ကလေးဝမ်းစိမ်းလျင်စိုးရိမ်၇ပါသလား?

က​လေးဝမ်းစိမ်းစိမ်းတွေသွားနေရင်   ​စိုး၇ိမ်​ရလား
နို့စို့က​လေးများသည်​ တခါတ၇ံ ​အောက်​ပါအ​ကြောင်းအ၇င်းများ​ကြောင့်​ဝမ်းအစိမ်းေ၇ာင်​သွားတက်​ကြပါတယ်​။
၁)မိခင်​နို့စို့​နေ​​သောက​လေးဖြစ်​လျင်​ မိခင်​က အစိမ်း​ရောင်​ ဟင်းသီးဟင်း၇ွက်​များ(ဥပမာ-ဟင်းနုနယ်​)စားလျင်​ က​လေးဝမ်းစိမ်း သွားတက်​ပါတယ်​။
၃)ဖြည့်စွက်စာေ​ကျွး​သောအ၇ွယ်​တွင်​ က​လေးကို   အစိမ်းေ၇ာင်​ရှိတဲ့ အစားအစာကို ​​ကျွေးထား၇င်​လည်း က​လေးဝမ်းစိမ်းသွားတက်​ပါတယ်
၎) ဝမ်း​ပျက်​ ဝမ်း​လျောဖြစ်​​နေချိန်​တွင်​ အူများ၏ လှုပ်​ရှားမှုမှာ အလွန်​မြန်​သဖြင့်​ သဲ​ခြေ၇ည်​နှင့်​ အူတွင်း ရှိ လူ့အကျိုးပြု ပဋိဇီဝ ပိုးများ ​တွေ့ဆုံဓာတ်​ပြုချိန်​ နည်းသွား​သော​ကြောင့်​ ဝမ်းပျပ်​ ဝမ်း​လျော ​နေ၇င်​လည်းဝမ်းအစိမ်းေ၇ာင်​ သွားတက်​ပါတယ်​။
ခ) ​ဝမ်းသွား​သော​ကြောငိ့ေ၇ဓာတ်​ဆုံး၇ှုံး​သော လက္ခဏာ များရှိခြင်း (မျက်​တွင့်​ချိုင့်​၊ လျာ​ခြောက်​၊ အီ၊ မှိုန်း)
ဂ)ဖျားခြင်း
အထက်​ပါ လက္ခဏာ များရှိလျင်​ နီးစပ်​၇ာ ​ဆေး၇ုံ ​ဆေးခန်းမှာပြ​ပေးပါ။

 

Dr.Wutyi

Unicode Version

ကလေးဝမ်းစိမ်းလျင်စိုးရိမ်၇ပါသလား?
နို့စို့ကလေးများသည် တခါတရံ အောက်ပါအကြောင်းအ၇င်းများကြောင့်ဝမ်းအစိမ်းရောင်သွားတက်ကြပါတယ်။
၁)မိခင်နို့စို့နေသောကလေးဖြစ်လျင် မိခင်က အစိမ်းရောင် ဟင်းသီးဟင်းရွက်များ(ဥပမာ-ဟင်းနုနယ်)စားလျင် ကလေးဝမ်းစိမ်း သွားတက်ပါတယ်။
၂) မိခင်နို့တွင်ပါဝင်နေသော မိခင်စားသုံးလိုက်သော အစားအစာ (ဥပမာ-နွားနို့နှင့် နို့ထွက်ပစ္စည်းများ) နှင့် မတည့်သောကြောင့်လည်း ကလေးဝမ်းစိမ်း သွားတက်ပါတယ်။ မိခင်နို့နှင့် မတည့်သောကြောင့် မဟုတ်ပါ။ ထိုသို့ဖြစ်လျင် မိခင်အနေဖြင့် နွားနို့နှင့် နို့ထွက်ပစ္စည်းများ ကို မစားပဲ ရှောင်ကျဉ်ရပါမည်။
၃)ဖြည့်စွက်စာကျွေးသောအရွယ်တွင် ကလေးကို အစိမ်းရောင်ရှိတဲ့ အစားအစာကို ကျွေးထား၇င်လည်း ကလေးဝမ်းစိမ်းသွားတက်ပါတယ်။
၄) ဝမ်းပျက် ဝမ်းလျောဖြစ်နေချိန်တွင် အူများ၏ လှုပ်ရှားမှုမှာ အလွန်မြန်သဖြင့် သဲခြေ၇ည်နှင့် အူတွင်း ရှိ လူ့အကျိုးုပြု ပဋိဇီ၀ ပိုးများ တွေ့ဆုံဓာတ်ပြုချိန် နည်းသွားသောကြောင့် ဝမ်းပျပ် ဝမ်းလျော နေ၇င်လည်းဝမ်းအစိမ်းရောင် သွားတက်ပါတယ်။
၅) နို့တိုက်ရာတွင် ရှေ့နို့ရည် (fore milk) နှင့် နောက်နို့ရည် (hind milk) အချိုးအစားမမျှမှု ကလည်း ကလေးငယ်တွေကို ဝမ်းအစိမ်းရောင် သွားစေပါတယ်။
ဝမ်းအစိမ်းရောင်သွားသောကလေးတွင် အောက်ပါ လက္ခဏာ များမရှိလျင် စိတ်ပူရန်မလိုပါ။
က) ဝမ်းအရည်များ မကြာမကြာသွားခြင်း
ခ) ဝမ်းသွားသောကြောငိ့ ရေဓာတ်ဆုံး၇ှုံးသော လက္ခဏာ များရှိခြင်း (မျက်တွင့်ချိုင့်၊ လျာခြောက်၊ အီ၊ မှိုန်း)
ဂ)ဖျားခြင်း
ဃ) ဝမ်းထဲတွင် သွေးပါခြင်း
အထက်ပါ လက္ခဏာ များရှိလျင် နီးစပ်ရာ ဆေးရုံ ဆေးခန်းမှာပြပေးပါ။