ကလေးငယ်များနဲ့ ခဲဆိပ်အန္တရာယ်

ကေလးငယ္မ်ားနဲ႔ ခဲဆိပ္အႏၱရာယ္

ခဲဆိုတာဟာ သိပ္သည္းဆမ်ားတဲ႔ Heavy metal အမ်ိဳးအစားျဖစ္ပါတယ္။

အက္တမ္နံပါတ္ ၈၂ (Atomic number 82) ျဖစ္ျပီး သေကၤတကေတာ႔ Pb ျဖစ္ပါတယ္။

၁၉ ရာစုေနွာင္းပိုင္းမွာမွ ခဲဆိပ္သင္႔ျခင္းကို ရွာေဖြသိရွိနားလည္ခဲ႔ျပီး အဲ႔လိုမသိခင္ကဆိုရင္ ခဲသတၳဳဟာ ရွာေဖြရလြယ္တာ၊ သိပ္သည္းဆမ်ားတာ၊ အရည္ေပ်ာ္အမွတ္နိမ္႔တာ စတဲ႔သူ႕ရဲ႕ဂုဏ္သတၱိေတြေၾကာင္႔ ေနရာအေတာ္မ်ားမ်ားမွာ အသံုးမ်ားတဲ႔သတၳဳအမ်ိဳးအစားျဖစ္ခဲ႔ပါတယ္။

ခဲသတၳဳကေန ခဲက်ည္ဆန္၊ ေဘာေစ႔၊ ခဲပိုက္ကြန္၊ ခဲပိုက္ေခါင္းေတြ ထုတ္လုပ္သလို ကားဘက္ထၳရီအိုးေတြ၊ ေဆးအေရာင္ျခယ္ပစၥည္းေတြ၊ ကားသုတ္ေဆး၊ အိမ္သုတ္ေဆး၊ ကေလးအရုပ္အေရာင္ဆိုးေဆးေတြ၊ ပိုက္ဆက္ေကာ္ေတြ၊ ကြန္ပ်ဴတာဆားကစ္ျပားေတြ၊ ဓာတ္ေရာင္ျခည္ကာပစၥည္းေတြ စသျဖင္႔လုပ္တဲ႔အခါမွာလည္း ခဲသတၳဳက ပါ၀င္ေလ႔ရွိပါတယ္။

ဒါ႔အျပင္ ေကာင္းမြန္စြာ သန္႔စင္ထားျခင္းမရွိတဲ႔ ဓာတ္ဆီထဲမွာလည္း ခဲဓာတ္ေတြပါ၀င္ေလ႔ရွိပါတယ္။

ခဲဆိပ္သင္႔မႈကို သိရွိျပီးေနာက္ပိုင္း ဖြံ႕ျဖိဳးျပီးခ်မ္းသာတဲ႔နိုင္ငံေတြအေနနဲ႔ ခဲအသံုးျပဳမႈကို ကန္႔သတ္ေလွ်ာ႔ခ်ခဲ႔ျပီး အိမ္သုတ္ေဆးေတြ၊ ဓာတ္ဆီေတြ၊ ကေလးကစားစရာေတြလိုမ်ိဳး လူသံုးမ်ားတဲ႔အရာေတြထဲမွာ ခဲဓာတ္မပါေအာင္ စီမံလာနိုင္ျပီး ခဲဓာတ္ပါမပါလည္း စစ္ေဆးလာၾကပါတယ္။

ကြ်န္ေတာ္တို႔လိုဖြံ႕ျဖိဳးဆဲနိုင္ငံေတြအေနနဲ႔ေတာ႔ ဒီလိုေတြမလုပ္နိုင္ေသးပါဘူး။

ဒါေၾကာင္႔ ခဲဆိပ္သင္႔မႈဟာ ဖြံျဖိဳးဆဲနိုင္ငံေတြမွာ ပိုျပီးအျဖစ္မ်ားပါတယ္။

ခဲအမႈန္ေတြပါတဲ႔ ပစၥည္း၊ အစားအေသာက္ေတြကုိ မၾကာခဏစားမိေသာက္မိရာမွေသာ္လည္းေကာင္း၊ ခဲအမႈန္ေတြပါတဲ႔ေလကိုမၾကာခဏ ရႈမိရာမွေသာ္လည္းေကာင္း ေသြးထဲမွာ ခဲဓာတ္ေတြတျဖည္းျဖည္းမ်ားလာျပီး ခဲဆိပ္သင္႔တာျဖစ္ပါတယ္။

ခဲဆိပ္သင္႔တဲ႔အခါ ဗိုက္နာတာ၊ ဗိုက္ရစ္တာ၊ ေခါင္းကိုက္တာ၊ ေကာင္းေကာင္းအိပ္မေပ်ာ္တာ၊ ဂဏွာမျငိမ္ျဖစ္တာ၊ အစားအေသာက္ပ်က္တာ၊ ေျခလက္ေတြထံုက်င္တာ၊ ေသြးအားနည္းတာ၊ နံုးတာ၊ မွတ္ဥာဏ္ေတြအားနည္းလာတာ စသျဖင္႔ ခံစားရနိုင္ပါတယ္။

ခဲဓာတ္ပမာဏာတအားမ်ားျပီး ခဲဆိပ္သင္႔တာတအားဆိုးရင္ ဗိုက္အရမ္းနာျပီးေအာ႔အန္တာ၊ ၾကြက္သားေတြအားမရွိသလိုျဖစ္တာ၊ လမ္းေလွ်ာက္တဲ႔အခါ ယိုင္တိုင္တိုင္ျဖစ္တာ၊ ဦးေနွာက္ထိခိုက္ျပီး သတိလစ္တာ၊ တက္တာ စတဲ႔အေရးေပၚအေျခအေနထိျဖစ္နိုင္ပါတယ္။

ခဲဆိပ္သင္႔တာဟာ လူၾကီးေတြထက္စာရင္ ကေလးငယ္ေလးေတြမွာ ပိုအျဖစ္မ်ားပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ႔ ကေလးငယ္ေလးဟာ ေလးဖက္တြားတတ္တဲ႔အရြယ္ေလာက္ကစျပီး ေတြ႔ရာပစၥညး္ေတြကို လွ်ာနဲ႔လ်က္တာ၊ ပါးစပ္ထဲေကာက္ထည္႔တာေတြလုပ္တတ္လို႔ပါ။

အထူးသျဖင္႔ ကစားစရာအရုပ္ေတြကို ပါးစပ္ထဲထည္႔တာ၊ အိမ္နံရံသုတ္ေဆးကြာက်တဲ႔အဖတ္ေတြကိုေဆာ႔ကစားျပီး ပါးစပ္ထဲထည္႔တာေတြကေန ကေလးေတြမွာ ခဲဆိပ္သင္႔မႈျဖစ္ေလ႔ရွိပါတယ္။

ကေလးငယ္ေတြမွာ ခဲဆိပ္သင္႔တာျဖစ္ရင္ လူၾကီးေတြထက္ပိုဆိုးျပီး အႏၱရာယ္ရွိပါတယ္။

ဘာလို႔လဲဆိုေတာ႔ ကေလးငယ္ေတြမွာ ဦးေနွာက္က ဖြံ႕ျဖိဳးခါစျဖစ္ျပီး အဲ႔အခ်ိန္မွာခဲဆိပ္သင္႔ပါက ကေလးငယ္ေတြရဲ႕ ဦးေနွာက္ကို ထိခိုက္ေစကာ ဘ၀တေလွ်ာက္လံုး ဥာဏ္ရည္နိမ္႔ပါးသြားတာ၊ အမူအက်င္႔နဲ႔ေလ႔လာသင္ယူနိုင္စြမ္းေတြေလ်ာ႔က်သြားတာ၊ ၾကီးထြားမႈေနွးသြားတာ၊ နားအၾကားအာရံုနဲ႔ပတ္သက္ျပီး ျပႆနာေတြရွိလာတာေတြအထိပါ ျဖစ္နိုင္လို႔ပါ။

ခဲဆိပ္သင္႔တဲ႔လကၡဏာေတြရွိပါက ခဲဆိပ္သင္႔တာဟုတ္မဟုတ္ကို ေစာစီးစြာ ဆရာ၀န္နဲ႔ျပသျပီး စမ္းသပ္စစ္ေဆးၾကည္႔သင္႔ပါတယ္။

လုပ္နိုင္တဲ႔စမ္းသပ္စစ္ေဆးမႈေတြကေတာ႔ ေသြးတြင္းခဲဓာတ္ပမာဏကိုစစ္တာ၊ ဓာတ္မွန္ရိုက္တာ၊ ရိုးတြင္းခ်ဥ္ဆီ Biopsy ယူစစ္တာ စသျဖင္႔ပါ။

ေသြးတြင္းခဲဓာတ္ပမာဏဟာ 10microgram per deciliter နဲ႔အထက္မွခဲဆိပ္သင္႔တာဆိုေပမယ္႔ ကေလးငယ္ေတြမွာဆိုရင္ 5microgram per deciliter ေအာက္ရွိရင္ကို အႏၱရာယ္ရွိျပီး ဦးေနွာက္ကိုထိခိုက္ေစနိုင္ပါတယ္။

ေသြးတြင္းခဲဓာတ္ပမာဏာ တအားမ်ားေနပါက ကုသမႈအေနနဲ႔ Chelation therapy ေခၚခႏၶာကိုယ္ထဲက ခဲဓာတ္ေတြကို ဖယ္ရွားတဲ႔ကုသနည္းကိုသံုးနိုင္ပါတယ္။

ဒါေပမယ္႔ ဒီကုသမႈက မ်ားတဲ႔ခဲဓာတ္ေၾကာင္႔ ဦးေနွာက္ထိခိုက္ျပီး ဥာဏ္ရည္နိမ္႔တာ၊ အမူအက်င္႔နဲ႔ေလ႔လာသင္ယူနိုင္စြမ္းေတြေလ်ာ႔က်သြားတာ စတဲ႔ဦးေနွာက္ထိခိုက္မႈေၾကာင္႔ျဖစ္တဲ႔ ေနာက္ဆက္တြဲေတြကိုေတာ႔ ျပန္ေကာင္းေအာင္မလုပ္ေပးနိုင္ပါဘူး။

ဒါေၾကာင္႔ခဲဆိပ္မသင္႔ေအာင္ၾကိဳတင္ကာကြယ္ထားတာအေကာင္းဆံုးပါပဲ။

အိမ္နားမွာ စည္းကမ္းမဲ႔ဘက္ထၳရီအိုးလုပ္ငန္း၊ ကားေဆးမႈတ္လုပ္ငန္းေတြရွိရင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနကိုအေၾကာင္းၾကားပါ။

အေၾကာင္းၾကားေသာ္လည္း အဆင္မေျပဘူး။ မိမိအိမ္မွာလည္းကေလးငယ္ေတြရွိတယ္ဆိုရင္ အေမနဲ႔ကေလးငယ္ေတြကို အမ်ိဳးရွိတဲ႔တျခားတေနရာရာပို႔ထားျပီး ကေလးငယ္ေတြအသက္နည္းနည္းၾကီးတဲ႔အခ်ိန္မွ ျပန္ေခၚပါ။

အရင္ေခတ္က သုတ္ေဆးေတြသုတ္ထားတဲ႔အိမ္မွာေနရင္ သို႔မဟုတ္ အိမ္နံရံကသုတ္ေဆးေတြအဖတ္ကြာက်ေနတာဆိုရင္ အခုေခတ္ခဲဓါတ္မပါတဲ႔ နံရံသုတ္ေဆးေတြျပန္သုတ္ဖို႔လိုပါတယ္။

ေဆးသုတ္ေနတဲ႔အခ်ိန္မွာ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြကို တျခားေနရာမွာေနခုိင္းပါ။

သုတ္ေဆးအပိုင္းအစေတြ၊ အမႈိက္အမႈန္ေတြနဲ႔ေဆာ႔ကစားျခင္းမရွိေအာင္၊ အရုပ္ေတြကိုပါးစပ္ထဲမထည္႔ေအာင္ ကေလးငယ္ေတြကို ေသခ်ာသတိျပဳေစာင္႔ၾကည္႔ပါ။

ကေလးရဲ႕လက္နဲ႕ ကစားစရာအရုပ္ေတြကို မၾကာခဏေရေဆးေပးပါ။ အထူးသျဖင္႔ကစားျပီးတဲ႔အခါတိုင္းမွာ ေသခ်ာေဆးေပးပါ။

အစာအစားခင္တိုင္း လက္ကို ဆပ္ျပာနဲ႔စင္ၾကယ္စြာေဆးပါ။

အစားအေသာက္ခ်က္ျပဳတ္ဖို႔နဲ႔ေသာက္ဖို႔အတြက္ ေရသန္႔ကိုသာအသံုးျပဳပါ။

ခဲဆိပ္သင္႔တယ္လို႔သံသယရွိပါက ေစာစီးစြာ နီးစပ္ရာေဆးရံုေဆးခန္းမွာျပသစစ္ေဆးပါလို႔ အၾကံျပဳရင္းအဆံုးသတ္လိုက္ရပါတယ္။

Dr 528

(Unicode Version)

ကလေးငယ်များနဲ့ ခဲဆိပ်အန္တရာယ်

ခဲဆိုတာဟာ သိပ်သည်းဆများတဲ့ Heavy metal အမျိုးအစားဖြစ်ပါတယ်။

အက်တမ်နံပါတ် ၈၂ (Atomic number 82) ဖြစ်ပြီး သင်္ကေတကတော့ Pb ဖြစ်ပါတယ်။

၁၉ ရာစုနှောင်းပိုင်းမှာမှ ခဲဆိပ်သင့်ခြင်းကို ရှာဖွေသိရှိနားလည်ခဲ့ပြီး အဲ့လိုမသိခင်ကဆိုရင် ခဲသတ္ထုဟာ ရှာဖွေရလွယ်တာ၊ သိပ်သည်းဆများတာ၊ အရည်ပျော်အမှတ်နိမ့်တာ စတဲ့သူ့ရဲ့ဂုဏ်သတ္တိတွေကြောင့် နေရာအတော်များများမှာ အသုံးများတဲ့သတ္ထုအမျိုးအစားဖြစ်ခဲ့ပါတယ်။

ခဲသတ္ထုကနေ ခဲကျည်ဆန်၊ ဘောစေ့၊ ခဲပိုက်ကွန်၊ ခဲပိုက်ခေါင်းတွေ ထုတ်လုပ်သလို ကားဘက်ထ္ထရီအိုးတွေ၊ ဆေးအရောင်ခြယ်ပစ္စည်းတွေ၊ ကားသုတ်ဆေး၊ အိမ်သုတ်ဆေး၊ ကလေးအရုပ်အရောင်ဆိုးဆေးတွေ၊ ပိုက်ဆက်ကော်တွေ၊ ကွန်ပျူတာဆားကစ်ပြားတွေ၊ ဓာတ်ရောင်ခြည်ကာပစ္စည်းတွေ စသဖြင့်လုပ်တဲ့အခါမှာလည်း ခဲသတ္ထုက ပါဝင်လေ့ရှိပါတယ်။

ဒါ့အပြင် ကောင်းမွန်စွာ သန့်စင်ထားခြင်းမရှိတဲ့ ဓာတ်ဆီထဲမှာလည်း ခဲဓာတ်တွေပါဝင်လေ့ရှိပါတယ်။

ခဲဆိပ်သင့်မှုကို သိရှိပြီးနောက်ပိုင်း ဖွံ့ဖြိုးပြီးချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ ခဲအသုံးပြုမှုကို ကန့်သတ်လျှော့ချခဲ့ပြီး အိမ်သုတ်ဆေးတွေ၊ ဓာတ်ဆီတွေ၊ ကလေးကစားစရာတွေလိုမျိုး လူသုံးများတဲ့အရာတွေထဲမှာ ခဲဓာတ်မပါအောင် စီမံလာနိုင်ပြီး ခဲဓာတ်ပါမပါလည်း စစ်ဆေးလာကြပါတယ်။

ကျွန်တော်တို့လိုဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့တော့ ဒီလိုတွေမလုပ်နိုင်သေးပါဘူး။

ဒါကြောင့် ခဲဆိပ်သင့်မှုဟာ ဖွံဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီးအဖြစ်များပါတယ်။

ခဲအမှုန်တွေပါတဲ့ ပစ္စည်း၊ အစားအသောက်တွေကို မကြာခဏစားမိသောက်မိရာမှသော်လည်းကောင်း၊ ခဲအမှုန်တွေပါတဲ့လေကိုမကြာခဏ ရှုမိရာမှသော်လည်းကောင်း သွေးထဲမှာ ခဲဓာတ်တွေတဖြည်းဖြည်းများလာပြီး ခဲဆိပ်သင့်တာဖြစ်ပါတယ်။

ခဲဆိပ်သင့်တဲ့အခါ ဗိုက်နာတာ၊ ဗိုက်ရစ်တာ၊ ခေါင်းကိုက်တာ၊ ကောင်းကောင်းအိပ်မပျော်တာ၊ ဂဏှာမငြိမ်ဖြစ်တာ၊ အစားအသောက်ပျက်တာ၊ ခြေလက်တွေထုံကျင်တာ၊ သွေးအားနည်းတာ၊ နုံးတာ၊ မှတ်ဉာဏ်တွေအားနည်းလာတာ စသဖြင့် ခံစားရနိုင်ပါတယ်။

ခဲဓာတ်ပမာဏာတအားများပြီး ခဲဆိပ်သင့်တာတအားဆိုးရင် ဗိုက်အရမ်းနာပြီးအော့အန်တာ၊ ကြွက်သားတွေအားမရှိသလိုဖြစ်တာ၊ လမ်းလျှောက်တဲ့အခါ ယိုင်တိုင်တိုင်ဖြစ်တာ၊ ဦးနှောက်ထိခိုက်ပြီး သတိလစ်တာ၊ တက်တာ စတဲ့အရေးပေါ်အခြေအနေထိဖြစ်နိုင်ပါတယ်။

ခဲဆိပ်သင့်တာဟာ လူကြီးတွေထက်စာရင် ကလေးငယ်လေးတွေမှာ ပိုအဖြစ်များပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကလေးငယ်လေးဟာ လေးဖက်တွားတတ်တဲ့အရွယ်လောက်ကစပြီး တွေ့ရာပစ္စည်းတွေကို လျှာနဲ့လျက်တာ၊ ပါးစပ်ထဲကောက်ထည့်တာတွေလုပ်တတ်လို့ပါ။

အထူးသဖြင့် ကစားစရာအရုပ်တွေကို ပါးစပ်ထဲထည့်တာ၊ အိမ်နံရံသုတ်ဆေးကွာကျတဲ့အဖတ်တွေကိုဆော့ကစားပြီး ပါးစပ်ထဲထည့်တာတွေကနေ ကလေးတွေမှာ ခဲဆိပ်သင့်မှုဖြစ်လေ့ရှိပါတယ်။

ကလေးငယ်တွေမှာ ခဲဆိပ်သင့်တာဖြစ်ရင် လူကြီးတွေထက်ပိုဆိုးပြီး အန္တရာယ်ရှိပါတယ်။

ဘာလို့လဲဆိုတော့ ကလေးငယ်တွေမှာ ဦးနှောက်က ဖွံ့ဖြိုးခါစဖြစ်ပြီး အဲ့အချိန်မှာခဲဆိပ်သင့်ပါက ကလေးငယ်တွေရဲ့ ဦးနှောက်ကို ထိခိုက်စေကာ ဘဝတလျှောက်လုံး ဉာဏ်ရည်နိမ့်ပါးသွားတာ၊ အမူအကျင့်နဲ့လေ့လာသင်ယူနိုင်စွမ်းတွေလျော့ကျသွားတာ၊ ကြီးထွားမှုနှေးသွားတာ၊ နားအကြားအာရုံနဲ့ပတ်သက်ပြီး ပြဿနာတွေရှိလာတာတွေအထိပါ ဖြစ်နိုင်လို့ပါ။

ခဲဆိပ်သင့်တဲ့လက္ခဏာတွေရှိပါက ခဲဆိပ်သင့်တာဟုတ်မဟုတ်ကို စောစီးစွာ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။

လုပ်နိုင်တဲ့စမ်းသပ်စစ်ဆေးမှုတွေကတော့ သွေးတွင်းခဲဓာတ်ပမာဏကိုစစ်တာ၊ ဓာတ်မှန်ရိုက်တာ၊ ရိုးတွင်းချဉ်ဆီ Biopsy ယူစစ်တာ စသဖြင့်ပါ။

သွေးတွင်းခဲဓာတ်ပမာဏဟာ 10microgram per deciliter နဲ့အထက်မှခဲဆိပ်သင့်တာဆိုပေမယ့် ကလေးငယ်တွေမှာဆိုရင် 5microgram per deciliter အောက်ရှိရင်ကို အန္တရာယ်ရှိပြီး ဦးနှောက်ကိုထိခိုက်စေနိုင်ပါတယ်။

သွေးတွင်းခဲဓာတ်ပမာဏာ တအားများနေပါက ကုသမှုအနေနဲ့ Chelation therapy ခေါ်ခန္ဓာကိုယ်ထဲက ခဲဓာတ်တွေကို ဖယ်ရှားတဲ့ကုသနည်းကိုသုံးနိုင်ပါတယ်။

ဒါပေမယ့် ဒီကုသမှုက များတဲ့ခဲဓာတ်ကြောင့် ဦးနှောက်ထိခိုက်ပြီး ဉာဏ်ရည်နိမ့်တာ၊ အမူအကျင့်နဲ့လေ့လာသင်ယူနိုင်စွမ်းတွေလျော့ကျသွားတာ စတဲ့ဦးနှောက်ထိခိုက်မှုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲတွေကိုတော့ ပြန်ကောင်းအောင်မလုပ်ပေးနိုင်ပါဘူး။

ဒါကြောင့်ခဲဆိပ်မသင့်အောင်ကြိုတင်ကာကွယ်ထားတာအကောင်းဆုံးပါပဲ။

အိမ်နားမှာ စည်းကမ်းမဲ့ဘက်ထ္ထရီအိုးလုပ်ငန်း၊ ကားဆေးမှုတ်လုပ်ငန်းတွေရှိရင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကိုအကြောင်းကြားပါ။

အကြောင်းကြားသော်လည်း အဆင်မပြေဘူး။ မိမိအိမ်မှာလည်းကလေးငယ်တွေရှိတယ်ဆိုရင် အမေနဲ့ကလေးငယ်တွေကို အမျိုးရှိတဲ့တခြားတနေရာရာပို့ထားပြီး ကလေးငယ်တွေအသက်နည်းနည်းကြီးတဲ့အချိန်မှ ပြန်ခေါ်ပါ။

အရင်ခေတ်က သုတ်ဆေးတွေသုတ်ထားတဲ့အိမ်မှာနေရင် သို့မဟုတ် အိမ်နံရံကသုတ်ဆေးတွေအဖတ်ကွာကျနေတာဆိုရင် အခုခေတ်ခဲဓါတ်မပါတဲ့ နံရံသုတ်ဆေးတွေပြန်သုတ်ဖို့လိုပါတယ်။

ဆေးသုတ်နေတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေကို တခြားနေရာမှာနေခိုင်းပါ။

သုတ်ဆေးအပိုင်းအစတွေ၊ အမှိုက်အမှုန်တွေနဲ့ဆော့ကစားခြင်းမရှိအောင်၊ အရုပ်တွေကိုပါးစပ်ထဲမထည့်အောင် ကလေးငယ်တွေကို သေချာသတိပြုစောင့်ကြည့်ပါ။

ကလေးရဲ့လက်နဲ့ ကစားစရာအရုပ်တွေကို မကြာခဏရေဆေးပေးပါ။ အထူးသဖြင့်ကစားပြီးတဲ့အခါတိုင်းမှာ သေချာဆေးပေးပါ။

အစာအစားခင်တိုင်း လက်ကို ဆပ်ပြာနဲ့စင်ကြယ်စွာဆေးပါ။

အစားအသောက်ချက်ပြုတ်ဖို့နဲ့သောက်ဖို့အတွက် ရေသန့်ကိုသာအသုံးပြုပါ။

ခဲဆိပ်သင့်တယ်လို့သံသယရှိပါက စောစီးစွာ နီးစပ်ရာဆေးရုံဆေးခန်းမှာပြသစစ်ဆေးပါလို့ အကြံပြုရင်းအဆုံးသတ်လိုက်ရပါတယ်။

Dr 528