ချက်ကနေ ကွ ျံတဲ့အူ

ခ်က္ကေန ကြ ်ံတဲ့အူ

အူကြ်ံတယ္၊အူက်တယ္ဆိုတာဟာ ၀မ္းဗိုက္အတြင္းထဲက အူ သို႔မဟုတ္ ကလီစာအစိတ္အပိုင္းတခုခုဟာ သူရွိရမယ္႔ေနရာကေန အားနည္းေနတဲ႔၀မ္းဗိုက္ၾကြက္သားေနရာကိုျဖတ္ျပီး တျခားေနရာကို တိုးထြက္လာျခင္းျဖစ္ပါတယ္။

အူကြ်ံျခင္းဟာ အသက္အရြယ္မေရြး၊က်ားမ မေရြး ျဖစ္နိုင္ပါတယ္။

အူကြ်ံျခင္းအျဖစ္မ်ားတဲ႔ေနရာေတြကေတာ႔ ေပါင္ျခံၾကား၊ေပါင္အေပၚအတြင္းဘက္၊ခြဲထားတဲ႔အမာရြတ္၊ခ်က္နဲ႔ခ်က္တ၀ိုက္ စတဲ႔ေနရာေတြျဖစ္ပါတယ္။

အခုတေခါက္ေဆာင္းပါးမွာေတာ႔ ခ်က္ေနရာကေန အူကြ်ံျခင္းအေၾကာင္းကိုေရးသားတင္ျပခ်င္ပါတယ။္

ခ်က္ေနရာကေနအူကြ်ံျခင္းကို ေဆးပညာအရ umbilical hernia လို႔ေခၚပါတယ္။

ေမြးကင္းစ ကေလးေတြမွာအျဖစ္မ်ားပါတယ္။

ကေလးေလးေတြ သေႏၶသားဘ၀နဲ႔ မိခင္သားအိမ္ထဲမွာရွိစဥ္ခ်က္ၾကိဳးက သားအိမ္နံရံမွာရွိတဲ႔အခ်င္းမွ ထြက္လာျပီး သေႏၶသားရဲ႕၀မ္းဗိုက္ေနရာကေန သေႏၶသားကိုယ္ထဲ၀င္ေရာက္ကာ သေႏၶသားလိုအပ္တဲ႔ အစာအာဟာရနဲ႔ေအာက္စီဂ်င္ေတြကိုေထာက္ပံ႔ေပးပါတယ္။

ကေလးေမြးလို႔ ခ်က္ၾကိဳးျဖတ္ျပီးေနာက္မွာ ခ်က္ၾကိဳးရဲ႕လုပ္ငန္းေဆာင္တာေတြမရွိေတာ႔တဲ႔အတြက္ ခ်က္ၾကိဳး၀င္ေရာက္ခဲ႔တဲ႔ ကေလးရဲ႕၀မ္းဗိုက္ေနရာဟာ ၀မ္းဗိုက္ၾကြက္သားေတြနဲ႔ပိတ္သြားျပီး ခ်က္အျဖစ္နဲ႔က်န္ခဲ႔ရပါတယ္။

ဒါကပံုမွန္ပါပဲ။

တခ်ိဳ႕ကေလးေတြမွာက် ခ်က္ၾကိဳးျဖတ္ျပီးေနာက္မွာ ခ်က္ၾကိဳး၀င္ေရာက္ခဲ႔တဲ႔၀မ္းဗိုက္ေနရာကၾကြက္သားေတြဟာ ျပီးျပည္႔စံုစြာမပိတ္တာမ်ိဳးလည္းရွိပါတယ္။

အဲ႔အခါမွာ ၀မ္းဗိုက္အတြင္းထဲက အူ သို႔မဟုတ္ ကလီစာေတြဟာ အျပည္႔အ၀မပိတ္တဲ႔ၾကြက္သားေနရာမွတဆင္႔ ကြ်ံထြက္လာျပီး umbilical hernia ေခၚ ခ်က္ေနရာမွအူကြ်ံျခင္းျဖစ္လာပါတယ္။

ခ်က္ေနရာမွအူကြ်ံတာဟာ လမေစ႔ဘဲေမြးတဲ႔ကေလးေတြ၊ေပါင္မျပည္႔ဘဲေမြးတဲ႔ကေလးေတြမွာ အျဖစ္မ်ားေလ႔ရွိပါတယ္။

လကၡဏာအေနနဲ႔ကေတာ႔ ခ်က္ကေလးစူေနတာကလြဲရင္ တျခားသိသာတဲ႔လကၡဏာေတြ ျပေလ႔မရွိပါဘူး။

နာက်င္တာမ်ိဳးလည္းရွိေလ႔မရွိပါ။

ကေလးငယ္ရယ္တဲ႔အခါ၊ငိုတဲ႔အခါ၊အီးညွစ္တဲ႔အခါေတြမွာ ခ်က္ကေလးဟာ ပိုျပီးေဖာင္းထြက္လာတတ္ပါတယ္။

ကုသမႈအေနနဲ႔ကေတာ႔ ၀မ္းဗိုက္ၾကြက္သားေတြဟာ ကေလးေမြးျပီးျပီးခ်င္းမွာ ျပည္႔စံုစြာမပိတ္လည္း ေနာက္ထပ္သံုးေလးနွစ္ေလာက္ေနရင္ သူ႔ဘာသာသူျပည္႔စံုစြာျပန္ပိတ္နိုင္ေျခရွိတဲ႔အတြက္ သံုးေလးနွစ္အရြယ္ေလာက္ထိ ေစာင္႔ၾကည္႔တာပါပဲ။

သံုးေလးနွစ္အရြယ္ေလာက္မွ သူ႔ဘာသာသူျပည္႔စံုစြာျပန္မပိတ္ရင္ သို႔မဟုတ္ ေစာင္႔ၾကည္႔ေနစဥ္ကာလအတြင္းမွာ ကြ်ံတဲ႔အူက အခန္႔မသင္႔လို႔ မစင္နဲ႔ပိတ္သြားျပီး ကေလးက မခံမရပ္နိုင္ေအာင္နာက်င္တာ၊အန္တာ စသျဖင္႔ ျဖစ္လာရင္ေတာ႔ ခြဲစိတ္ကုသမႈခံယူဖို႔လိုပါတယ္။

umbilical hernia ေခၚ ခ်က္ေနရာမွအူကြ်ံျခင္းဟာ လူၾကီးေတြမွာလည္းျဖစ္နိုင္ေျခရွိပါတယ္။

umbilical hernia ေခၚ ခ်က္ေနရာမွအူကြ်ံျခင္းဟာ ကိုယ္အေလးခ်ိန္မ်ားတဲ႔သူေတြ၊မၾကာခဏကိုယ္၀န္ေဆာင္တဲ႔အမ်ိဳးသမီးေတြ၊နွစ္ျမႊာပူး၊သံုးျမႊြာပူးေမြးတဲ႔အမ်ိဳးသမီးေတြ၊အေၾကာင္းတခုခုေၾကာင္႔ ဗိုက္ခြဲစိတ္ထားတဲ႔သူေတြ၊ေရရွည္ေခ်ာင္းဆိုးတာ မၾကာခဏျဖစ္တတ္တဲ႔သူေတြ မွာဆိုရင္ ျဖစ္နိုင္ေျခပိုမ်ားပါတယ္။

လူၾကီးအရြယ္ေတြမွာ ခ်က္ကေနအူကြ်ံျခင္း(umbilical hernia)ျဖစ္ျပီဆိုရင္ေတာ႔ ေမြးစကေလးေတြလို သူ႔ဘာသာသူျပန္ပိတ္နိုင္ေျခမရွိတဲ႔အတြက္ သံုးေလးနွစ္ေစာင္႔လို႔မရပါ။

ဒါ႔အျပင္ ျဖစ္တဲ႔အခါမွာ နာက်င္တာ၊ေနရထိုင္ရခက္တာမ်ိဳးေတြလည္းခံစားရနိုင္တဲ႔အတြက္ အမ်ားအားျဖင္႔ ခြဲစိတ္ကုသမႈခံယူဖို႕လိုပါတယ္။

Dr 528

Unicode Version

ချက်ကနေ ကွ ျံတဲ့အူ

အူကျွံတယ်၊အူကျတယ်ဆိုတာဟာ ဝမ်းဗိုက်အတွင်းထဲက အူ သို့မဟုတ် ကလီစာအစိတ်အပိုင်းတခုခုဟာ သူရှိရမယ့်နေရာကနေ အားနည်းနေတဲ့ဝမ်းဗိုက်ကြွက်သားနေရာကိုဖြတ်ပြီး တခြားနေရာကို တိုးထွက်လာခြင်းဖြစ်ပါတယ်။

အူကျွံခြင်းဟာ အသက်အရွယ်မရွေး၊ကျားမ မရွေး ဖြစ်နိုင်ပါတယ်။

အူကျွံခြင်းအဖြစ်များတဲ့နေရာတွေကတော့ ပေါင်ခြံကြား၊ပေါင်အပေါ်အတွင်းဘက်၊ခွဲထားတဲ့အမာရွတ်၊ချက်နဲ့ချက်တဝိုက် စတဲ့နေရာတွေဖြစ်ပါတယ်။

အခုတခေါက်ဆောင်းပါးမှာတော့ ချက်နေရာကနေ အူကျွံခြင်းအကြောင်းကိုရေးသားတင်ပြချင်ပါတယ။်

ချက်နေရာကနေအူကျွံခြင်းကို ဆေးပညာအရ umbilical hernia လို့ခေါ်ပါတယ်။

မွေးကင်းစ ကလေးတွေမှာအဖြစ်များပါတယ်။

ကလေးလေးတွေ သန္ဓေသားဘဝနဲ့ မိခင်သားအိမ်ထဲမှာရှိစဉ်ချက်ကြိုးက သားအိမ်နံရံမှာရှိတဲ့အချင်းမှ ထွက်လာပြီး သန္ဓေသားရဲ့ဝမ်းဗိုက်နေရာကနေ သန္ဓေသားကိုယ်ထဲဝင်ရောက်ကာ သန္ဓေသားလိုအပ်တဲ့ အစာအာဟာရနဲ့အောက်စီဂျင်တွေကိုထောက်ပံ့ပေးပါတယ်။

ကလေးမွေးလို့ ချက်ကြိုးဖြတ်ပြီးနောက်မှာ ချက်ကြိုးရဲ့လုပ်ငန်းဆောင်တာတွေမရှိတော့တဲ့အတွက် ချက်ကြိုးဝင်ရောက်ခဲ့တဲ့ ကလေးရဲ့ဝမ်းဗိုက်နေရာဟာ ဝမ်းဗိုက်ကြွက်သားတွေနဲ့ပိတ်သွားပြီး ချက်အဖြစ်နဲ့ကျန်ခဲ့ရပါတယ်။

ဒါကပုံမှန်ပါပဲ။

တချို့ကလေးတွေမှာကျ ချက်ကြိုးဖြတ်ပြီးနောက်မှာ ချက်ကြိုးဝင်ရောက်ခဲ့တဲ့ဝမ်းဗိုက်နေရာကကြွက်သားတွေဟာ ပြီးပြည့်စုံစွာမပိတ်တာမျိုးလည်းရှိပါတယ်။

အဲ့အခါမှာ ဝမ်းဗိုက်အတွင်းထဲက အူ သို့မဟုတ် ကလီစာတွေဟာ အပြည့်အဝမပိတ်တဲ့ကြွက်သားနေရာမှတဆင့် ကျွံထွက်လာပြီး umbilical hernia ခေါ် ချက်နေရာမှအူကျွံခြင်းဖြစ်လာပါတယ်။

ချက်နေရာမှအူကျွံတာဟာ လမစေ့ဘဲမွေးတဲ့ကလေးတွေ၊ပေါင်မပြည့်ဘဲမွေးတဲ့ကလေးတွေမှာ အဖြစ်များလေ့ရှိပါတယ်။

လက္ခဏာအနေနဲ့ကတော့ ချက်ကလေးစူနေတာကလွဲရင် တခြားသိသာတဲ့လက္ခဏာတွေ ပြလေ့မရှိပါဘူး။

နာကျင်တာမျိုးလည်းရှိလေ့မရှိပါ။

ကလေးငယ်ရယ်တဲ့အခါ၊ငိုတဲ့အခါ၊အီးညှစ်တဲ့အခါတွေမှာ ချက်ကလေးဟာ ပိုပြီးဖောင်းထွက်လာတတ်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ဝမ်းဗိုက်ကြွက်သားတွေဟာ ကလေးမွေးပြီးပြီးချင်းမှာ ပြည့်စုံစွာမပိတ်လည်း နောက်ထပ်သုံးလေးနှစ်လောက်နေရင် သူ့ဘာသာသူပြည့်စုံစွာပြန်ပိတ်နိုင်ခြေရှိတဲ့အတွက် သုံးလေးနှစ်အရွယ်လောက်ထိ စောင့်ကြည့်တာပါပဲ။

သုံးလေးနှစ်အရွယ်လောက်မှ သူ့ဘာသာသူပြည့်စုံစွာပြန်မပိတ်ရင် သို့မဟုတ် စောင့်ကြည့်နေစဉ်ကာလအတွင်းမှာ ကျွံတဲ့အူက အခန့်မသင့်လို့ မစင်နဲ့ပိတ်သွားပြီး ကလေးက မခံမရပ်နိုင်အောင်နာကျင်တာ၊အန်တာ စသဖြင့် ဖြစ်လာရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့လိုပါတယ်။

umbilical hernia ခေါ် ချက်နေရာမှအူကျွံခြင်းဟာ လူကြီးတွေမှာလည်းဖြစ်နိုင်ခြေရှိပါတယ်။

umbilical hernia ခေါ် ချက်နေရာမှအူကျွံခြင်းဟာ ကိုယ်အလေးချိန်များတဲ့သူတွေ၊မကြာခဏကိုယ်ဝန်ဆောင်တဲ့အမျိုးသမီးတွေ၊နှစ်မြွှာပူး၊သုံးမြွှွာပူးမွေးတဲ့အမျိုးသမီးတွေ၊အကြောင်းတခုခုကြောင့် ဗိုက်ခွဲစိတ်ထားတဲ့သူတွေ၊ရေရှည်ချောင်းဆိုးတာ မကြာခဏဖြစ်တတ်တဲ့သူတွေ မှာဆိုရင် ဖြစ်နိုင်ခြေပိုများပါတယ်။

လူကြီးအရွယ်တွေမှာ ချက်ကနေအူကျွံခြင်း(umbilical hernia)ဖြစ်ပြီဆိုရင်တော့ မွေးစကလေးတွေလို သူ့ဘာသာသူပြန်ပိတ်နိုင်ခြေမရှိတဲ့အတွက် သုံးလေးနှစ်စောင့်လို့မရပါ။

ဒါ့အပြင် ဖြစ်တဲ့အခါမှာ နာကျင်တာ၊နေရထိုင်ရခက်တာမျိုးတွေလည်းခံစားရနိုင်တဲ့အတွက် အများအားဖြင့် ခွဲစိတ်ကုသမှုခံယူဖို့လိုပါတယ်။

Dr 528