သင့်ကလေးက ဝနေတာလား ဖောနေတာလား

သင့္ကေလးက ဝေနတာလား ေဖာေနတာလား

“ဆရာေရ ကေလး တက္ေနလို႔ ။ အခုေတာ့ က်သြးျပီ။ ဒါေပမဲ့  သတိလစ္သလိုျဖစ္ေနလို႔”

ေဆးခန္းထဲသို႔ ကေလးငယ္ကို ေပြ႔ခ်ီ၍ ဦးစိန္ေဌး တစ္ေယာက္ ၀င္လာသည္။   ကေလးသည္ သတိရတစ္ခ်က္ မရတစ္ခ်က္ျဖစ္ေနသည္။ ကေလးကို အဖ်ားတိုင္းၾကည့္သည္။ အဖ်ားမရွိပါ။ ႏွလံုးခုန္သံ နားေထာင္ၾကည့္သည္။ အသက္ရဴသံ နားေထာင္ သည္။  ေသြးေပါင္ခ်ိန္ၾကည့္သည္။ ဆရာ၀န္ မ်က္ျဖဴစိုက္ျပီ။

”  ေသြးေပါင္ခ်ိန္ ၁၈၀။၁၃၀ ေတာင္ ရွိတယ္။ ” ဆရာ၀န္သည္ လန္႔ျဖတ္သြားသည္။ လိုအပ္ေသာ ေဆးကို ကေလး အား ျမန္ျမန္ထိုးေပးလိုက္သည္။

ကေလး အေဖကား ဟုတ္လားဆရာလို႔ ေျပာသည္။ ဆရာ၀န္ဆီေရာက္လာသည့္ အတြက္ စိုးရိမ္စိတ္တို႔ အနည္းငယ္ သက္သာသြားပံုရသည္။ ဆရာ၀န္ကို ယံုၾကည္ပံုရသည္။

” ကေလးကို ေဆးရံုခ်က္ခ်င္း တင္ရမယ္ ” ဆရာ၀န္သည္ ကေလးအေျခ အေနကို စိုးရိမ္သည္။

ေဆးခန္းတြင္ ကုသရမည့္ အေျခအေန မဟုတ္။

” မတင္လို႔မရဘူးလားဆရာရယ္။ ကၽြန္ေတာ္တို႔မွာ လူခြဲ မရွိလို႔ပါ ”

လူနာရွင္သည္ ဆရာ၀န္ကို ေစ်းဆစ္ေန၏။

“ကေလးက အသက္အႏာၱရာယ္ စိုးရိမ္ရတယ္။ ေသြးေပါင္ေတြ အရမ္းတက္ေနတာ။ အခု ေဆးရံုမတင္ရင္ ခင္ဗ်ားကေလး နက္ျဖန္ အသက္ေတာင္ မီမွာ မဟုတ္ဘူး  ”

ဆရာ၀န္ စကားေၾကာင့္ ဦးစိန္ေဌး လန္႔သြားသည္။ အသက္အႏာၱရယ္ရွိသည္ဆိုေတာ့လည္း ေခါင္းၾကီးသြားသည္။

” ကၽြန္ေတာ္ကိုယ္တိုင္ ေဆးရံုကို လိုက္ပို႔ပါမယ္ ”

ေဆးရံုတက္ခိုင္းလွ်င္ မတက္ပဲ အိမ္ျပန္သြားမည္ကို ဆရာ၀န္သည္ စိုးရိမ္သည္။ ထို႔ေၾကာင့္

ဆရာ၀န္သည္ သူကိုယ္တိုင္ ေဆးရံုသို႔ လုိက္ပို႔သည္။ ကေလးကို အထူးၾကတ္မတ္ကုသေဆာင္ထဲသို႔ ပို႔လုိက္ရျပီ။

ကေလး၏ ေရာဂါ ရာဇ၀င္ကို တာ၀န္က် ဆရာ၀န္သည္ ေမးေန၏။

” ကေလးက ေခါင္းကိုက္တယ္လို႔ေတာ့ ေျပာတယ္ဆရာ ” ဦးစိန္ေဌးသည္  ကေလးအေၾကာင္းသူသိသေလာက္ ေျပာျပေနသည္။

” ေဆးခန္းသြားျပလိုက္ေသးလား ”

”  ေဆးခန္းသြားမျပျဖစ္ပါဘူးဆရာရယ္။ ေခါင္းကိုက္ရင္ အိပ္ေနလို႔ပဲ ေျပာထားတာပါ။ ကေလး ငယ္ငယ္ ေခါင္းကိုက္တယ္ဆိုေတာ့ ဂိမ္းကစားတာ မ်ားလို႔ေခါင္းကိုက္တယ္လို႔ပဲ ထင္ေနတာ”

” ကေလး ေဖာလာတယ္လို႔ေရာ မထင္ဘူးလား ”

” ကေလး ေဖာေနတယ္ဆိုတာလည္း ဒီေန႔မွ သတိထားမိတာပါဆရာ။ အရင္ေန႔ေတြကထင္ေနတာက ကေလး ၀လာတယ္လို႔ထင္ေနတာပါ ”

ဦးစိန္ေဌးသည္ သူ မသိသည့္အတိုင္းအမွန္အတိုင္း၀န္ခံသည္။

” ဒီအေဖ ေတာ့ ကေလး ေဖာ ေနမွန္းေတာင္ မသိဘူး။” တာ၀န္က် ဆရာ၀န္သည္ ဦးစိန္ေဌးကို  စိတ္တို စျပဳလာသည္။ ကိုယ့္ကေလးကို  ဂရုမစိုက္ေသာ သူဟုလည္းေတြးေန႔ပံုရသည္။

” ဆီးသြားနည္းတာ ။ ဆီး အေရာင္ရင့္လာတာကိုေရာသတိထားမိလား ”

” အဲဒါေတာ့ ကၽြန္ေတာ္ မသိဘူးဆရာ။ သတိမထားမိဘူး။ ကၽြန္ေတာ္က အလုပ္တစ္ဖက္နဲ႔ ဆိုေတာ့ ကေလးကို သတိမထားမိလိုက္ဘူး။ ကေလးက သူ႔အဘြားနဲ႔ အေနမ်ားေတာ့ ကၽြန္ေတာ္ ကေလး အေၾကာင္းသိပ္မသိပါဘူး ” ဆရာ၀န္သည္ လူနာမွတ္တမ္းတြင္ ေရာဂါ ရာဇ၀င္ကို ေရးေနသည္။  စိတ္တိုေနပံုလည္းရသည္။ ဦးစိန္ေဌးကို ဘာမွ ဆက္မေမးေတာ့။

သို႔ေသာ္ ဦးစိန္၀င္း အရဲစြန္႔ျပီးေမးလိုက္သည္။ “ကေလးက ဘာလို႔ေသြးတိုးတာလဲ ဆရာ ကၽြန္ေတာ္လို႔ အသက္ ၾကီးတဲ့ သူေတာင္ ေသြးမတိုးပဲ ကေလးက ဘာလို႔ ေသြးတိုးရတာလဲဟင္” ဆရာ၀န္သည္ ဦးစိန္ေဌးကို အသံျပတ္ႏွင့္ ေျဖလိုက္သည္။

“ေသြးတိုးတာက ေက်ာက္ကပ္ေရာင္ေနလို႔ ေသြးတိုးတာပါ။   ”

“အခု ေက်ာက္ကပ္ေရာင္ေနတာလားဆရာ  ” ေသခ်ာေအာင္ ထပ္ေမးလိုက္သည္။

” ကေလးက အခု ေက်ာက္ကပ္ေရာင္ေနတာ။ ေက်က္ကပ္ေရာင္ေနလို႔ ေသြးအရမ္းတိုးျပီး သတိလစ္သြားတာပါ။  ”

”  ဟုတ္ကဲ့ပါဆရာ” ဆရာ၀န္ကို ရိုရိုေသ ျပန္ေျဖလိုက္သည္။ ဆရာ၀န္၏ မ်က္ႏွာသည္ အနည္းငယ္ေပ်ာ့ေပ်ာင္းလာသည္။

” ေရာဂါ စျဖစ္ကတည္းက ေစာေစာ သိရင္ ဒီေလာက္ၾကီး အေျခအေန မစိုးနိုင္ဘူး။ ကေလး ေခါင္းကိုက္တယ္လို႔ ေျပာရင္ ေသြးေပါင္ခ်ိန္ၾကည့္ရမယ္။ ” ဆရာ၀န္သည္ ေရးလက္စ ေဘာပင္ကို ခ်လိုက္သည္။ မွတ္တမ္းေရးလို႔ျပီးသြားျပီ။

” ကေလးေတြကို ေသြးေပါင္ခ်ိန္ဖို႔လိုတယ္ဆိုတာ ကၽြန္ေတာ္ မသိလို႔ပါဆရာ။ ဒါေၾကာင့္လည္း ကေလးကို ေဆးခန္းမျပမိတာပါ ” ဦးစိန္ေဌး ရိုးရိုးသားသားပင္ ၀န္ခံလိုက္သည္။

” ဒါ့အျပင္ ကေလးဆီးသြားတာ နည္းသြားရင္လည္း သတိျပဳရမယ္။ ဆီးနည္းတာကို ဘယ္လိုသိမလဲဆိုရင္ ဆီးအေရာင္ရင့္လာျပီဆိုရင္ ဆီးနည္းလာလို႔ပါ။ အသိသာဆံုးကေတာ့ကေလး ေဖာလာတာပါ။ ” ဆရာ၀န္သည္ ဒီတစ္ခါေတာ့ ဦးစိန္ေဌးကို စိတ္ရွည္ရွည္ ရွင္းျပသည္။

” ကၽြန္ေတာ္က ကၽြန္ေတာ့သားကို ၀လာတယ္လို႔ ထင္ေနတာပါဆရာ။  အေမက  ၀ေနတာ မဟုတ္ဘူး ။ ေဖာေနတာလို႔ ေျပာမွ ကၽြန္ေတာ္ သတိထားမိတာပါ။  ကၽြန္ေတာ္ လမ္းထိပ္ေဆးဆိုင္က ေဆးစပ္ျပီးကေလးကို တိုက္ထားပါတယ္။ ဒါေပမဲ့ ကေလးက မသက္သာဘူး။ ဒီညေနက်ေတာ့ ကေလးက တက္ျပီး သတိလစ္သြားတာနဲ႔ ေဆးခန္းကို ေျပးရတယ္။ ေဆးခန္းက ဆရာ၀န္ေလးက ကေလး အေျခအေန စိုးရိမ္ရတယ္။ ခ်က္ခ်င္း ေဆးရံုတင္ပါဆိုျပီး သူတိုင္ကိုယ္လိုက္ပို႔တာနဲ႔ ေဆးရံုေရာက္လာတပါ။” သူ႔တို႔ သားအဖ အေၾကာင္းကိုလည္း ဆရာ၀န္ ဇာတ္ေရလည္ေအာင္ ရွင္းျပေနသည္။

” ေနာက္ကို သတိထားေပါ့ဗ်ာ ” ဒီတစ္ခြန္းသာ ေျပာႏိုင္ေတာ့သည္။ အခုခ်ိန္မွ ကေလး အေဖကို အျပစ္တင္ေနလို႔လည္း ကေလး သည္ အျမန္ေနေကာင္းလာမည္မဟုတ္။ ကေလးအေဖကို တစ္ပူေပၚ တစ္ပူဆင့္ မျဖစ္ေစခ်င္ေတာ့ပါ။

” အခုေရာ ကေလး အေျခအေန က စိုးရိမ္ရပါသလားဆရာ ” ဒီေမးခြန္းကိုေတာ့ ဦးစိန္ေဌး အေမးခ်င္ဆံုးေမးခြန္းျဖစ္သည္။

” အထူးၾကတ္မတ္ေဆာင္ထဲမွာ ကုသေနပါတယ္။ ေစာင့္ၾကည့္ရမဲ့ အေျခအေနေပါ”

ဦးစိန္ေဌး တစ္ေယာက္ ေခါင္းငိုက္စိုက္လွ်က္ ထိုင္ခုံေပၚ ထိုင္ခ်လိုက္သည္။ အေဖ တစ္ခု သားတစ္ခု ဘ၀တြင္ သားသည္ သူ႔အတြက္ေတာ့တန္ဖိုးအရွိဆံုး။ ေခါင္းကိုက္သည္ဟု ေျပာတုန္းက ေဆးခန္းမျပမိသည္ကိုလည္း ေနာက္တၾကီးစြားရမိသည္။ ကေလး မ်ားတြင္ ေသြးတိုးေရာဂါ မျဖစ္ဟု မိမိ အထင္မွားေနသည္ကိုလည္း ..ယူက်ံဳးမရျဖစ္သည္။  ကေလးမ်ား ေခါင္းမူးသည္ဟု ေသာ္လည္းေကာင္း ေခါင္းကိုက္သည္ဟုေသာ္လည္းေကာင္း ေျပာလာလွ်င္ မေပါ့ဆသင့္ေၾကာင္း ကိုယ့္ဘာသာ အၾကိမ္ၾကိမ္သတိေပးေနမိေတာ့သည္။ အခုေတာ့ ကေလးအတြက္ ဆုေတာင္းရင္း ရင္ထဲတြင္ ျပည့္က်ပ္လွ်က္။

Dr.ေအးခ်မ္းမိုုး

Unicode Version

သင့်ကလေးက ဝနေတာလား ဖောနေတာလား

“ဆရာရေ ကလေး တက်နေလို့ ။ အခုတော့ ကျသွးပြီ။ ဒါပေမဲ့  သတိလစ်သလိုဖြစ်နေလို့”

ဆေးခန်းထဲသို့ ကလေးငယ်ကို ပွေ့ချီ၍ ဦးစိန်ဌေး တစ်ယောက် ဝင်လာသည်။   ကလေးသည် သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသည်။ ကလေးကို အဖျားတိုင်းကြည့်သည်။ အဖျားမရှိပါ။ နှလုံးခုန်သံ နားထောင်ကြည့်သည်။ အသက်ရူသံ နားထောင် သည်။  သွေးပေါင်ချိန်ကြည့်သည်။ ဆရာဝန် မျက်ဖြူစိုက်ပြီ။

”  သွေးပေါင်ချိန် ၁၈၀။၁၃၀ တောင် ရှိတယ်။ ” ဆရာဝန်သည် လန့်ဖြတ်သွားသည်။ လိုအပ်သော ဆေးကို ကလေး အား မြန်မြန်ထိုးပေးလိုက်သည်။

ကလေး အဖေကား ဟုတ်လားဆရာလို့ ပြောသည်။ ဆရာဝန်ဆီရောက်လာသည့် အတွက် စိုးရိမ်စိတ်တို့ အနည်းငယ် သက်သာသွားပုံရသည်။ ဆရာဝန်ကို ယုံကြည်ပုံရသည်။

” ကလေးကို ဆေးရုံချက်ချင်း တင်ရမယ် ” ဆရာဝန်သည် ကလေးအခြေ အနေကို စိုးရိမ်သည်။

ဆေးခန်းတွင် ကုသရမည့် အခြေအနေ မဟုတ်။

” မတင်လို့မရဘူးလားဆရာရယ်။ ကျွန်တော်တို့မှာ လူခွဲ မရှိလို့ပါ ”

လူနာရှင်သည် ဆရာဝန်ကို ဈေးဆစ်နေ၏။

“ကလေးက အသက်အန္တာရာယ် စိုးရိမ်ရတယ်။ သွေးပေါင်တွေ အရမ်းတက်နေတာ။ အခု ဆေးရုံမတင်ရင် ခင်ဗျားကလေး နက်ဖြန် အသက်တောင် မီမှာ မဟုတ်ဘူး  ”

ဆရာဝန် စကားကြောင့် ဦးစိန်ဌေး လန့်သွားသည်။ အသက်အန္တာရယ်ရှိသည်ဆိုတော့လည်း ခေါင်းကြီးသွားသည်။

” ကျွန်တော်ကိုယ်တိုင် ဆေးရုံကို လိုက်ပို့ပါမယ် ”

ဆေးရုံတက်ခိုင်းလျှင် မတက်ပဲ အိမ်ပြန်သွားမည်ကို ဆရာဝန်သည် စိုးရိမ်သည်။ ထို့ကြောင့်

ဆရာဝန်သည် သူကိုယ်တိုင် ဆေးရုံသို့ လိုက်ပို့သည်။ ကလေးကို အထူးကြတ်မတ်ကုသဆောင်ထဲသို့ ပို့လိုက်ရပြီ။

ကလေး၏ ရောဂါ ရာဇဝင်ကို တာဝန်ကျ ဆရာဝန်သည် မေးနေ၏။

” ကလေးက ခေါင်းကိုက်တယ်လို့တော့ ပြောတယ်ဆရာ ” ဦးစိန်ဌေးသည်  ကလေးအကြောင်းသူသိသလောက် ပြောပြနေသည်။

” ဆေးခန်းသွားပြလိုက်သေးလား ”

”  ဆေးခန်းသွားမပြဖြစ်ပါဘူးဆရာရယ်။ ခေါင်းကိုက်ရင် အိပ်နေလို့ပဲ ပြောထားတာပါ။ ကလေး ငယ်ငယ် ခေါင်းကိုက်တယ်ဆိုတော့ ဂိမ်းကစားတာ များလို့ခေါင်းကိုက်တယ်လို့ပဲ ထင်နေတာ”

” ကလေး ဖောလာတယ်လို့ရော မထင်ဘူးလား ”

” ကလေး ဖောနေတယ်ဆိုတာလည်း ဒီနေ့မှ သတိထားမိတာပါဆရာ။ အရင်နေ့တွေကထင်နေတာက ကလေး ဝလာတယ်လို့ထင်နေတာပါ ”

ဦးစိန်ဌေးသည် သူ မသိသည့်အတိုင်းအမှန်အတိုင်းဝန်ခံသည်။

” ဒီအဖေ တော့ ကလေး ဖော နေမှန်းတောင် မသိဘူး။” တာဝန်ကျ ဆရာဝန်သည် ဦးစိန်ဌေးကို  စိတ်တို စပြုလာသည်။ ကိုယ့်ကလေးကို  ဂရုမစိုက်သော သူဟုလည်းတွေးနေ့ပုံရသည်။

” ဆီးသွားနည်းတာ ။ ဆီး အရောင်ရင့်လာတာကိုရောသတိထားမိလား ”

” အဲဒါတော့ ကျွန်တော် မသိဘူးဆရာ။ သတိမထားမိဘူး။ ကျွန်တော်က အလုပ်တစ်ဖက်နဲ့ ဆိုတော့ ကလေးကို သတိမထားမိလိုက်ဘူး။ ကလေးက သူ့အဘွားနဲ့ အနေများတော့ ကျွန်တော် ကလေး အကြောင်းသိပ်မသိပါဘူး ” ဆရာဝန်သည် လူနာမှတ်တမ်းတွင် ရောဂါ ရာဇဝင်ကို ရေးနေသည်။  စိတ်တိုနေပုံလည်းရသည်။ ဦးစိန်ဌေးကို ဘာမှ ဆက်မမေးတော့။

သို့သော် ဦးစိန်ဝင်း အရဲစွန့်ပြီးမေးလိုက်သည်။ “ကလေးက ဘာလို့သွေးတိုးတာလဲ ဆရာ ကျွန်တော်လို့ အသက် ကြီးတဲ့ သူတောင် သွေးမတိုးပဲ ကလေးက ဘာလို့ သွေးတိုးရတာလဲဟင်” ဆရာဝန်သည် ဦးစိန်ဌေးကို အသံပြတ်နှင့် ဖြေလိုက်သည်။

“သွေးတိုးတာက ကျောက်ကပ်ရောင်နေလို့ သွေးတိုးတာပါ။   ”

“အခု ကျောက်ကပ်ရောင်နေတာလားဆရာ  ” သေချာအောင် ထပ်မေးလိုက်သည်။

” ကလေးက အခု ကျောက်ကပ်ရောင်နေတာ။ ကျေက်ကပ်ရောင်နေလို့ သွေးအရမ်းတိုးပြီး သတိလစ်သွားတာပါ။  ”

”  ဟုတ်ကဲ့ပါဆရာ” ဆရာဝန်ကို ရိုရိုသေ ပြန်ဖြေလိုက်သည်။ ဆရာဝန်၏ မျက်နှာသည် အနည်းငယ်ပျော့ပျောင်းလာသည်။

” ရောဂါ စဖြစ်ကတည်းက စောစော သိရင် ဒီလောက်ကြီး အခြေအနေ မစိုးနိုင်ဘူး။ ကလေး ခေါင်းကိုက်တယ်လို့ ပြောရင် သွေးပေါင်ချိန်ကြည့်ရမယ်။ ” ဆရာဝန်သည် ရေးလက်စ ဘောပင်ကို ချလိုက်သည်။ မှတ်တမ်းရေးလို့ပြီးသွားပြီ။

” ကလေးတွေကို သွေးပေါင်ချိန်ဖို့လိုတယ်ဆိုတာ ကျွန်တော် မသိလို့ပါဆရာ။ ဒါကြောင့်လည်း ကလေးကို ဆေးခန်းမပြမိတာပါ ” ဦးစိန်ဌေး ရိုးရိုးသားသားပင် ဝန်ခံလိုက်သည်။

” ဒါ့အပြင် ကလေးဆီးသွားတာ နည်းသွားရင်လည်း သတိပြုရမယ်။ ဆီးနည်းတာကို ဘယ်လိုသိမလဲဆိုရင် ဆီးအရောင်ရင့်လာပြီဆိုရင် ဆီးနည်းလာလို့ပါ။ အသိသာဆုံးကတော့ကလေး ဖောလာတာပါ။ ” ဆရာဝန်သည် ဒီတစ်ခါတော့ ဦးစိန်ဌေးကို စိတ်ရှည်ရှည် ရှင်းပြသည်။

” ကျွန်တော်က ကျွန်တော့သားကို ဝလာတယ်လို့ ထင်နေတာပါဆရာ။  အမေက  ဝနေတာ မဟုတ်ဘူး ။ ဖောနေတာလို့ ပြောမှ ကျွန်တော် သတိထားမိတာပါ။  ကျွန်တော် လမ်းထိပ်ဆေးဆိုင်က ဆေးစပ်ပြီးကလေးကို တိုက်ထားပါတယ်။ ဒါပေမဲ့ ကလေးက မသက်သာဘူး။ ဒီညနေကျတော့ ကလေးက တက်ပြီး သတိလစ်သွားတာနဲ့ ဆေးခန်းကို ပြေးရတယ်။ ဆေးခန်းက ဆရာဝန်လေးက ကလေး အခြေအနေ စိုးရိမ်ရတယ်။ ချက်ချင်း ဆေးရုံတင်ပါဆိုပြီး သူတိုင်ကိုယ်လိုက်ပို့တာနဲ့ ဆေးရုံရောက်လာတပါ။” သူ့တို့ သားအဖ အကြောင်းကိုလည်း ဆရာဝန် ဇာတ်ရေလည်အောင် ရှင်းပြနေသည်။

” နောက်ကို သတိထားပေါ့ဗျာ ” ဒီတစ်ခွန်းသာ ပြောနိုင်တော့သည်။ အခုချိန်မှ ကလေး အဖေကို အပြစ်တင်နေလို့လည်း ကလေး သည် အမြန်နေကောင်းလာမည်မဟုတ်။ ကလေးအဖေကို တစ်ပူပေါ် တစ်ပူဆင့် မဖြစ်စေချင်တော့ပါ။

” အခုရော ကလေး အခြေအနေ က စိုးရိမ်ရပါသလားဆရာ ” ဒီမေးခွန်းကိုတော့ ဦးစိန်ဌေး အမေးချင်ဆုံးမေးခွန်းဖြစ်သည်။

” အထူးကြတ်မတ်ဆောင်ထဲမှာ ကုသနေပါတယ်။ စောင့်ကြည့်ရမဲ့ အခြေအနေပေါ”

ဦးစိန်ဌေး တစ်ယောက် ခေါင်းငိုက်စိုက်လျှက် ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။ အဖေ တစ်ခု သားတစ်ခု ဘဝတွင် သားသည် သူ့အတွက်တော့တန်ဖိုးအရှိဆုံး။ ခေါင်းကိုက်သည်ဟု ပြောတုန်းက ဆေးခန်းမပြမိသည်ကိုလည်း နောက်တကြီးစွားရမိသည်။ ကလေး များတွင် သွေးတိုးရောဂါ မဖြစ်ဟု မိမိ အထင်မှားနေသည်ကိုလည်း ..ယူကျုံးမရဖြစ်သည်။  ကလေးများ ခေါင်းမူးသည်ဟု သော်လည်းကောင်း ခေါင်းကိုက်သည်ဟုသော်လည်းကောင်း ပြောလာလျှင် မပေါ့ဆသင့်ကြောင်း ကိုယ့်ဘာသာ အကြိမ်ကြိမ်သတိပေးနေမိတော့သည်။ အခုတော့ ကလေးအတွက် ဆုတောင်းရင်း ရင်ထဲတွင် ပြည့်ကျပ်လျှက်။