ပိုလီယိုကာကွယ်ဆေး အကြောင်းသိကောင်းစရာ

ပိုလီယိုကာကြယ္ေဆး အေၾကာင္းသိေကာင္းစရာ

ပိုလီယို ကာကြယ္ေဆးကို အရင္ေခတ္ေတြတုန္းကေတာ႔ ပါးစပ္ကေန အစက္ခ်ေဆးအေနနဲ႔ ကေလးအသက္ ၁ လခြဲမွာ တၾကိမ္၊ ၂ လခြဲမွာတၾကိမ္၊ ၃ လခြဲမွာတၾကိမ္ တိုက္ေကြ်းပါတယ္။

လြန္ခဲ႔တဲ႔သံုးေလးနွစ္ေလာက္ကစျပီး က်န္းမာေရး၀န္ၾကီးဌာနမွ အသစ္ထုတ္ျပန္တဲ႔ ကာကြယ္ေဆးဇယားအရ ပိုလီယိုကာကြယ္ေဆးကို ပါးစပ္ကေန ကေလးအသက္ ၂ လမွာတၾကိမ္၊ ၄ လမွာတၾကိမ္၊ ၆ လမွာတၾကိမ္ အခ်ိန္ေျပာင္းတိုက္ေကြ်းတာအျပင္ ကေလးအသက္ ၄ လမွာ ပိုလီယိုကာကြယ္ေဆးထိုးေဆး တၾကိမ္ထိုးျခင္းပါ ပါလာခဲ႔ပါတယ္။

တခ်ိဳ႕က်န္းမာေရးဗဟုသုတနည္းတဲ႔သူေတြအေနနဲ႔က် ပိုလီယိုကာကြယ္ေဆးက အစက္ခ် ပါးစပ္ကေန တိုက္ေကြ်းတာပဲရွိတာလို႔ အခုထိထင္ေနတတ္ၾကပါတယ္။

ဒါေၾကာင္႔ အခုတပတ္မွာ ပိုလီယိုကာကြယ္ေဆး ပါးစပ္ကေနတိုက္ေကြ်းတဲ႔ အမ်ိဳးအစားနဲ႔ ထိုးေဆးအမ်ိဳးအစားအေၾကာင္းကို သိသေလာက္ ေရးသားတင္ျပခ်င္ပါတယ္။

ပါးစပ္ကေန အစက္ခ်တိုက္ေကြ်းရတဲ႔ ပိုလီယိုကာကြယ္ေဆးကို သက္ရွိပိုလီယိုဗိုင္းရပ္စ္ကေန ျပဳျပင္ေျပာင္းလဲ ထုတ္ယူထားတာျဖစ္တဲ႔အတြက္ Live attenuated vaccine လို႔ေခၚပါတယ္။

Albert Sabin ဆိုတဲ႔ ပုဂၢိဳလ္က ၁၉၅၅ ခုနွစ္မွာေတြ႔ရွိခဲ႔တဲ႔အတြက္ သူ႔ကိုဂုဏ္ျပဳတဲ႔အေနနဲ႔ Sabin oral vaccine လို႔လည္းေခၚပါတယ္။

ထိုးရတဲ႔ ပိုလီယိုကာကြယ္ေဆးကိုေတာ႔ ပိုလီယိုဗိုင္းရပ္အေသကေန ထုတ္ယူထားတာျဖစ္တဲ႔အတြက္ Inactivated(killed) Poliovirus vaccine (IPV) လို႔ေခၚပါတယ္။

ပိုလီယိုကာကြယ္ေဆးထိုးေဆးကို Jonas Salk ဆိုတဲ႔ပုဂၢိဳလ္က ၁၉၅၂ မွာ ေတြ႔ရွိခဲ႔တဲ႔အတြက္ သူ႔ကိုဂုဏ္ျပဳတဲ႔အေနနဲ႔ Salk Vaccine လို႔လည္းေခၚပါတယ္။

ပိုလီယိုကာကြယ္ေဆးထိုးေဆးက ကြ်န္ေတာ္တို႔ဆီမွာ လြန္ခဲ႔တဲ႔သံုးေလးနွစ္ကမွ စထိုးေပမယ္႔ ေတြ႔ရွိခဲ႔တာကေတာ႔ ပိုလီယိုအစက္ခ်ေဆးထက္ေစာပါတယ္။

ေဆးနွစ္မ်ိဳးလံုးကေတာ႔ ပိုလီယိုဗိုင္းရပ္စ္ပိုးသံုးမ်ိဳးလံုးကို ကာကြယ္ေပးနိုင္ပါတယ္။

ပါးစပ္ကေန အစက္ခ်ရတဲ႔ ပိုလီယိုကာကြယ္ေဆးရဲ႕ေကာင္းတဲ႔အခ်က္ေတြကေတာ႔ တိုက္ရလြယ္ျပီး ေငြကုန္ေၾကးက်လည္းသက္သာပါတယ္။

အစက္ခ်ေဆးျဖစ္တဲ႔အတြက္ ထိုးေဆးထိုးသလို ေသခ်ာေလ႔က်င္႔သင္ၾကားထားတဲ႔ က်န္းမာေရး၀န္ထမ္းေတြမလိုပါ။ Volunteers ေခၚ တက္ၾကြလုပ္အားေပးမယ္႔သူေတြရွိရံုနဲ႔ ရပါတယ္။

အူထဲမွာပြားမ်ားတဲ႔အတြက္ အူလမ္းေၾကာင္းရဲ႕ ပိုလီေရာဂါခုခံနိုင္စြမ္းကိုလည္း ျမင့္တက္ေစပါတယ္။

မစင္စြန္႔တဲ႔အခါ ကာကြယ္ေဆးအတြက္ျပဳျပင္ဖန္တီးထားတဲ႔ ပိုလီယိုဗိုင္းရပ္စ္ပိုးေတြက မစင္နဲ႔အတူပါသြားျပီး တျခားကာကြယ္ေဆး မသံုးထားတဲ႔သူေတြဆီကို ကူးစက္တဲ႔အခါ ပိုလီယိုကာကြယ္ေဆးမသံုးထားတဲ႔သူေတြအေနနဲ႔ ပိုလီယိုကာကြယ္ေဆးတိုက္ေကြ်းထားတဲ႔သူေတြလို ပိုလီယိုေရာဂါကိုကာကြယ္နိုင္စြမ္း (passive immunization) ရလာနိုင္ပါတယ္။

မေကာင္းတဲ႔အခ်က္ကေတာ႔ အစက္ခ်ကာကြယ္ေဆးဟာ သူရဲ႕သတ္မွတ္ထားတဲ႔ အေအးစနစ္မွာေသခ်ာထိန္းသိမ္းမွသာ အာနိသင္အျပည္႔အ၀ရျပီး ေရာဂါကိုကာကြယ္ေပးနိုင္တာပါ။

အဲ႔လိုမဟုတ္ရင္ အာနိသင္က်ျပီး ေရာဂါကာကြယ္နိုင္စြမ္းနည္းနိုင္ပါတယ္။

ဒါ႔အျပင္ သက္ရွိပိုလီယိုဗိုင္းရပ္စ္ကေန ျပဳျပင္ေျပာင္းလဲထုတ္ယူထားတာျဖစ္တဲ႔အတြက္ တခါတရံမွာ mutation (အၾကမ္းအားျဖင္႔ မ်ိဳးရိုးဗီဇေဖာက္ျပန္မႈ လို႔ေခၚတဲ႔ဟာ) ျဖစ္ျပီး ကာကြယ္ေဆးအျဖစ္သံုးနိုင္ေအာင္ျပဳျပင္ေျပာင္းလဲထားတဲ႔ အႏၱရာယ္မရွိတဲ႔ဗိုင္းရပ္စ္ကေန ေရာဂါျဖစ္ေစတဲ႔ ဗိုင္းရပ္စ္အမ်ိဳးအစားျဖစ္သြားတတ္ပါတယ္။ အဲ႔အခါမွာ ပိုလီယိုအစက္ခ်ကာကြယ္ေဆးေၾကာင္႔ ပိုလီယိုအေၾကာေသေရာဂါျဖစ္သြားတတ္ပါတယ္။

ဒီလိုေျပာလို႔လည္း အရမ္းၾကီးစိတ္ပူမသြားပါနဲ႔။ ပိုလီယိုအစက္ခ်ကာကြယ္ေဆး (OPV) ေၾကာင္႔ ပိုလီယိုအေၾကာေသေရာဂါျဖစ္တာ (Vaccine derived polio paralysis) ဟာ လူနွစ္သန္းေက်ာ္မွာမွ တေယာက္ပဲျဖစ္နိုင္ေျခရွိပါတယ္။

ပိုလီယိုကာကြယ္ေဆးထိုးေဆး (IPV) ရဲ႕ေကာင္းတဲ႔အခ်က္ေတြကေတာ႔ သူက အစက္ခ်ကာကြယ္ေဆးလိုမ်ိဳး သက္ရွိဗိုင္းရပ္စ္ကေန ျပဳျပင္ေျပာင္းလဲထုတ္ယူထားတာမဟုတ္တဲ႔အတြက္ ကာကြယ္ေဆးေၾကာင္႔ျဖစ္တဲ႔ ပိုလီယိုအေၾကာေသေရာဂါ (Vaccine derived polio paralysis) မျဖစ္ပြားတတ္ပါဘူး။

ေအအိုင္ဒီအက္စ္ေရာဂါရွိသူေတြ၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ ခုခံအားက်တဲ႔သူေတြအေနနဲ႔ဆိုရင္ ပိုလီယိုအစက္ခ်ကာကြယ္ေဆးအစား ပိုလီယိုကာကြယ္ေဆးထိုးေဆး ထိုးတာက ပိုသင္႔ေတာ္ပါတယ္။

အစက္ခ်ကာကြယ္ေဆးလိုမ်ိဳး အပူခ်ိန္ကို Sensitive အရမ္းမျဖစ္တဲ႔အတြက္ အဆင္႔ျမင္႔အေအးေပးစနစ္ တိက်တဲ႔အေအးစနစ္ မလိုပါ။

ဒါ႔ျပင္ အာနိသင္က အစက္ခ်ကာကြယ္ေဆးထက္ပိုေကာင္းျပီး ပိုလီယိုအေၾကာေသေရာဂါကို ကာကြယ္နိုင္စြမ္းကပိုေကာင္းပါတယ္။

မေကာင္းတဲ႔အခ်က္ကေတာ႔ ထိုးေဆးျဖစ္တဲ႔အတြက္ ထိုးတဲ႔အခါနာတာ၊ ထိုးတဲ႔ေနရာမွာ နီရဲတာေတြျဖစ္နိုင္ပါတယ္။

အစက္ခ်ေဆးမဟုတ္ဘဲထိုးေဆးျဖစ္တဲ႔အတြက္ သန္႔ရွင္းတဲ႔ေဆးထိုးကိရိယာေတြနဲ႔ ေသခ်ာေလ႔က်င္႔သင္ၾကားထားတဲ႔ က်န္းမာေရး၀န္ထမ္းေတြလုိပါတယ္။

ဒါ႔အျပင္ ထိုးေဆးက အစက္ခ်ေဆးထက္စာရင္ ေစ်းအရမ္းအရမ္းၾကီးျပီး ပစၥည္းလည္းျပတ္ေလ႔ရွိပါတယ္။

ေျပာရရင္ေတာ႔ အစက္ခ်ကာကြယ္ေဆးေရာ ထိုးေဆးကာကြယ္ေဆးေရာက သူ႔ဟာနဲ႔သူေကာင္းက်ိဳးဆိုးက်ိဳးေတြရွိပါတယ္။

ျခံဳေျပာရရင္ေတာ႔ တတ္နိုင္ရင္ ထိုးေဆးကာကြယ္ေဆးက ပိုေကာင္းတာေပါ႔။

ဒါေပမယ္႔ ကြ်န္ေတာ္တို႔လို ဖြံ႕ျဖိဳးဆဲနိုင္ငံအေတာ္မ်ားမ်ားအေနနဲ႔ကေတာ႔ ပိုလီယိုကာကြယ္ေဆးထိုးေဆး တခုပဲသံုးဖို႔မလြယ္ပါဘူး။

ပိုလီယိုအစက္ခ်ေဆးတခုတည္းအေနနဲ႔က်ေတာ႔လည္း အခုေနာက္ပိုင္းသုေတသနေတြအရ ပိုလီယိုေရာဂါကိုကာကြယ္နိုင္စြမ္းက တျဖည္းျဖည္းက်လာတာကို ေတြ႔ရပါတယ္။

ဒါေၾကာင္႔လြန္ခဲ႔တဲ႔သံုးေလးနွစ္ေလာက္ကစျပီး ပိုလီယိုအစက္ခ်ကာကြယ္ေဆးကို ပထမအၾကိမ္ ၂ လ၊ ဒုတိယအၾကိမ္ ၄ လ၊ တတိယအၾကိမ္ ၆ လမွာတိုက္ေကြ်းကာ ဒုတိယအၾကိမ္တိုက္ေကြ်းတဲ႔အခါမွာ ပိုလီယိုကာကြယ္ေဆးထိုးေဆးတၾကိမ္ တြဲထိုးေပးပါတယ္။

အခုလက္ရွိ ဖြံ႕ျဖိဳးဆဲနိုင္ငံအေတာ္မ်ားမ်ားအေနနဲ႔ေတာ႔ ဒီလိုပဲ ပိုလီယိုကာကြယ္ေဆးအစက္ခ်ေဆးနဲ႔ထိုးေဆးတြဲသံုးၾကရပါတယ္။

Dr 528

(Unicode Version)

ပိုလီယိုကာကွယ်ဆေး အကြောင်းသိကောင်းစရာ

ပိုလီယို ကာကွယ်ဆေးကို အရင်ခေတ်တွေတုန်းကတော့ ပါးစပ်ကနေ အစက်ချဆေးအနေနဲ့ ကလေးအသက် ၁ လခွဲမှာ တကြိမ်၊ ၂ လခွဲမှာတကြိမ်၊ ၃ လခွဲမှာတကြိမ် တိုက်ကျွေးပါတယ်။

လွန်ခဲ့တဲ့သုံးလေးနှစ်လောက်ကစပြီး ကျန်းမာရေးဝန်ကြီးဌာနမှ အသစ်ထုတ်ပြန်တဲ့ ကာကွယ်ဆေးဇယားအရ ပိုလီယိုကာကွယ်ဆေးကို ပါးစပ်ကနေ ကလေးအသက် ၂ လမှာတကြိမ်၊ ၄ လမှာတကြိမ်၊ ၆ လမှာတကြိမ် အချိန်ပြောင်းတိုက်ကျွေးတာအပြင် ကလေးအသက် ၄ လမှာ ပိုလီယိုကာကွယ်ဆေးထိုးဆေး တကြိမ်ထိုးခြင်းပါ ပါလာခဲ့ပါတယ်။

တချို့ကျန်းမာရေးဗဟုသုတနည်းတဲ့သူတွေအနေနဲ့ကျ ပိုလီယိုကာကွယ်ဆေးက အစက်ချ ပါးစပ်ကနေ တိုက်ကျွေးတာပဲရှိတာလို့ အခုထိထင်နေတတ်ကြပါတယ်။

ဒါကြောင့် အခုတပတ်မှာ ပိုလီယိုကာကွယ်ဆေး ပါးစပ်ကနေတိုက်ကျွေးတဲ့ အမျိုးအစားနဲ့ ထိုးဆေးအမျိုးအစားအကြောင်းကို သိသလောက် ရေးသားတင်ပြချင်ပါတယ်။

ပါးစပ်ကနေ အစက်ချတိုက်ကျွေးရတဲ့ ပိုလီယိုကာကွယ်ဆေးကို သက်ရှိပိုလီယိုဗိုင်းရပ်စ်ကနေ ပြုပြင်ပြောင်းလဲ ထုတ်ယူထားတာဖြစ်တဲ့အတွက် Live attenuated vaccine လို့ခေါ်ပါတယ်။

Albert Sabin ဆိုတဲ့ ပုဂ္ဂိုလ်က ၁၉၅၅ ခုနှစ်မှာတွေ့ရှိခဲ့တဲ့အတွက် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ Sabin oral vaccine လို့လည်းခေါ်ပါတယ်။

ထိုးရတဲ့ ပိုလီယိုကာကွယ်ဆေးကိုတော့ ပိုလီယိုဗိုင်းရပ်အသေကနေ ထုတ်ယူထားတာဖြစ်တဲ့အတွက် Inactivated(killed) Poliovirus vaccine (IPV) လို့ခေါ်ပါတယ်။

ပိုလီယိုကာကွယ်ဆေးထိုးဆေးကို Jonas Salk ဆိုတဲ့ပုဂ္ဂိုလ်က ၁၉၅၂ မှာ တွေ့ရှိခဲ့တဲ့အတွက် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ Salk Vaccine လို့လည်းခေါ်ပါတယ်။

ပိုလီယိုကာကွယ်ဆေးထိုးဆေးက ကျွန်တော်တို့ဆီမှာ လွန်ခဲ့တဲ့သုံးလေးနှစ်ကမှ စထိုးပေမယ့် တွေ့ရှိခဲ့တာကတော့ ပိုလီယိုအစက်ချဆေးထက်စောပါတယ်။

ဆေးနှစ်မျိုးလုံးကတော့ ပိုလီယိုဗိုင်းရပ်စ်ပိုးသုံးမျိုးလုံးကို ကာကွယ်ပေးနိုင်ပါတယ်။

ပါးစပ်ကနေ အစက်ချရတဲ့ ပိုလီယိုကာကွယ်ဆေးရဲ့ကောင်းတဲ့အချက်တွေကတော့ တိုက်ရလွယ်ပြီး ငွေကုန်ကြေးကျလည်းသက်သာပါတယ်။

အစက်ချဆေးဖြစ်တဲ့အတွက် ထိုးဆေးထိုးသလို သေချာလေ့ကျင့်သင်ကြားထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေမလိုပါ။ Volunteers ခေါ် တက်ကြွလုပ်အားပေးမယ့်သူတွေရှိရုံနဲ့ ရပါတယ်။

အူထဲမှာပွားများတဲ့အတွက် အူလမ်းကြောင်းရဲ့ ပိုလီရောဂါခုခံနိုင်စွမ်းကိုလည်း မြင့်တက်စေပါတယ်။

မစင်စွန့်တဲ့အခါ ကာကွယ်ဆေးအတွက်ပြုပြင်ဖန်တီးထားတဲ့ ပိုလီယိုဗိုင်းရပ်စ်ပိုးတွေက မစင်နဲ့အတူပါသွားပြီး တခြားကာကွယ်ဆေး မသုံးထားတဲ့သူတွေဆီကို ကူးစက်တဲ့အခါ ပိုလီယိုကာကွယ်ဆေးမသုံးထားတဲ့သူတွေအနေနဲ့ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးထားတဲ့သူတွေလို ပိုလီယိုရောဂါကိုကာကွယ်နိုင်စွမ်း (passive immunization) ရလာနိုင်ပါတယ်။

မကောင်းတဲ့အချက်ကတော့ အစက်ချကာကွယ်ဆေးဟာ သူရဲ့သတ်မှတ်ထားတဲ့ အအေးစနစ်မှာသေချာထိန်းသိမ်းမှသာ အာနိသင်အပြည့်အဝရပြီး ရောဂါကိုကာကွယ်ပေးနိုင်တာပါ။

အဲ့လိုမဟုတ်ရင် အာနိသင်ကျပြီး ရောဂါကာကွယ်နိုင်စွမ်းနည်းနိုင်ပါတယ်။

ဒါ့အပြင် သက်ရှိပိုလီယိုဗိုင်းရပ်စ်ကနေ ပြုပြင်ပြောင်းလဲထုတ်ယူထားတာဖြစ်တဲ့အတွက် တခါတရံမှာ mutation (အကြမ်းအားဖြင့် မျိုးရိုးဗီဇဖောက်ပြန်မှု လို့ခေါ်တဲ့ဟာ) ဖြစ်ပြီး ကာကွယ်ဆေးအဖြစ်သုံးနိုင်အောင်ပြုပြင်ပြောင်းလဲထားတဲ့ အန္တရာယ်မရှိတဲ့ဗိုင်းရပ်စ်ကနေ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစားဖြစ်သွားတတ်ပါတယ်။ အဲ့အခါမှာ ပိုလီယိုအစက်ချကာကွယ်ဆေးကြောင့် ပိုလီယိုအကြောသေရောဂါဖြစ်သွားတတ်ပါတယ်။

ဒီလိုပြောလို့လည်း အရမ်းကြီးစိတ်ပူမသွားပါနဲ့။ ပိုလီယိုအစက်ချကာကွယ်ဆေး (OPV) ကြောင့် ပိုလီယိုအကြောသေရောဂါဖြစ်တာ (Vaccine derived polio paralysis) ဟာ လူနှစ်သန်းကျော်မှာမှ တယောက်ပဲဖြစ်နိုင်ခြေရှိပါတယ်။

ပိုလီယိုကာကွယ်ဆေးထိုးဆေး (IPV) ရဲ့ကောင်းတဲ့အချက်တွေကတော့ သူက အစက်ချကာကွယ်ဆေးလိုမျိုး သက်ရှိဗိုင်းရပ်စ်ကနေ ပြုပြင်ပြောင်းလဲထုတ်ယူထားတာမဟုတ်တဲ့အတွက် ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ ပိုလီယိုအကြောသေရောဂါ (Vaccine derived polio paralysis) မဖြစ်ပွားတတ်ပါဘူး။

အေအိုင်ဒီအက်စ်ရောဂါရှိသူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျတဲ့သူတွေအနေနဲ့ဆိုရင် ပိုလီယိုအစက်ချကာကွယ်ဆေးအစား ပိုလီယိုကာကွယ်ဆေးထိုးဆေး ထိုးတာက ပိုသင့်တော်ပါတယ်။

အစက်ချကာကွယ်ဆေးလိုမျိုး အပူချိန်ကို Sensitive အရမ်းမဖြစ်တဲ့အတွက် အဆင့်မြင့်အအေးပေးစနစ် တိကျတဲ့အအေးစနစ် မလိုပါ။

ဒါ့ပြင် အာနိသင်က အစက်ချကာကွယ်ဆေးထက်ပိုကောင်းပြီး ပိုလီယိုအကြောသေရောဂါကို ကာကွယ်နိုင်စွမ်းကပိုကောင်းပါတယ်။

မကောင်းတဲ့အချက်ကတော့ ထိုးဆေးဖြစ်တဲ့အတွက် ထိုးတဲ့အခါနာတာ၊ ထိုးတဲ့နေရာမှာ နီရဲတာတွေဖြစ်နိုင်ပါတယ်။

အစက်ချဆေးမဟုတ်ဘဲထိုးဆေးဖြစ်တဲ့အတွက် သန့်ရှင်းတဲ့ဆေးထိုးကိရိယာတွေနဲ့ သေချာလေ့ကျင့်သင်ကြားထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေလိုပါတယ်။

ဒါ့အပြင် ထိုးဆေးက အစက်ချဆေးထက်စာရင် ဈေးအရမ်းအရမ်းကြီးပြီး ပစ္စည်းလည်းပြတ်လေ့ရှိပါတယ်။

ပြောရရင်တော့ အစက်ချကာကွယ်ဆေးရော ထိုးဆေးကာကွယ်ဆေးရောက သူ့ဟာနဲ့သူကောင်းကျိုးဆိုးကျိုးတွေရှိပါတယ်။

ခြုံပြောရရင်တော့ တတ်နိုင်ရင် ထိုးဆေးကာကွယ်ဆေးက ပိုကောင်းတာပေါ့။

ဒါပေမယ့် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများအနေနဲ့ကတော့ ပိုလီယိုကာကွယ်ဆေးထိုးဆေး တခုပဲသုံးဖို့မလွယ်ပါဘူး။

ပိုလီယိုအစက်ချဆေးတခုတည်းအနေနဲ့ကျတော့လည်း အခုနောက်ပိုင်းသုတေသနတွေအရ ပိုလီယိုရောဂါကိုကာကွယ်နိုင်စွမ်းက တဖြည်းဖြည်းကျလာတာကို တွေ့ရပါတယ်။

ဒါကြောင့်လွန်ခဲ့တဲ့သုံးလေးနှစ်လောက်ကစပြီး ပိုလီယိုအစက်ချကာကွယ်ဆေးကို ပထမအကြိမ် ၂ လ၊ ဒုတိယအကြိမ် ၄ လ၊ တတိယအကြိမ် ၆ လမှာတိုက်ကျွေးကာ ဒုတိယအကြိမ်တိုက်ကျွေးတဲ့အခါမှာ ပိုလီယိုကာကွယ်ဆေးထိုးဆေးတကြိမ် တွဲထိုးပေးပါတယ်။

အခုလက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများအနေနဲ့တော့ ဒီလိုပဲ ပိုလီယိုကာကွယ်ဆေးအစက်ချဆေးနဲ့ထိုးဆေးတွဲသုံးကြရပါတယ်။

Dr 528