ဆောင်းရာသီမှာ မဖျားအောင် ဘယ်လိုနေရမလဲ

ေဆာင္းရာသီမွာ မဖ်ားေအာင္ ဘယ္လိုေနရမလဲ

ကိုယ္အပူခ်ိန္တိုင္းျကည့္လိုက္လို့ ဘယ္ေလာက္ဆိုရင္ ဖ်ားတယ္လို့ေျပာရမလဲလို့ေမးတတ္ျကပါတယ္။ ဒီရာသီက ဖ်ားသူမ်ားတဲ႔ရာသီပါ။ ကိုယ္အပူခ်ိန္ ၉၈.၆ ဒီကရီဖာရင္ဟိုက္(၃၇ ဒီဂရီစင္တီဂရိတ္)ေက်ာ္ရင္ ဖ်ားေနသည္ဟုဆိုလိုပါတယ္။

(1)ဖ်ားျခင္း?

ဖ်ားျခင္းသည္ ကိုယ္တြင္းခုခံမူသည္ဝင္ေရာက္လာေသာကူးစက္မူပိုးမ်ားကိုတိုက္ထုတ္ေသာေျကာင့္ ျဖစ္ေပၚလာရေသာ အက်ဳိးဆက္တစ္ခုျဖစ္ပါတယ္။ အပူခ်ိန္ 100°F မေက်ာ္လွ်င္ စိုးရိမ္စရာမရွိဘူးဟုအျကမ္းျဖင္းယူဆနိုင္ေသာ္လည္း ၁၀၀ေအာက္အပူခ်ိန္ကိုလည္း ျဖစ္ပြားသည့္အခ်ိန္ကို မူတည္၍ ထည့္သြင္းစဥ္းစားသင့္ပါတယ္။ ကိုယ္အပူခ်ိန္ျမင့္လာျခင္းသည္ ဘက္တီရိယားစ္။ ဗိုင္းရပ္စ္မ်ားသည္အပူခ်ိန္ျမင့္လာလ်ွင္မေနနိူင္ေသာေျကာင့္ ကိုယ္တြင္းခုခံအားကတိုက္ထုတ္ေပးျခင္းျဖစ္ပါတယ္။
ဖ်ားျခင္းသည္ အျခားေသာေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ႏွာေစးျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္းစေသာလကၡဏာမ်ားနွင့္အတူ ျဖစ္ေလ့ရွိပါတယ္။

အပူခ်ိန္ 104°F ေက်ာ္လ်ွင္ အေရးျကီးသျဖင့္ အေရးေပၚခ်က္ခ်င္း ကုသမူခံယူသင့္ပါတယ္။ အခ်ိန္မွီ ေလ်ာ့က်ေအာင္မျပဳလုပ္ပါက သတိလစ္ျခင္း၊ တက္ျခင္းမ်ားျဖစ္နိုင္ေခ်ရွိပါတယ္။ ဖ်ားျခင္းသည္ ပိုးကူးစက္ျခင္းေျကာင့္မဟုတ္ဘဲ ျပင္ပလႈံ႔ေဆာ္မႈေၾကာင့္လည္းျဖစ္နိုင္ပါတယ္။ ဥပမာ ရာသီဥတုပူျခင္း

(2)အေျကာင္းရင္း?
ကိုယ္ပူျခင္းဖ်ားျခင္းျဖစ္ရေသာအေျကာင္းရင္းမ်ားမွာ ဘက္တီရီးယားပိုး၊ ဗိုင္းရပ္စ္ပိုး၊ မိႈပိုး၊ ေဆးဝါးနွင့္ အျခားေသာအဆိပ္အေတာက္မ်ားေျကာင့္ျဖစ္နိုင္ပါတယ္။ ဖ်ားျခင္းသည္ ကူစက္တတ္သည္မဟုတ္ပါ။ ဖ်ားျခင္းျဖစ္ေစေသာ ေရာဂါပိုးကသာကူးစက္ျခင္းျဖစ္ပါတယ္။

(3)ရွာေဖြျခင္း
ကိုယ္အပူခ်ိန္ကို သာမိုမီတာျဖင့္တိုင္းျခင္း၊ ေသြးစစ္ျခင္း၊ ဓာတ္မွန္ရုိက္ျခင္းနွင့္ အတ္ထရာေဆာင္းရုိက္ျခင္းစသည္တို့ကို ျပဳလုပ္ျခင္းျဖင့္အေျကာင္းရင္းရွာေဖြသင့္ပါတယ္။

(4)ကုသျခင္း
ကိုယ္ပူက်ေစေသာအိမ္တြင္းကုသနည္းမ်ားမွာ
– ေရပတ္တိုက္ပါ။ လူတကိုယ္လံုးအနွံ႔ အပူခ်ိန္သိသာစြာေလ်ာ့က်လာသည္အထိ တိုက္ပါ။ ကေလးငယ္မ်ားတြင္အထူျပဳလုပ္သင့္ပါတယ္။ ေရခဲေရနွင့္မစိမ္ပါနွင့္။ အရက္နွင့္လည္းမတိုက္ပါနွင္႔။
– ဖ်ားလ်ွင္ေရဓာတ္နည္းေနေသာေျကာင့္ ေရမ်ားမ်ားတိုက္ပါ။ အသီးေဖ်ာ္ရည္မ်ားမ်ားတိုက္ပါ။
– ေလေကာင္းေလသန့္ရေအာင္ ပန္ကာမ်ားဖြင့္ထားပါ။ ျပတင္းေပါက္မ်ားဖြင့္ထားပါ။
– ထူထပ္ေသာအေႏြးထည္မ်ားမဝတ္ရပါ။
– အပူျကီးေသာကေလးငယ္မ်ားကို စအိုထဲသို့ အပူက်ေဆး ပါရာစီတေမာ့အေတာင့္ ထည့္ပါ။
– ပါရာစီတေမာ့၊ အိုင္ျဗဴပရုိဖန္စေသာေဆးဝါးမ်ားေသာက္သံုးနိုင္ပါတယ္။

(5)အက်ဳိးဆက္
ကိုယ္ပူခ်ိန္ျမင့္မားျခင္း၊ အခ်ိန္ျကာျခင္းစသည္ျဖစ္လာပါက လ်င္ျမန္စြာကုသမူမခံယူပါက
– တက္ျခင္း
– သတိလစ္ျခင္း
– ေရဓာတ္ခမ္းေျခာက္ျခင္းစသည့္မ်ားျဖစ္ေပါ္ပါက အသက္အႏၱရာယ္ျဖစ္သည္အထိထိခိုက္နိုင္ပါတယ္။

(6)ကာကြယ္ျခင္း
ဖ်ားနာမူကိုႀကိဳတင္ကာကြယ္နိုင္ေသာနည္းလမ္းမ်ားမွာ
– လက္ေဆးပါ။
– ဖ်ားနာေနသူနွင့္ ထိေတြ႔မူနည္းေအာင္လုပ္ပါ။
– ကာကြယ္ေဆးထိုးပါ။
– ကိုယ္ခံအားေကာင္းေအာင္ေနပါ။
– အာဟာရျပည့္စံုစြာစားပါ။
– ကိုယ္လက္ေလ့က်င့္ခန္းလုပ္ပါ။

Dr. ျပည့္ရွင္း

Unicode Version

ဆောင်းရာသီမှာ မဖျားအောင် ဘယ်လိုနေရမလဲ

ကိုယ်အပူချိန်တိုင်းကြည့်လိုက်လို့ ဘယ်လောက်ဆိုရင် ဖျားတယ်လို့ပြောရမလဲလို့မေးတတ်ကြပါတယ်။ ဒီရာသီက ဖျားသူများတဲ့ရာသီပါ။ ကိုယ်အပူချိန် ၉၈.၆ ဒီကရီဖာရင်ဟိုက်(၃၇ ဒီဂရီစင်တီဂရိတ်)ကျော်ရင် ဖျားနေသည်ဟုဆိုလိုပါတယ်။

(1)ဖျားခြင်း?

ဖျားခြင်းသည် ကိုယ်တွင်းခုခံမူသည်ဝင်ရောက်လာသောကူးစက်မူပိုးများကိုတိုက်ထုတ်သောကြောင့် ဖြစ်ပေါ်လာရသော အကျိုးဆက်တစ်ခုဖြစ်ပါတယ်။ အပူချိန် 100°F မကျော်လျှင် စိုးရိမ်စရာမရှိဘူးဟုအကြမ်းဖြင်းယူဆနိုင်သော်လည်း ၁၀၀အောက်အပူချိန်ကိုလည်း ဖြစ်ပွားသည့်အချိန်ကို မူတည်၍ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကိုယ်အပူချိန်မြင့်လာခြင်းသည် ဘက်တီရိယားစ်။ ဗိုင်းရပ်စ်များသည်အပူချိန်မြင့်လာလျှင်မနေနိူင်သောကြောင့် ကိုယ်တွင်းခုခံအားကတိုက်ထုတ်ပေးခြင်းဖြစ်ပါတယ်။
ဖျားခြင်းသည် အခြားသောချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းစသောလက္ခဏာများနှင့်အတူ ဖြစ်လေ့ရှိပါတယ်။

အပူချိန် 104°F ကျော်လျှင် အရေးကြီးသဖြင့် အရေးပေါ်ချက်ချင်း ကုသမူခံယူသင့်ပါတယ်။ အချိန်မှီ လျော့ကျအောင်မပြုလုပ်ပါက သတိလစ်ခြင်း၊ တက်ခြင်းများဖြစ်နိုင်ချေရှိပါတယ်။ ဖျားခြင်းသည် ပိုးကူးစက်ခြင်းကြောင့်မဟုတ်ဘဲ ပြင်ပလှုံ့ဆော်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဥပမာ ရာသီဥတုပူခြင်း

(2)အကြောင်းရင်း?
ကိုယ်ပူခြင်းဖျားခြင်းဖြစ်ရသောအကြောင်းရင်းများမှာ ဘက်တီရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုး၊ ဆေးဝါးနှင့် အခြားသောအဆိပ်အတောက်များကြောင့်ဖြစ်နိုင်ပါတယ်။ ဖျားခြင်းသည် ကူစက်တတ်သည်မဟုတ်ပါ။ ဖျားခြင်းဖြစ်စေသော ရောဂါပိုးကသာကူးစက်ခြင်းဖြစ်ပါတယ်။

(3)ရှာဖွေခြင်း
ကိုယ်အပူချိန်ကို သာမိုမီတာဖြင့်တိုင်းခြင်း၊ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့် အတ်ထရာဆောင်းရိုက်ခြင်းစသည်တို့ကို ပြုလုပ်ခြင်းဖြင့်အကြောင်းရင်းရှာဖွေသင့်ပါတယ်။

(4)ကုသခြင်း
ကိုယ်ပူကျစေသောအိမ်တွင်းကုသနည်းများမှာ
– ရေပတ်တိုက်ပါ။ လူတကိုယ်လုံးအနှံ့ အပူချိန်သိသာစွာလျော့ကျလာသည်အထိ တိုက်ပါ။ ကလေးငယ်များတွင်အထူပြုလုပ်သင့်ပါတယ်။ ရေခဲရေနှင့်မစိမ်ပါနှင့်။ အရက်နှင့်လည်းမတိုက်ပါနှင့်။
– ဖျားလျှင်ရေဓာတ်နည်းနေသောကြောင့် ရေများများတိုက်ပါ။ အသီးဖျော်ရည်များများတိုက်ပါ။
– လေကောင်းလေသန့်ရအောင် ပန်ကာများဖွင့်ထားပါ။ ပြတင်းပေါက်များဖွင့်ထားပါ။
– ထူထပ်သောအနွေးထည်များမဝတ်ရပါ။
– အပူကြီးသောကလေးငယ်များကို စအိုထဲသို့ အပူကျဆေး ပါရာစီတမော့အတောင့် ထည့်ပါ။
– ပါရာစီတမော့၊ အိုင်ဗြူပရိုဖန်စသောဆေးဝါးများသောက်သုံးနိုင်ပါတယ်။

(5)အကျိုးဆက်
ကိုယ်ပူချိန်မြင့်မားခြင်း၊ အချိန်ကြာခြင်းစသည်ဖြစ်လာပါက လျင်မြန်စွာကုသမူမခံယူပါက
– တက်ခြင်း
– သတိလစ်ခြင်း
– ရေဓာတ်ခမ်းခြောက်ခြင်းစသည့်များဖြစ်ပေါ်ပါက အသက်အန္တရာယ်ဖြစ်သည်အထိထိခိုက်နိုင်ပါတယ်။

(6)ကာကွယ်ခြင်း
ဖျားနာမူကိုကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများမှာ
– လက်ဆေးပါ။
– ဖျားနာနေသူနှင့် ထိတွေ့မူနည်းအောင်လုပ်ပါ။
– ကာကွယ်ဆေးထိုးပါ။
– ကိုယ်ခံအားကောင်းအောင်နေပါ။
– အာဟာရပြည့်စုံစွာစားပါ။
– ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

Dr. ပြည့်ရှင်

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image