လေဖြတ်သွားရင် ပုံမှန်အတိုင်း ပြန်ကောင်းနိုင်ပါ့မလား

ေလျဖတ္သြားရင္ ပံုုမွန္အတိုုင္း ျပန္ေကာင္းနိုုင္ပါ့မလား

မနက္ခင္းေနေရာင္ျခည္သည္ ေတာ္ေတာ္ေလးကို ျမင့္လာျပီျဖစ္သည္။ ရံုးပိတ္ရက္မို႔ လွေမတစ္ေယာက္ အေစာၾကီးမထပဲ အိပ္ယာထဲ လွဲေနမိသည္။ အိမ္ေရွ့ မွ ပဲျပဳတ္သည္လာမွပဲ အိပ္ယာမွ ထလိုက္သည္။ အေဖ ေတာင္ မနက္ခင္း လမ္းေလ်ာက္လို႔ ျပန္လာေတာ့မည္ဟု ေတြးကာ ေရေႏြးအိုးတည္ထားလိုက္သည္။ အိမ္ေရွ့ တံခါးၾကီး ပိတ္ထားတာ ေတြ႔သည္ႏွင့္ အေဖ တစ္ေယာက္ မနက္ လမ္းမေလ်ာက္ျဖစ္ဖူးလား မသိဟု ေတြးကာ လွေမ တစ္ေယာက္ အေဖ့အခန္းထဲသို႔ ၀င္လိုက္သည္။ အေဖ သည္ အိပ္ယာထက္တြင္ အိပ္ေနသည္။ လႈပ္လႈပ္ရွားရွားလည္း ျဖစ္ေနသည္။
” ေနေတာင္ ျမင့္ေနျပီ အေဖ မထေသးဘူးလား ” ဟု ေျပာကာ ျပတင္းေပါက္ တံခါးကို ဖြင့္လိုက္သည္။ မနက္ခင္း ေနေရာင္ျခည္သည္ ကုတင္ေပၚသို႔ တိုက္ရိုက္ၾကလာသည္။ အေဖျဖစ္သူသည္ ပါးစပ္မွ ၀ူး၀ူး၀ါး၀ါး ေအာ္လိုက္သည္။ အေဖ့အသံေၾကာင့္ လွေမ တစ္ေယာက္ ကုတင္ ေဘးသို႔ သြားကာ အေဖ့ကို ေခၚလိုက္သည္။
” အေဖ ”
၀ူး၀ူး၀ါး၀ါး အသံမ်ားသာ ထြက္လာသည္။ ညာဖက္ လက္ကိုု ေျမွာက္လိုက္သည္။ လွေမ ကို လွမ္းကိုင္လိုက္သည္။ ထလို႔ေတာ့ မရပါ။ အေဖ့ကိုျမင္သည္ႏွင့္ လွေမ သိလိုက္ျပီ။ အေဖ တစ္ခုခုျဖစ္ေနတာ။ အေဖ့ကို ေဆးခန္းပို႔ရမည္။ သား အဖ ႏွစ္ေယာက္သာ ရွိေသာ လွေမတို႔ အိမ္တြင္ အေဖ တစ္ခု သမီး တစ္ခုႏွင့္ ေနေနရျခင္းျဖစ္သည္။ ေဘးအိမ္ကို အကူ အညီေတာင္းကာ အေဖ့ကို ေဆးခန္းျပဖို႔ စီစဥ္ရသည္။ ကားေပၚသို႔ အေဖ့ကို တင္ရသည္ကပင္ လွေမ တို႔အတြက္ ခက္ခဲေနသည္။ ကားသမား အကူအညီႏွင့္ ကားေပၚသို႔ ခက္ခက္ခဲခဲ တင္ရသည္။
ေဆးရံုသို႔ေရာက္ေပျပီ။ အေဖ့တြင္ ေသြတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါလည္း မရွိပါ။ အေဖ သည္ အားကစားလိုက္စားကာ က်န္းမာေသာ လူ တစ္ေယာက္ျဖစ္သည္။ ငယ္စဥ္က အားကစား လုပ္ခဲ့သည့္ အရွိန္ေတြ ေၾကာင့္ေရာ အစားအေသာက္ အေနအထိုင္ ဂရုစိုက္ေသာေၾကာင့္ အေဖသည္ သြက္လက္ ဖ်တ္လတ္သည္။ အေဖ့လို က်န္းမာေရးလိုက္စားေသာ လူတစ္ေယာက္ ဒီလိုမ်ိဳး ျဖစ္သြားသည္ကို လွေမ တစ္ေယာက္ မယံုၾကည္နိုင္။
အေဖ့ကို ေဆးရံုသို႔ တင္လိုက္ရသည္။ အေရးၾကီးသည္ဟုလည္း ေျပာသည္။ ေလျဖတ္သြားျခင္းျဖစ္သည္။ အေဖ့တြင္ ေသြးတိုးေရာဂါလည္း မရွိပဲႏွင့္ေလျဖတ္သြားျခင္းေၾကာင့္ လွေမ တစ္ေယာက္ အံ့ေၾသာ္ ရသည္။
အေဖ့ကို အထူး ၾကတ္မတ္ေဆာင္တြင္ ထားကာ ကုသေပးပါသည္။ ညေန အလုပ္ပါးခ်ိန္တြင္ တာ၀န္က် ဆရာ၀န္ အခန္းမွ ဆရာ၀န္ေလး အား လွေမတစ္ေယာက္ အေဖ့ အေၾကာင္း သိလုိ၍ သြားေမးျဖစ္သည္။ တစ္ေန႔ခင္းလံုး ဆရာ၀န္ေပါင္း မ်ားစြာ အလုပ္ရႈပ္ေနေသာ္လည္း ညေနခင္း တြင္ ဆရာ၀န္ တစ္ေယာက္ သာ Duty စားပြဲတြင္ထိုင္ေနသည္။ ဆရာ၀န္သည္ သေဘာ ေကာင္းပံုလည္း ရသည္။ ထို႔ေၾကာင့္ လွ ေမ တစ္ေယာက္ အေဖ့အေၾကာင္း ေမးလိုက္သည္။
” ကၽြန္မ အေဖ အေျခအေနလည္း သိခ်င္လို႔ပါ ဆရာ ” လွေမ တစ္ေယာက္ မ၀ံမရဲႏွင့္ ေျပာမိသည္။
” ခဏေနာ္” ဆိုကာ ဆရာ၀န္သည္ လူနာ၏ ေဆးမွတ္တမ္းမ်ားကို စင္ေပၚမွ ရွာေဖြ ေနသည္။ ရွာလို႔ေတြ႕ေသာ္ ခဏ လွန္ေလွာ္ ၾကည့္ေနသည္။ ျပီးမွ လွေမအား ရွင္းျပသည္။
” အမ အေဖက ေလျဖတ္သြားတာပါ ”
” အေဖ က အရက္လည္း မေသာက္တတ္ဘူး။ ေသြးတိုးလည္း မရွိပါဘူး ဆရာ ”
” ဟုတ္ပါတယ္။ ေလျဖတ္ တာမွာ အေၾကာင္း ႏွစ္မ်ိဳးေၾကာင့္ ျဖစ္တတ္ပါတယ္။ အခု အမ ေျပာသလိုမ်ိဳး ေသြးတိုးရွိတဲ့သူတို႔ အရက္ေသာက္တတ္တဲ့သူမ်ိဳးဆိုရင္ ေလျဖတ္တတ္ၾကပါတယ္။ အဲဒီလိုမ်ိဳးမွာ ဆိုရင္ ဦးေႏွာက္ထဲမွာရွိတဲ့ ေသြးေၾကာ ေသးေသးေလး တစ္ေၾကာင္းေပါက္သြားလို႔ျဖစ္ရတာပါ။ ဒါက လူသိမ်ားတာေပါ့။ ေနာက္တစ္မ်ိဳး ေလျဖတ္တာရွိပါေသးတယ္။ သူက ေတာ့ ေသြးခဲေလးတစ္ခုက ဦးေႏွာက္ရဲ့ ေသြးေၾကာေသးေသးေလးမွာ ပိတ္သြားလို႔ အဲဒီ ဆံခ်ည္မ်င္ ေသြးေၾကာ ကေန supply လုပ္တဲ့ tissue တစ္နည္း ေျပာရရင္ ေသြးခဲေၾကာင့္ ေသြးေၾကာပိတ္သြားျပီး ဦးေႏွာက္ထဲမွာ ရွိတဲ့ Tissue ေတြ ေသြးမေရာက္ေတာ့လို႔ ေလျဖတ္ၾကတာပါ။ အမ အေဖ က ဒုတိယ အမ်ိဳးအစားထဲမွာ ပါတာပါ။ ေသြးခဲ ေလး တစ္ခဲက ဦးေနွာက္ရဲ့ ေသြးေၾကာေသးေသးေလးတစ္ခုမွာ ပိတ္ေနတာပါ။ ဒါေၾကာင့္ အမ အေဖ ေလျဖတ္သြားတာပါ ”
” ေသြးက ဘာလို႔ခဲ သြားတာလဲ ဆရာ ”
” ကၽြန္ေတာ္တို႔ စစ္ေဆးၾကည့္ရသေလာက္ အမ အေဖ ရဲ့ ႏွလံုးခုန္ႏွဳန္းက သိပ္မမွန္ ပါဘူး။ ႏွလံုးခုန္ မမွန္ေတာ့ ႏွလံုးမွာ ေသြးခဲ ျဖစ္ျပီး ဦးေႏွာက္မွာ သြားပိတ္သြားတယ္လို႔ ယူဆထားပါတယ္ ”
” အေဖမွာ ႏွလံုးေရာဂါလည္း မရွိပါဘူး။ ႏွလံုး ေအာင့္တယ္လို႔လည္း မေျပာပါဘူး။ ေမာတယ္လို႔လည္း မေျပာပါဘူး။ အေဖ ကေဒါင္ေဒါင္ျမည္ က်န္းမာတဲ့သူပါ ”
” ဟုတ္ကဲ့ပါ။ ႏွလံုးခုန္ႏွဳန္းမမွန္တာက ေမာတာေတြ ေအာင့္တာေတြ မရွိပဲနဲ႔လည္း တစ္ခ်ိဳ႔မွာ ျဖစ္တတ္ပါတယ္။ အသက္ၾကီးတဲ့သူေတြ မွာျဖစ္တတ္ပါတယ္။ ဘာလကၡဏာမွ မျပပဲ ေနတာပါ။ စစ္ေဆးၾကည့္မွ သိတာမ်ိဳး။ တစ္ခ်ိဳ႕ အမ အေဖလိုမ်ိဳး ေရာဂါ တစ္ခုခုျဖစ္မွ ေဆးရံုေရာက္မွ သိတာမ်ိဳးေတြလည္း ရွိတတ္ပါတယ္။ ဒါေၾကာင့္ အသက္ၾကီးတဲ့သူေတြ မွာ Medical check up လုပ္သင့္တယ္လို႔ ေျပာတာပါ။ ”
” ဟုတ္ကဲ့ပါ ဆရာ

လွေမ ဆရာ၀န္အားႏွဳတ္ဆက္ကာ ျပန္ခဲ့သည္။ အေဖ ေနျမန္ျမန္ျပန္ေကာင္းပါေစလုိ႔ ဆုေတာင္းေနမိသည္။ ေဆးရံုတြင္ သံုးပတ္ေလာက္ၾကာေသာ္ အေဖ့အေျခအေနက တိုးတက္လာသည္။ အေဖသည္ စကားကို အရင္ကထက္စာလွ ်င္ ပီပီသသ ေျပာႏိုင္လာသည္။ ဘယ္ဖက္ တစ္ျခမ္းေလျဖတ္သြားေပမဲ ့ညာဖက္ ကေတာ့ အေကာင္းပကတိျဖစ္သည္။ အိမ္သို႔ ျပန္ေခၚလာရသည္။ ႏွာေခါင္းပုိက္္ႏွင့္ အေဖ့ကို အစာေကၽြးရသည္။
ေလ့က်င့္ခန္းသာ ေသေသခ်ာခ်ာျပန္လုပ္လွ်င္ လူေကာင္းနီးပါး ျပန္ျဖစ္နိုင္သည္ဟု ဆရာ၀န္ၾကီးမွ ေျပာၾကားလိုက္ေသာ္ေၾကာင့္ လွေမ တစ္ေယာက္ အေဖ့အတြက္ ေလ့က်င့္ခန္းလာလုပ္ေပးဖို႔ လူ တစ္ေယာက္ ေန႔တိုင္း ေခၚထားလိုက္သည္။ ေလ့က်င့္ခန္း ျပန္လုပ္ေသာ္ေၾကာင့္အေဖသည္ ေျခာက္လေက်ာ္ေသာ္ သိသိသာ သာ ျပန္ေကာင္းလာသည္။ ေဆးခန္းသို႔လည္း ႏွလံုးဓာတ္မွန္ ရိုက္သည့္အခါသာ သြားျပေတာ့သည္။ ေဆးခန္း သြားျပရသည္မွာ ခက္ခဲေသာေၾကာင့္ သမားေတာ္ တစ္ေယာက္ကို အိမ္ပင့္ကာ ကုသေပးေနသည္။ ဆရာ၀န္မွလည္း အေဖ့အေျခအေန တိုးတက္လာသည္ဟုေျပာသည္။ ဒီအတိုင္းသာ ေလ့က်င့္ခန္းပံုမွန္လုပ္ေပးပါက အမ်ားၾကီး တိုးတက္ဖို႔ရွိသည္ဆိုသည္ႏွင့္ အေဖ့ကို ေလ့က်င့္ခန္းသာ အားသြန္ခြန္စိုက္လုပ္ေပးေနသည္။ အေဖ့အေျခအေန တိုးတက္လာေသာေၾကာင့္ လွေမ တစ္ေယာက္ အားတက္ပါသည္။
” ကၽႊန္ေတာ္တို႔ ျမန္မာနိုင္ငံမွာ ေလျဖတ္လူနာေတြကို မိသားစု၀င္ေတြက ေလ့က်င့္ခန္းေ သခ်ာ ျပန္လုပ္မေပးၾကဘူး။ တစ္ကယ္သာ ျပန္လုပ္ေပးရင္ ေလျဖတ္လူနာေတြ အမ်ားၾကီးေကာင္းလာႏိုင္စရာရွိတာပါ။ လူနာ တစ္ေယာက္ ျပန္ေကာင္းလာရင္ မိသားစု ေတြအတြက္လည္း ၀န္ထုပ္၀န္ပိုး မျဖစ္ေတာ့ဘူးေပါ့။ အခုေတာ့ ဒီကလူေတြက သိပ္ေပါ့ၾကတယ္။ ေလ့က်င့္ခန္းဆိုတာကလည္း မလွေမ တို႔လိုမ်ိဳး လူမ်ိဳးေတြက သာ ေသေသခ်ာခ်ာ လုပ္ေပးၾကတာ။ ေလ့က်င့္ခန္း လုပ္ေပးမဲ့သူကိုလည္း အိမ္ေခၚလို႔ရတယ္။ အိမ္ေခၚရတာ ေစ်းမ်ားလို႔ အိမ္မေခၚခ်င္ဘူးဆိုရင္လည္း သူ တို႔ ဘယ္လို ေလ့က်င့္ခန္းလုပ္ေပးလည္း ဆိုတာ ေသခ်ာ ၾကည့္ထားျပီး ကိုယ့္အိမ္က လူနာကို ျပန္လုပ္ေပးလို႔ရပါတယ္။ လုပ္ေပးခ်င္တဲ့ စိတ္ နဲ႔ လုပ္ေပးသင့္တယ္ဆိုတဲ့စိတ္ေလးပဲ ရွိဖို႔လိုတာပါ။”
လွေမ တစ္ေယာက္ သက္ပ်င္းတစ္ခ်က္ ခိုးခ်လိုက္သည္။ အေဖ့ကို ေသခ်ာျပန္ကု ေပးမည္ဟု ဆံုးျဖတ္ထားျပီးျဖစ္သည္။ အေဖ့ကိုယ္တိုင္ကလည္း ေလ့က်င့္ခန္းကို အားၾကိဳး မာန္တက္ လုပ္ေသာ္ေၾကာင့္ အေဖ့ကိုလည္း ေက်းဇူးတင္မိသည္။ မေ၀းေတာ့တဲ့ တစ္ေန႔မွာ ေတာ့ အေဖ ေန အျမန္ျပန္ေကာင္းပါေစလို႔ ဆုေတာင္းေနမိေတာ့သည္။

Dr.ေအးခ်မ္းမိုုး

Unicode Version

လေဖြတ်သွားရင် ပုံမှန်အတိုင်း ပြန်ကောင်းနိုင်ပါ့မလား

မနက်ခင်းနေရောင်ခြည်သည် တော်တော်လေးကို မြင့်လာပြီဖြစ်သည်။ ရုံးပိတ်ရက်မို့ လှမေတစ်ယောက် အစောကြီးမထပဲ အိပ်ယာထဲ လှဲနေမိသည်။ အိမ်ရှေ့ မှ ပဲပြုတ်သည်လာမှပဲ အိပ်ယာမှ ထလိုက်သည်။ အဖေ တောင် မနက်ခင်း လမ်းလျောက်လို့ ပြန်လာတော့မည်ဟု တွေးကာ ရေနွေးအိုးတည်ထားလိုက်သည်။ အိမ်ရှေ့ တံခါးကြီး ပိတ်ထားတာ တွေ့သည်နှင့် အဖေ တစ်ယောက် မနက် လမ်းမလျောက်ဖြစ်ဖူးလား မသိဟု တွေးကာ လှမေ တစ်ယောက် အဖေ့အခန်းထဲသို့ ဝင်လိုက်သည်။ အဖေ သည် အိပ်ယာထက်တွင် အိပ်နေသည်။ လှုပ်လှုပ်ရှားရှားလည်း ဖြစ်နေသည်။
” နေတောင် မြင့်နေပြီ အဖေ မထသေးဘူးလား ” ဟု ပြောကာ ပြတင်းပေါက် တံခါးကို ဖွင့်လိုက်သည်။ မနက်ခင်း နေရောင်ခြည်သည် ကုတင်ပေါ်သို့ တိုက်ရိုက်ကြလာသည်။ အဖေဖြစ်သူသည် ပါးစပ်မှ ဝူးဝူးဝါးဝါး အော်လိုက်သည်။ အဖေ့အသံကြောင့် လှမေ တစ်ယောက် ကုတင် ဘေးသို့ သွားကာ အဖေ့ကို ခေါ်လိုက်သည်။
” အဖေ ”
ဝူးဝူးဝါးဝါး အသံများသာ ထွက်လာသည်။ ညာဖက် လက်ကို မြှောက်လိုက်သည်။ လှမေ ကို လှမ်းကိုင်လိုက်သည်။ ထလို့တော့ မရပါ။ အဖေ့ကိုမြင်သည်နှင့် လှမေ သိလိုက်ပြီ။ အဖေ တစ်ခုခုဖြစ်နေတာ။ အဖေ့ကို ဆေးခန်းပို့ရမည်။ သား အဖ နှစ်ယောက်သာ ရှိသော လှမေတို့ အိမ်တွင် အဖေ တစ်ခု သမီး တစ်ခုနှင့် နေနေရခြင်းဖြစ်သည်။ ဘေးအိမ်ကို အကူ အညီတောင်းကာ အဖေ့ကို ဆေးခန်းပြဖို့ စီစဉ်ရသည်။ ကားပေါ်သို့ အဖေ့ကို တင်ရသည်ကပင် လှမေ တို့အတွက် ခက်ခဲနေသည်။ ကားသမား အကူအညီနှင့် ကားပေါ်သို့ ခက်ခက်ခဲခဲ တင်ရသည်။
ဆေးရုံသို့ရောက်ပေပြီ။ အဖေ့တွင် သွေတိုးရောဂါ၊ ဆီးချိုရောဂါလည်း မရှိပါ။ အဖေ သည် အားကစားလိုက်စားကာ ကျန်းမာသော လူ တစ်ယောက်ဖြစ်သည်။ ငယ်စဉ်က အားကစား လုပ်ခဲ့သည့် အရှိန်တွေ ကြောင့်ရော အစားအသောက် အနေအထိုင် ဂရုစိုက်သောကြောင့် အဖေသည် သွက်လက် ဖျတ်လတ်သည်။ အဖေ့လို ကျန်းမာရေးလိုက်စားသော လူတစ်ယောက် ဒီလိုမျိုး ဖြစ်သွားသည်ကို လှမေ တစ်ယောက် မယုံကြည်နိုင်။
အဖေ့ကို ဆေးရုံသို့ တင်လိုက်ရသည်။ အရေးကြီးသည်ဟုလည်း ပြောသည်။ လေဖြတ်သွားခြင်းဖြစ်သည်။ အဖေ့တွင် သွေးတိုးရောဂါလည်း မရှိပဲနှင့်လေဖြတ်သွားခြင်းကြောင့် လှမေ တစ်ယောက် အံ့သြော် ရသည်။
အဖေ့ကို အထူး ကြတ်မတ်ဆောင်တွင် ထားကာ ကုသပေးပါသည်။ ညနေ အလုပ်ပါးချိန်တွင် တာဝန်ကျ ဆရာဝန် အခန်းမှ ဆရာဝန်လေး အား လှမေတစ်ယောက် အဖေ့ အကြောင်း သိလို၍ သွားမေးဖြစ်သည်။ တစ်နေ့ခင်းလုံး ဆရာဝန်ပေါင်း များစွာ အလုပ်ရှုပ်နေသော်လည်း ညနေခင်း တွင် ဆရာဝန် တစ်ယောက် သာ Duty စားပွဲတွင်ထိုင်နေသည်။ ဆရာဝန်သည် သဘော ကောင်းပုံလည်း ရသည်။ ထို့ကြောင့် လှ မေ တစ်ယောက် အဖေ့အကြောင်း မေးလိုက်သည်။
” ကျွန်မ အဖေ အခြေအနေလည်း သိချင်လို့ပါ ဆရာ ” လှမေ တစ်ယောက် မဝံမရဲနှင့် ပြောမိသည်။
” ခဏနော်” ဆိုကာ ဆရာဝန်သည် လူနာ၏ ဆေးမှတ်တမ်းများကို စင်ပေါ်မှ ရှာဖွေ နေသည်။ ရှာလို့တွေ့သော် ခဏ လှန်လှော် ကြည့်နေသည်။ ပြီးမှ လှမေအား ရှင်းပြသည်။
” အမ အဖေက လေဖြတ်သွားတာပါ ”
” အဖေ က အရက်လည်း မသောက်တတ်ဘူး။ သွေးတိုးလည်း မရှိပါဘူး ဆရာ ”
” ဟုတ်ပါတယ်။ လေဖြတ် တာမှာ အကြောင်း နှစ်မျိုးကြောင့် ဖြစ်တတ်ပါတယ်။ အခု အမ ပြောသလိုမျိုး သွေးတိုးရှိတဲ့သူတို့ အရက်သောက်တတ်တဲ့သူမျိုးဆိုရင် လေဖြတ်တတ်ကြပါတယ်။ အဲဒီလိုမျိုးမှာ ဆိုရင် ဦးနှောက်ထဲမှာရှိတဲ့ သွေးကြော သေးသေးလေး တစ်ကြောင်းပေါက်သွားလို့ဖြစ်ရတာပါ။ ဒါက လူသိများတာပေါ့။ နောက်တစ်မျိုး လေဖြတ်တာရှိပါသေးတယ်။ သူက တော့ သွေးခဲလေးတစ်ခုက ဦးနှောက်ရဲ့ သွေးကြောသေးသေးလေးမှာ ပိတ်သွားလို့ အဲဒီ ဆံချည်မျင် သွေးကြော ကနေ supply လုပ်တဲ့ tissue တစ်နည်း ပြောရရင် သွေးခဲကြောင့် သွေးကြောပိတ်သွားပြီး ဦးနှောက်ထဲမှာ ရှိတဲ့ Tissue တွေ သွေးမရောက်တော့လို့ လေဖြတ်ကြတာပါ။ အမ အဖေ က ဒုတိယ အမျိုးအစားထဲမှာ ပါတာပါ။ သွေးခဲ လေး တစ်ခဲက ဦးနှောက်ရဲ့ သွေးကြောသေးသေးလေးတစ်ခုမှာ ပိတ်နေတာပါ။ ဒါကြောင့် အမ အဖေ လေဖြတ်သွားတာပါ ”
” သွေးက ဘာလို့ခဲ သွားတာလဲ ဆရာ ”
” ကျွန်တော်တို့ စစ်ဆေးကြည့်ရသလောက် အမ အဖေ ရဲ့ နှလုံးခုန်နှုန်းက သိပ်မမှန် ပါဘူး။ နှလုံးခုန် မမှန်တော့ နှလုံးမှာ သွေးခဲ ဖြစ်ပြီး ဦးနှောက်မှာ သွားပိတ်သွားတယ်လို့ ယူဆထားပါတယ် ”
” အဖေမှာ နှလုံးရောဂါလည်း မရှိပါဘူး။ နှလုံး အောင့်တယ်လို့လည်း မပြောပါဘူး။ မောတယ်လို့လည်း မပြောပါဘူး။ အဖေ ကဒေါင်ဒေါင်မြည် ကျန်းမာတဲ့သူပါ ”
” ဟုတ်ကဲ့ပါ။ နှလုံးခုန်နှုန်းမမှန်တာက မောတာတွေ အောင့်တာတွေ မရှိပဲနဲ့လည်း တစ်ချို့မှာ ဖြစ်တတ်ပါတယ်။ အသက်ကြီးတဲ့သူတွေ မှာဖြစ်တတ်ပါတယ်။ ဘာလက္ခဏာမှ မပြပဲ နေတာပါ။ စစ်ဆေးကြည့်မှ သိတာမျိုး။ တစ်ချို့ အမ အဖေလိုမျိုး ရောဂါ တစ်ခုခုဖြစ်မှ ဆေးရုံရောက်မှ သိတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့သူတွေ မှာ Medical check up လုပ်သင့်တယ်လို့ ပြောတာပါ။ ”
” ဟုတ်ကဲ့ပါ ဆရာ

လှမေ ဆရာဝန်အားနှုတ်ဆက်ကာ ပြန်ခဲ့သည်။ အဖေ နေမြန်မြန်ပြန်ကောင်းပါစေလို့ ဆုတောင်းနေမိသည်။ ဆေးရုံတွင် သုံးပတ်လောက်ကြာသော် အဖေ့အခြေအနေက တိုးတက်လာသည်။ အဖေသည် စကားကို အရင်ကထက်စာလှ ျင် ပီပီသသ ပြောနိုင်လာသည်။ ဘယ်ဖက် တစ်ခြမ်းလေဖြတ်သွားပေမဲ့ညာဖက် ကတော့ အကောင်းပကတိဖြစ်သည်။ အိမ်သို့ ပြန်ခေါ်လာရသည်။ နှာခေါင်းပိုက်နှင့် အဖေ့ကို အစာကျွေးရသည်။
လေ့ကျင့်ခန်းသာ သေသေချာချာပြန်လုပ်လျှင် လူကောင်းနီးပါး ပြန်ဖြစ်နိုင်သည်ဟု ဆရာဝန်ကြီးမှ ပြောကြားလိုက်သော်ကြောင့် လှမေ တစ်ယောက် အဖေ့အတွက် လေ့ကျင့်ခန်းလာလုပ်ပေးဖို့ လူ တစ်ယောက် နေ့တိုင်း ခေါ်ထားလိုက်သည်။ လေ့ကျင့်ခန်း ပြန်လုပ်သော်ကြောင့်အဖေသည် ခြောက်လကျော်သော် သိသိသာ သာ ပြန်ကောင်းလာသည်။ ဆေးခန်းသို့လည်း နှလုံးဓာတ်မှန် ရိုက်သည့်အခါသာ သွားပြတော့သည်။ ဆေးခန်း သွားပြရသည်မှာ ခက်ခဲသောကြောင့် သမားတော် တစ်ယောက်ကို အိမ်ပင့်ကာ ကုသပေးနေသည်။ ဆရာဝန်မှလည်း အဖေ့အခြေအနေ တိုးတက်လာသည်ဟုပြောသည်။ ဒီအတိုင်းသာ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါက အများကြီး တိုးတက်ဖို့ရှိသည်ဆိုသည်နှင့် အဖေ့ကို လေ့ကျင့်ခန်းသာ အားသွန်ခွန်စိုက်လုပ်ပေးနေသည်။ အဖေ့အခြေအနေ တိုးတက်လာသောကြောင့် လှမေ တစ်ယောက် အားတက်ပါသည်။
” ကျွှန်တော်တို့ မြန်မာနိုင်ငံမှာ လေဖြတ်လူနာတွေကို မိသားစုဝင်တွေက လေ့ကျင့်ခန်းေ သချာ ပြန်လုပ်မပေးကြဘူး။ တစ်ကယ်သာ ပြန်လုပ်ပေးရင် လေဖြတ်လူနာတွေ အများကြီးကောင်းလာနိုင်စရာရှိတာပါ။ လူနာ တစ်ယောက် ပြန်ကောင်းလာရင် မိသားစု တွေအတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူးပေါ့။ အခုတော့ ဒီကလူတွေက သိပ်ပေါ့ကြတယ်။ လေ့ကျင့်ခန်းဆိုတာကလည်း မလှမေ တို့လိုမျိုး လူမျိုးတွေက သာ သေသေချာချာ လုပ်ပေးကြတာ။ လေ့ကျင့်ခန်း လုပ်ပေးမဲ့သူကိုလည်း အိမ်ခေါ်လို့ရတယ်။ အိမ်ခေါ်ရတာ ဈေးများလို့ အိမ်မခေါ်ချင်ဘူးဆိုရင်လည်း သူ တို့ ဘယ်လို လေ့ကျင့်ခန်းလုပ်ပေးလည်း ဆိုတာ သေချာ ကြည့်ထားပြီး ကိုယ့်အိမ်က လူနာကို ပြန်လုပ်ပေးလို့ရပါတယ်။ လုပ်ပေးချင်တဲ့ စိတ် နဲ့ လုပ်ပေးသင့်တယ်ဆိုတဲ့စိတ်လေးပဲ ရှိဖို့လိုတာပါ။”
လှမေ တစ်ယောက် သက်ပျင်းတစ်ချက် ခိုးချလိုက်သည်။ အဖေ့ကို သေချာပြန်ကု ပေးမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ အဖေ့ကိုယ်တိုင်ကလည်း လေ့ကျင့်ခန်းကို အားကြိုး မာန်တက် လုပ်သော်ကြောင့် အဖေ့ကိုလည်း ကျေးဇူးတင်မိသည်။ မဝေးတော့တဲ့ တစ်နေ့မှာ တော့ အဖေ နေ အမြန်ပြန်ကောင်းပါစေလို့ ဆုတောင်းနေမိတော့သည်။