ဇက်ကြောအမြဲတမ်းတက်နေရင်

ဇက္ေၾကာအျမဲတမ္းတက္ေနရင္

အခုလို ေဆာင္းရာသီမွာ အိပ္ရာထခ်ိန္တြင္ အခံရခက္ေသာေဝဒနာအျဖစ္ လူတိုင္းခံစားဖူးေသာ ျကြက္သားေတာင့္တင္းျခင္းသည္ အခံရခက္ေသာေဒနာတစ္ရပ္ျဖစ္ပါတယ္။နာက်င္ေတာင့္တင္းျခင္းသည္ မိနစ္အနည္းငယ္ပဲျကာတတ္သလို နာရီ သို့မဟုတ္ ရက္အတန္ျကာသည္အထိလည္း မေပ်ာက္တတ္ပါ။ကိုယ္ခႏၶာအနွံေတာင့္တင္းနိုင္ေသာ္လည္း အျဖစ္မ်ားဆံုးက ဇက္ေၾကာေတာင့္တင္းျခင္းျဖစ္ပါတယ္။ ဇက္ေၾကာေတာင့္တင္းျခင္းသည္ လွည့္မရျပဳမရ ေခါင္းငံုလို႔မရ စသည္ျဖင့္ လကၡဏာရွိပါတယ္။

(1)ျဖစ္ေစေသာအေျကာင္းအရာမ်ားမွာ
ဇက္ေၾကာေတာင့္ျခင္းျဖစ္ေစေသာအေျကာင္းအရာမ်ားစြာရွိေသာ္လည္းအျဖစ္မ်ားဆံုးအေျကာင္းအရာမ်ားမွာ
-အလြန္ေလးလံေသာ အိတ္မ်ား။ပစၥည္းမ်ားကို ပခံုးေပါ္တင္ထမ္းျခင္း
-ေလးလံေသာအရာမ်ားကို လက္၂ဖက္သို့မဟုတ္ ၁ဖက္တညိးျဖငိ့ဆြဲျခင္း
-အိပ္ေနစဥ္ လည္ပင္းေခါင္း ေနရာမွန္မရွိျခင္း
-က်ီးေပါင္းတက္ျခင္း
-စိတ္ဖိဆီးမူမ်ားျခင္း
-ေခါင္းကိုက္ျခင္း
-ေလ့က်င့္ခန္းလုပ္ရာတြင္ဒဏ္ျဖစ္ျခင္း
-ေရႏွင့္ဓာတိဆားဆံုးရႈံးျခင္းစသည့္တို့ျဖစ္ပါတယ္။
အျဖစ္နည္းေသာအေျကာင္းရင္းမ်ားဆိုေသာ္လည္းျဖစ္လာလ်ွင္အေရးျကီးေသာအေျကာင္းရင္းမ်ားမွာ
-ဦးေနွာက္အေျမွးေရာင္ျခင္း
-ခါးအဆစ္မ်ားဆက္ေနျခင္း
-လည္ပင္းျကြက္သားမ်ားလိမိေနျခင္း
-ေမရုိးနွင့္ခံတြင္းအဆစ္ေရာဂါျဖစ္ျခင္းသသည္တို့ျဖစ္ပါတယ္။

(2)ကုသနည္းမ်ား
ဇက္ေတာင့္ျခင္းသည္ အမ်ားအားျဖင့္ေဆးဝါးနဲ႔ကုသရန္မလိုပါ။ေလ့က်င့္ခန္းလုပ္ျခင္းနွင့္အိမ္တြင္းနည္းလမ္းမ်ားနွင့္အဆင္ေျပပါတယ္။
-ေလ့က်င့္ခန္းလုပ္ျခင္း
လည္ပင္းျကြက္သားမ်ား ေျပေလ်ာ့ေစရန္ လည္ပင္းျကြက္သားေလ့က်င့္ခန္းလုပ္ျခင္းသည္ သက္သာေစနိုင္ပါတယ္။
ေရွ႔တည့္တည့္ရပ္ကာ လက္နဲ႔ေခါင္းကိုကိုင္ရ်္ ေဘးဘက္သို့ေခါင္းေစာင္းတာလုပ္ပါ။ဘယ္ညာလုပ္လ်ွင္ျကြက္သားေျပေလ်ာ့လာပါလိမ့္မယ္။
ေနာက္ေျကာျကြက္သားမ်ားအတြက္ လက္ေနာက္ျပန္အေနအထားနဲ႔ဆြဲဆနါျကည့္ပါ။
ပက္လက္အိပ္ကာဒူးေကြးထားရ်္ ေမးေစ့ရင္ဘတ္ထိေအာင္ေခါင္းကိုေကြးခ်ျကည့္ပါ။
-အိမ္သံုးေဆးဝါးမ်ား
ဇက္ေၾကာတက္သက္သာေစရန္ အကိုက္အခဲေပ်ာက္ဆးအခ်ဳိ့ကိုလည္းေသာက္ရ် ္ရပါတယ္။
-asprin
-ibuprofen
-acetamiophen
ေဆးဝ့ါးအကူအညီျဖင့္ ဇက္ေၾကာမ်ားေျပေလ်ာ့ေစပါတယ္။သို့ေသာ္အကိုက္အခဲေပ်ာက္ေဆးသည္အစာအိမ္ေရာဂါရွိသူမ်ားမေသာက္သင့္ပါ။
-ေရခဲကပ္ပါ
ေရခဲကပ္ျခင္းသည္ နာက်င္ကိုက္ခဲေရာင္ရမ္းမူကိုသက္သာေစပါတယ္အလ်င္အျမနိသက္သာေစပါတယ္။ေရခဲသည္ အာရုံေျကာကိုထံုေစျပီးျကြက္သားေရာင္ရမ္းမူကိုသကိသာေစပါတယ္။ေရခဲကိုျကြက္သားေပါ္တန္းမတင္ဘဲ အဝတ္တခုခုပတ္တင္ေပးပါ။၁၀မိနစ္ခန့္တင္လ်ွင္သိသာလာပါလိမ့္မယ္။

-ဇက္ေၾကာနွိပ္နယ္ျခင္း
ႏွိပ္နယ္ေပးျခင္းသည္ အေျကာတက္ျခင္းကို အျမန္သက္သာေစေသာနည္းလမ္းတစ္ရပ္ျဖစ္ပါတယ္။ေသခ်ာနည္းစနစ္မွန္စြာနွိပ္လ်ွင္ ျကြက္သားတင္းေနမူကို ေျပေလ်ာ့လာေစပါတယ္။

(3)အေရးျကီးေသာအခ်က္မ်ား
ဇက္ေၾကာေတာင့္တင္းျခင္းအျပင္အျခားေသာ လကၡဏာမ်ားရွိပါက အျမန္ဆံုးကုသမူခံယူပါ။
-ရုတ္တရက္အဖ်ားျကီးျခင္း
-ေခါင္းကိုက္ျခင္း
-လည္ပင္းေတာင့္တင္းျခင္း
-လည္ပင္းဇက္ေနရာ အနီကြက္ျဖစ္ေနျခင္းစသည္တို့ရွိမရွိ ေစာင့္ျကည့္ပါ။

Dr.ျပည့္ရွင္း

Unicode Version

ဇက်ကြောအမြဲတမ်းတက်နေရင်

အခုလို ဆောင်းရာသီမှာ အိပ်ရာထချိန်တွင် အခံရခက်သောဝေဒနာအဖြစ် လူတိုင်းခံစားဖူးသော ကြွက်သားတောင့်တင်းခြင်းသည် အခံရခက်သောဒေနာတစ်ရပ်ဖြစ်ပါတယ်။နာကျင်တောင့်တင်းခြင်းသည် မိနစ်အနည်းငယ်ပဲကြာတတ်သလို နာရီ သို့မဟုတ် ရက်အတန်ကြာသည်အထိလည်း မပျောက်တတ်ပါ။ကိုယ်ခန္ဓာအနှံတောင့်တင်းနိုင်သော်လည်း အဖြစ်များဆုံးက ဇက်ကြောတောင့်တင်းခြင်းဖြစ်ပါတယ်။ ဇက်ကြောတောင့်တင်းခြင်းသည် လှည့်မရပြုမရ ခေါင်းငုံလို့မရ စသည်ဖြင့် လက္ခဏာရှိပါတယ်။

(1)ဖြစ်စေသောအကြောင်းအရာများမှာ
ဇက်ကြောတောင့်ခြင်းဖြစ်စေသောအကြောင်းအရာများစွာရှိသော်လည်းအဖြစ်များဆုံးအကြောင်းအရာများမှာ
-အလွန်လေးလံသော အိတ်များ။ပစ္စည်းများကို ပခုံးပေါ်တင်ထမ်းခြင်း
-လေးလံသောအရာများကို လက်၂ဖက်သို့မဟုတ် ၁ဖက်တညိးဖြငိ့ဆွဲခြင်း
-အိပ်နေစဉ် လည်ပင်းခေါင်း နေရာမှန်မရှိခြင်း
-ကျီးပေါင်းတက်ခြင်း
-စိတ်ဖိဆီးမူများခြင်း
-ခေါင်းကိုက်ခြင်း
-လေ့ကျင့်ခန်းလုပ်ရာတွင်ဒဏ်ဖြစ်ခြင်း
-ရေနှင့်ဓာတိဆားဆုံးရှုံးခြင်းစသည့်တို့ဖြစ်ပါတယ်။
အဖြစ်နည်းသောအကြောင်းရင်းများဆိုသော်လည်းဖြစ်လာလျှင်အရေးကြီးသောအကြောင်းရင်းများမှာ
-ဦးနှောက်အမြှေးရောင်ခြင်း
-ခါးအဆစ်များဆက်နေခြင်း
-လည်ပင်းကြွက်သားများလိမိနေခြင်း
-မေရိုးနှင့်ခံတွင်းအဆစ်ရောဂါဖြစ်ခြင်းသသည်တို့ဖြစ်ပါတယ်။

(2)ကုသနည်းများ
ဇက်တောင့်ခြင်းသည် အများအားဖြင့်ဆေးဝါးနဲ့ကုသရန်မလိုပါ။လေ့ကျင့်ခန်းလုပ်ခြင်းနှင့်အိမ်တွင်းနည်းလမ်းများနှင့်အဆင်ပြေပါတယ်။
-လေ့ကျင့်ခန်းလုပ်ခြင်း
လည်ပင်းကြွက်သားများ ပြေလျော့စေရန် လည်ပင်းကြွက်သားလေ့ကျင့်ခန်းလုပ်ခြင်းသည် သက်သာစေနိုင်ပါတယ်။
ရှေ့တည့်တည့်ရပ်ကာ လက်နဲ့ခေါင်းကိုကိုင်ရျ် ဘေးဘက်သို့ခေါင်းစောင်းတာလုပ်ပါ။ဘယ်ညာလုပ်လျှင်ကြွက်သားပြေလျော့လာပါလိမ့်မယ်။
နောက်ကြောကြွက်သားများအတွက် လက်နောက်ပြန်အနေအထားနဲ့ဆွဲဆနါကြည့်ပါ။
ပက်လက်အိပ်ကာဒူးကွေးထားရျ် မေးစေ့ရင်ဘတ်ထိအောင်ခေါင်းကိုကွေးချကြည့်ပါ။
-အိမ်သုံးဆေးဝါးများ
ဇက်ကြောတက်သက်သာစေရန် အကိုက်အခဲပျောက်ဆးအချို့ကိုလည်းသောက်ရျ ်ရပါတယ်။
-asprin
-ibuprofen
-acetamiophen
ဆေးဝ့ါးအကူအညီဖြင့် ဇက်ကြောများပြေလျော့စေပါတယ်။သို့သော်အကိုက်အခဲပျောက်ဆေးသည်အစာအိမ်ရောဂါရှိသူများမသောက်သင့်ပါ။
-ရေခဲကပ်ပါ
ရေခဲကပ်ခြင်းသည် နာကျင်ကိုက်ခဲရောင်ရမ်းမူကိုသက်သာစေပါတယ်အလျင်အမြနိသက်သာစေပါတယ်။ရေခဲသည် အာရုံကြောကိုထုံစေပြီးကြွက်သားရောင်ရမ်းမူကိုသကိသာစေပါတယ်။ရေခဲကိုကြွက်သားပေါ်တန်းမတင်ဘဲ အဝတ်တခုခုပတ်တင်ပေးပါ။၁၀မိနစ်ခန့်တင်လျှင်သိသာလာပါလိမ့်မယ်။

-ဇက်ကြောနှိပ်နယ်ခြင်း
နှိပ်နယ်ပေးခြင်းသည် အကြောတက်ခြင်းကို အမြန်သက်သာစေသောနည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။သေချာနည်းစနစ်မှန်စွာနှိပ်လျှင် ကြွက်သားတင်းနေမူကို ပြေလျော့လာစေပါတယ်။

(3)အရေးကြီးသောအချက်များ
ဇက်ကြောတောင့်တင်းခြင်းအပြင်အခြားသော လက္ခဏာများရှိပါက အမြန်ဆုံးကုသမူခံယူပါ။
-ရုတ်တရက်အဖျားကြီးခြင်း
-ခေါင်းကိုက်ခြင်း
-လည်ပင်းတောင့်တင်းခြင်း
-လည်ပင်းဇက်နေရာ အနီကွက်ဖြစ်နေခြင်းစသည်တို့ရှိမရှိ စောင့်ကြည့်ပါ။

Dr.ပြည့်ရှင်း