လည်ပင်းကျီးပေါင်းမတက်အောင် သတိထားရမဲ့အချက်များ

လည္ပင္းက်ီးေပါင္းမတက္ေအာင္ သတိထားရမဲ့အခ်က္မ်ား

အခုေခတ္မွာ လူအေတာ္မ်ားမ်ားဟာလည္ပင္းက်ီးေပါင္းေရာဂါျဖစ္လာၾကပါတယ္။

လည္ပင္းက်ီးေပါင္းေရာဂါကို ေဆးပညာအရ Cervical spondylosis လို႔ေခၚပါတယ္။

ကြ်န္ေတာ္တို႔ ခႏၶာကိုယ္ရဲ႕ ဂုတ္ပိုး(ဇက္ေနရာ)ကေန တင္ပါးေနရာေလာက္ထိ ကို Vertebral Column လို႔ေခၚတဲ႔ ေက်ာရိုးမၾကီးကေန ေထာက္ပံ႔ေပးထားပါတယ္။

ထိုေက်ာရိုးမၾကီးမွာ အရိုးအဆစ္ေပါင္း၃၃ခုပါ၀င္ပါတယ္။အရိုးအဆစ္တခုနဲ႔တခုၾကားမွာ အရိုးနုျပား(Intervertebral Discs)ေလးေတြရွိျပီး ေက်ာရိုးဆစ္ေတြရဲ႕အလယ္ကေန Spinal Cord လို႔ေခၚတဲ႔ အာရံုေၾကာမၾကီးက ျဖတ္သန္းသြားပါတယ္။

အရိုးအဆစ္တခုနဲ႔တခုၾကားမွာ ရွိတဲ႔ အရိုးနုျပား(Intervertebral Discs)ေလးေတြဟာ ေက်ာရိုးဆစ္ေတြရဲ႕ဖိအားဒဏ္ကို အာရံုေၾကာမၾကီးအေပၚမသက္ေရာက္ေအာင္ ၾကားခံအေနနဲ႔ထိန္းေပးပါတယ္။

အသက္ၾကီးလာလို႔ သို႔မဟုတ္ အေၾကာင္းတခုခုေၾကာင္႔ ထိုအရိုးနုျပားေလးေတြပ်က္စီးယိုယြင္းလာတဲ႔အခါမွာ အရိုးအတက္ထြက္တာ ၊ေက်ာရိုးဆစ္ေတြကကြ်ံက်တာေတြျဖစ္လာျပီး

အာရံုေၾကာမၾကီးနဲ႔အာရံုေၾကာမၾကီးကေနထြက္တဲ႔အာရံုေၾကာေလးေတြကို သြားဖိမိတတ္ပါတယ္။ အဲ႔အခါမွာ အရိုးက်ီးေပါင္းျဖစ္လာပါတယ္။

အမ်ားအားျဖင္႔ေတာ႔ လည္ပင္းက်ီးေပါင္းဟာ အသက္၆၀ နဲ႔အထက္မွာမွ ျဖစ္ေလ႔ရွိပါတယ္။အသက္ၾကီးလာတဲ႔အခါမွာ အရိုးအဆစ္ေတြယိုယြင္းလာလို႔ပါ။

သို႔ေသာ္ ထိခိုက္ဒဏ္ရာရတာ၊ဖုန္းကြန္ပ်ဴတာၾကည္႔တဲ႔အခါ၊စာဖတ္တဲ႔အခါ ေခါင္းအေနအထားပံုစံမမွန္တာ၊ေခါင္းေပၚအေလးအပင္တင္ျပီးမတာမ်ားတာ၊အထိုင္မ်ားျပီးလႈပ္ရွားမႈနည္းတာ

စတဲ႔အခ်က္ေတြေၾကာင္႔ ငယ္ငယ္ရြယ္ရြယ္နဲ႔လည္း လည္ပင္းက်ီးေပါင္းျဖစ္နိုင္ပါတယ္။

လည္ပင္းက်ီးေပါင္းျဖစ္တဲ႔အခါမွာ ဇက္နာတာ၊ဇက္ေတာင္႔ျပီးေခါင္းလွည္႔ရခက္တာ၊မူးေ၀တာ၊လက္ေမာင္းတေလွ်ာက္နာက်င္မႈကိုခံစားရတာ၊လက္ျပင္ေအာင္႔သလိုတင္းျပီးနာတာ၊ေခါင္းငံုတဲ႔အခါ ေက်ာတေလွ်ာက္ နာက်င္တာေတြျဖစ္နိုင္ပါတယ္။

ဒါ႔အျပင္အာရံုေၾကာမၾကီးကိုဖိမိတဲ႔အတြက္ ကိုယ္ခႏၶာေအာက္ပိုင္းေတြအားနည္းတာ၊လမ္းသြားရာမွာပံုမွန္မဟုတ္တာ၊လႈပ္ရွားရတာအားမရွိသလိုျဖစ္တာ၊ဆီး၀မ္းမမွန္တာ မ်ိဳးေတြလည္းျဖစ္နိုင္ပါတယ္။

လည္ပင္းက်ီးေပါင္းျဖစ္ေပမယ္႔ တခ်ိဳ႕သူေတြမွာ စစျဖစ္ခ်င္းမွာ ဘာလကၡဏာမွ မျပတာမ်ိဳးလည္းရွိတတ္ပါတယ္။

အခုေျပာထားတဲ႔လကၡဏာေတြခံစားေနရျပီဆိုရင္ေတာ႔ လည္ပင္းက်ီးေပါင္းဟုတ္မဟုတ္ ေသခ်ာေအာင္ ဆရာ၀န္နဲ႔ျပသျပီး ဓါတ္မွန္ရိုက္တာ(X ray)၊စီတီရိုက္တာ(CT scan)၊သံလိုက္ဓါတ္မွန္ရိုက္တာ(MRI scan) စတဲ႔

စမ္းသပ္စစ္ေဆးမႈေတြလုပ္သင္႔ပါတယ္။

လည္ပင္းက်ီးေပါင္းျဖစ္ပါက ဆရာ၀န္နဲ႔ေသခ်ာကုဖို႔လိုပါတယ္။ကိုယ္ကာယေလ႔က်င္႔ခန္းေတြလုပ္ဖို႔လည္းလို္ပါတယ္။

ေက်ာရိုးဆစ္ကြ်ံျပီး အာရံုေၾကာညွပ္ေနတာ၊ပိမိေနတာ တအားဆိုးရင္ ခြဲစိတ္ကုသဖို႔လိုနိုင္ပါတယ္။

အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔လည္ပင္းက်ီးေပါင္းျဖစ္နိုင္ေျခနည္းေအာင္

ဖုန္းၾကည္႔တာ၊တီဗြီ၊ကြန္ပ်ဴတာၾကည္႔တာ၊စာၾကည္႔တာေတြလုပ္တဲ႔အခါမွာ အိပ္လ်က္နဲ႔ၾကည္႔တာ၊ေမွာက္လ်က္ၾကည္႔တာေတြေရွာင္ပါ။မ်က္စိနဲ႔တတန္းတည္း ထိုင္လ်က္အေနအထားနဲ႔ပဲ ၾကည္႔ပါ။

ေခါင္းေပၚကို အေလးအပင္ေတြတင္ျပီး မမပါနဲ႔။

ကိုယ္လက္လႈပ္ရွားမႈလုပ္ပါ။အထိုင္မမ်ားပါေစနဲ႔။အ၀မလြန္ပါေစနဲ႔။

အိပ္တဲ႔အခါ ေခါင္းအံုးတအားျမင္႔တာေတြနဲ႔မအိပ္ပါနဲ႔။မိမိလည္ပင္းကို သက္ေတာင္႔သက္သာရွိေစေသာ အေနေတာ္အျမင္႔ရွိတဲ႔ေခါင္းအံုးနဲ႔သာ အိပ္ပါ။

Dr 528

Unicode Version

လည်ပင်းကျီးပေါင်းမတက်အောင် သတိထားရမဲ့အချက်များ
အခုခေတ်မှာ လူအတော်များများဟာလည်ပင်းကျီးပေါင်းရောဂါဖြစ်လာကြပါတယ်။

လည်ပင်းကျီးပေါင်းရောဂါကို ဆေးပညာအရ Cervical spondylosis လို့ခေါ်ပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဂုတ်ပိုး(ဇက်နေရာ)ကနေ တင်ပါးနေရာလောက်ထိ ကို Vertebral Column လို့ခေါ်တဲ့ ကျောရိုးမကြီးကနေ ထောက်ပံ့ပေးထားပါတယ်။

ထိုကျောရိုးမကြီးမှာ အရိုးအဆစ်ပေါင်း၃၃ခုပါဝင်ပါတယ်။အရိုးအဆစ်တခုနဲ့တခုကြားမှာ အရိုးနုပြား(Intervertebral Discs)လေးတွေရှိပြီး ကျောရိုးဆစ်တွေရဲ့အလယ်ကနေ Spinal Cord လို့ခေါ်တဲ့ အာရုံကြောမကြီးက ဖြတ်သန်းသွားပါတယ်။

အရိုးအဆစ်တခုနဲ့တခုကြားမှာ ရှိတဲ့ အရိုးနုပြား(Intervertebral Discs)လေးတွေဟာ ကျောရိုးဆစ်တွေရဲ့ဖိအားဒဏ်ကို အာရုံကြောမကြီးအပေါ်မသက်ရောက်အောင် ကြားခံအနေနဲ့ထိန်းပေးပါတယ်။

အသက်ကြီးလာလို့ သို့မဟုတ် အကြောင်းတခုခုကြောင့် ထိုအရိုးနုပြားလေးတွေပျက်စီးယိုယွင်းလာတဲ့အခါမှာ အရိုးအတက်ထွက်တာ ၊ကျောရိုးဆစ်တွေကကျွံကျတာတွေဖြစ်လာပြီး

အာရုံကြောမကြီးနဲ့အာရုံကြောမကြီးကနေထွက်တဲ့အာရုံကြောလေးတွေကို သွားဖိမိတတ်ပါတယ်။ အဲ့အခါမှာ အရိုးကျီးပေါင်းဖြစ်လာပါတယ်။

အများအားဖြင့်တော့ လည်ပင်းကျီးပေါင်းဟာ အသက်၆၀ နဲ့အထက်မှာမှ ဖြစ်လေ့ရှိပါတယ်။အသက်ကြီးလာတဲ့အခါမှာ အရိုးအဆစ်တွေယိုယွင်းလာလို့ပါ။

သို့သော် ထိခိုက်ဒဏ်ရာရတာ၊ဖုန်းကွန်ပျူတာကြည့်တဲ့အခါ၊စာဖတ်တဲ့အခါ ခေါင်းအနေအထားပုံစံမမှန်တာ၊ခေါင်းပေါ်အလေးအပင်တင်ပြီးမတာများတာ၊အထိုင်များပြီးလှုပ်ရှားမှုနည်းတာ

စတဲ့အချက်တွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့လည်း လည်ပင်းကျီးပေါင်းဖြစ်နိုင်ပါတယ်။

လည်ပင်းကျီးပေါင်းဖြစ်တဲ့အခါမှာ ဇက်နာတာ၊ဇက်တောင့်ပြီးခေါင်းလှည့်ရခက်တာ၊မူးဝေတာ၊လက်မောင်းတလျှောက်နာကျင်မှုကိုခံစားရတာ၊လက်ပြင်အောင့်သလိုတင်းပြီးနာတာ၊ခေါင်းငုံတဲ့အခါ ကျောတလျှောက် နာကျင်တာတွေဖြစ်နိုင်ပါတယ်။

ဒါ့အပြင်အာရုံကြောမကြီးကိုဖိမိတဲ့အတွက် ကိုယ်ခန္ဓာအောက်ပိုင်းတွေအားနည်းတာ၊လမ်းသွားရာမှာပုံမှန်မဟုတ်တာ၊လှုပ်ရှားရတာအားမရှိသလိုဖြစ်တာ၊ဆီးဝမ်းမမှန်တာ မျိုးတွေလည်းဖြစ်နိုင်ပါတယ်။

လည်ပင်းကျီးပေါင်းဖြစ်ပေမယ့် တချို့သူတွေမှာ စစဖြစ်ချင်းမှာ ဘာလက္ခဏာမှ မပြတာမျိုးလည်းရှိတတ်ပါတယ်။

အခုပြောထားတဲ့လက္ခဏာတွေခံစားနေရပြီဆိုရင်တော့ လည်ပင်းကျီးပေါင်းဟုတ်မဟုတ် သေချာအောင် ဆရာဝန်နဲ့ပြသပြီး ဓါတ်မှန်ရိုက်တာ(X ray)၊စီတီရိုက်တာ(CT scan)၊သံလိုက်ဓါတ်မှန်ရိုက်တာ(MRI scan) စတဲ့

စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။

လည်ပင်းကျီးပေါင်းဖြစ်ပါက ဆရာဝန်နဲ့သေချာကုဖို့လိုပါတယ်။ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ဖို့လည်းလိုပါတယ်။

ကျောရိုးဆစ်ကျွံပြီး အာရုံကြောညှပ်နေတာ၊ပိမိနေတာ တအားဆိုးရင် ခွဲစိတ်ကုသဖို့လိုနိုင်ပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့လည်ပင်းကျီးပေါင်းဖြစ်နိုင်ခြေနည်းအောင်

ဖုန်းကြည့်တာ၊တီဗွီ၊ကွန်ပျူတာကြည့်တာ၊စာကြည့်တာတွေလုပ်တဲ့အခါမှာ အိပ်လျက်နဲ့ကြည့်တာ၊မှောက်လျက်ကြည့်တာတွေရှောင်ပါ။မျက်စိနဲ့တတန်းတည်း ထိုင်လျက်အနေအထားနဲ့ပဲ ကြည့်ပါ။

ခေါင်းပေါ်ကို အလေးအပင်တွေတင်ပြီး မမပါနဲ့။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။အထိုင်မများပါစေနဲ့။အဝမလွန်ပါစေနဲ့။

အိပ်တဲ့အခါ ခေါင်းအုံးတအားမြင့်တာတွေနဲ့မအိပ်ပါနဲ့။မိမိလည်ပင်းကို သက်တောင့်သက်သာရှိစေသော အနေတော်အမြင့်ရှိတဲ့ခေါင်းအုံးနဲ့သာ အိပ်ပါ။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image