ကာကွယ်ဆေးထိုးပြီးရင် ကလေးဖျားမှာလား။ဆေးနဲ့တည့်ပါ့မလား။

ကာကြယ္ေဆးထိုးၿပီးရင္ ကေလးဖ်ားမွာလား။ေဆးနဲ႔တည့္ပါ့မလား။

အေမအမ်ားစုအေနနဲ႔ မိမိကေလးကာကြယ္ေဆးထိုးရေတာ့မယ္ဆိုရင္ ေဆးထိုးၿပီးရင္ဖ်ားမွာလား ေဆးနဲ႔တည့္မွတည့္ပါမလားဆိုတာေတြကို စဥ္းစားေလ့ရွိၾကပါတယ္။တခ်ိဳ႕မိဘေတြဆိုရင္ မိမိကေလးေဆးထိုးၿပီးရင္ဖ်ားမွာ ေဆးနဲ႔မတည့္မွာ စသျဖင့္ အစိုးရိမ္လြန္ အေၾကာက္လြန္ၿပီး အိမ္တိုင္ရာေရာက္ သို႔မဟုတ္ ရပ္ကြက္ထဲစီမံခ်က္နဲ႔ ကာကြယ္ေဆးလာထိုးတဲ့အခါမွာ ေရွာင္ေနေလ့ရွိတတ္ပါတယ္။ဒီလိုလုပ္တာဟာ မွားပါတယ္။

ကာကြယ္ေဆးေတြဆိုတာ အျဖစ္မ်ားတဲ့ေရာဂါေတြ၊ျဖစ္လာရင္လည္းကုသဖို႔ခက္ၿပီး အသက္အႏၲရာယ္ထိခိုက္တတ္၊ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားတတ္တဲ့ေရာဂါေတြကို မျဖစ္ေအာင္ကာကြယ္ေပးတဲ့ေဆးေတြပါ။က်န္းမာေရးဝန္ႀကီးဌာနကထုတ္ျပန္ထားတဲ့အတိုင္း ကာကြယ္ေဆးေတြကို သူ႔အခ်ိန္နဲ႔သူထိုးဖို႔လိုပါတယ္။တခ်ိဳ႕ကာကြယ္ေဆးေတြကတႀကိမ္နဲ႔ၿပီးေပမယ့္ တခ်ိဳ႕ေဆးေတြက ႏွစ္ႀကိမ္ သုံးႀကိမ္ထိုးရတာမ်ိဳးလည္းရွိပါတယ္။

ေဆးအမ်ားစုကထိုးေဆးေတြျဖစ္ၿပီး ပိုလီယိုကာကြယ္ေဆးကေတာ့ အစက္ခ်ေဆးအေနနဲ႔ေရာ ထိုးေဆးအေနနဲ႔ေရာရွိပါတယ္။ကာကြယ္ေဆးထိုးၿပီးတဲ့အခါ ကာကြယ္ေဆးက ကိုယ္ခံအားစနစ္ကို သြားၿပီး လႈံ႕ေဆာ္ေသာေၾကာင့္ ကိုယ္ခံအားစနစ္ကတန္ျပန္တုံ႔ျပန္တဲ့အခါ ကိုယ္အပူခ်ိန္တက္ၿပီး ဖ်ားတာ ႏုံးတာ မွိန္းတာ ျဖစ္ႏိုင္ပါတယ္။

ကာကြယ္ေဆးထိုးတဲ့ေနရာမွာလည္း အနည္းငယ္နီရဲေနတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ကာကြယ္ေဆးထိုးၿပီးေနာက္ ကေလးက ဖ်ားတာ၊မွိန္းတာျဖစ္လို႔ရွိရင္ကေလးကို ပုံမွန္ေကြၽးေနက်အတိုင္းဆက္ေကြၽးတာအျပင္ အရည္မ်ားမ်ားလည္းတိုက္ဖို႔လိုပါတယ္။အရည္ဆိုတာ ေရတမ်ိဳးတည္းကိုပဲဆိုလိုတာမဟုတ္ပါဘူး။စြပ္ျပဳတ္ရည္ ဆန္ျပဳတ္က်ဲက်ဲ ႏို႔ အိုဗာတင္းတို႔လို အာဟာရျဖစ္မယ့္အရည္ေတြ မ်ားမ်ားတိုက္သင့္ပါတယ္။

ေျခာက္လေအာက္ကေလးဆိုရင္ေတာ့ မိခင္ႏို႔မ်ားမ်ားတိုက္ေပးပါ။ဘာလို႔လဲဆိုေတာ့ ဖ်ားေနတဲ့အခ်ိန္မွာ ေခြၽးထြက္မယ္ ေနာက္ပီး ကေလးကအသက္ရႈျမန္ေနတဲ့အခါ ခႏၵာကိုယ္ထဲမွာရွိတဲ့ အရည္ဓါတ္ေတြဟာ ပိုၿပီးဆုံးရႈံးတဲ့အတြက္ အရည္ခန္းေျခာက္တဲ့ျပသာနာ ပိုျဖစ္ႏိုင္လို႔ပါ။

ဒုတိယအခ်က္အေနနဲ႔ကေတာ့ ကေလးေတြဖ်ားတဲ့အခါမွာ ရာသီဥတုနဲ႔သင့္ေတာ္မယ့္အဝတ္အစားမ်ားကိုပဲဝတ္ဆင္ေပးပါ။ရာသီဥတုကေအးလို႔ သို႔မဟုတ္ ေလေတြတအားတိုက္လို႔ ဖ်ားတဲ့ကေလးကိုအေႏြးထည္ဝတ္ေပးတာမ်ိဳးကရပါတယ္။သို႔ေသာ္ ရာသီဥတုကပူအိုက္တဲ့အခါမ်ိဳးမွာဆိုရင္ေတာ့ ဖ်ားတဲ့ကေလးကို အဝတ္ထူေတြဝတ္ေပးတာ၊ေစာင္အထပ္ထပ္ၿခဳံေပးတာ၊ကေလးငယ္ေလးေတြဆိုရင္ အဝတ္ထူထူျဖင့္ထုတ္ထားတာမ်ိဳးေတြကိုမလုပ္ပါနဲ႔။

ကေလးက အဖ်ားႀကီးတဲ့အခါ (အဖ်ားက ၁၀၂ ဒီဂရီဖာရင္ဟိုက္ထက္ပိုတဲ့အခါ)ေရပတ္တိုက္ေပးပါ (သို႔မဟုတ္) ေရခ်ိဳးခန္းထဲမွာ ေရခပ္သြက္သြက္ခ်ိဳးေပးပါ။ေရခဲတုံးေလးမ်ားကို ပလတ္စတစ္အိတ္တြင္ထည့္ၿပီး နဖူး၊လည္ပင္း၊ဂ်ိဳင္း၊ေပါင္ၿခံစသည့္ ေသြးေၾကာႀကီးမ်ားရွိေသာေနရာမ်ားမွာလည္း ကပ္ေပးႏိုင္ပါတယ္။ပါရာစီတေမာ ကို အသက္အ႐ြယ္အလိုက္သင့္ေတာ္ေသာ ေဆးအခ်ိန္အဆ အႀကိမ္ေရအတိုင္း ပါးစပ္မွတိုက္တာ သို႔မဟုတ္ စအိုမွ (အရပ္အေခၚ ဒုံးက်ည္,ၿဂိဳလ္တု)ထည့္တာ လုပ္ႏိုင္ပါတယ္။

သို႔ေသာ္ Antibiotics ေခၚ ပိုးေသေဆး၊ပဋိဇီဝေဆးမ်ားကိုေတာ့ ဆရာဝန္နဲ႔ျပသထားျခင္းမရွိဘဲ မိမိသေဘာနဲ႔ မတိုက္ေကြၽးရပါ။ဒီလိုအိမ္မွာ ျပဳစုေနရင္းနဲ႔ ကေလးကအဖ်ားအပူခ်ိန္က်မသြားဘဲ ပိုပိုျမင့္တက္လာတာအဖ်ားက ႏွစ္ရက္၊ သုံးရက္ ၾကာေသာ္လည္းမေပ်ာက္တာသို႔မဟုတ္အစာလုံးဝမ၀င္တာကေလးက လန္းဆန္းမႈမရွိဘဲ တအားမွိန္းလြန္းတာ၊အီေနတာအန္တာ၊ဗိုက္နာတာ၊အသက္ရႈက်ပ္တာ စသျဖင့္ ျဖစ္လာရင္ေတာ့ နီးစပ္ရာေဆး႐ုံ၊ေဆးခန္း အျမန္ျပဖို႔လိုပါတယ္။

အမ်ားအားျဖင့္ေတာ့ ကာကြယ္ေဆးထိုးၿပီးဖ်ားတာမွိန္းတာက စိုးရိမ္ရတဲ့အေျခအေနကိုမေရာက္တတ္ဘဲ ကာကြယ္ေဆးထိုးၿပီး ႏွစ္ရက္ေလာက္ဆို သက္သာေပ်ာက္ကင္းသြားတတ္ပါတယ္။ေနာက္တခ်က္အေနနဲ႔ေျပာရရင္ ကာကြယ္ေဆးနဲ႔မတည့္တာကျဖစ္ေတာ့ျဖစ္ႏိုင္ေပမယ့္ အလြန႔္အလြန္ရွားပါတယ္။ေဆးတည့္မတည့္ကလည္း ဒီအတိုင္းသိဖို႔မလြယ္ပါဘူး။ေဆးသုံးၾကည့္မွပဲသိႏိုင္တာပါ။ကာကြယ္ေဆးထိုးၿပီး မ်က္ႏွာနဲ႔ႏႈတ္ခမ္းေတြေဖာေရာင္လာတာ၊အသက္ရႈၾကပ္လာတာ၊အနီကြက္အင္ပ်ဥ္ေတြထလာတာေတြရွိရင္ေတာ့ ကာကြယ္ေဆးနဲ႔မတည့္တာျဖစ္ႏိုင္ၿပီး ခ်က္ခ်င္းနီးစပ္ရာေဆးခန္းေဆး႐ုံျပဖို႔လိုပါတယ္။

ကာကြယ္ေဆးထိုးၿပီး ဒီလိုေတြျဖစ္ဖူးတဲ့ကေလးေတြဆိုရင္ ေနာက္တႀကိမ္ကာကြယ္ေဆးထိုးတဲ့အခါမွာ ေဆးမထိုးခင္ ေဆးထိုးေပးမယ့္သူကို ဒီအေၾကာင္းကို ျဖစ္တုန္းကေဆးမွတ္တမ္းနဲ႔တကြ ေျပာျပဖို႔လိုပါမယ္။

အဆုံးသတ္အေနနဲ႔အႀကံေပးခ်င္တာက မိမိကေလးကို ကာကြယ္ေဆးထိုးရင္ဖ်ားမွာ မတည့္မွာေၾကာက္ၿပီး မထိုးဘဲေနပါက ျဖစ္လာမယ့္ဆိုးက်ိဳးကႀကီးမားပါတယ္။ေဆးထိုးၿပီးဖ်ားတာ၊ေဆးမတည့္တာေတြက ထိုးတဲ့ကေလးတိုင္းမျဖစ္တတ္သလို ျဖစ္လာရင္လည္း အဲ့ဒါေတြက ကုသလို႔ရၿပီး ေနာက္ဆက္တြဲဆိုးက်ိဳးမရွိတတ္ပါ။

ဒါေပမယ့္ ကာကြယ္ေဆးမထိုးဘဲေနမယ္ဆိုရင္ အျဖစ္မ်ားၿပီး ျပင္းထန္တဲ့ေရာဂါပိုးဝင္ေရာက္ကူးစက္လြယ္ၿပီး ေရာဂါနဲ႔ေရာဂါေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ကေလးကခံစားရႏိုင္ပါတယ္။ဥပမာအေနနဲ႔ဆိုရင္ ေဆးမတည့္မွာ ဖ်ားမွာေၾကာက္ၿပီး ပိုလီယိုကာကြယ္ေဆးမထိုးထားဘူးဆိုရင္ ကေလးကပိုလီယိုပိုးဝင္ကာ ပိုလီယိုေရာဂါျဖစ္ၿပီး တသက္လုံးဒုကၡိတ ျဖစ္ပြားတာမ်ိဳးျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္မိဘမ်ားအေနနဲ႔ ကာကြယ္ေဆးထိုးလို႔ဖ်ားမွာ၊ေဆးမတည့္မွာကို တအားစိုးရိမ္လြန္ၿပီး ကာကြယ္ေဆးမထိုးဘဲေနတာမ်ိဳးမလုပ္ဘဲ မိမိကေလးကို သူ႔အသက္အ႐ြယ္သူ ထိုးရမယ့္ကာကြယ္ေဆးေတြအားလုံး ထိုးေပးသင့္ပါေၾကာင္း အႀကံျပဳခ်င္ပါတယ္။

Dr 528

(Unicode Version)

ကာကွယ်ဆေးထိုးပြီးရင် ကလေးဖျားမှာလား။ဆေးနဲ့တည့်ပါ့မလား။

အမေအများစုအနေနဲ့ မိမိကလေးကာကွယ်ဆေးထိုးရတော့မယ်ဆိုရင် ဆေးထိုးပြီးရင်ဖျားမှာလား ဆေးနဲ့တည့်မှတည့်ပါမလားဆိုတာတွေကို စဉ်းစားလေ့ရှိကြပါတယ်။တချို့မိဘတွေဆိုရင် မိမိကလေးဆေးထိုးပြီးရင်ဖျားမှာ ဆေးနဲ့မတည့်မှာ စသဖြင့် အစိုးရိမ်လွန် အကြောက်လွန်ပြီး အိမ်တိုင်ရာရောက် သို့မဟုတ် ရပ်ကွက်ထဲစီမံချက်နဲ့ ကာကွယ်ဆေးလာထိုးတဲ့အခါမှာ ရှောင်နေလေ့ရှိတတ်ပါတယ်။ဒီလိုလုပ်တာဟာ မှားပါတယ်။

ကာကွယ်ဆေးတွေဆိုတာ အဖြစ်များတဲ့ရောဂါတွေ၊ဖြစ်လာရင်လည်းကုသဖို့ခက်ပြီး အသက်အန္တရာယ်ထိခိုက်တတ်၊နောက်ဆက်တွဲဆိုးကျိုးများတတ်တဲ့ရောဂါတွေကို မဖြစ်အောင်ကာကွယ်ပေးတဲ့ဆေးတွေပါ။ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့အတိုင်း ကာကွယ်ဆေးတွေကို သူ့အချိန်နဲ့သူထိုးဖို့လိုပါတယ်။တချို့ကာကွယ်ဆေးတွေကတကြိမ်နဲ့ပြီးပေမယ့် တချို့ဆေးတွေက နှစ်ကြိမ် သုံးကြိမ်ထိုးရတာမျိုးလည်းရှိပါတယ်။

ဆေးအများစုကထိုးဆေးတွေဖြစ်ပြီး ပိုလီယိုကာကွယ်ဆေးကတော့ အစက်ချဆေးအနေနဲ့ရော ထိုးဆေးအနေနဲ့ရောရှိပါတယ်။ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကာကွယ်ဆေးက ကိုယ်ခံအားစနစ်ကို သွားပြီး လှုံ့ဆော်သောကြောင့် ကိုယ်ခံအားစနစ်ကတန်ပြန်တုံ့ပြန်တဲ့အခါ ကိုယ်အပူချိန်တက်ပြီး ဖျားတာ နုံးတာ မှိန်းတာ ဖြစ်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးတဲ့နေရာမှာလည်း အနည်းငယ်နီရဲနေတာမျိုးဖြစ်နိုင်ပါတယ်။ကာကွယ်ဆေးထိုးပြီးနောက် ကလေးက ဖျားတာ၊မှိန်းတာဖြစ်လို့ရှိရင်ကလေးကို ပုံမှန်ကျွေးနေကျအတိုင်းဆက်ကျွေးတာအပြင် အရည်များများလည်းတိုက်ဖို့လိုပါတယ်။အရည်ဆိုတာ ရေတမျိုးတည်းကိုပဲဆိုလိုတာမဟုတ်ပါဘူး။စွပ်ပြုတ်ရည် ဆန်ပြုတ်ကျဲကျဲ နို့ အိုဗာတင်းတို့လို အာဟာရဖြစ်မယ့်အရည်တွေ များများတိုက်သင့်ပါတယ်။

ခြောက်လအောက်ကလေးဆိုရင်တော့ မိခင်နို့များများတိုက်ပေးပါ။ဘာလို့လဲဆိုတော့ ဖျားနေတဲ့အချိန်မှာ ချွေးထွက်မယ် နောက်ပီး ကလေးကအသက်ရှုမြန်နေတဲ့အခါ ခန္ဒာကိုယ်ထဲမှာရှိတဲ့ အရည်ဓါတ်တွေဟာ ပိုပြီးဆုံးရှုံးတဲ့အတွက် အရည်ခန်းခြောက်တဲ့ပြသာနာ ပိုဖြစ်နိုင်လို့ပါ။

ဒုတိယအချက်အနေနဲ့ကတော့ ကလေးတွေဖျားတဲ့အခါမှာ ရာသီဥတုနဲ့သင့်တော်မယ့်အဝတ်အစားများကိုပဲဝတ်ဆင်ပေးပါ။ရာသီဥတုကအေးလို့ သို့မဟုတ် လေတွေတအားတိုက်လို့ ဖျားတဲ့ကလေးကိုအနွေးထည်ဝတ်ပေးတာမျိုးကရပါတယ်။သို့သော် ရာသီဥတုကပူအိုက်တဲ့အခါမျိုးမှာဆိုရင်တော့ ဖျားတဲ့ကလေးကို အဝတ်ထူတွေဝတ်ပေးတာ၊စောင်အထပ်ထပ်ခြုံပေးတာ၊ကလေးငယ်လေးတွေဆိုရင် အဝတ်ထူထူဖြင့်ထုတ်ထားတာမျိုးတွေကိုမလုပ်ပါနဲ့။

ကလေးက အဖျားကြီးတဲ့အခါ (အဖျားက ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက်ပိုတဲ့အခါ)ရေပတ်တိုက်ပေးပါ (သို့မဟုတ်) ရေချိုးခန်းထဲမှာ ရေခပ်သွက်သွက်ချိုးပေးပါ။ရေခဲတုံးလေးများကို ပလတ်စတစ်အိတ်တွင်ထည့်ပြီး နဖူး၊လည်ပင်း၊ဂျိုင်း၊ပေါင်ခြံစသည့် သွေးကြောကြီးများရှိသောနေရာများမှာလည်း ကပ်ပေးနိုင်ပါတယ်။ပါရာစီတမော ကို အသက်အရွယ်အလိုက်သင့်တော်သော ဆေးအချိန်အဆ အကြိမ်ရေအတိုင်း ပါးစပ်မှတိုက်တာ သို့မဟုတ် စအိုမှ (အရပ်အခေါ် ဒုံးကျည်,ဂြိုလ်တု)ထည့်တာ လုပ်နိုင်ပါတယ်။

သို့သော် Antibiotics ခေါ် ပိုးသေဆေး၊ပဋိဇီဝဆေးများကိုတော့ ဆရာဝန်နဲ့ပြသထားခြင်းမရှိဘဲ မိမိသဘောနဲ့ မတိုက်ကျွေးရပါ။ဒီလိုအိမ်မှာ ပြုစုနေရင်းနဲ့ ကလေးကအဖျားအပူချိန်ကျမသွားဘဲ ပိုပိုမြင့်တက်လာတာအဖျားက နှစ်ရက်၊ သုံးရက် ကြာသော်လည်းမပျောက်တာသို့မဟုတ်အစာလုံးဝမ၀င်တာကလေးက လန်းဆန်းမှုမရှိဘဲ တအားမှိန်းလွန်းတာ၊အီနေတာအန်တာ၊ဗိုက်နာတာ၊အသက်ရှုကျပ်တာ စသဖြင့် ဖြစ်လာရင်တော့ နီးစပ်ရာဆေးရုံ၊ဆေးခန်း အမြန်ပြဖို့လိုပါတယ်။

အများအားဖြင့်တော့ ကာကွယ်ဆေးထိုးပြီးဖျားတာမှိန်းတာက စိုးရိမ်ရတဲ့အခြေအနေကိုမရောက်တတ်ဘဲ ကာကွယ်ဆေးထိုးပြီး နှစ်ရက်လောက်ဆို သက်သာပျောက်ကင်းသွားတတ်ပါတယ်။နောက်တချက်အနေနဲ့ပြောရရင် ကာကွယ်ဆေးနဲ့မတည့်တာကဖြစ်တော့ဖြစ်နိုင်ပေမယ့် အလွန့်အလွန်ရှားပါတယ်။ဆေးတည့်မတည့်ကလည်း ဒီအတိုင်းသိဖို့မလွယ်ပါဘူး။ဆေးသုံးကြည့်မှပဲသိနိုင်တာပါ။ကာကွယ်ဆေးထိုးပြီး မျက်နှာနဲ့နှုတ်ခမ်းတွေဖောရောင်လာတာ၊အသက်ရှုကြပ်လာတာ၊အနီကွက်အင်ပျဉ်တွေထလာတာတွေရှိရင်တော့ ကာကွယ်ဆေးနဲ့မတည့်တာဖြစ်နိုင်ပြီး ချက်ချင်းနီးစပ်ရာဆေးခန်းဆေးရုံပြဖို့လိုပါတယ်။

ကာကွယ်ဆေးထိုးပြီး ဒီလိုတွေဖြစ်ဖူးတဲ့ကလေးတွေဆိုရင် နောက်တကြိမ်ကာကွယ်ဆေးထိုးတဲ့အခါမှာ ဆေးမထိုးခင် ဆေးထိုးပေးမယ့်သူကို ဒီအကြောင်းကို ဖြစ်တုန်းကဆေးမှတ်တမ်းနဲ့တကွ ပြောပြဖို့လိုပါမယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာက မိမိကလေးကို ကာကွယ်ဆေးထိုးရင်ဖျားမှာ မတည့်မှာကြောက်ပြီး မထိုးဘဲနေပါက ဖြစ်လာမယ့်ဆိုးကျိုးကကြီးမားပါတယ်။ဆေးထိုးပြီးဖျားတာ၊ဆေးမတည့်တာတွေက ထိုးတဲ့ကလေးတိုင်းမဖြစ်တတ်သလို ဖြစ်လာရင်လည်း အဲ့ဒါတွေက ကုသလို့ရပြီး နောက်ဆက်တွဲဆိုးကျိုးမရှိတတ်ပါ။

ဒါပေမယ့် ကာကွယ်ဆေးမထိုးဘဲနေမယ်ဆိုရင် အဖြစ်များပြီး ပြင်းထန်တဲ့ရောဂါပိုးဝင်ရောက်ကူးစက်လွယ်ပြီး ရောဂါနဲ့ရောဂါနောက်ဆက်တွဲဆိုးကျိုးတွေကို ကလေးကခံစားရနိုင်ပါတယ်။ဥပမာအနေနဲ့ဆိုရင် ဆေးမတည့်မှာ ဖျားမှာကြောက်ပြီး ပိုလီယိုကာကွယ်ဆေးမထိုးထားဘူးဆိုရင် ကလေးကပိုလီယိုပိုးဝင်ကာ ပိုလီယိုရောဂါဖြစ်ပြီး တသက်လုံးဒုက္ခိတ ဖြစ်ပွားတာမျိုးဖြစ်နိုင်ပါတယ်။

ဒါကြောင့်မိဘများအနေနဲ့ ကာကွယ်ဆေးထိုးလို့ဖျားမှာ၊ဆေးမတည့်မှာကို တအားစိုးရိမ်လွန်ပြီး ကာကွယ်ဆေးမထိုးဘဲနေတာမျိုးမလုပ်ဘဲ မိမိကလေးကို သူ့အသက်အရွယ်သူ ထိုးရမယ့်ကာကွယ်ဆေးတွေအားလုံး ထိုးပေးသင့်ပါကြောင်း အကြံပြုချင်ပါတယ်။

Dr 528