စအိုယားရခြင်းအကြောင်းအရင်း(သို့မဟုတ်) ဘာလို့ ဖင်ယားတာလဲ

စအိုုယားရျခင္းအေၾကာင္းအရင္း (သိုု႕မဟုုတ္) ဘာလိုု႔ ဖင္ယားတာလဲ

စအိုယားယံျခင္းကို လူတိုင္းနီးပါးခံစားဖူးၾကမွာပါ။စအိုယားယံတဲ႔အခါ မကုတ္ဘဲေအာင္႔အီးေနဖို႔ မလြယ္ပါ။သို႔ေသာ္ လူၾကားသူၾကားထဲမွာက် ကုတ္ရလည္းမလြယ္တဲ႔အတြက္ အေတာ္ခံရခက္ပါတယ္။

စအိုယားယံျခင္းကို ေဆးပညာအေခၚအေနနဲ႔ေတာ႔ Pruritus ani လို႔ေခၚပါတယ္။

လူအမ်ားအေနနဲ႔ကေတာ႔ စအိုယားယံတာဟာ သန္ေကာင္ရွိလို႔လို႔ ထင္တတ္ၾကပါတယ္။

အမွန္တကယ္ေတာ႔ စအိုယားယံျခင္းကို ျဖစ္ေစတာဟာ သန္ေကာင္အျပင္ အျခားအခ်က္မ်ားစြာလည္းရွိပါတယ္။

အဲ႔ဒါေတြကေတာ႔ သိသေလာက္ေျပာရရင္ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၁။ဖင္ေဆးနည္းမမွန္ျခင္း

အိမ္သာတက္ျပီး ဖင္ေဆးတဲ႔အခါ ေျပာင္ေအာင္ေသခ်ာမေဆးပါက ဖင္ကိုေျခာက္ေအာင္ေသခ်ာမသုတ္ပါက မစင္အမႈန္အမႊားေတြက စအိုမွာကပ္က်န္ေနျပီး စအိုယားယံျခင္းကိုျဖစ္ေစနိုင္သလို

အရမ္းအသန္႔လြန္ျပီး ဖင္ေဆးတဲ႔အခါ တအားပြတ္တိုက္ေဆးတာ၊ဆပ္ျပာေမႊး၊ဆပ္ျပာေတြသံုးေဆးတာ၊ေရေႏြးသံုးေဆးတာ၊ဖင္ေျခာက္ေအာင္သုတ္တဲ႔အခါမွာလည္းတအားပြတ္သုတ္တာ ေတြဆိုရင္လည္း ဖင္ေပၚမွာရွိတဲ႔အဆီလႊာကိုပ်က္စီးေစျပီး စအိုယားယံျခင္းကိုျဖစ္ေစနိုင္ပါတယ္။

၂။အစားအေသာက္

ေကာ္ဖီ၊လက္ဖက္ရည္၊အားျဖည္႔အခ်ိဳရည္၊ဘီယာ၊ခ်ဥ္တဲ႔အသီးအနွံေတြ၊စပ္တဲ႔အစားအစာေတြ၊နို႔နဲ႔နို႔ထြက္ပစၥည္းေတြ စတဲ႔အစားအေသာက္ေတြကို အစားမ်ားပါက စအိုၾကြက္သားေတြကိုေလ်ာ႔ရဲေစနိုင္ပါတယ္။

အဲ႔အခါမွာ မစင္အနည္းငယ္ထြက္ျပီး စအိုနားတ၀ိုက္ယားယံျခင္းကိုျဖစ္ေစနိုင္ပါတယ္။

၃။အတြငး္ခံေဘာင္းဘီ

အတြင္းခံေဘာင္းဘီ၀တ္တဲ႔အခါ မိမိနဲ႔တအားၾကပ္ျပီး ေလ၀င္ေလထြက္မေကာင္းတဲ႔အမ်ိဳးအစား၀တ္ပါက ေလွာင္ပိတ္ျပီး ေခြ်းထြက္မ်ားလာတဲ႔အတြက္ စအိုနဲ႔စအိုနားတ၀ိုက္စိုစိစိျဖစ္လာကာ စအိုယားယံျခင္းခံစားရနုိင္ပါတယ္။

၄။၀မ္းေလွ်ာျခင္း၊၀မ္းခ်ဳပ္ျခင္း

၀မ္းခဏခဏသြားလို႔ ဖင္ ခဏခဏေဆးေၾကာရတဲ႔အခါ စအိုယားယံျခင္းျဖစ္နုိင္သလို ၀မ္းခ်ဳပ္တာၾကာတဲ႔အခါမွာလည္း စအိုယားယံျခင္းျဖစ္နိုင္ပါတယ္။

၅။ပိုးသတ္ေဆး(Antibiotics)ေတြအေသာက္မ်ားျခင္း

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ ပိုးသတ္ေဆး(Antibiotics)ေတြ မၾကာခဏေသာက္ရတာ၊ေရရွည္ေသာက္ရတာမ်ိဳးဆိုရင္ အူထဲက ေကာင္းတဲ႔အက်ိဳးျပဳတဲ႔ ဘက္တီးရီးယားပိုးေတြပါ နည္းလာျပီး စအိုယားယံျခင္းျဖစ္နိုင္ပါတယ္။

၆။ေရာဂါတခုခုရွိျခင္း

ဖင္မွာ ၀ဲေပါက္တာ၊မႈိိပိုးစြဲတာ၊ဂရင္ဂ်ီနာျဖစ္တာ၊ၾကြက္နို႔ေပါက္တာ မ်ိဳးေတြရွိရင္လည္း စအိုယားယံျခင္းျဖစ္နိုင္သလို လိပ္ေခါင္းျဖစ္တာ၊ဆိုရီးေရးစစ္(Psoriasis)ေခၚအေရျပားေရာဂါျဖစ္တာ၊ဆီးခ်ိဳေရာဂါျဖစ္တာ၊အသည္းေရာဂါျဖစ္တာ၊ေက်ာက္ကပ္ေရာဂါျဖစ္တာ၊သိုင္းရြက္ေဟာ္မုန္းမ်ားတာ ေတြဆိုရင္လည္း စအိုယားယံျခင္းျဖစ္နိုင္ပါတယ္။

ဒါေတြကေတာ႔သိသေလာက္ စအိုယားယံျခင္းျဖစ္နိုင္တဲ႔ အခ်က္ေတြပါ။

စအိုယားယံျခင္းျဖစ္နို္င္ေျခနည္းေအာင္ အသက္နွစ္နွစ္အရြယ္ကစျပီး ေလးလတၾကိမ္သန္ခ်ေဆးေသာက္ပါ။

အိမ္သာတက္ျပီး ဖင္ေဆးတဲ႔အခါ ေသခ်ာေျပာင္ေအာင္ေဆးပါ။သုတ္ပါ။သို႔ေသ္ာ အသန္႔လြန္ျပီး တအားပြတ္ေဆးတာ၊သုတ္တာ၊ဆပ္ျပာေမႊးေတြ၊ပိုးသတ္ေဆးရည္ေတြ၊ေရေႏြးေတြသံုးေဆးတာမ်ိဳးေတြေတာ႔ေရွာင္ရပါမယ္။

အတြင္းခံ၀တ္တဲ႔အခါမွာလည္း မိမိနဲ႔အေနေတာ္ျဖစ္ျပီး ခ်ည္သားနဲ႔လုပ္ထားတဲ႔အမ်ိဳးအစားကို၀တ္ပါ။

လတ္ဆတ္တဲ႔ဟင္းသီးဟင္းရြက္၊သစ္သီး၀လံေတြမ်ားမ်ားစားပါ။

စအိုယားယံျခင္းျဖစ္တဲ႔အခါမွာ အယားသက္သာေအာင္ Antihistamine အမ်ိဳးအစားေဆးေတြျဖစ္တဲ႔ ဘာမီတြန္၊စီထရီဇင္း(Burmeton၊cetirizine)စတာေတြကိုညဘက္ေသာက္နိုင္ပါတယ္။

Zinc oxide ပါတဲ႔ လိမ္းေဆးတမ်ိဳးမ်ိဳးကိုလည္းလိမ္းနိုင္ပါတယ္။

အဆံုးသတ္အေနနဲ႔အၾကံေပးခ်င္တာကေတာ႔ စအိုယားယံျခင္းကို တပတ္နဲ႔အထက္ခံစားေနရပါက ေဆးခန္းျပျပီး ဆရာ၀န္နဲ႔စမ္းသပ္စစ္ေဆးပါ လို႔ အၾကံေပးခ်င္ပါတယ္။

Dr 528

Unicode Version

စအိုယားရခြင်းအကြောင်းအရင်း(သို့မဟုတ်) ဘာလို့ ဖင်ယားတာလဲ

စအိုယားယံခြင်းကို လူတိုင်းနီးပါးခံစားဖူးကြမှာပါ။စအိုယားယံတဲ့အခါ မကုတ်ဘဲအောင့်အီးနေဖို့ မလွယ်ပါ။သို့သော် လူကြားသူကြားထဲမှာကျ ကုတ်ရလည်းမလွယ်တဲ့အတွက် အတော်ခံရခက်ပါတယ်။

စအိုယားယံခြင်းကို ဆေးပညာအခေါ်အနေနဲ့တော့ Pruritus ani လို့ခေါ်ပါတယ်။

လူအများအနေနဲ့ကတော့ စအိုယားယံတာဟာ သန်ကောင်ရှိလို့လို့ ထင်တတ်ကြပါတယ်။

အမှန်တကယ်တော့ စအိုယားယံခြင်းကို ဖြစ်စေတာဟာ သန်ကောင်အပြင် အခြားအချက်များစွာလည်းရှိပါတယ်။

အဲ့ဒါတွေကတော့ သိသလောက်ပြောရရင် အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ဖင်ဆေးနည်းမမှန်ခြင်း

အိမ်သာတက်ပြီး ဖင်ဆေးတဲ့အခါ ပြောင်အောင်သေချာမဆေးပါက ဖင်ကိုခြောက်အောင်သေချာမသုတ်ပါက မစင်အမှုန်အမွှားတွေက စအိုမှာကပ်ကျန်နေပြီး စအိုယားယံခြင်းကိုဖြစ်စေနိုင်သလို

အရမ်းအသန့်လွန်ပြီး ဖင်ဆေးတဲ့အခါ တအားပွတ်တိုက်ဆေးတာ၊ဆပ်ပြာမွှေး၊ဆပ်ပြာတွေသုံးဆေးတာ၊ရေနွေးသုံးဆေးတာ၊ဖင်ခြောက်အောင်သုတ်တဲ့အခါမှာလည်းတအားပွတ်သုတ်တာ တွေဆိုရင်လည်း ဖင်ပေါ်မှာရှိတဲ့အဆီလွှာကိုပျက်စီးစေပြီး စအိုယားယံခြင်းကိုဖြစ်စေနိုင်ပါတယ်။

၂။အစားအသောက်

ကော်ဖီ၊လက်ဖက်ရည်၊အားဖြည့်အချိုရည်၊ဘီယာ၊ချဉ်တဲ့အသီးအနှံတွေ၊စပ်တဲ့အစားအစာတွေ၊နို့နဲ့နို့ထွက်ပစ္စည်းတွေ စတဲ့အစားအသောက်တွေကို အစားများပါက စအိုကြွက်သားတွေကိုလျော့ရဲစေနိုင်ပါတယ်။

အဲ့အခါမှာ မစင်အနည်းငယ်ထွက်ပြီး စအိုနားတဝိုက်ယားယံခြင်းကိုဖြစ်စေနိုင်ပါတယ်။

၃။အတွင်းခံဘောင်းဘီ

အတွင်းခံဘောင်းဘီဝတ်တဲ့အခါ မိမိနဲ့တအားကြပ်ပြီး လေဝင်လေထွက်မကောင်းတဲ့အမျိုးအစားဝတ်ပါက လှောင်ပိတ်ပြီး ချွေးထွက်များလာတဲ့အတွက် စအိုနဲ့စအိုနားတဝိုက်စိုစိစိဖြစ်လာကာ စအိုယားယံခြင်းခံစားရနိုင်ပါတယ်။

၄။ဝမ်းလျှောခြင်း၊ဝမ်းချုပ်ခြင်း

ဝမ်းခဏခဏသွားလို့ ဖင် ခဏခဏဆေးကြောရတဲ့အခါ စအိုယားယံခြင်းဖြစ်နိုင်သလို ဝမ်းချုပ်တာကြာတဲ့အခါမှာလည်း စအိုယားယံခြင်းဖြစ်နိုင်ပါတယ်။

၅။ပိုးသတ်ဆေး(Antibiotics)တွေအသောက်များခြင်း

အကြောင်းအမျိုးမျိုးကြောင့် ပိုးသတ်ဆေး(Antibiotics)တွေ မကြာခဏသောက်ရတာ၊ရေရှည်သောက်ရတာမျိုးဆိုရင် အူထဲက ကောင်းတဲ့အကျိုးပြုတဲ့ ဘက်တီးရီးယားပိုးတွေပါ နည်းလာပြီး စအိုယားယံခြင်းဖြစ်နိုင်ပါတယ်။

၆။ရောဂါတခုခုရှိခြင်း

ဖင်မှာ ဝဲပေါက်တာ၊မှိုပိုးစွဲတာ၊ဂရင်ဂျီနာဖြစ်တာ၊ကြွက်နို့ပေါက်တာ မျိုးတွေရှိရင်လည်း စအိုယားယံခြင်းဖြစ်နိုင်သလို လိပ်ခေါင်းဖြစ်တာ၊ဆိုရီးရေးစစ်(Psoriasis)ခေါ်အရေပြားရောဂါဖြစ်တာ၊ဆီးချိုရောဂါဖြစ်တာ၊အသည်းရောဂါဖြစ်တာ၊ကျောက်ကပ်ရောဂါဖြစ်တာ၊သိုင်းရွက်ဟော်မုန်းများတာ တွေဆိုရင်လည်း စအိုယားယံခြင်းဖြစ်နိုင်ပါတယ်။

ဒါတွေကတော့သိသလောက် စအိုယားယံခြင်းဖြစ်နိုင်တဲ့ အချက်တွေပါ။

စအိုယားယံခြင်းဖြစ်နိုင်ခြေနည်းအောင် အသက်နှစ်နှစ်အရွယ်ကစပြီး လေးလတကြိမ်သန်ချဆေးသောက်ပါ။

အိမ်သာတက်ပြီး ဖင်ဆေးတဲ့အခါ သေချာပြောင်အောင်ဆေးပါ။သုတ်ပါ။သို့သေ်ာ အသန့်လွန်ပြီး တအားပွတ်ဆေးတာ၊သုတ်တာ၊ဆပ်ပြာမွှေးတွေ၊ပိုးသတ်ဆေးရည်တွေ၊ရေနွေးတွေသုံးဆေးတာမျိုးတွေတော့ရှောင်ရပါမယ်။

အတွင်းခံဝတ်တဲ့အခါမှာလည်း မိမိနဲ့အနေတော်ဖြစ်ပြီး ချည်သားနဲ့လုပ်ထားတဲ့အမျိုးအစားကိုဝတ်ပါ။

လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတွေများများစားပါ။

စအိုယားယံခြင်းဖြစ်တဲ့အခါမှာ အယားသက်သာအောင် Antihistamine အမျိုးအစားဆေးတွေဖြစ်တဲ့ ဘာမီတွန်၊စီထရီဇင်း(Burmeton၊cetirizine)စတာတွေကိုညဘက်သောက်နိုင်ပါတယ်။

Zinc oxide ပါတဲ့ လိမ်းဆေးတမျိုးမျိုးကိုလည်းလိမ်းနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ စအိုယားယံခြင်းကို တပတ်နဲ့အထက်ခံစားနေရပါက ဆေးခန်းပြပြီး ဆရာဝန်နဲ့စမ်းသပ်စစ်ဆေးပါ လို့ အကြံပေးချင်ပါတယ်။

Dr 528