လုံးဝမပေါ့ဆသင့်တဲ့ သွေးအားနည်းခြင်းပြဿနာ

လံုုးဝမေပါ့ဆသင့္တဲ့ ေသြးအားနည္းျခင္းျပႆနာ

“ေမာေနတယ္ ၊ ႏံုးေနတယ္ ဆိုျပီး ေဆးခန္းသြားျပတာ ဆရာဝန္က ေသြးအားနည္းေနတယ္လို႔ ေျပာလိုက္တယ္ ျပီးေတာ့ ေဆးေပးလိုက္တယ္”  “ ဟုတ္လား ။ ငါလည္း အဲလိုပဲ ေမာေမာေနတယ္ ၊ ငါလည္း ေသြးအားနည္းေနတယ္ထင္တယ္္ ဘာေဆးေပးလိုက္လဲ ငါလည္း ေသာက္ၾကည့္မယ္ေလ ”

ရပ္ကြက္ထဲမွာ အဲလို ေျပာတာေတြကို ၾကားဖူးၾကပါလိမ့္မယ္ ။ တစ္ေယာက္ နဲ႔ တစ္ေယာက္ ခံစားေနရတာေတြ တူေနတဲ့ အခါ ေဆးခန္းမွာ ဆရာဝန္ နဲ႔ သြားမျပေတာ့ဘဲ အလြယ္တကူ ေဆးဝယ္ေသာက္လိုက္တာမ်ိဳးေတြ ရွိတတ္ပါတယ္။

ဒီလိုနဲ႔ တစ္ဆင့္စကား တစ္ဆင့္ၾကားျပီး ကာလေဒသ ေရြ႔ေလ်ာလာတဲ့အခါမွာ ေမာတယ္ ႏံုးတယ္ ဆိုတာ ေသြးအားနည္းလို႔ ဆိုျပီး ျဖစ္လာပါတယ္။

ကၽြန္မ အဲဲလို ရွင္းျပလို႔ “ ဆရာမ ရယ္ အဲဒါ ဆုိ ေသြးအားနည္းရင္ ဒီလုိေတြ ခံစားရတာ မဟုတ္ဘူးလား” လို႔ေမးရင္ “ ဟုတ္တယ္”  လို႔ပဲ ေျဖရပါမယ္။ ဒီလို ေျဖတဲ့ အခါ ဒါဆို ဘာလို႔ အျမင္မွားလို႔ ေျပာရတာလဲ ဆိုျပီး ေမးစရာရွိလာပါလိမ့္မယ္။

 

ဒီလို ေမးခြန္းေတြေၾကာင့္ ဒီေန႔ေသြးအားနည္းတယ္ ဆိုတဲ့ အေၾကာင္းကို ရွင္းျပျဖစ္တာပဲ ျဖစ္ပါတယ္။

ေမာတယ္ ၊ ႏုံးတယ္ ဆိုတဲ့ လကၡဏာဟာ ေဆးပညာ အရ ေျပာရရင္ အေတာ္က်ယ္ျပန့္ပါတယ္။ ဒီလို လကၡဏာမ်ိဳးကို ျဖစ္ေစတဲ့ အေၾကာင္းေတြ ေရာဂါေတြက အမ်ားၾကီး ျဖစ္ပါတယ္။ တစ္ခဏ အတြင္း ေပ်ာက္ႏိုင္တဲ့ ေရာဂါေတြ ျဖစ္ႏိုင္သလို ႏွစ္ေပါင္းမ်ားစြာ ေရရွည္ကုသရမဲ့ ေရာဂါတစ္မ်ိဳးမ်ိဳး ေၾကာင့္လည္း ဒီလို လကၡဏာေတြ ျဖစ္လာတာ ျဖစ္ႏိုင္ပါတယ္။

ေသြးအားနည္းတဲ့ အခါမွာလည္း ဒီလို လကၡဏာ ေတြဟာ ျဖစ္ႏို္င္ပါတယ္။ ဒါေပမဲ့ ဒါေတြဟာ ေသြးအားနည္းတာေၾကာင့္ ျဖစ္တာလို႔ ေသခ်ာေပါက္ ေျပာဖို႔ ဆိုရင္ေတာ့ ဆရာဝန္ နဲ႔ စစ္ေဆးျပီး တိုင္ပင္စမ္းသပ္ စစ္ေဆးရမွာပဲ ျဖစ္ပါတယ္။

 

ေသြးအားနည္းတယ္ ဆိုတာ ဘာလဲ???

ကိုယ္တြင္းမွာ ရွိတဲ့ ဆဲလ္ေတြ ပံုမွန္ အလုပ္လုပ္ႏိုင္ဖို႔ အတြက္ ေအာက္စီဂ်င္ လိုအပ္ပါတယ္။ ဆဲလ္ေတြ ဆီကို ေသြးတြင္းကေန တစ္ဆင့္ ေအာက္စီဂ်င္ကို ပို႔ေဆာင္ေပးဖို႔ အတြက္ တာဝန္ယူေပးေနတာဟာ ခႏၶာကိုယ္မွာ ရွိတဲ့ ေသြးနီဥ ေတြပဲ ျဖစ္ပါတယ္။ ဒီ ေသြးနီဥ ေတြ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေလ်ာ့နည္းသြားတဲ့အခါ ဒါမွမဟုတ္ ပံုမွန္ ေအာက္စီဂ်င္သယ္တဲ့ တာဝန္ကို မထမ္းေဆာင္ႏိုင္တဲ့ အခါ ေသြးအားနည္းတာ ျဖစ္လာပါတယ္။

ေသြးအားနည္းတာ ဘာေတြေၾကာင့္ ျဖစ္သလဲ???

ေသြးနီဥ ဖြဲ႔စည္းဖို႔ အတြက္ လိုအပ္တဲ့ ဓာတ္ေတြ မလံုေလာက္တာ ( ဥပမာ-သံဓာတ္) ၊ ေသြးဆံုးရွဳံးတာ ၊ ေသြးနီဥေတြ အခ်ိန္မတိုင္ခင္ ျပိဳကြဲတာေတြေၾကာင့္ ေသြးအားနည္းတတ္ပါတယ္။

 

ေမာတာ ႏံုးတာေတြ အျပင္ ဘာေတြ ျဖစ္ႏိုင္သလဲ

သိသာတဲ့ လကၡဏာ တစ္ခုကေတာ့ ပံုမွန္ ရွိသင့္ ရွိထိုက္တဲ့ အသားအေရ ထက္ ပိုမို ေဖ်ာ့ေတာ့လာတာပဲ ျဖစ္ပါတယ္။

ေနာက္တစ္ခုက ဒီလို ေသြးအားနည္းျခင္းကို ျဖစ္ေစတဲ့ အရာေတြရဲ့ လကၡဏာေတြကို ေတြ႔ရတတ္ပါတယ္။ ေသြးအားနည္းတာဟာ သံဓာတ္ အားနည္းတာေၾကာင့္ ျဖစ္တာဆိုရင္ သံဓာတ္ ခ်ိဳ႔တဲ့ ျခင္းရဲ႔ လကၡဏာေတြ ျဖစ္တဲ့ ပါးစပ္ပ်က္တာ ၊ လက္သည္း ခ်ိဳင့္ဝင္တာ အစရွိတဲ့ လကၡဏာေတြကိုပါ ေတြ႔ရႏိုင္ပါတယ္။

ဗီတာမင္ ခ်ိဳ႔တဲ့ျခင္းေၾကာင့္လည္း ေသြးအားနည္းတာ ျဖစ္ခဲ့ရင္လည္း ဗီတာမင္ ခ်ိဳ႔တဲ့ တဲ့ လကၡဏာေတြကို ေတြ႔ႏို္င္ပါတယ္။

 

ေသြးအားနည္းတာဟာ အေရးၾကီးသလား ???

ေသြးအားနည္းတာ ခံစားရတယ္ ဆိုရင္ ဒီေသြးအားနည္းျခင္း ရဲ႔ အေၾကာင္းရင္းကို ရွာေဖြ ၾကည့္ဖို႔ အတြက္ လိုအပ္တဲ့ စစ္ေဆးမႈေတြ လိုပါတယ္။

အစားစားတာနည္းလို႔ မမွ်တလို႔ ဗီတာမင္ ၊ သတၱဳဓာတ္ေတြ ခ်ိဳ႔တဲ့ျပီး ျဖစ္တာမ်ိဳးဆိုရင္ေတာ့ လိုအပ္တဲ့ ဓာတ္ေတြကို ေဆးေပးလိုက္လို႔ရပါတယ္။

ဒါေပမဲ့ ေသြးအားနည္းတာဟာ သံေကာင္ေတြ ေၾကာင့္ ျဖစ္တာ ၊ အစာလမ္းေၾကာင္းမွာ အစာအိမ္ ကင္ဆာ ၊ အူမၾကီးကင္ဆာေတြေၾကာင့္ ျဖစ္တာလည္း ျဖစ္ႏို္င္ပါတယ္။

သံေကာင္ေတြေၾကာင့္ ျဖစ္တဲ့ အခါ သံခ်ေဆးေပးဖို႔ လိုအပ္ႏိုင္ပါတယ္။ အလားတူပဲ ကင္ဆာလို႔ သံသဃ ရွိတဲ့ အခါမွာလည္း ေသခ်ာစမ္းသပ္စစ္ေဆးဖို႔လိုပါတယ္။

ေသြးနီဥ ျပိဳကြဲတတ္တဲ့ ေရာဂါေတြထဲမွာလည္း အသက္အႏၱရာယ္ရွိႏိုင္တဲ့ ေရာဂါေတြ ပါတဲ့ အတြက္ ေသြးအားနည္းတဲ့ အခါ မေပါ့ဆဖို႔ေတာ့ လိုပါတယ္။

 

ဒီေန႔ ေျပာလိုတာကေတာ့ ေမာတယ္ ႏံုးတယ္ဆိုတိုင္း ေသြးအားနည္းတယ္ ဆိုတာ မဟုတ္ပါ ဆိုတာရယ္ ၊ အမွန္တကယ္ ေသြးအားနည္းတယ္ ဆိုရင္လည္း လူတစ္ေယာက္နဲ႔ တစ္ေယာက္ မတူညီတဲ့ အတြက္ အေၾကာင္းအမ်ိဳးမ်ိဳး ရွိႏိုင္တယ္ ဆိုတာေတြပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ အခ်ိန္မီ လိုအပ္တဲ့ ကုသမႈကို ခံယူပါလုိ႔ ေျပာလိုပါတယ္။

Dr.ေမႊး

Unicode Version

လုံးဝမပေါ့ဆသင့်တဲ့ သွေးအားနည်းခြင်းပြဿနာ

“မောနေတယ် ၊ နုံးနေတယ် ဆိုပြီး ဆေးခန်းသွားပြတာ ဆရာဝန်က သွေးအားနည်းနေတယ်လို့ ပြောလိုက်တယ် ပြီးတော့ ဆေးပေးလိုက်တယ်”  “ ဟုတ်လား ။ ငါလည်း အဲလိုပဲ မောမောနေတယ် ၊ ငါလည်း သွေးအားနည်းနေတယ်ထင်တယ် ဘာဆေးပေးလိုက်လဲ ငါလည်း သောက်ကြည့်မယ်လေ ”

ရပ်ကွက်ထဲမှာ အဲလို ပြောတာတွေကို ကြားဖူးကြပါလိမ့်မယ် ။ တစ်ယောက် နဲ့ တစ်ယောက် ခံစားနေရတာတွေ တူနေတဲ့ အခါ ဆေးခန်းမှာ ဆရာဝန် နဲ့ သွားမပြတော့ဘဲ အလွယ်တကူ ဆေးဝယ်သောက်လိုက်တာမျိုးတွေ ရှိတတ်ပါတယ်။

ဒီလိုနဲ့ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး ကာလဒေသ ရွေ့လျောလာတဲ့အခါမှာ မောတယ် နုံးတယ် ဆိုတာ သွေးအားနည်းလို့ ဆိုပြီး ဖြစ်လာပါတယ်။

ကျွန်မ အဲလို ရှင်းပြလို့ “ ဆရာမ ရယ် အဲဒါ ဆို သွေးအားနည်းရင် ဒီလိုတွေ ခံစားရတာ မဟုတ်ဘူးလား” လို့မေးရင် “ ဟုတ်တယ်”  လို့ပဲ ဖြေရပါမယ်။ ဒီလို ဖြေတဲ့ အခါ ဒါဆို ဘာလို့ အမြင်မှားလို့ ပြောရတာလဲ ဆိုပြီး မေးစရာရှိလာပါလိမ့်မယ်။

ဒီလို မေးခွန်းတွေကြောင့် ဒီနေ့သွေးအားနည်းတယ် ဆိုတဲ့ အကြောင်းကို ရှင်းပြဖြစ်တာပဲ ဖြစ်ပါတယ်။

မောတယ် ၊ နုံးတယ် ဆိုတဲ့ လက္ခဏာဟာ ဆေးပညာ အရ ပြောရရင် အတော်ကျယ်ပြန့်ပါတယ်။ ဒီလို လက္ခဏာမျိုးကို ဖြစ်စေတဲ့ အကြောင်းတွေ ရောဂါတွေက အများကြီး ဖြစ်ပါတယ်။ တစ်ခဏ အတွင်း ပျောက်နိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်သလို နှစ်ပေါင်းများစွာ ရေရှည်ကုသရမဲ့ ရောဂါတစ်မျိုးမျိုး ကြောင့်လည်း ဒီလို လက္ခဏာတွေ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။

သွေးအားနည်းတဲ့ အခါမှာလည်း ဒီလို လက္ခဏာ တွေဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ သွေးအားနည်းတာကြောင့် ဖြစ်တာလို့ သေချာပေါက် ပြောဖို့ ဆိုရင်တော့ ဆရာဝန် နဲ့ စစ်ဆေးပြီး တိုင်ပင်စမ်းသပ် စစ်ဆေးရမှာပဲ ဖြစ်ပါတယ်။

သွေးအားနည်းတယ် ဆိုတာ ဘာလဲ???

ကိုယ်တွင်းမှာ ရှိတဲ့ ဆဲလ်တွေ ပုံမှန် အလုပ်လုပ်နိုင်ဖို့ အတွက် အောက်စီဂျင် လိုအပ်ပါတယ်။ ဆဲလ်တွေ ဆီကို သွေးတွင်းကနေ တစ်ဆင့် အောက်စီဂျင်ကို ပို့ဆောင်ပေးဖို့ အတွက် တာဝန်ယူပေးနေတာဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးနီဥ တွေပဲ ဖြစ်ပါတယ်။ ဒီ သွေးနီဥ တွေ အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းသွားတဲ့အခါ ဒါမှမဟုတ် ပုံမှန် အောက်စီဂျင်သယ်တဲ့ တာဝန်ကို မထမ်းဆောင်နိုင်တဲ့ အခါ သွေးအားနည်းတာ ဖြစ်လာပါတယ်။

သွေးအားနည်းတာ ဘာတွေကြောင့် ဖြစ်သလဲ???

သွေးနီဥ ဖွဲ့စည်းဖို့ အတွက် လိုအပ်တဲ့ ဓာတ်တွေ မလုံလောက်တာ ( ဥပမာ-သံဓာတ်) ၊ သွေးဆုံးရှုံးတာ ၊ သွေးနီဥတွေ အချိန်မတိုင်ခင် ပြိုကွဲတာတွေကြောင့် သွေးအားနည်းတတ်ပါတယ်။

မောတာ နုံးတာတွေ အပြင် ဘာတွေ ဖြစ်နိုင်သလဲ

သိသာတဲ့ လက္ခဏာ တစ်ခုကတော့ ပုံမှန် ရှိသင့် ရှိထိုက်တဲ့ အသားအရေ ထက် ပိုမို ဖျော့တော့လာတာပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက ဒီလို သွေးအားနည်းခြင်းကို ဖြစ်စေတဲ့ အရာတွေရဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ သွေးအားနည်းတာဟာ သံဓာတ် အားနည်းတာကြောင့် ဖြစ်တာဆိုရင် သံဓာတ် ချို့တဲ့ ခြင်းရဲ့ လက္ခဏာတွေ ဖြစ်တဲ့ ပါးစပ်ပျက်တာ ၊ လက်သည်း ချိုင့်ဝင်တာ အစရှိတဲ့ လက္ခဏာတွေကိုပါ တွေ့ရနိုင်ပါတယ်။

ဗီတာမင် ချို့တဲ့ခြင်းကြောင့်လည်း သွေးအားနည်းတာ ဖြစ်ခဲ့ရင်လည်း ဗီတာမင် ချို့တဲ့ တဲ့ လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

သွေးအားနည်းတာဟာ အရေးကြီးသလား ???

သွေးအားနည်းတာ ခံစားရတယ် ဆိုရင် ဒီသွေးအားနည်းခြင်း ရဲ့ အကြောင်းရင်းကို ရှာဖွေ ကြည့်ဖို့ အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ လိုပါတယ်။

အစားစားတာနည်းလို့ မမျှတလို့ ဗီတာမင် ၊ သတ္တုဓာတ်တွေ ချို့တဲ့ပြီး ဖြစ်တာမျိုးဆိုရင်တော့ လိုအပ်တဲ့ ဓာတ်တွေကို ဆေးပေးလိုက်လို့ရပါတယ်။

ဒါပေမဲ့ သွေးအားနည်းတာဟာ သံကောင်တွေ ကြောင့် ဖြစ်တာ ၊ အစာလမ်းကြောင်းမှာ အစာအိမ် ကင်ဆာ ၊ အူမကြီးကင်ဆာတွေကြောင့် ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။

သံကောင်တွေကြောင့် ဖြစ်တဲ့ အခါ သံချဆေးပေးဖို့ လိုအပ်နိုင်ပါတယ်။ အလားတူပဲ ကင်ဆာလို့ သံသဃ ရှိတဲ့ အခါမှာလည်း သေချာစမ်းသပ်စစ်ဆေးဖို့လိုပါတယ်။

သွေးနီဥ ပြိုကွဲတတ်တဲ့ ရောဂါတွေထဲမှာလည်း အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတွေ ပါတဲ့ အတွက် သွေးအားနည်းတဲ့ အခါ မပေါ့ဆဖို့တော့ လိုပါတယ်။

ဒီနေ့ ပြောလိုတာကတော့ မောတယ် နုံးတယ်ဆိုတိုင်း သွေးအားနည်းတယ် ဆိုတာ မဟုတ်ပါ ဆိုတာရယ် ၊ အမှန်တကယ် သွေးအားနည်းတယ် ဆိုရင်လည်း လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အတွက် အကြောင်းအမျိုးမျိုး ရှိနိုင်တယ် ဆိုတာတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် အချိန်မီ လိုအပ်တဲ့ ကုသမှုကို ခံယူပါလို့ ပြောလိုပါတယ်။