နှလုံးသွေးကြောကျဉ်းရောဂါ

ႏွလံုုးေသြးေၾကာက်ဥ္းေရာဂါ

နွလံုးဆိုတာဟာ ခႏၶာကိုယ္တခုလံုးကအဂၤါအစိတ္အပိုင္းေတြကို ေသြးေထာက္ပ႔ံပို႔ေပးေနတဲ႔ ကိုယ္တြင္းအဂၤါမွန္း လူအေတာ္မ်ားမ်ားသိၾကမွာပါ။တျခားအဂၤါအစိတ္အပိုင္းေတြကို ေသြးေထာက္ပ႔ံပို႔ေပးတဲ႔နွလံုးဟာ သူ႔ရဲ႕လုပ္ငန္းတာ၀န္ေတြလုပ္နိုင္ရန္အတြက္ သူကိုယ္တိုင္လည္း ေသြးေထာက္ပ႔ံမႈလိုပါတယ္။နွလံုးကို Coronary Arteries လို႔ေခၚတဲ႔ ႏွလံုးေသြးေၾကာေတြကေန ေသြးေထာက္ပံ႔ေပးထားပါတယ္။အဲ႔နွလံုးေသြးေၾကာေလးေတြထဲမွာ အေၾကာင္းေၾကာင္းေၾကာင္႔ အဆီေတြစုပံုလာရာကေန ေသြးေၾကာနံရံထူလာတဲ႔အခါ ေသြးစီးလမ္းေၾကာင္းက်ဥး္သြားပါတယ္။အဲ႔လိုျဖစ္တာကို နွလံုးေသြးေၾကာက်ဥ္းတယ္လို႔ေခၚပါတယ္။

နွလံုးေသြးေၾကာက်ဥ္းေရာဂါဟာ ေသြးတြင္းအဆီဓါတ္မ်ားတာ၊ေသြးတိုးဆီးခ်ိဳေရာဂါအခံရွိတာ၊ေဆးလိပ္ေသာက္တာ၊အရက္အလြန္အကြ်ံ႕ေသာက္တာ၊ကိုယ္အေလးခ်ိန္မ်ားျပီးအ၀လြန္တာ၊အထိုင္မ်ားျပီး ကိုယ္လက္လႈပ္ရွားမႈမရွိတာ၊အဆီအဆိမ္႔အငန္အစားမ်ားတာ၊အသက္၅၀ေက်ာ္လာတာ၊မိသားစုမ်ိဳးရိုးမွာနွလံုးေရာဂါရွိတာ၊စိတ္ဖိစီးစရာမ်ားတာ စတဲ႔အေၾကာင္းေတြေၾကာင္႔ ျဖစ္ေလ႔ရွိပါတယ္။

နွလံုးေသြးေၾကာက်ဥ္းတဲ႔အခါမွာ နွလံုးဟာ ေသြးနဲ႔ေအာက္စီဂ်င္လံုေလာက္စြာမရတဲ႔အတြက္ လႈပ္လႈပ္ရွားရွားလုပ္မိတဲ႔အခါ၊စိတ္ဖိစီးစရာမ်ားတဲ႔အခါ၊ေဒါသထြက္တဲ့အခါမ်ိဳးေတြမွာဆိုရင္ ရင္ဘတ္ေအာင္႔တာ၊ရင္ဘတ္ေအာင္႔တာနဲ႔တဆက္တည္း လက္ေမာင္း၊လည္ပင္း၊ေမးရိုး၊ေက်ာ ေတြပါေအာင္႔တာ၊နာတာ ရင္ပူတာ ရင္တုန္တာ၊ေမာတာ၊အသက္ရႈမ၀တာ စတဲ႔ေ၀ဒနာေတြခံစားရနိုင္ပါတယ္။အစပိုင္းေရာဂါသိပ္မဆိုးေသးတဲ႔အေျခအေနမွာဆိုရင္ ဒီေ၀ဒနာေတြျဖစ္တဲ႔အခ်ိန္မွာ နားနားေနေန ေနလိုက္ပါက မိနစ္ပိုင္းေလာက္သာၾကာတတ္ျပီး ျပန္ေပ်ာက္တတ္ပါတယ္။လႈပ္လႈပ္ရွားရွားလုပ္မိတဲ႔အခါ၊စိတ္ဖိစီးစရာမ်ားတဲ႔အခါ၊ေဒါသထြက္တဲ႔အခါ၊အခါမ်ိဳးေတြမွာသာ ျပန္ျပန္ေပၚတတ္ပါတယ္။

ေရာဂါအေျခအေနဆိုးလာျပီး နွလံုးေသြးေၾကာက်ဥ္းရာကေန ပိတ္တဲ႔အဆင္႔ေရာက္သြားရင္ေတာ႔ လႈပ္လႈပ္ရွားရွားလုပ္မိတာမ်ိဳး၊စိတ္ဖိစီးစရာမ်ားတာ၊ေဒါသထြက္တာမ်ိဳးေတြမရွိဘဲ နားနားေနေန ေနရင္းနဲ႔ကို ရင္ဘတ္ေအာင္႔တာ၊ရင္ဘတ္ေအာင္႔တာနဲ႔တဆက္တည္း လက္ေမာင္း၊လည္ပင္း၊ေမးရိုး၊ေက်ာ ေတြပါေအာင္႔တာ၊နာတာ ရင္ပူတာ၊ရင္တုန္တာ၊ေမာတာ၊အသက္ရႈမ၀တာ စတဲ႔ေ၀ဒနာေတြခံစားရမယ္႔အျပင္ နွလံုးခုန္မမွန္တာ၊အန္တာ၊ဖ်ားတာ၊ရုတ္တရက္သတိလစ္ျပီး အသက္ေသဆံုးတာမ်ိဳးေတြပါျဖစ္နိုင္ပါတယ္။

ဒါေၾကာင္႔ရင္ဘတ္ေအာင္႔တယ္ဆိုရင္ မေပါ႔ဆပဲ ေဆးခန္းျပကာ ဆရာ၀န္နဲ႔ျပသစမ္းသပ္စစ္ေဆးၾကည္႔သင္႔ပါတယ္။စမ္းသပ္စစ္ေဆးလို႔ နွလံုးေသြးေၾကာက်ဥ္းေရာဂါျဖစ္ျပီဆိုရင္လည္း ေသခ်ာကုသဖို႔လိုပါတယ္။ေသခ်ာမကုဘူးဆိုရင္ နွလံုးေသြးေၾကာက်ဥ္းရာကေနပိတ္ျပီး နွလံုးၾကြက္သားပုပ္တဲ႔အဆင္႔(Myocardial Infarct)ေရာက္သြားနိုင္လို႔ပါ။နွလံုးေသြးေၾကာက်ဥ္းေရာဂါျဖစ္ပြားနိုင္ေျခနည္းေအာင္ ကာကြယ္နည္းေတြအေနနဲ႔ကေတာ႔အဆီအဆိမ္႔အငန္ေလွ်ာ႔စားပါ။ကိုယ္လက္ေလ႔က်င္႔ခန္းပံုမွန္လုပ္ပါ။ကိုယ္႔ရဲ႕ကိုယ္အေလးခ်ိန္ကို ရွိသင္တဲ႔အတိုင္းအတာအတြင္းမွာထိန္းပါ။အ၀မလြန္ပါေစနဲ႔။ေဆးလိပ္ေသာက္အရက္ေသာက္တတ္တယ္ဆိုရင္ ေဆးလိပ္ျဖတ္ အရက္ျဖတ္ပါ။စိတ္ဖိစီးစရာေတြနည္းေအာင္ေနပါ။ဘာသာေရးလိုက္စားပါ။တရားထိုင္ပါ။

Dr 528

Unicode Version

နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးဆိုတာဟာ ခန္ဓာကိုယ်တခုလုံးကအင်္ဂါအစိတ်အပိုင်းတွေကို သွေးထောက်ပံ့ပို့ပေးနေတဲ့ ကိုယ်တွင်းအင်္ဂါမှန်း လူအတော်များများသိကြမှာပါ။တခြားအင်္ဂါအစိတ်အပိုင်းတွေကို သွေးထောက်ပံ့ပို့ပေးတဲ့နှလုံးဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေလုပ်နိုင်ရန်အတွက် သူကိုယ်တိုင်လည်း သွေးထောက်ပံ့မှုလိုပါတယ်။နှလုံးကို Coronary Arteries လို့ခေါ်တဲ့ နှလုံးသွေးကြောတွေကနေ သွေးထောက်ပံ့ပေးထားပါတယ်။အဲ့နှလုံးသွေးကြောလေးတွေထဲမှာ အကြောင်းကြောင်းကြောင့် အဆီတွေစုပုံလာရာကနေ သွေးကြောနံရံထူလာတဲ့အခါ သွေးစီးလမ်းကြောင်းကျဥ်းသွားပါတယ်။အဲ့လိုဖြစ်တာကို နှလုံးသွေးကြောကျဉ်းတယ်လို့ခေါ်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဟာ သွေးတွင်းအဆီဓါတ်များတာ၊သွေးတိုးဆီးချိုရောဂါအခံရှိတာ၊ဆေးလိပ်သောက်တာ၊အရက်အလွန်အကျွံ့သောက်တာ၊ကိုယ်အလေးချိန်များပြီးအဝလွန်တာ၊အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊အဆီအဆိမ့်အငန်အစားများတာ၊အသက်၅၀ကျော်လာတာ၊မိသားစုမျိုးရိုးမှာနှလုံးရောဂါရှိတာ၊စိတ်ဖိစီးစရာများတာ စတဲ့အကြောင်းတွေကြောင့် ဖြစ်လေ့ရှိပါတယ်။

နှလုံးသွေးကြောကျဉ်းတဲ့အခါမှာ နှလုံးဟာ သွေးနဲ့အောက်စီဂျင်လုံလောက်စွာမရတဲ့အတွက် လှုပ်လှုပ်ရှားရှားလုပ်မိတဲ့အခါ၊စိတ်ဖိစီးစရာများတဲ့အခါ၊ဒေါသထွက်တဲ့အခါမျိုးတွေမှာဆိုရင် ရင်ဘတ်အောင့်တာ၊ရင်ဘတ်အောင့်တာနဲ့တဆက်တည်း လက်မောင်း၊လည်ပင်း၊မေးရိုး၊ကျော တွေပါအောင့်တာ၊နာတာ ရင်ပူတာ ရင်တုန်တာ၊မောတာ၊အသက်ရှုမဝတာ စတဲ့ဝေဒနာတွေခံစားရနိုင်ပါတယ်။အစပိုင်းရောဂါသိပ်မဆိုးသေးတဲ့အခြေအနေမှာဆိုရင် ဒီဝေဒနာတွေဖြစ်တဲ့အချိန်မှာ နားနားနေနေ နေလိုက်ပါက မိနစ်ပိုင်းလောက်သာကြာတတ်ပြီး ပြန်ပျောက်တတ်ပါတယ်။လှုပ်လှုပ်ရှားရှားလုပ်မိတဲ့အခါ၊စိတ်ဖိစီးစရာများတဲ့အခါ၊ဒေါသထွက်တဲ့အခါ၊အခါမျိုးတွေမှာသာ ပြန်ပြန်ပေါ်တတ်ပါတယ်။

ရောဂါအခြေအနေဆိုးလာပြီး နှလုံးသွေးကြောကျဉ်းရာကနေ ပိတ်တဲ့အဆင့်ရောက်သွားရင်တော့ လှုပ်လှုပ်ရှားရှားလုပ်မိတာမျိုး၊စိတ်ဖိစီးစရာများတာ၊ဒေါသထွက်တာမျိုးတွေမရှိဘဲ နားနားနေနေ နေရင်းနဲ့ကို ရင်ဘတ်အောင့်တာ၊ရင်ဘတ်အောင့်တာနဲ့တဆက်တည်း လက်မောင်း၊လည်ပင်း၊မေးရိုး၊ကျော တွေပါအောင့်တာ၊နာတာ ရင်ပူတာ၊ရင်တုန်တာ၊မောတာ၊အသက်ရှုမဝတာ စတဲ့ဝေဒနာတွေခံစားရမယ့်အပြင် နှလုံးခုန်မမှန်တာ၊အန်တာ၊ဖျားတာ၊ရုတ်တရက်သတိလစ်ပြီး အသက်သေဆုံးတာမျိုးတွေပါဖြစ်နိုင်ပါတယ်။

ဒါကြောင့်ရင်ဘတ်အောင့်တယ်ဆိုရင် မပေါ့ဆပဲ ဆေးခန်းပြကာ ဆရာဝန်နဲ့ပြသစမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။စမ်းသပ်စစ်ဆေးလို့ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပြီဆိုရင်လည်း သေချာကုသဖို့လိုပါတယ်။သေချာမကုဘူးဆိုရင် နှလုံးသွေးကြောကျဉ်းရာကနေပိတ်ပြီး နှလုံးကြွက်သားပုပ်တဲ့အဆင့်(Myocardial Infarct)ရောက်သွားနိုင်လို့ပါ။နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်ခြေနည်းအောင် ကာကွယ်နည်းတွေအနေနဲ့ကတော့အဆီအဆိမ့်အငန်လျှော့စားပါ။ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ကိုယ့်ရဲ့ကိုယ်အလေးချိန်ကို ရှိသင်တဲ့အတိုင်းအတာအတွင်းမှာထိန်းပါ။အဝမလွန်ပါစေနဲ့။ဆေးလိပ်သောက်အရက်သောက်တတ်တယ်ဆိုရင် ဆေးလိပ်ဖြတ် အရက်ဖြတ်ပါ။စိတ်ဖိစီးစရာတွေနည်းအောင်နေပါ။ဘာသာရေးလိုက်စားပါ။တရားထိုင်ပါ။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image