မွေးကင်းစလေးတွေရဲ့  ချက်ကြိုးကို ပိုးမဝင်အောင် ဘယ်လိုထားမလဲ

ေမြးကင္းစေလးေတြရဲ႕  ခ်က္ၾကိဳးကိုု ပိုုးမဝင္ေအာင္ ဘယ္လိုုထားမလဲ
ခ်က္​ႀကိုးဆိုတာ သ​ေႏၶသား​ေလာင္​း​ေလး မိခင္​ဝမ္​းထဲမွာ ႀကီးထြား႐ွင္​သန္​ဖို႔ အစာအဟာ၇ ​ေတြကို မိခင္​က​ေန သ​ေႏၶသား​ဆီကို သယ္​ယူပို႔​ေဆာင္​​ေပးတဲ့ ​ေသြး​ေၾကာအစုအစည္​း​ေလးပဲ ျဖစ္​ပါတယ္​။ က​ေလး​​ေလးဟာ မိခင္​ဝမ္​းက​ေနဖြားျမင္​ၿပီးတဲ့ အခါမွာ​ေတာ့ မိခင္​ႏို႔စို႔ႏိုင္​ၿပီ ျဖစိတာ​ေၾကာင္​့ ​ေမြး​ေမြးၿပီခ်င္​းမွာ ခ်က္​ႀကိဳးကို ျဖတ္​ပစ္​ ၇ပါတယ္​။ ​ေမြးဖြား​ေပးတဲ့ ဆ၇ာဝန္|သားဖြားဆ၇ာမ ​ေတြဟာ ျဖတ္လိုက္ျပီးခ်က္​ႀကိဳးထိပ္​​ေလးကို ညႇပ္​​ေလးနဲ႔ ညႇပ္​​ေပးလိုက္​တက္​ၾကပါတယ္​။ အဲဒီ ခ်က္​ႀကိဳးငုတ္​စု​ေလးကို ဘယ္​လိုထိန္​းသိမ္​း ​ေစာင္​့​ေရွာက္​ ၾကမလဲ။
၁) ခ်က္​ႀကိဳးကို အစဥ္ ​သန္​႔႐ွင္​း ​ေျခာက္​​ေသြ့ ​ေအာင္​ထာပါ။ သန္​႔႐ွင္​း ​ေျခာက္​​ေသြ႔မႈ သည္​ ခ်က္​ႀကိဳးကို ထိန္​းသိမ္​း ​ေစာင္​့​ေရွာက္​ ၇ာတြင္​ အ​ေ၇းႀကီးဆံုး အခ်က္​ျဖစ္​သည္​။
၂) ခ်က္​ႀကိဳး နွင့္ ခ်က္ႀကိဳးအနီးတဝိုက္​ကို သနိ႔႐ွင္​း​ေန​ေစရန္​ ready made alcohol swab သို႔ လက္​သန္​႔​ေဆး၇ည္​တို႔ထား​ေသာ သန္​႔႐ွင္​းသည္​့ ဂြမ္​းစျဖင္​့ အသာပြတ္​​ေပးပါ။ (သတိ- အ၇က္​ျပန္​ျဖင္​့ မပြတ္​၇)
၃)ခ်က္​ႀကိဳးကို ​ေပါင္​ဒါမႈန္​႔ ဗမာ​ေဆးမႈန္​႔ ဘာအမႈန္​႔ ညာအမႈန္​႔ မ်ား မလူးရပါ။
၄) ခ်ကိႀကိဳး​ေပၚ Diaper မအုပ္​ထားရ။ ခ်က္ျကိုးရွိမည့္​ေနရာတြင္​ အ​ေပါက္​ပါ​ေသာ ​ေမြးကင္​းစက​ေလးသံုး Diaper သံုးလ်င္​ပိုၿပီး အဆင္​​ေျပ​ပါသည္​။
၅) ခ်က္ႀကိဳးမ​ေႂကြ​ေသးသ၍ က​ေလးကို​ေရ​ေလာင္​းမခ်ိဳးရပါ။ ​ေရပတ္​ဝတ္​တိုက္​​ေပးႏိုင္​ပါသည္​။
၆) ခ်က္​ႀကိဳးကို ​အစဥ္​​ေျခာက္​​ေသြ ့​ေန​ေစ၇န္​ အႏွီးပါးပါးျဖင္​့သာအုပ္​ထား​ေပးပါ။
၇) ခ်က္​ႀကိဳး​ေႂကြ​ေစရန္​(ခ်က္​ႀကိဳးသည္​ ​ေႂကြခါနီးဆဲဆဲ တည္​းတည္​း​ေလးျဖစ္​​ေန​ေစကာမူ) မိမိလက္​ျဖင္​့ ဘယ္​​ေတာ့မွ မဆြဲမိပါ​ေစႏွင္​့။ သူ႔ဘာသာ လံုးဝ ​ေႂကြသည္​အထိ​ေစာင္​့ပါ။
၈)ပံုမွန္​ဆို ခ်က္​ႀကိဳးဟာ ​ေမြးၿပီး ၂ ပတ္က​​ေန ၃ ပတ္​ဆို ​ေႂကြပါတယ္​။ ခ်က္​ႀကိဳး​ေႂကြတဲ့အခါ ​ေသြးအနည္​းငယ္​ထြက္​နိုင္​ပါတယ္​။မစိုးရိမ္​ပါႏွင္​့။ ျပည္​ထြက္​လ်င္​၊​ေယာင္​ခ်က္​ႀကိဳး​ေႂကြၿပီးလ်င္​လည္​းလ်င္​သာဆရာဝန္​ ႏွင္​့ျပပါ။
၉) ခ်က္​ႏွင္​့ ခ်က္​ပတ္​လည္​ ကို အ​ထက္​မွာ​ေျပာသည္​့အတိုင္​း သန္​႔႐ွင္​း​ေရးလုပ္​ပါ။ေျခာက္​​ေသြ ့စြာထားပါ။ ခ်က္​​ေႂကြၿပီး ၂ ပတ္​​ေနလ်င္​ ခ်က္​အနာက်က္​ပါသည္​။
Dr.Wutyi
Unicode Version

 

မွေးကင်းစလေးတွေရဲ့  ချက်ကြိုးကို ပိုးမဝင်အောင် ဘယ်လိုထားမလဲ

ချက်ကြိုးဆိုတာ သန္ဓေသားလောင်းလေး မိခင်ဝမ်းထဲမှာ ကြီးထွားရှင်သန်ဖို့ အစာအဟာ၇ တွေကို မိခင်ကနေ သန္ဓေသားဆီကို သယ်ယူပို့ဆောင်ပေးတဲ့ သွေးကြောအစုအစည်းလေးပဲ ဖြစ်ပါတယ်။ ကလေးလေးဟာ မိခင်ဝမ်းကနေဖွားမြင်ပြီးတဲ့ အခါမှာတော့ မိခင်နို့စို့နိုင်ပြီ ဖြစိတာကြောင့် မွေးမွေးပြီချင်းမှာ ချက်ကြိုးကို ဖြတ်ပစ် ၇ပါတယ်။ မွေးဖွားပေးတဲ့ ဆရာဝန်|သားဖွားဆရာမ တွေဟာ ဖြတ်လိုက်ပြီးချက်ကြိုးထိပ်လေးကို ညှပ်လေးနဲ့ ညှပ်ပေးလိုက်တက်ကြပါတယ်။ အဲဒီ ချက်ကြိုးငုတ်စုလေးကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက် ကြမလဲ။
၁) ချက်ကြိုးကို အစဉ် သန့်ရှင်း ခြောက်သွေ့ အောင်ထာပါ။ သန့်ရှင်း ခြောက်သွေ့မှု သည် ချက်ကြိုးကို ထိန်းသိမ်း စောင့်ရှောက် ရာတွင် အရေးကြီးဆုံး အချက်ဖြစ်သည်။
၂) ချက်ကြိုး နှင့် ချက်ကြိုးအနီးတဝိုက်ကို သနိ့ရှင်းနေစေရန် ready made alcohol swab သို့ လက်သန့်ဆေး၇ည်တို့ထားသော သန့်ရှင်းသည့် ဂွမ်းစဖြင့် အသာပွတ်ပေးပါ။ (သတိ- အ၇က်ပြန်ဖြင့် မပွတ်၇)
၃)ချက်ကြိုးကို ပေါင်ဒါမှုန့် ဗမာဆေးမှုန့် ဘာအမှုန့် ညာအမှုန့် များ မလူးရပါ။
၄) ချကိကြိုးပေါ် Diaper မအုပ်ထားရ။ ချက်ကြိုးရှိမည့်နေရာတွင် အပေါက်ပါသော မွေးကင်းစကလေးသုံး Diaper သုံးလျင်ပိုပြီး အဆင်ပြေပါသည်။
၅) ချက်ကြိုးမကြွေသေးသ၍ ကလေးကိုရေလောင်းမချိုးရပါ။ ရေပတ်ဝတ်တိုက်ပေးနိုင်ပါသည်။
၆) ချက်ကြိုးကို အစဉ်ခြောက်သွေ့နေစေ၇န် အနှီးပါးပါးဖြင့်သာအုပ်ထားပေးပါ။
၇) ချက်ကြိုးကြွေစေရန်(ချက်ကြိုးသည် ကြွေခါနီးဆဲဆဲ တည်းတည်းလေးဖြစ်နေစေကာမူ) မိမိလက်ဖြင့် ဘယ်တော့မှ မဆွဲမိပါစေနှင့်။ သူ့ဘာသာ လုံးဝ ကြွေသည်အထိစောင့်ပါ။
၈)ပုံမှန်ဆို ချက်ကြိုးဟာ မွေးပြီး ၂ ပတ်ကနေ ၃ ပတ်ဆို ကြွေပါတယ်။ ချက်ကြိုးကြွေတဲ့အခါ သွေးအနည်းငယ်ထွက်နိုင်ပါတယ်။မစိုးရိမ်ပါနှင့်။ ပြည်ထွက်လျင်၊ယောင်ချက်ကြိုးကြွေပြီးလျင်လည်းလျင်သာဆရာဝန် နှင့်ပြပါ။
၉) ချက်နှင့် ချက်ပတ်လည် ကို အထက်မှာပြောသည့်အတိုင်း သန့်ရှင်းရေးလုပ်ပါ။ခြောက်သွေ့စွာထားပါ။ ချက်ကြွေပြီး ၂ ပတ်နေလျင် ချက်အနာကျက်ပါသည်။
Dr.Wutyi