ခန္ဓာကိုယ်ပေါ်မှာ အနီကွက်တွေထွက်ခဲ့ရင်

ခႏၶာကိုုယ္ေပၚမွာ အနီကြက္ေတြထြက္ခဲ့ရင္

မိမိကိုယ္ေပါ္မွာအေရျပားအနီကြက္ေတြ ထေနပါသလား?ဘာလို့ျဖစ္ေနပါသလဲ?ျဖစ္ဖူးသူတိုင္း လန့္တတ္ပါတယ္။အနီကြက္ထရေသာအေျကာင္းရင္းမ်ားစြာရွိပါတယ္။ဥပမာ မီးေလာင္ျခင္း။ဓာတ္မတည့္ျခင္း။ပိုးဝင္ျခင္းနွင့္အျခားေရာဂါမ်ား
အနီကြက္ထရေသာအေျကာင္းရင္းမ်ားသည္ ေဆးကုသရန္လိုအပ္သည္အထိ ျပင္းထန္နိုင္ပါတယ္။

(1)ေနေလာင္ျခင္း

ေနပူထဲတြင္ ကိုယ္ခႏၶာအေရျပားလံုျခံုစြာကာကြယ္မူမရွိဘဲ အခ်ိ္န္ျကာျမင့္စြာ ေနေသာေျကာင့္ အေရျပားအနီကြက္မ်ားျဖစ္လာနိုင္ပါတယ္။ေနေရာင္ျခည္ UVသည္ အေရျပားကိုပ်က္ဆီးေစပါတယ္။ပ်က္ဆီးေသာအေရျပားဆီသို့ ေသြးပိုေရာက္ေသာေျကာင့္ အနီကြက္ထကာ အေရျပားအနီေရာင္ေျပာင္းသြားျခင္းျဖစ္ပါတယ္။ေနေလာင္ျခင္းေျကာင့္ အေရျပားယားယံျခင္း။နာက်င္ျခင္း။အရည္ျကည္ဖုထျခင္းနွင့္အေရျပားကက်ျခင္းမ်ားလည္းျဖစ္ေစနိုင္ပါတယ္။
ေနေလာင္ျခင္းအျပင္ အျခားေသာေလာင္က်ြမ္းမူေျကာင့္အေရျပားအနီကြက္ျဖစ္နိုင္ပါတယ္။
-အပူေလာင္ျခင္း
-ဓာတုေဗဒပစၥည္းေလာင္ျခင္း
-လ်ွပ္စစ္ဓာတ္စီးဝင္ေလာင္ျခင္း
-ဓာတ္ေရာင္ျခည္ေလာင္ျခင္းစသည္တို့ေျကာင့္ျဖစ္နိုင္ပါတယ္။ထိုကဲ႔သို့ေလာင္က်ြမ္းမူသည္ေလာင္က်ြမ္းခံရေသာအေရျပားအေနအထားေပါ္မူတည္ရ်္ စိုးရိမ္မူအေျခအေနသတ္မွတိထားပါတယ္။

(2)နွင္းခူေရာဂါ
နွင္းခူေရာဂါေျကာင့္ အေရျပားေရာင္ရမ္းယားနာကာအနီကြက္မ်ာျဖစ္ေစနိုင္ပါတယ္။အရည္ျကည္ဖုထျခင္း။အေရျပားယားယံအကြက္ထျခင္း။ေျခာက္ေသြ့ျကမ္းတမ္းေသာအေရျပားစသည္တို့ျဖစ္ေစနိုင္ပါတယ္။

(3)ေမႊးညင္းေပါက္ပိတ္ျခင္း
အေရျပားေပါ္ရွိ ေမႊးညင္းေပါက္မ်ားသည္ မူိနွင့္ဘက္တီးရီးယားပိုးမ်ားဝင္ေရာက္ေရာင္ရမ္းျခင္းေျကာင့္လည္း အေရျပားအနီကြက္ထျခင္းျဖစ္ေစနိုင္ပါတယ္။ေမႊးညင္းေပါက္အနီးတြင္ နာက်င္ကိုက္ခဲေသာျပည္တည္နာအဖုကေလးမ်ားျဖစ္လာေစပါတယ္။

(4)Rosacea
Rosaceaလို့ေခါ္တဲ႔ မ်က္နွာေပါ္တြင္အျဖစ္မ်ားေသာအေရျပားနီျမန္းေသာအေျခအေနလည္းျဖစ္နိုင္ပါတယ္။ပထမအစတြငိ ပူနီေသာအေျခအေနမွ အျမဲတမ္းအနီေရာင္ေျပာင္းလဲသြားပါတယ္။

(5)Psoriasis
အေရျပားဆဲလ္အသစ္မ်ား လြန္ကဲစြာျဖစ္လာေသာအေျခအေနမ်ားေျကာင့္ အေရျပားနီရဲအကြက္မ်ားထလာတတ္ပါတယ္။

(6)ဆင္ေရယုန္
ဗိုင္းရပ္စ္ပိုးတစ္မ်ဳိးျဖစ္တဲ႔ေရယုန္ကူးစက္ခံရပါကအေရျပားနီရဲအရည္ျကည္ဖုထလာတတ္ပါတယ္။ပံုမွန္အားျဖင့္ ေက်ာကံုးအျဖစ္မ်ားျပီ ပူေလာင္ထံုက်င္မူေဝဒနာခံစားရနိုင္ပါတယ္။

(7)lupus
လိပ္ျပာပံုနီရဲေရာင္ရမ္းေသာအေရျပားအကြက္သည္ ကိုယ္တြင္းကိုယ္ခံအားတံုျပန္မူမွားယြင္းေသာေျကာင့္ မ်က္နွာ။လည္ပင္း။ဦးေခါင္းတြင္ျဖစ္လာတတ္ပါတယ္။

(8)ေဆးမတည့္မူ
ပင္နီဆလင္။ပိုးသတ္ေဆး။ကင္ဆာေဆးစသည့္တို့နွင့္ ဓာတ္မတည့္လ်ွင္လည္းအေရျပားအကြက္မ်ားျဖစ္လာနိုင္ပါတယ္။ယားယံေရာင္ရမ္းျခင္းအျပင္ ေသြးေပါင္ဆက္တိုက္က်။အသက္ရူရခက္ျခင္း။ သတိလစ္ျပီး အသက္အႏၱရာယ္ထိခိုက္သည္အထိျဖစ္လာနိုင္ပါတယ္။အေရးေပါ္အသက္ကယ္မူျပုလုပ္ရန္လိုအပ္ပါတယ္။

(9)အေရျပားပိုးဝင္ျခင္း
အေရျပားအလႊာမ်ားတြင္ဘက္တီးရီးယားပိုးဝင္ျပီးအေရျပားနီရဲေရာင္ရမ္းကာ အနာျဖစ္သည္အထိဆိုးရြားနိုင္ပါတယ္။ဖ်ားျခငိး။ခ်မ္းတုန္ျခင္း။မူးေမာအားနည္းျခင္းစသည္တို့ပါျဖစ္ေစပါတယ္။ေသခ်ာမကုသပါကပိုးဆိပ္ျပန့္တက္ပါတယ္။
ဘယ္အခါဆရာဝန္နွင့္ျပသသင့္ပါသလဲ?
အေရျပားအနီကြက္ထတိုင္း ေဆးခန္းျပစရာေတာ့မလိုပါ။ေနေလာင္မူေျကာင့္ျဖစ္ခဲ႔လ်ွင္ လိုရွင္းတစ္ခုခုလိမ္းပါ။အနီကြက္သည္ နာက်င္ျခင္း။ျပည္တည္ျခင္း။ပိုမိုျကီးထြားျခင္းနွင့္အျခားေသာလကၡဏာမ်ားပါ ျဖစ္လာပါက နားလည္တတ္က်ြမ္းေသာဆရာဝန္နွင့္တိုင္ပင္ပါ။

Dr.ျပည့္ရွင္း

Unicode Version

ခန္ဓာကိုယ်ပေါ်မှာ အနီကွက်တွေထွက်ခဲ့ရင်

မိမိကိုယ်ပေါ်မှာအရေပြားအနီကွက်တွေ ထနေပါသလား?ဘာလို့ဖြစ်နေပါသလဲ?ဖြစ်ဖူးသူတိုင်း လန့်တတ်ပါတယ်။အနီကွက်ထရသောအကြောင်းရင်းများစွာရှိပါတယ်။ဥပမာ မီးလောင်ခြင်း။ဓာတ်မတည့်ခြင်း။ပိုးဝင်ခြင်းနှင့်အခြားရောဂါများ
အနီကွက်ထရသောအကြောင်းရင်းများသည် ဆေးကုသရန်လိုအပ်သည်အထိ ပြင်းထန်နိုင်ပါတယ်။

(1)နေလောင်ခြင်း

နေပူထဲတွင် ကိုယ်ခန္ဓာအရေပြားလုံခြုံစွာကာကွယ်မူမရှိဘဲ အချိန်ကြာမြင့်စွာ နေသောကြောင့် အရေပြားအနီကွက်များဖြစ်လာနိုင်ပါတယ်။နေရောင်ခြည် UVသည် အရေပြားကိုပျက်ဆီးစေပါတယ်။ပျက်ဆီးသောအရေပြားဆီသို့ သွေးပိုရောက်သောကြောင့် အနီကွက်ထကာ အရေပြားအနီရောင်ပြောင်းသွားခြင်းဖြစ်ပါတယ်။နေလောင်ခြင်းကြောင့် အရေပြားယားယံခြင်း။နာကျင်ခြင်း။အရည်ကြည်ဖုထခြင်းနှင့်အရေပြားကကျခြင်းများလည်းဖြစ်စေနိုင်ပါတယ်။
နေလောင်ခြင်းအပြင် အခြားသောလောင်ကျွမ်းမူကြောင့်အရေပြားအနီကွက်ဖြစ်နိုင်ပါတယ်။
-အပူလောင်ခြင်း
-ဓာတုဗေဒပစ္စည်းလောင်ခြင်း
-လျှပ်စစ်ဓာတ်စီးဝင်လောင်ခြင်း
-ဓာတ်ရောင်ခြည်လောင်ခြင်းစသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။ထိုကဲ့သို့လောင်ကျွမ်းမူသည်လောင်ကျွမ်းခံရသောအရေပြားအနေအထားပေါ်မူတည်ရျ် စိုးရိမ်မူအခြေအနေသတ်မှတိထားပါတယ်။

(2)နှင်းခူရောဂါ
နှင်းခူရောဂါကြောင့် အရေပြားရောင်ရမ်းယားနာကာအနီကွက်မျာဖြစ်စေနိုင်ပါတယ်။အရည်ကြည်ဖုထခြင်း။အရေပြားယားယံအကွက်ထခြင်း။ခြောက်သွေ့ကြမ်းတမ်းသောအရေပြားစသည်တို့ဖြစ်စေနိုင်ပါတယ်။

(3)မွှေးညင်းပေါက်ပိတ်ခြင်း
အရေပြားပေါ်ရှိ မွှေးညင်းပေါက်များသည် မိူနှင့်ဘက်တီးရီးယားပိုးများဝင်ရောက်ရောင်ရမ်းခြင်းကြောင့်လည်း အရေပြားအနီကွက်ထခြင်းဖြစ်စေနိုင်ပါတယ်။မွှေးညင်းပေါက်အနီးတွင် နာကျင်ကိုက်ခဲသောပြည်တည်နာအဖုကလေးများဖြစ်လာစေပါတယ်။

(4)Rosacea
Rosaceaလို့ခေါ်တဲ့ မျက်နှာပေါ်တွင်အဖြစ်များသောအရေပြားနီမြန်းသောအခြေအနေလည်းဖြစ်နိုင်ပါတယ်။ပထမအစတွငိ ပူနီသောအခြေအနေမှ အမြဲတမ်းအနီရောင်ပြောင်းလဲသွားပါတယ်။

(5)Psoriasis
အရေပြားဆဲလ်အသစ်များ လွန်ကဲစွာဖြစ်လာသောအခြေအနေများကြောင့် အရေပြားနီရဲအကွက်များထလာတတ်ပါတယ်။

(6)ဆင်ရေယုန်
ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်တဲ့ရေယုန်ကူးစက်ခံရပါကအရေပြားနီရဲအရည်ကြည်ဖုထလာတတ်ပါတယ်။ပုံမှန်အားဖြင့် ကျောကုံးအဖြစ်များပြီ ပူလောင်ထုံကျင်မူဝေဒနာခံစားရနိုင်ပါတယ်။

(7)lupus
လိပ်ပြာပုံနီရဲရောင်ရမ်းသောအရေပြားအကွက်သည် ကိုယ်တွင်းကိုယ်ခံအားတုံပြန်မူမှားယွင်းသောကြောင့် မျက်နှာ။လည်ပင်း။ဦးခေါင်းတွင်ဖြစ်လာတတ်ပါတယ်။

(8)ဆေးမတည့်မူ
ပင်နီဆလင်။ပိုးသတ်ဆေး။ကင်ဆာဆေးစသည့်တို့နှင့် ဓာတ်မတည့်လျှင်လည်းအရေပြားအကွက်များဖြစ်လာနိုင်ပါတယ်။ယားယံရောင်ရမ်းခြင်းအပြင် သွေးပေါင်ဆက်တိုက်ကျ။အသက်ရူရခက်ခြင်း။ သတိလစ်ပြီး အသက်အန္တရာယ်ထိခိုက်သည်အထိဖြစ်လာနိုင်ပါတယ်။အရေးပေါ်အသက်ကယ်မူပြုလုပ်ရန်လိုအပ်ပါတယ်။

(9)အရေပြားပိုးဝင်ခြင်း
အရေပြားအလွှာများတွင်ဘက်တီးရီးယားပိုးဝင်ပြီးအရေပြားနီရဲရောင်ရမ်းကာ အနာဖြစ်သည်အထိဆိုးရွားနိုင်ပါတယ်။ဖျားခြငိး။ချမ်းတုန်ခြင်း။မူးမောအားနည်းခြင်းစသည်တို့ပါဖြစ်စေပါတယ်။သေချာမကုသပါကပိုးဆိပ်ပြန့်တက်ပါတယ်။
ဘယ်အခါဆရာဝန်နှင့်ပြသသင့်ပါသလဲ?
အရေပြားအနီကွက်ထတိုင်း ဆေးခန်းပြစရာတော့မလိုပါ။နေလောင်မူကြောင့်ဖြစ်ခဲ့လျှင် လိုရှင်းတစ်ခုခုလိမ်းပါ။အနီကွက်သည် နာကျင်ခြင်း။ပြည်တည်ခြင်း။ပိုမိုကြီးထွားခြင်းနှင့်အခြားသောလက္ခဏာများပါ ဖြစ်လာပါက နားလည်တတ်ကျွမ်းသောဆရာဝန်နှင့်တိုင်ပင်ပါ။

Dr.ပြည့်ရှင်း