ကလေး ကျောင်းသွားရင် ရေဘူး မဖြစ်မနေ ထည့်ပေးလိုက်ပါ

ကေလး ေက်ာင္းသြားရင္ ေရဘူး မျဖစ္မေန ထည့္ေပးလိုက္ပါ

        လူ၏ ခႏၶာကိုယ္ကို ေရဓာတ္ျဖင့္ အဓိက ဖြဲ႕စည္းထားလ်က္ရွိၿပီး  ေမြးကင္းစ ကေလးငယ္တဦးတြင္ ခႏၶာကိုယ္၏ ၈၀%ခန္႔ကို ေရျဖင့္ ဖြဲစည့္ထားကာ အရြယ္ေရာက္ ၿပီးသူ တဦးတြင္ ခႏၶာကိုုယ္၏ ၆၅%ခန္႔ကို ေရဓာတ္ျဖင့္ ဖြဲ႕စည္းထားလ်က္ရွိသည္။ စိတ္ၾကည္လင္ လန္းဆန္းေစရန္၊ ကိုယ္ခံအားေကာင္းေစရန္ႏွင့္ ခႏၶာကိုယ္၏ ဇီဝကမၼ ျဖစ္စဥ္မ်ား ပံုမွန္အတိုင္းရွိေနေစရန္အတြက္ သန္႔ရွင္း၍ ေရာဂါပိုးမႊား ကင္းစင္ေသာ  ေသာက္ေရကို တေန႔တာအတြက္ လိုအပ္သည့္  ပမာဏ ျပည့္မီေအာင္ ေသာက္သံုး ၾကရန္ လိုသည္။

        ေက်ာင္းေနအရြယ္ ကေလးငယ္မ်ားအတြက္မူ ပံုမွန္အတိုင္း ရွိသင့္သည့္ ခႏၶာကိုယ္ ဖြံ႕ၿဖိဳးမႈ ရွိေနေစရန္ႏွင့္ ျပင္ပမွ ကူးစက္တတ္သည့္ ေရာဂါမ်ား ကာကြယ္ႏိုင္ရန္အတြက္ လိုအပ္ေသာ ေရပမာဏ (တေန႔လွ်င္ အနည္းဆံုး 1.5 Litre) ရရွိရန္လိုသည္။ သာမန္အားျဖင့္ ကေလးမ်ားအေနႏွင့္  မိမိ ေရဆာေနေၾကာင္း အလြယ္တကူ သတိမထားမိၾကျခင္း၊ မိမိအတြက္ ေသာက္ေရ ဘယ္ကရရွိမည္ကုိ မသိရွိၾကျခင္းႏွင့္ စာသင္ခ်ိန္မ်ားတြင္ အလြယ္တကူ သြားေရာက္ ေသာက္သံုးႏိုင္မႈ မရွိျခင္းမ်ားေၾကာင့္ ကေလးငယ္မ်ားအေနႏွင့္ လူႀကီးမ်ားထက္ပို၍ ေရဓာတ္ ခမ္းေျခာက္ႏိုင္ေျချမင့္မားသည္။

        အထူးသျဖင့္ မူလတန္းအရြယ္ (၅ႏွစ္မွ ၁၀ႏွစ္)ကေလးငယ္မ်ားသည္ ေျပးလႊားေဆာ့ကစားျခင္းႏွင့္ အျခားေသာအေၾကာင္းကိစၥ မ်ားေၾကာင့္  ေခၽြး အလြန္အမင္း ထြက္တတ္ၾကၿပီး လိုအပ္ေသာ ေရဓာတ္မျဖည့္တင္း  ေပးႏိုင္လွ်င္ ေရဓာတ္ခမ္းေျခာက္ျခင္း လကၡဏာမ်ား ခံစားရေလ႔ရွိၾကသည္။ အထူးသျဖင့္ ေရဓာတ္ ခမ္းေျခာက္သည့္ ကေလးငယ္မ်ားတြင္ စာသင္လွ်င္ ေကာင္းစြာ အာရံုမစိုက္ႏိုင္ျခင္း၊ ႏံုးခ်ိေနတတ္ျခင္း၊ ကိုယ္အေလးခ်ိန္ က်လာျခင္းႏွင့္ မၾကာခဏ ေရာဂါ ျဖစ္တတ္ျခင္း(ခ်ဴခ်ာျခင္း)မ်ား  လတ္တေလာ ခံစားရႏိုင္ၿပီး ေနာက္ပိုင္းတြင္ မ်က္စိေရာဂါမ်ား၊ ခႏၶာကိုယ္ ေကာင္းစြာ ႀကီးထြားဖြံ႕ၿဖိဳးမႈ မရွိျခင္းမ်ားႏွင့္ မွတ္ဥာဏ္ခ်ိဳ႕တဲ့ေသာ ျပႆနာမ်ားအထိ ခံစားရႏိုင္သျဖင့္ မေပါ့ဆ သင့္သည့္ ကိစၥရပ္လည္းျဖစ္သည္။

        ကေလးငယ္တဦးအေနႏွင့္ ေရဆာလွ်င္ ေရေသာက္မည္ဟု အႀကမ္းအားျဖင့္ ယူဆႏိုင္ေသာ္လည္း အလြန္အမင္း ေဆာ့တတ္သည့္ ကေလးမ်ားအေနႏွင့္ ေခၽြးထြက္ အလြန္မ်ားႏိုင္ေသာ္လည္း အနီးအနားတြင္ အလြယ္တကူ ေသာက္သံုးရန္ ေရမရွိလွ်င္ မေသာက္ပဲ ေနႏိုင္ၾကသျဖင့္ တေန႔တာ လိုအပ္သည့္ ေရပမာဏကို ရရွိျခင္းမရွိေၾကာင္း  သတိထားမိသည္။ 

        လိုအပ္ေသာ ေရပမာဏ ရရွိေစရန္ႏွင့္  ေရမၾကာခဏ ေသာက္တတ္သည့္ အက်င့္ရွိေစရန္အတြက္ ကေလးကို ထိန္းသိမ္း ေစာင့္ေရွာက္သည့္ သူမ်ား(မိဘ၊ ဘိုးဘြား၊ ဦးေလး၊ အေဒၚမ်ား)သာမက ေက်ာင္းမွ ဆရာ/ဆရာမမ်ားကလည္း  ကေလးမ်ားတြင္ ေရဆာတိုင္း ေရေသာက္တတ္သည့္ အက်င့္ ျပဳစုေပးထားၾကရန္ႏွင့္ သန္႔ရွင္း၍ ေရာဂါပိုးမႊားကင္းစင္ေသာ ေသာက္ေရ အလြယ္တကူ ရရွိေစရန္ ျပဳလုပ္ ေပးထားသင့္သည္။

ေရေသာက္တတ္သည့္ အက်င့္ျဖစ္ေအာင္ ဘယ္လိုလုပ္ေပးရမလဲ

        မိဘမ်ားအေနႏွင့္ မိမိကေလးအတြက္ လိုအပ္ေသာ ေရပမာဏကို သိရွိထားရန္ လိုအပ္ၿပီး ေရကို ခြက္ျဖင့္ ေသာက္ေစျခင္းထက္ တေန႔တာေသာက္သံုးရမည့္ ေရကို ဘူးျဖင့္ သပ္သပ္ ဖယ္္ထားေစၿပီး ကုန္ေအာင္ ေသာက္သံုးေစျခင္းမ်ိဳး ျပဳလုပ္ထား သင့္သည္။

        အိပ္ယာထစတြင္ အသင့္ျပင္ထားေသာ ေရဘူးအတြင္းမွ ေရတခြက္ ေသာက္သံုး  ေစျခင္းႏွင့္  ေက်ာင္းသြားသည့္ အခ်ိန္တိုင္းတြင္လည္း သန႔္ရွင္း၍ ပိုးမႊားကင္းေသာ  ေရဘူးတဘူး ထည့္ေပးျခင္းျဖင့္  ေရဆာခ်ိန္တြင္ အလြယ္တကူ ေသာက္သံုးတတ္သည့္ အက်င့္ကို ငယ္စဥ္ကတည္းက  ျပဳလုပ္ေပးထားသင့္သည္။ အထူးသျဖင့္ ရာသီဥတု ပူအိုက္ခ်ိန္မ်ားတြင္ သာမန္ထက္ပို၍ ေရပိုေသာက္သင့္ေၾကာင္း သင္ၾကားေပး ထားသင့္သည္။

        စာသင္ေက်ာင္းမ်ားတြင္ ေရဘူးမ်ား၊  ေရအိုးမ်ား အလြယ္တကူ ရွိတတ္ၾက ေသာ္လည္း ဖုန္၊ သဲမ်ားျဖင့္ ေဆာ့ကစား တတ္သည့္  ကေလးမ်ားက မသန္႔ရွင္းေသာ လက္မ်ားျဖင့္ ေသာက္ေရခြက္ကို ကိုင္တြယ္၍ ေသာက္သံုး တတ္ၾကသျဖင့္  ေရာဂါပိုးမႊားမ်ား ကူးစက္တတ္ေၾကာင္းႏွင့္  မိမိ ေရဘူးျဖင့္မိမိ  ေသာက္သံုးျခင္းက အေကာင္းဆံုးျဖစ္ေၾကာင္း ကေလးမ်ားကို သင္ၾကားေပးထားသင့္သည္။

        ထုိ႔ျပင္ အခ်ိဳ႕ေသာ မိဘမ်ားအေနႏွင့္ ေရဘူးထည့္ေပးျခင္းမ်ိဳးထက္ ႏို႔ဘူး၊ ပဲႏို႔၊ အခ်ိဳရည္ဘူးမ်ား ထည့္ေပးတတ္ၾကသည့္ အက်င့္မ်ားကိုလည္း အထူးဂရုျပဳသင့္သည္။ ႏို႔ေအး၊ ပဲႏို႔ႏွင့္ အသင့္ေသာက္ အခ်ိဳရည္ဘူးမ်ားေသာက္သံုးျခင္းျဖင့္ သြားပိုးစားျခင္း၊ ငယ္ငယ္ ရြယ္ရြယ္ႏွင့္ အဝလြန္ျခင္း၊ မေသာက္ရ မေနႏိုင္ေအာင္ စြဲလမ္းျခင္းႏွင့္ ေသြးအတြင္း သၾကားဓာတ္မ်ား ကေမာက္ကမျဖစ္ကာ အသက္ ငယ္ငယ္ရြယ္ရြယ္ႏွင့္ ေသြးတိုး၊ ဆီးခ်ိဳစသည့္ မကူးစက္ႏိုင္သည့္ေရာဂါမ်ား  ျဖစ္ပြား လာႏိုင္သျဖင့္ ငယ္စဥ္ကတည္းက အခ်ိဳရည္မ်ား ေသာက္သံုးသည့္ အက်င့္ကို တားျမစ္ထား သင့္သည္။

        ေရဆာခ်ိန္မ်ားတြင္ အခ်ဳိရည္ႏွင့္ ေဖ်ာ္ရည္မ်ား ေသာက္သံုးျခင္းျဖင့္ လတ္တေလာ ေရငတ္ေျပေစႏိုင္ေသာ္လည္း သဘာဝအတိုင္းရွိသည့္ ေသာက္ေရသန္႔မ်ားကသာ အေကာင္းဆံုးပင္ ျဖစ္ေၾကာင္း မိဘမ်ားအေနႏွင့္ သိရွိထား သင့္သလို လိုက္နာေဆာင္ရြက္ျခင္းျဖင့္ ကေလးမ်ားတြင္ ျဖစ္ပြားႏိုင္သည္ အခ်ိဳရည္၊ ေဖ်ာ္ရည္မ်ားေၾကာင့္ျဖစ္ေသာ က်န္းမာေရးဆိုင္ရာျပႆနာမ်ားကိုလည္း တပါတည္း ကာကြယ္ႏိုင္မည္ျဖစ္သည္။

        နိဂံုးခ်ဳပ္အေနႏွင့္ ေရဓာတ္ျပည့္ဝၿပီး သင္ယူႏိုင္စြမ္းျမင့္မားသည့္ ကေလးငယ္မ်ား  ျဖစ္လာေစရန္ အတြက္ ေက်ာင္းသို႔ ေရဘူးတဘူး ထည့္ေပးလိုက္သင့္ေၾကာင္း အႀကံျပဳ ေျပာၾကားလိုပါသည္။

Dr.Tint Tal

Unicode Version

ကလေး ကျောင်းသွားရင် ရေဘူး မဖြစ်မနေ ထည့်ပေးလိုက်ပါ

လူ၏ ခန္ဓာကိုယ်ကို ရေဓာတ်ဖြင့် အဓိက ဖွဲ့စည်းထားလျက်ရှိပြီး  မွေးကင်းစ ကလေးငယ်တဦးတွင် ခန္ဓာကိုယ်၏ ၈၀%ခန့်ကို ရေဖြင့် ဖွဲစည့်ထားကာ အရွယ်ရောက် ပြီးသူ တဦးတွင် ခန္ဓာကိုယ်၏ ၆၅%ခန့်ကို ရေဓာတ်ဖြင့် ဖွဲ့စည်းထားလျက်ရှိသည်။ စိတ်ကြည်လင် လန်းဆန်းစေရန်၊ ကိုယ်ခံအားကောင်းစေရန်နှင့် ခန္ဓာကိုယ်၏ ဇီဝကမ္မ ဖြစ်စဉ်များ ပုံမှန်အတိုင်းရှိနေစေရန်အတွက် သန့်ရှင်း၍ ရောဂါပိုးမွှား ကင်းစင်သော  သောက်ရေကို တနေ့တာအတွက် လိုအပ်သည့်  ပမာဏ ပြည့်မီအောင် သောက်သုံး ကြရန် လိုသည်။

ကျောင်းနေအရွယ် ကလေးငယ်များအတွက်မူ ပုံမှန်အတိုင်း ရှိသင့်သည့် ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ရှိနေစေရန်နှင့် ပြင်ပမှ ကူးစက်တတ်သည့် ရောဂါများ ကာကွယ်နိုင်ရန်အတွက် လိုအပ်သော ရေပမာဏ (တနေ့လျှင် အနည်းဆုံး 1.5 Litre) ရရှိရန်လိုသည်။ သာမန်အားဖြင့် ကလေးများအနေနှင့်  မိမိ ရေဆာနေကြောင်း အလွယ်တကူ သတိမထားမိကြခြင်း၊ မိမိအတွက် သောက်ရေ ဘယ်ကရရှိမည်ကို မသိရှိကြခြင်းနှင့် စာသင်ချိန်များတွင် အလွယ်တကူ သွားရောက် သောက်သုံးနိုင်မှု မရှိခြင်းများကြောင့် ကလေးငယ်များအနေနှင့် လူကြီးများထက်ပို၍ ရေဓာတ် ခမ်းခြောက်နိုင်ခြေမြင့်မားသည်။

အထူးသဖြင့် မူလတန်းအရွယ် (၅နှစ်မှ ၁၀နှစ်)ကလေးငယ်များသည် ပြေးလွှားဆော့ကစားခြင်းနှင့် အခြားသောအကြောင်းကိစ္စ များကြောင့်  ချွေး အလွန်အမင်း ထွက်တတ်ကြပြီး လိုအပ်သော ရေဓာတ်မဖြည့်တင်း  ပေးနိုင်လျှင် ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာများ ခံစားရလေ့ရှိကြသည်။ အထူးသဖြင့် ရေဓာတ် ခမ်းခြောက်သည့် ကလေးငယ်များတွင် စာသင်လျှင် ကောင်းစွာ အာရုံမစိုက်နိုင်ခြင်း၊ နုံးချိနေတတ်ခြင်း၊ ကိုယ်အလေးချိန် ကျလာခြင်းနှင့် မကြာခဏ ရောဂါ ဖြစ်တတ်ခြင်း(ချူချာခြင်း)များ  လတ်တလော ခံစားရနိုင်ပြီး နောက်ပိုင်းတွင် မျက်စိရောဂါများ၊ ခန္ဓာကိုယ် ကောင်းစွာ ကြီးထွားဖွံ့ဖြိုးမှု မရှိခြင်းများနှင့် မှတ်ဉာဏ်ချို့တဲ့သော ပြဿနာများအထိ ခံစားရနိုင်သဖြင့် မပေါ့ဆ သင့်သည့် ကိစ္စရပ်လည်းဖြစ်သည်။

ကလေးငယ်တဦးအနေနှင့် ရေဆာလျှင် ရေသောက်မည်ဟု အကြမ်းအားဖြင့် ယူဆနိုင်သော်လည်း အလွန်အမင်း ဆော့တတ်သည့် ကလေးများအနေနှင့် ချွေးထွက် အလွန်များနိုင်သော်လည်း အနီးအနားတွင် အလွယ်တကူ သောက်သုံးရန် ရေမရှိလျှင် မသောက်ပဲ နေနိုင်ကြသဖြင့် တနေ့တာ လိုအပ်သည့် ရေပမာဏကို ရရှိခြင်းမရှိကြောင်း  သတိထားမိသည်။

လိုအပ်သော ရေပမာဏ ရရှိစေရန်နှင့်  ရေမကြာခဏ သောက်တတ်သည့် အကျင့်ရှိစေရန်အတွက် ကလေးကို ထိန်းသိမ်း စောင့်ရှောက်သည့် သူများ(မိဘ၊ ဘိုးဘွား၊ ဦးလေး၊ အဒေါ်များ)သာမက ကျောင်းမှ ဆရာ/ဆရာမများကလည်း  ကလေးများတွင် ရေဆာတိုင်း ရေသောက်တတ်သည့် အကျင့် ပြုစုပေးထားကြရန်နှင့် သန့်ရှင်း၍ ရောဂါပိုးမွှားကင်းစင်သော သောက်ရေ အလွယ်တကူ ရရှိစေရန် ပြုလုပ် ပေးထားသင့်သည်။

ရေသောက်တတ်သည့် အကျင့်ဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲ

မိဘများအနေနှင့် မိမိကလေးအတွက် လိုအပ်သော ရေပမာဏကို သိရှိထားရန် လိုအပ်ပြီး ရေကို ခွက်ဖြင့် သောက်စေခြင်းထက် တနေ့တာသောက်သုံးရမည့် ရေကို ဘူးဖြင့် သပ်သပ် ဖယ်ထားစေပြီး ကုန်အောင် သောက်သုံးစေခြင်းမျိုး ပြုလုပ်ထား သင့်သည်။

အိပ်ယာထစတွင် အသင့်ပြင်ထားသော ရေဘူးအတွင်းမှ ရေတခွက် သောက်သုံး  စေခြင်းနှင့်  ကျောင်းသွားသည့် အချိန်တိုင်းတွင်လည်း သန့်ရှင်း၍ ပိုးမွှားကင်းသော  ရေဘူးတဘူး ထည့်ပေးခြင်းဖြင့်  ရေဆာချိန်တွင် အလွယ်တကူ သောက်သုံးတတ်သည့် အကျင့်ကို ငယ်စဉ်ကတည်းက  ပြုလုပ်ပေးထားသင့်သည်။ အထူးသဖြင့် ရာသီဥတု ပူအိုက်ချိန်များတွင် သာမန်ထက်ပို၍ ရေပိုသောက်သင့်ကြောင်း သင်ကြားပေး ထားသင့်သည်။

စာသင်ကျောင်းများတွင် ရေဘူးများ၊  ရေအိုးများ အလွယ်တကူ ရှိတတ်ကြ သော်လည်း ဖုန်၊ သဲများဖြင့် ဆော့ကစား တတ်သည့်  ကလေးများက မသန့်ရှင်းသော လက်များဖြင့် သောက်ရေခွက်ကို ကိုင်တွယ်၍ သောက်သုံး တတ်ကြသဖြင့်  ရောဂါပိုးမွှားများ ကူးစက်တတ်ကြောင်းနှင့်  မိမိ ရေဘူးဖြင့်မိမိ  သောက်သုံးခြင်းက အကောင်းဆုံးဖြစ်ကြောင်း ကလေးများကို သင်ကြားပေးထားသင့်သည်။

ထို့ပြင် အချို့သော မိဘများအနေနှင့် ရေဘူးထည့်ပေးခြင်းမျိုးထက် နို့ဘူး၊ ပဲနို့၊ အချိုရည်ဘူးများ ထည့်ပေးတတ်ကြသည့် အကျင့်များကိုလည်း အထူးဂရုပြုသင့်သည်။ နို့အေး၊ ပဲနို့နှင့် အသင့်သောက် အချိုရည်ဘူးများသောက်သုံးခြင်းဖြင့် သွားပိုးစားခြင်း၊ ငယ်ငယ် ရွယ်ရွယ်နှင့် အဝလွန်ခြင်း၊ မသောက်ရ မနေနိုင်အောင် စွဲလမ်းခြင်းနှင့် သွေးအတွင်း သကြားဓာတ်များ ကမောက်ကမဖြစ်ကာ အသက် ငယ်ငယ်ရွယ်ရွယ်နှင့် သွေးတိုး၊ ဆီးချိုစသည့် မကူးစက်နိုင်သည့်ရောဂါများ  ဖြစ်ပွား လာနိုင်သဖြင့် ငယ်စဉ်ကတည်းက အချိုရည်များ သောက်သုံးသည့် အကျင့်ကို တားမြစ်ထား သင့်သည်။

ရေဆာချိန်များတွင် အချိုရည်နှင့် ဖျော်ရည်များ သောက်သုံးခြင်းဖြင့် လတ်တလော ရေငတ်ပြေစေနိုင်သော်လည်း သဘာဝအတိုင်းရှိသည့် သောက်ရေသန့်များကသာ အကောင်းဆုံးပင် ဖြစ်ကြောင်း မိဘများအနေနှင့် သိရှိထား သင့်သလို လိုက်နာဆောင်ရွက်ခြင်းဖြင့် ကလေးများတွင် ဖြစ်ပွားနိုင်သည် အချိုရည်၊ ဖျော်ရည်များကြောင့်ဖြစ်သော ကျန်းမာရေးဆိုင်ရာပြဿနာများကိုလည်း တပါတည်း ကာကွယ်နိုင်မည်ဖြစ်သည်။

နိဂုံးချုပ်အနေနှင့် ရေဓာတ်ပြည့်ဝပြီး သင်ယူနိုင်စွမ်းမြင့်မားသည့် ကလေးငယ်များ  ဖြစ်လာစေရန် အတွက် ကျောင်းသို့ ရေဘူးတဘူး ထည့်ပေးလိုက်သင့်ကြောင်း အကြံပြု ပြောကြားလိုပါသည်။