မွေးကင်းစလေးတွေ အသားဝါရင် ဘာဖြစ်လာနိုင်သလဲ

ေမြးကင္းစေလးေတြ အသားဝါရင္ ဘာျဖစ္လာနိုုင္သလဲ

ေမြးကင္းစကေလးေတြရဲ႕ ၆၀% ေလာက္က အသားဝါတတ္တယ္။ အာ့ကို Neonatal Jaundice လို႔ေခၚတယ္။ အသားတင္ဝါတာေတာ့မဟုတ္ဘူး မ်က္လံုးထဲက အျဖဴဆံေလးထဲမွာလည္း ဝါတာဘဲ။ တခ်ိဳ႕ဝါတာေတြက သူ႔ဘာသာ ျပန္ေပ်ာက္သြားတယ္။ တခ်ိဳ႔ကေတာ့ ကေလးက အရမ္းဝါတယ္။ ကေလးက အရမ္းလည္းမွိန္းတယ္။ ႏို႔မစို႔ေတာ့ဘူး။ မငိုဘူး(တခ်ိဳ႕ကေလးေတြက အရမ္းငိုတယ္) ဆိုရင္ေတာ့ ေသြးထဲမွာ bilirubin လို႔ေခၚတဲ့ အဝါဓာတ္ေတြ အရမ္းမ်ားေနလို႔ဘဲ။ အဲ့လိုဆိုရင္ ကေလးရဲ့ ဦးေႏွာက္အာ႐ုံေၾကာေတြေသသြားတတ္တယ္။ Kernicterus လို႔ေခၚတယ္။ အသက္ေသႏိုင္တဲ့အထိလည္း ဒုကၡေပးႏိုင္တယ္။

ကေလး ဝါလား မဝါလား ဘယ္လိုသိႏိုင္လဲ
…………………………………………………

ကေလးအေရျပားကို လက္နဲ႔ဖိၾကည့္။ ျပန္လႊတ္လိုက္တဲ့အခ်ိန္မွာ အေရျပားေအာက္က အေရာင္ကိုျမင္ရတယ္။ ပံုမွန္ဆို ဖိၾကည့္တဲ့ေနရာမွာ အျဖဴဘဲေပၚတာ။ ဝါေနတယ္ဆိုရင္ ဝါၿပီ။ ေနေရာင္မွာၾကည့္မွ အမွန္ကိုျမင္တာေနာ္။ မီးေရာင္ေအာက္မွာၾကည့္မိရင္ အိပ္ခန္းရဲ႕နံရံေတြက အေရာင္ေတြဟပ္ေနလို႔ ေသခ်ာမသိႏိုင္ဘူး။

ဘာလို႔ဝါတာလဲဆိုေတာ့
……………………………

၁)ေသြးနီဥေလးေတြ သက္တမ္းတိုလို႔
……………………………………………

ေမြးကင္းစကေလးရဲ႕ ေသြးနီဥေလးေတြက သက္တမ္းတိုေတာ့ ေပါက္ထြက္ကုန္တယ္။ အဲ့မွာ bilirubin လို႔ေခၚတဲ့ အဝါဓာတ္ေလးေတြထြက္လာလို႔။

၂)အသည္းက ေကာင္းေကာင္းမဖြံ႔ၿဖိဳးေသးလို႔
……………………………………………………..

bilirubin ေတြကို အသည္းက ဖ်က္ဆီးေပးရမွာ။ ဒါေပမယ့္ အဲ့အခ်ိန္မွာ အသည္းက ေကာင္းေကာင္းမဖြံ႔ၿဖိဳးေသးရင္ မဖ်က္ဆီးေပးႏိုင္ဘူး။ အာ့ဆိုရင္ ကေလးဝါလာတတ္တယ္။

၃)ႏို႔အဝင္နည္းလို႔
…………………….

ႏို႔အဝင္နည္းရင္ ကေလးက ေရဓာတ္ခမ္းေျခာက္လာမယ္။ အူထဲမွာ bilirubin ေတြမ်ားလာမယ္။ အဲ့ bilirubin ေတြကို အူကစုပ္ယူၿပီး အသည္းဆီပို႔မယ္။ ကေလးက ဝါလာမယ္။

အဲ့လိုမ်ိဳးေတြေၾကာင့္ဝါတာဆိုရင္ေတာ့ ႏို႔မ်ားမ်ားတိုက္ေပးရင္ ေလး ငါးရက္ေလာက္ဆို သူ႔ဘာသာ ျပန္ေပ်ာက္သြားတယ္။

ကေလးက ဝါၿပီဆိုရင္ ေခါင္းကေန စဝါတယ္။ ၿပီးရင္ ရင္ဘတ္။ ၿပီးရင္ဗိုက္။ ၿပီးရင္ ေျခေထာက္ လက္ေထာက္ေတြ။ ၿပီးရင္ ေျခဖ်ား လက္ဖ်ားေလးေတြ။

ရင္ဘတ္ေလာက္ထိဘဲ ဝါၿပီး ေအာက္ပိုင္းေတြက ျဖဴတယ္ဆိုရင္ သိပ္မစိုးရိမ္ရဘူး။ ေအာက္ပိုင္းေတြေရာ ေျခေထာက္လက္ေထာက္ေတြေရာ ဝါလာၿပီဆိုရင္ေတာ့ ေဆး႐ုံေျပးေပေတာ့ပဲ။

ကေလးက ေမြးၿပီး ၂၄နာရီအတြင္းမွာ ဝါတာဆိုရင္ ေရာဂါတခုခုေၾကာင့္ဘဲ။

၁)အေမေသြးက ကေလးေသြးဥေတြကို ဖ်က္ဆီးပစ္လို႔
………………………………………………………………

အေမကို Oေသြး ကေလးက A သို႔မဟုတ္ B ေသြးဆိုရင္။ အေမက Aေသြး ကေလးက Bေသြးဆိုရင္။ အေမက Bေသြး ကေလးက Aေသြးဆိုရင္ ကေလးက ဝါတတ္တယ္။

အေမက အႏုတ္ေသြး ကေလးက အေပါင္းေသြးဆိုရင္လည္း ဝါတတ္တယ္။

၂)ကေလးရဲ႕ေသြးနီဥထဲမွာ G6PD လို႔ေခၚတဲ့ အင္ဇိုင္းခ်ိဳ႕တဲ့ေနလို႔

၃)ကေလးမွာ ေရာဂါပိုးေတြကူးစက္ခံရလို႔

ေမြးကင္းစကေလးငယ္ေလးေတြဝါရင္ ဘယ္လိုကုမလဲ
………………………………………………………………..

၁) မီးေရာင္ျပေပးရတယ္
……………………………..

အျပာေရာင္မီးေခ်ာင္းေတြကထြက္တဲ့လိႈင္းေတြက bilirubin အဝါဓာတ္ေတြကို ေလွ်ာ့က်ေစတယ္

၂) ေသြးလဲေပးရတယ္
…………………………

ကေလးရဲ႕ခ်က္ႀကိဳးထဲမွာရွိတဲ့ေသြေျကာကေန ေသြးသြင္းၿပီး ေပါက္သြားတဲ့ေသြးနီဥေတြ အစားျပန္ျဖည့္ေပးရတယ္

ေနာက္ဆံုးမွာခ်င္တာကေတာ့ ေမြးကင္းစကေလးဝါရင္ မေပါ့ပါနဲ႔။ အရမ္းလည္း စိတ္မပူပါနဲ႔။ ႏို႔မ်ားမ်ားတိုက္ပါ။ နီးစပ္ရာေဆး႐ုံကို သြားျပၿပီး ကုသမႈခံယူၾကပါ။

ေဒါက္ျပည့္

Unicode Version

မွေးကင်းစလေးတွေ အသားဝါရင် ဘာဖြစ်လာနိုင်သလဲ

မွေးကင်းစကလေးတွေရဲ့ ၆၀% လောက်က အသားဝါတတ်တယ်။ အာ့ကို Neonatal Jaundice လို့ခေါ်တယ်။ အသားတင်ဝါတာတော့မဟုတ်ဘူး မျက်လုံးထဲက အဖြူဆံလေးထဲမှာလည်း ဝါတာဘဲ။ တချို့ဝါတာတွေက သူ့ဘာသာ ပြန်ပျောက်သွားတယ်။ တချို့ကတော့ ကလေးက အရမ်းဝါတယ်။ ကလေးက အရမ်းလည်းမှိန်းတယ်။ နို့မစို့တော့ဘူး။ မငိုဘူး(တချို့ကလေးတွေက အရမ်းငိုတယ်) ဆိုရင်တော့ သွေးထဲမှာ bilirubin လို့ခေါ်တဲ့ အဝါဓာတ်တွေ အရမ်းများနေလို့ဘဲ။ အဲ့လိုဆိုရင် ကလေးရဲ့ ဦးနှောက်အာရုံကြောတွေသေသွားတတ်တယ်။ Kernicterus လို့ခေါ်တယ်။ အသက်သေနိုင်တဲ့အထိလည်း ဒုက္ခပေးနိုင်တယ်။

ကလေး ဝါလား မဝါလား ဘယ်လိုသိနိုင်လဲ
…………………………………………………

ကလေးအရေပြားကို လက်နဲ့ဖိကြည့်။ ပြန်လွှတ်လိုက်တဲ့အချိန်မှာ အရေပြားအောက်က အရောင်ကိုမြင်ရတယ်။ ပုံမှန်ဆို ဖိကြည့်တဲ့နေရာမှာ အဖြူဘဲပေါ်တာ။ ဝါနေတယ်ဆိုရင် ဝါပြီ။ နေရောင်မှာကြည့်မှ အမှန်ကိုမြင်တာနော်။ မီးရောင်အောက်မှာကြည့်မိရင် အိပ်ခန်းရဲ့နံရံတွေက အရောင်တွေဟပ်နေလို့ သေချာမသိနိုင်ဘူး။

ဘာလို့ဝါတာလဲဆိုတော့
……………………………

၁)သွေးနီဥလေးတွေ သက်တန်းတိုလို့
……………………………………………

မွေးကင်းစကလေးရဲ့ သွေးနီဥလေးတွေက သက်တမ်းတိုတော့ ပေါက်ထွက်ကုန်တယ်။ အဲ့မှာ bilirubin လို့ခေါ်တဲ့ အဝါဓာတ်လေးတွေထွက်လာလို့။

၂)အသည်းက ကောင်းကောင်းမဖွံ့ဖြိုးသေးလို့
……………………………………………………..

bilirubin တွေကို အသည်းက ဖျက်ဆီးပေးရမှာ။ ဒါပေမယ့် အဲ့အချိန်မှာ အသည်းက ကောင်းကောင်းမဖွံ့ဖြိုးသေးရင် မဖျက်ဆီးပေးနိုင်ဘူး။ အာ့ဆိုရင် ကလေးဝါလာတတ်တယ်။

၃)နို့အဝင်နည်းလို့
…………………….

နို့အဝင်နည်းရင် ကလေးက ရေဓာတ်ခမ်းခြောက်လာမယ်။ အူထဲမှာ bilirubin တွေများလာမယ်။ အဲ့ bilirubin တွေကို အူကစုပ်ယူပြီး အသည်းဆီပို့မယ်။ ကလေးက ဝါလာမယ်။

အဲ့လိုမျိုးတွေကြောင့်ဝါတာဆိုရင်တော့ နို့များများတိုက်ပေးရင် လေး ငါးရက်လောက်ဆို သူ့ဘာသာ ပြန်ပျောက်သွားတယ်။

ကလေးက ဝါပြီဆိုရင် ခေါင်းကနေ စဝါတယ်။ ပြီးရင် ရင်ဘတ်။ ပြီးရင်ဗိုက်။ ပြီးရင် ခြေထောက် လက်ထောက်တွေ။ ပြီးရင် ခြေဖျား လက်ဖျားလေးတွေ။

ရင်ဘတ်လောက်ထိဘဲ ဝါပြီး အောက်ပိုင်းတွေက ဖြူတယ်ဆိုရင် သိပ်မစိုးရိမ်ရဘူး။ အောက်ပိုင်းတွေရော ခြေထောက်လက်ထောက်တွေရော ဝါလာပြီဆိုရင်တော့ ဆေးရုံပြေးပေတော့ပဲ။

ကလေးက မွေးပြီး ၂၄နာရီအတွင်းမှာ ဝါတာဆိုရင် ရောဂါတခုခုကြောင့်ဘဲ။

၁)အမေသွေးက ကလေးသွေးဥတွေကို ဖျက်ဆီးပစ်လို့
………………………………………………………………

အမေကို Oသွေး ကလေးက A သို့မဟုတ် B သွေးဆိုရင်။ အမေက Aသွေး ကလေးက Bသွေးဆိုရင်။ အမေက Bသွေး ကလေးက Aသွေးဆိုရင် ကလေးက ဝါတတ်တယ်။

အမေက အနုတ်သွေး ကလေးက အပေါင်းသွေးဆိုရင်လည်း ဝါတတ်တယ်။

၂)ကလေးရဲ့သွေးနီဥထဲမှာ G6PD လို့ခေါ်တဲ့ အင်ဇိုင်းချို့တဲ့နေလို့

၃)ကလေးမှာ ရောဂါပိုးတွေကူးစက်ခံရလို့

မွေးကင်းစကလေးငယ်လေးတွေဝါရင် ဘယ်လိုကုမလဲ
………………………………………………………………..

၁) မီးရောင်ပြပေးရတယ်
……………………………..

အပြာရောင်မီးချောင်းတွေကထွက်တဲ့လှိုင်းတွေက bilirubin အဝါဓာတ်တွေကို လျှော့ကျစေတယ်

၂) သွေးလဲပေးရတယ်
…………………………

ကလေးရဲ့ချက်ကြိုးထဲမှာရှိတဲ့သွေကြောကနေ သွေးသွင်းပြီး ပေါက်သွားတဲ့သွေးနီဥတွေ အစားပြန်ဖြည့်ပေးရတယ်

နောက်ဆုံးမှာချင်တာကတော့ မွေးကင်းစကလေးဝါရင် မပေါ့ပါနဲ့။ အရမ်းလည်း စိတ်မပူပါနဲ့။ နို့များများတိုက်ပါ။ နီးစပ်ရာဆေးရုံကို သွားပြပြီး ကုသမှုခံယူကြပါ။

ဒေါက်ပြည့်