(Zawgyi)
၂၁ ရာစုမွာ အစားအေသာက္ ေတြ ကို ပုံစံမ်ိဳးစုံ စားလာတာ ႏွင့္ အမွ် အသင့္စား အစားအစာ ေတြ ကလည္း အရမ္းမ်ားလာပါတယ္။ အသင့္စား အစားအစာေတြရဲ႕ မေကာင္းတဲ့ အခ်က္ေတြထဲက တစ္ခုကေတာ့ ျပည့္ဝဆီလို႔ေခၚ တဲ့ saturated fat နဲ႔ ဆား (ဆိုဒီယမ္) ေတြ အရမ္းပါတာပါပဲ။
သည္းေျခေက်ာက္ရွိတဲ့သူေတြ အေနနဲ႔ ဆီစားသုံးမႈ႕ ကို သတိထားသင့္ပါတယ္။ အထူးသျဖင့္ ျပည့္ဝဆီ ကို ေရွာင္ရပါမယ္။ ျပည့္ဝဆီ မ်ားတဲ့ အစားအစာေတြ ကေတာ့
1. ဆီေၾကာ္ အစားအစာမ်ား
2. ဒိုးနတ္
3. ကြတ္ကီး
4. ေရခဲမုန႔္
5. ခ်ိစ္
6. ေထာပတ္
7. မလိုင္ျပည့္ႏို႔
8. ဝက္သား သုံးထပ္သား
9. ၾကက္အေရခြံ
10. ၾကက္အသည္း
11. ဝက္ ဦးေႏွာက္၊ ဝက္ အသည္း၊ ဝက္ အူ
12. အမဲ အသည္း၊ ဝမ္းတြင္းကလီစာမ်ား
13. ဆိတ္သား စတာေတြျဖစ္ပါတယ္။
ဒါဆိုရင္ ဘာေတြ စားသင့္သလဲ ????
1. ပာင္းသီးပာင္း႐ြက္
2. သစ္သီးဝလံ
3. ေပါင္မုန႔္ၾကမ္း
4. ဆန္လုံးညိဳ
5. ေကြကာအုပ္
6. ဆီရီယယ္
7. မလိုင္ထုတ္ထားေသာ ႏြားႏို႔
8. ၾကက္သား၊ အမဲသား၊ ဝက္သား (အသားခ်ည္းသာ)
9. ငါးအမ်ိဳးမ်ိဳး
10. ပဲ အမ်ိဳးမ်ိဳး စတာေတြ ျဖစ္ပါတယ္။
ဆီစားရင္ ျဖစ္တယ္ ဆိုေတာ့ ဘယ္လိုဆီမ်ိဳးနဲ႔ ပာင္းခ်က္ၾကမလဲ????
ေနာက္ဆုံးေလ့လာေတြ႕ရွိခ်က္မ်ား အရ သံလြင္ဆီ အစားမ်ားတဲ့ ႏိုင္ငံေတြမွာ သည္းေျခေက်ာက္တည္တာ နည္းေၾကာင္း ေတြ႕ရွိလာပါတယ္။ ဘာလို႔လဲဆိုေတာ့ သံလြင္ဆီ မွာ မျပည့္ဝ ဆီမ်ားတဲ့ အတြက္ ကိုလက္စထေရာကို က်ေစတဲ့အတြက္ေၾကာင့္ပါ။ တနည္းအားျဖင့္ ကိုလက္စထေရာေၾကာင့္ ျဖစ္ေစတဲ့ သည္းေျခေက်ာက္တစ္မ်ိဳးကို လည္း ကာကြယ္ေပးပါတယ္။ ဒါေပမယ့္သိၾကတဲ့ အတိုင္း သံလြင္ဆီက ေဈးေတာ္ေတာ္ေလးႀကီးပါတယ္။ ဒီအျပင္ တခ်ိဳ႕က အနံ႔ကိုလည္း မႀကိဳက္ၾကပါဘူး။
ဒါေၾကာင့္ ေဈးလည္း မႀကီးဘဲ ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳး အမ်ားစုနဲ႔လည္း အဆင္ေျပမယ့္ ဆီတစ္မ်ိဳးေတာ့ရွိပါတယ္။ အဲ့ဒါကေတာ့ Rice bran oil ျမန္မာလို ဖြဲႏုဆီ ပါ။ သူ႔မွာလည္း မျပည့္ဝဆီေတြ ေတာ္ေတာ္မ်ားၿပီး ကိုလက္စထေရာ က်ေစတဲ့အတြက္ သည္းေျခေက်ာက္တည္တဲ့သူ သာမက သာမန္လူေတြ အေနနဲ႔လည္းစားသင့္ပါတယ္။ ေသြးတိုး၊ဆီးခ်ိဳ ရွိတဲ့သူေတြဆို ပိုေတာင္ သင့္ေတာ္ပါတယ္။
ဖြဲႏု ဆီကေတာ့ ကြၽန္ေတာ္တို႔ အိမ္နီးခ်င္း ႏိုင္ငံ တစ္ခုျဖစ္တဲ့ ထိုင္းႏိုင္ငံမွာေတာ့ တြင္တြင္က်ယ္က်ယ္ ကို သုံးလာၾကပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံ အထူးသျဖင့္ ရန္ကုန္မွာ ဆိုရင္လည္း Rice Bran Oil ဖြဲႏုဆီ ကို စူပါမားကတ္ေတြ မွာ ေရာင္းလာတာေတာ့ ေတြ႕ရပါတယ္။
ဒါေပမယ့္ နယ္ေတြ မွာေတာ့ တြင္တြင္က်ယ္က်ယ္ေတာ့ မရွိၾကေသးတဲ့ အတြက္ နယ္က သူေတြ အေနနဲ႔ ကေတာ့ ပဲဆီစစ္စစ္ ႏွမ္းဆီစစ္စစ္ ကိုသာ အလြန္အကြၽံ မသုံးပဲ ခ်င့္ခ်ိန္သုံးၾကပါလို႔ အႀကံျပဳခ်င္ပါတယ္။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္
(Unicode)
၂၁ ရာစုမှာ အစားအသောက် တွေ ကို ပုံစံမျိုးစုံ စားလာတာ နှင့် အမျှ အသင့်စား အစားအစာ တွေ ကလည်း အရမ်းများလာပါတယ်။ အသင့်စား အစားအစာတွေရဲ့ မကောင်းတဲ့ အချက်တွေထဲက တစ်ခုကတော့ ပြည့်ဝဆီလို့ခေါ် တဲ့ saturated fat နဲ့ ဆား (ဆိုဒီယမ်) တွေ အရမ်းပါတာပါပဲ။
သည်းခြေကျောက်ရှိတဲ့သူတွေ အနေနဲ့ ဆီစားသုံးမှု့ ကို သတိထားသင့်ပါတယ်။ အထူးသဖြင့် ပြည့်ဝဆီ ကို ရှောင်ရပါမယ်။ ပြည့်ဝဆီ များတဲ့ အစားအစာတွေ ကတော့
1. ဆီကြော် အစားအစာများ
2. ဒိုးနတ်
3. ကွတ်ကီး
4. ရေခဲမုန့်
5. ချိစ်
6. ထောပတ်
7. မလိုင်ပြည့်နို့
8. ဝက်သား သုံးထပ်သား
9. ကြက်အရေခွံ
10. ကြက်အသည်း
11. ဝက် ဦးနှောက်၊ ဝက် အသည်း၊ ဝက် အူ
12. အမဲ အသည်း၊ ဝမ်းတွင်းကလီစာများ
13. ဆိတ်သား စတာတွေဖြစ်ပါတယ်။
ဒါဆိုရင် ဘာတွေ စားသင့်သလဲ ????
1. ပာင်းသီးပာင်းရွက်
2. သစ်သီးဝလံ
3. ပေါင်မုန့်ကြမ်း
4. ဆန်လုံးညို
5. ကွေကာအုပ်
6. ဆီရီယယ်
7. မလိုင်ထုတ်ထားသော နွားနို့
8. ကြက်သား၊ အမဲသား၊ ဝက်သား (အသားချည်းသာ)
9. ငါးအမျိုးမျိုး
10. ပဲ အမျိုးမျိုး စတာတွေ ဖြစ်ပါတယ်။
ဆီစားရင် ဖြစ်တယ် ဆိုတော့ ဘယ်လိုဆီမျိုးနဲ့ ပာင်းချက်ကြမလဲ????
နောက်ဆုံးလေ့လာတွေ့ရှိချက်များ အရ သံလွင်ဆီ အစားများတဲ့ နိုင်ငံတွေမှာ သည်းခြေကျောက်တည်တာ နည်းကြောင်း တွေ့ရှိလာပါတယ်။ ဘာလို့လဲဆိုတော့ သံလွင်ဆီ မှာ မပြည့်ဝ ဆီများတဲ့ အတွက် ကိုလက်စထရောကို ကျစေတဲ့အတွက်ကြောင့်ပါ။ တနည်းအားဖြင့် ကိုလက်စထရောကြောင့် ဖြစ်စေတဲ့ သည်းခြေကျောက်တစ်မျိုးကို လည်း ကာကွယ်ပေးပါတယ်။ ဒါပေမယ့်သိကြတဲ့ အတိုင်း သံလွင်ဆီက ဈေးတော်တော်လေးကြီးပါတယ်။ ဒီအပြင် တချို့က အနံ့ကိုလည်း မကြိုက်ကြပါဘူး။
ဒါကြောင့် ဈေးလည်း မကြီးဘဲ ကျွန်တော်တို့ မြန်မာလူမျိုး အများစုနဲ့လည်း အဆင်ပြေမယ့် ဆီတစ်မျိုးတော့ရှိပါတယ်။ အဲ့ဒါကတော့ Rice bran oil မြန်မာလို ဖွဲနုဆီ ပါ။ သူ့မှာလည်း မပြည့်ဝဆီတွေ တော်တော်များပြီး ကိုလက်စထရော ကျစေတဲ့အတွက် သည်းခြေကျောက်တည်တဲ့သူ သာမက သာမန်လူတွေ အနေနဲ့လည်းစားသင့်ပါတယ်။ သွေးတိုး၊ဆီးချို ရှိတဲ့သူတွေဆို ပိုတောင် သင့်တော်ပါတယ်။
ဖွဲနု ဆီကတော့ ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံ တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ တွင်တွင်ကျယ်ကျယ် ကို သုံးလာကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အထူးသဖြင့် ရန်ကုန်မှာ ဆိုရင်လည်း Rice Bran Oil ဖွဲနုဆီ ကို စူပါမားကတ်တွေ မှာ ရောင်းလာတာတော့ တွေ့ရပါတယ်။
ဒါပေမယ့် နယ်တွေ မှာတော့ တွင်တွင်ကျယ်ကျယ်တော့ မရှိကြသေးတဲ့ အတွက် နယ်က သူတွေ အနေနဲ့ ကတော့ ပဲဆီစစ်စစ် နှမ်းဆီစစ်စစ် ကိုသာ အလွန်အကျွံ မသုံးပဲ ချင့်ချိန်သုံးကြပါလို့ အကြံပြုချင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်