လည်ချောင်းနာလည်း သောက်လို့ရတဲ့အအေး

လည္ေခ်ာင္းနာလည္း ေသာက္လိုု႕ရတဲ့အေအး

ေဆာင္းရာသီဝင္ေတာ့မွာမိုု႕  အေအးမိတုုပ္ေကြးေရာဂါေတြကလည္းပ်ံ႕နွံ႕ ဖိုု႕ တာစူေနတဲ့အခ်ိန္ ေရာက္လာပါျပီ

အေအးမိတာပဲျဖစ္ျဖစ္ တုုပ္ေကြးပဲျဖစ္ျဖစ္ အဆိုုးဆံုုးခံစားရတဲ့ေဝဒနာကေတာ့ လည္ေခ်ာင္းနာတာပါပဲ။

လည္ေခ်ာင္းနာသက္သာေအာင္ အရည္တစ္ခုုခုုေသာက္သံုုးေပးနိုုင္ပါတယ္။အရည္တမ်ိဳးမ်ိဳးေသာက္သံုုးတဲ့အခါ တံေတြးထြက္မႈမ်ားျပားေစျပီး လည္ေခ်ာင္းကိုု ေခ်ာေမြ႕စိုုစြတ္ေစတာေၾကာင့္  လည္ေခ်ာင္းအနာကိုု သိသိသာသာ သက္သာေစပါတယ္။ဒီေနရာမွာ အမ်ားစုုကအပူေသာက္ၾကျပီးေတာ့ တစ္ခ်ိဳ႕ က အေအးေသာက္ရင္လည္းသက္သာတယ္ေျပာၾကပါတယ္။

ဒီေတာ့ဘယ္ဟာပိုုေကာင္းသလဲ ၾကည့္ၾကရေအာင္……..

ဘာလိုု႕ လည္ေခ်ာင္းနာရသလဲ

အေအးမိတုုပ္ေကြးကိုျဖစ္ေစတဲ့ဘတ္တီးရီးယားေတြဗိုုင္းရပ္စ္ေတြဟာခႏၶာကိုုယ္ထဲကအေစာင့္ဆဲလ္ေတြနဲ႔ေတြ႕ၾကပါတယ္။အဲ့ဒီအခါမွာအေစာင့္ဆဲလ္ေတြကေနပိုုးမႊားေတြကိုုတိုုက္ခိုုက္ဖိုု႕ေမာ္လီက်ဴးအခ်ိုု႕ကိုုထုုတ္လႊတ္ပါတယ္။ေမာ္လီက်ဴးေတြထဲက Bradykinin နဲ႔ ProstrglandinE2 တို႕ဟာလည္ေခ်ာင္းထဲမွာရွိတဲ့အာရံုခံအေၾကာေလးေတြကို လံွဳ႕ေဆာ္ေပးတဲ့အခါ နာက်င္မွုကို ခံစားရေစပါတယ္။

ေအးတဲ့အရည္ေတြေသာက္ရင္ သက္သာတာ တကယ္လား

UKနိုင္ငံက Prof တစ္ေယာက္ျဖစ္တဲ့ Ron Eccles ေျပာတာကေတာ့ေရခဲေခ်ာင္းေတြေရခဲမုန္႕ေတြနဲ႕  gas ပါဝင္ႏႈန္းနည္းတဲ့အေအးတခ်ိဳ႕ဟာ လည္ေခ်ာင္းနာေ၀ဒနာကိုသက္သာေစတယ္လို႕ေျပာပါတယ္။ ေရခဲေတြဟာ ေရာင္ေနတဲ့တစ္ရွဴးေတြကို ေအးသြားေစနိုင္တဲ့အစြမ္းသတၱိရွိျပီး နာက်င္မွုကိုအာရံုခံနိုင္တဲ့ နာဗ္ေၾကာေတြကို ဟန္႕တားထားနိုင္တဲ့အစြမ္းသတၱိရိွလိုု႔ပဲ ျဖစ္ပါတယ္။အေအးေတြေသာက္လိုု႔ ပိုုျပီးေရာင္တယ္ဆိုုတာဟာ အယူအဆအမွားတစ္ခုုပါ။ေခ်ာင္းမဆိုုးေစမဲ့ အေအးမ်ိဳးေတြဆိုုရင္ေတာ့ ပိုုသင့္ေတာ္ပါတယ္။

အေအးနဲ႔အပူ ဘာပုိေကာင္းလဲ

ေကာ္ဖီပူပူ၊ေရေႏြးပူပူ၊စြပ္ျပဳတ္ပူပူေတြဟာ တံေတြးထြက္ရွိမွုကိုပိုမိုမ်ားျပားေစျပီး လည္ေခ်ာင္းနာသက္သာေစတယ္ဆိုတဲ့ ခံစားခ်က္ကိုရေစပါတယ္။ နာမည္ၾကီး Prof Eccles ရဲ႕စမ္းသပ္မွုမွာ အပူေသာက္တာ အေအးေသာက္တာေတြဟာ လည္ေခ်ာင္းနာျခင္းကို လ်င္ျမန္စြာ သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္လိုု႔ ေျပာပါတယ္။ ဒါေၾကာင့္ လည္ေခ်ာင္းနာျခင္းအတြက္ အေအးေသာက္တာ၊ေရခဲေခ်ာင္းစားတာေတြဟာလည္း သက္သာေစသလို ဟင္းရည္ပူပူေသာက္ေပးတာကေတာ့ အေကာင္းဆံုးပဲ ျဖစ္ပါတယ္လို႕ အသိေပးလိုက္ရပါတယ္။

Dr.KG

Unicode Version

လည်ချောင်းနာလည်း သောက်လို့ရတဲ့အအေး

ဆောင်းရာသီဝင်တော့မှာမို့  အအေးမိတုပ်ကွေးရောဂါတွေကလည်းပျံ့နှံ့ ဖို့ တာစူနေတဲ့အချိန် ရောက်လာပါပြီ

အအေးမိတာပဲဖြစ်ဖြစ် တုပ်ကွေးပဲဖြစ်ဖြစ် အဆိုးဆုံးခံစားရတဲ့ဝေဒနာကတော့ လည်ချောင်းနာတာပါပဲ။

လည်ချောင်းနာသက်သာအောင် အရည်တစ်ခုခုသောက်သုံးပေးနိုင်ပါတယ်။အရည်တမျိုးမျိုးသောက်သုံးတဲ့အခါ တံတွေးထွက်မှုများပြားစေပြီး လည်ချောင်းကို ချောမွေ့စိုစွတ်စေတာကြောင့်  လည်ချောင်းအနာကို သိသိသာသာ သက်သာစေပါတယ်။ဒီနေရာမှာ အများစုကအပူသောက်ကြပြီးတော့ တစ်ချို့ က အအေးသောက်ရင်လည်းသက်သာတယ်ပြောကြပါတယ်။

ဒီတော့ဘယ်ဟာပိုကောင်းသလဲ ကြည့်ကြရအောင်……..

ဘာလို့ လည်ချောင်းနာရသလဲ

အအေးမိတုပ်ကွေးကိုဖြစ်စေတဲ့ဘတ်တီးရီးယားတွေဗိုင်းရပ်စ်တွေဟာခန္ဓာကိုယ်ထဲကအစောင့်ဆဲလ်တွေနဲ့တွေ့ကြပါတယ်။အဲ့ဒီအခါမှာအစောင့်ဆဲလ်တွေကနေပိုးမွှားတွေကိုတိုက်ခိုက်ဖို့မော်လီကျူးအချို့ကိုထုတ်လွှတ်ပါတယ်။မော်လီကျူးတွေထဲက Bradykinin နဲ့ ProstrglandinE2 တို့ဟာလည်ချောင်းထဲမှာရှိတဲ့အာရုံခံအကြောလေးတွေကို လံှု့ဆော်ပေးတဲ့အခါ နာကျင်မှုကို ခံစားရစေပါတယ်။

အေးတဲ့အရည်တွေသောက်ရင် သက်သာတာ တကယ်လား

UKနိုင်ငံက Prof တစ်ယောက်ဖြစ်တဲ့ Ron Eccles ပြောတာကတော့ရေခဲချောင်းတွေရေခဲမုန့်တွေနဲ့  gas ပါဝင်နှုန်းနည်းတဲ့အအေးတချို့ဟာ လည်ချောင်းနာဝေဒနာကိုသက်သာစေတယ်လို့ပြောပါတယ်။ ရေခဲတွေဟာ ရောင်နေတဲ့တစ်ရှူးတွေကို အေးသွားစေနိုင်တဲ့အစွမ်းသတ္တိရှိပြီး နာကျင်မှုကိုအာရုံခံနိုင်တဲ့ နာဗ်ကြောတွေကို ဟန့်တားထားနိုင်တဲ့အစွမ်းသတ္တိရှိလို့ပဲ ဖြစ်ပါတယ်။အအေးတွေသောက်လို့ ပိုပြီးရောင်တယ်ဆိုတာဟာ အယူအဆအမှားတစ်ခုပါ။ချောင်းမဆိုးစေမဲ့ အအေးမျိုးတွေဆိုရင်တော့ ပိုသင့်တော်ပါတယ်။

အအေးနဲ့အပူ ဘာပိုကောင်းလဲ

ကော်ဖီပူပူ၊ရေနွေးပူပူ၊စွပ်ပြုတ်ပူပူတွေဟာ တံတွေးထွက်ရှိမှုကိုပိုမိုများပြားစေပြီး လည်ချောင်းနာသက်သာစေတယ်ဆိုတဲ့ ခံစားချက်ကိုရစေပါတယ်။ နာမည်ကြီး Prof Eccles ရဲ့စမ်းသပ်မှုမှာ အပူသောက်တာ အအေးသောက်တာတွေဟာ လည်ချောင်းနာခြင်းကို လျင်မြန်စွာ သက်သာပျောက်ကင်းစေနိုင်ပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် လည်ချောင်းနာခြင်းအတွက် အအေးသောက်တာ၊ရေခဲချောင်းစားတာတွေဟာလည်း သက်သာစေသလို ဟင်းရည်ပူပူသောက်ပေးတာကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်လို့ အသိပေးလိုက်ရပါတယ်။

Dr.KG

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image