်ပြီးစစ်ဆေးတာ အကောင်းဆုံးပါပဲ။မသန့်စင်ထားတဲ့ဒိန်ခဲမှာ အန္တရာယ်ပေးနိုင်တဲ့ဘက်တီးရီးယားတွေ အမြောက်အမြားပါဝင်ပါတယ်။

၈။သစ်သီးဖျော်ရည်

အသက်ခြောက်လကနေ ဆယ့်နှစ်လအတွင်းမှာ အသီးဖျော်ရည်တွေ စတိုက်လို့ရပြီဆိုပေမဲ့ တနေ့ကို လေးအောင်စထက်တော့ ကျော်ပြီးတိုက်လို့ မရသေးပါဘူး။ဝမ်းပျက်ဝမ်းလျောစေနိုင်တဲ့အပြင် ဖျော်ရည်မှာပါတဲ့ သကြားတွေက ကလေးငယ်ရဲ့သွားကျန်းမာရေးကို ဒုက္ခဖြစ်စေလို့ပါ။တခုသိထားရမှာက ဖြည့်စွက်ထားတဲ့သကြားတွေအများကြီးပါဝင်တဲ့ဖျော်ရည်တွေ မဟုတ်ပဲ သဘာဝသစ်သီးဖျော်ရည်ဆိုရင်တော့ ဒီလိုပြဿနာတွေ သိပ်မရှိနိုင်ဘူးဆိုတာပါပဲ။

ဒါကြောင့် ဖေဖေမေမေတို့နဲ့ သားသားမီးမီးတွေကို အာဟာရပြည့်ဝအောင် ကျွေးချင်တာမှန်ပေမဲ့ မကျွေးသင့်မကျွေးသင့်ထိုက်သေးတာလေးတွေကိုလည်း သိရှိမှတ်သားထားရအောင် ဝေမျှပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။ထက်မြက်ထူးချွန် ကျန်းမာသန်စွမ်းတဲ့ သားသမီးရတနာလေးများကို ပိုင်ဆိုင်နိုင်ကြပါစေ။

Dr.KG