ခါးနာရင် မနှိပ်မိပါစေနဲ့

ခါးနာရင္ မနွိပ္မိပါေစနဲ႔

ခါးဟာကြ်န္ေတာ္တို႔ခႏၶာကိုယ္မွာ အေရးၾကီးတဲ႔အစိတ္အပိုင္းျဖစ္ပါတယ္။

ခါးရိုးဟာ ခႏၶာကိုယ္ၾကီးတခုလံုးကို ထိန္းမတ္ေပးထားျပီး ခါးရိုးထဲကေန ဦးေနွာက္နဲ႔တျခားကိုယ္အစိတ္အပိုင္းေတြကို ဆက္သြယ္ေပးထားတဲ႔ spinal cord ေခၚ အာရံုေၾကာမၾကီးဟာ ျဖတ္သန္းသြားပါတယ္။

ခါးနာျခင္းဟာ လူအေတာ္မ်ားမ်ားျဖစ္ေလ႔ရွိတဲ႔ ေ၀ဒနာတခုပါ။

လူၾကီးလူငယ္မေရြး ဘ၀မွာ ခါးနာျခင္းေ၀ဒနာကို တၾကိမ္မဟုတ္ တၾကိမ္ခံစားရနိုင္ပါတယ္။

မေတာ္တဆ ထိခုိက္မိတာ(ဥပမာေခ်ာ္လဲတာ၊ျပဳတ္က်တာ)

အေလးအပင္မတဲ႔အခါ၊ထိုင္တဲ႔အခါ၊အိပ္တဲ႔အခါ ပံုစံမမွန္တာ

ခါးေနရာမွာရွိတဲ႔အရြတ္ေတြ၊အာရံုေၾကာေတြေရာင္ရမ္းတာ

အသက္ၾကီးလာတဲ႔အခါ ခါးရိုးဆစ္တခုနဲ႔တခုၾကားမွာ ကူရွင္သဖြယ္ခံထားတဲ႔ Intervertebral disc ေလးေတြပါးလာျပီး ခါးဆစ္ရိုးကြ်ံတာ၊ခါးရိုးအတက္ထြက္တာေတြျဖစ္ျပီး ခါးက်ီးေပါင္းျဖစ္တာ စတဲ႔အေၾကာင္းေတြေၾကာင္႔ ခါးနာျခင္းေ၀ဒနာခံစားရနိုင္ပါတယ္။

ဒါ႔အျပင္ ကိုယ္အေလးခ်ိန္မ်ားလာတာ၊ေဆးလိပ္ေသာက္တာ၊စိတ္ဖိစီးစရာမ်ားတာ၊ေက်ာက္ကပ္မွာေက်ာက္တည္တာ၊အရိုးပြေရာဂါလိုအရိုးေရာဂါတမ်ိဳးမ်ိဳးျဖစ္တာ၊ေက်ာက္ကပ္ေရာင္တာ၊ကင္ဆာေရာဂါတခုခုျဖစ္ျပီး ကင္ဆာဆဲလ္ေတြခါးရိုးဆီပ်ံ႕တာ ေတြေၾကာင္႔လည္း ခါးနာနိုင္ပါတယ္။

ခါးနာတဲ႔အခါ နာတဲ႔ခါးကို နင္းတာေတြ၊နွိပ္တာေတြ ကြ်န္ေတာ္တို႔နိုင္ငံက လူတခ်ိဳ႕တ၀က္ေလာက္က လုပ္ေလ႔ရွိပါတယ္။

အဲ႔ဒါကမွားပါတယ္။ခါးနာတဲ႔အခါ နင္းတာေတြ၊နွိပ္တာေတြမလုပ္သင္႔ပါ။ခါးနာျခင္းကိုပိုဆိုးေစျပီး ခါးကိုထိခိုက္ဒဏ္ရာရေစကာ အခန္႔မသင္႔ရင္ ခါးထဲကအာရံုေၾကာေတြထိခိုက္ျပီး ေအာက္ပိုင္းအာရံုခံစားမရတာ၊လႈပ္မရတာ၊ဆီး၀မ္းမထိန္းနိုင္တာ ေတြျဖစ္နိုင္ပါတယ္။

ဒါေၾကာင္႔ ခါးနာတဲ႔အခါမွာ မနင္းမနွိပ္ဘဲ အေလးအပင္မတာ၊အကံုးအကြလုပ္တာ၊လႈပ္လႈပ္ရွားရွားလုပ္တာေတြေရွာင္ျပီး အိပ္ရာထဲမွာတရက္နွစ္ရက္ေလာက္ လွဲေနပါ။လွဲတဲ႔အခါမွာလည္း ပံုစံမွန္ဖို႔လိုပါတယ္။

ပက္လက္လွဲရင္ ဒူးေအာက္မွာ ေခါင္းအံုးတလံုးထားပါ။ေဘးေစာင္းလွဲရင္ ဒူးနွစ္ခုၾကားမွာ ေခါင္းအံုးတလံုးထားပါ။ခါးကိုဆန္႔ထားပါ။

Voltex သို႔မဟုတ္ Tiger balm စတဲ႔ လိမ္းေဆးအပူတခုခုလိမ္းတာ၊ေရေႏြးအိတ္ကပ္တာ ေတြလုပ္နိုင္ပါတယ္။

အစာအိမ္ေရာဂါအခံမရွိရင္ Alaxan သို႔မဟုတ္ Pacfem စတဲ႔ အကိုက္အခဲေပ်ာက္ေဆးတခုခုကို အစာစားျပီး ေသာက္နိုင္ပါတယ္။

ဒီလိုေတြလုပ္လို႔မွ မသက္သာရင္ေတာ႔ အရိုးအေၾကာဆရာ၀န္(physiotherapist)နဲ႔ျပသစစ္ေဆးျပီး ကုသမႈခံယူဖို႔လိုပါတယ္။

ေအာက္ပါအခ်က္မ်ားကို လိုက္နာျခင္းျဖင္႔ သင္႔အား ခါးနာျခငး္ေ၀ဒနာခံစားရနိုင္ေျခကို နည္းေစနိုင္ပါတယ္။

အေလးအပင္မတဲ႔အခါ ကိုယ္မမယ္႔အရာနဲ႔နီးနိုင္သေလာက္နီးနီးျဖစ္ေအာင္ေနရာယူပါ။ထို႔ေနာက္ေျခေထာက္ေတြကိုအေနေတာ္ခ်ဲကာ ဒူးေကြးထိုင္ျပီးမွ ပစၥည္းကိုမပါ။

နိုင္သေလာက္ပဲမပါ။မနိုင္မနင္း မတာမ်ိဳးေရွာင္ပါ။မတဲ႔အခ်ိန္မွာလည္းခါးကိုမတ္မတ္ထားပါ။

ထိုင္တဲ႔အခါ၊ထတဲ႔အခါေတြမွာလည္း ခါးကို တတ္နိုင္သေလာက္မတ္မတ္ထားပါ။

အခ်ိ္န္အၾကာၾကီးထိုင္တာ၊အခ်ိန္အၾကာၾကီးမတ္တပ္ရပ္တာမ်ိဳးကိုေရွာင္ပါ။

အိပ္တဲ႔အခါ ပက္လက္အိပ္ရင္ ဒူးေအာက္မွာ ေခါင္းအံုးတလံုးထားပါ။ေဘးေစာင္းလွဲရင္ ဒူးနွစ္ခုၾကားမွာ ေခါင္းအံုးတလံုးထားပါ။ခါးကိုဆန္႔ထားပါ။

မျပင္းထန္တဲ႔ ကိုယ္လက္လႈပ္ရွားမႈ ေန႔စဥ္လုပ္ေပးပါ။

ကိုယ္အေလးခ်ိန္ထိန္းပါ။

ေဆးလိပ္မေသာက္ပါနဲ႔။စိတ္ဖိစီးစရာနည္းေအာင္ေနပါ။

Dr 528

Unicode Version

ခါးနာရင် မနှိပ်မိပါစေနဲ့

ခါးဟာကျွန်တော်တို့ခန္ဓာကိုယ်မှာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။

ခါးရိုးဟာ ခန္ဓာကိုယ်ကြီးတခုလုံးကို ထိန်းမတ်ပေးထားပြီး ခါးရိုးထဲကနေ ဦးနှောက်နဲ့တခြားကိုယ်အစိတ်အပိုင်းတွေကို ဆက်သွယ်ပေးထားတဲ့ spinal cord ခေါ် အာရုံကြောမကြီးဟာ ဖြတ်သန်းသွားပါတယ်။

ခါးနာခြင်းဟာ လူအတော်များများဖြစ်လေ့ရှိတဲ့ ဝေဒနာတခုပါ။

လူကြီးလူငယ်မရွေး ဘဝမှာ ခါးနာခြင်းဝေဒနာကို တကြိမ်မဟုတ် တကြိမ်ခံစားရနိုင်ပါတယ်။

မတော်တဆ ထိခိုက်မိတာ(ဥပမာချော်လဲတာ၊ပြုတ်ကျတာ)

အလေးအပင်မတဲ့အခါ၊ထိုင်တဲ့အခါ၊အိပ်တဲ့အခါ ပုံစံမမှန်တာ

ခါးနေရာမှာရှိတဲ့အရွတ်တွေ၊အာရုံကြောတွေရောင်ရမ်းတာ

အသက်ကြီးလာတဲ့အခါ ခါးရိုးဆစ်တခုနဲ့တခုကြားမှာ ကူရှင်သဖွယ်ခံထားတဲ့ Intervertebral disc လေးတွေပါးလာပြီး ခါးဆစ်ရိုးကျွံတာ၊ခါးရိုးအတက်ထွက်တာတွေဖြစ်ပြီး ခါးကျီးပေါင်းဖြစ်တာ စတဲ့အကြောင်းတွေကြောင့် ခါးနာခြင်းဝေဒနာခံစားရနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်အလေးချိန်များလာတာ၊ဆေးလိပ်သောက်တာ၊စိတ်ဖိစီးစရာများတာ၊ကျောက်ကပ်မှာကျောက်တည်တာ၊အရိုးပွရောဂါလိုအရိုးရောဂါတမျိုးမျိုးဖြစ်တာ၊ကျောက်ကပ်ရောင်တာ၊ကင်ဆာရောဂါတခုခုဖြစ်ပြီး ကင်ဆာဆဲလ်တွေခါးရိုးဆီပျံ့တာ တွေကြောင့်လည်း ခါးနာနိုင်ပါတယ်။

ခါးနာတဲ့အခါ နာတဲ့ခါးကို နင်းတာတွေ၊နှိပ်တာတွေ ကျွန်တော်တို့နိုင်ငံက လူတချို့တဝက်လောက်က လုပ်လေ့ရှိပါတယ်။

အဲ့ဒါကမှားပါတယ်။ခါးနာတဲ့အခါ နင်းတာတွေ၊နှိပ်တာတွေမလုပ်သင့်ပါ။ခါးနာခြင်းကိုပိုဆိုးစေပြီး ခါးကိုထိခိုက်ဒဏ်ရာရစေကာ အခန့်မသင့်ရင် ခါးထဲကအာရုံကြောတွေထိခိုက်ပြီး အောက်ပိုင်းအာရုံခံစားမရတာ၊လှုပ်မရတာ၊ဆီးဝမ်းမထိန်းနိုင်တာ တွေဖြစ်နိုင်ပါတယ်။

ဒါကြောင့် ခါးနာတဲ့အခါမှာ မနင်းမနှိပ်ဘဲ အလေးအပင်မတာ၊အကုံးအကွလုပ်တာ၊လှုပ်လှုပ်ရှားရှားလုပ်တာတွေရှောင်ပြီး အိပ်ရာထဲမှာတရက်နှစ်ရက်လောက် လှဲနေပါ။လှဲတဲ့အခါမှာလည်း ပုံစံမှန်ဖို့လိုပါတယ်။

ပက်လက်လှဲရင် ဒူးအောက်မှာ ခေါင်းအုံးတလုံးထားပါ။ဘေးစောင်းလှဲရင် ဒူးနှစ်ခုကြားမှာ ခေါင်းအုံးတလုံးထားပါ။ခါးကိုဆန့်ထားပါ။

Voltex သို့မဟုတ် Tiger balm စတဲ့ လိမ်းဆေးအပူတခုခုလိမ်းတာ၊ရေနွေးအိတ်ကပ်တာ တွေလုပ်နိုင်ပါတယ်။

အစာအိမ်ရောဂါအခံမရှိရင် Alaxan သို့မဟုတ် Pacfem စတဲ့ အကိုက်အခဲပျောက်ဆေးတခုခုကို အစာစားပြီး သောက်နိုင်ပါတယ်။

ဒီလိုတွေလုပ်လို့မှ မသက်သာရင်တော့ အရိုးအကြောဆရာဝန်(physiotherapist)နဲ့ပြသစစ်ဆေးပြီး ကုသမှုခံယူဖို့လိုပါတယ်။

အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် သင့်အား ခါးနာခြင်းဝေဒနာခံစားရနိုင်ခြေကို နည်းစေနိုင်ပါတယ်။

အလေးအပင်မတဲ့အခါ ကိုယ်မမယ့်အရာနဲ့နီးနိုင်သလောက်နီးနီးဖြစ်အောင်နေရာယူပါ။ထို့နောက်ခြေထောက်တွေကိုအနေတော်ချဲကာ ဒူးကွေးထိုင်ပြီးမှ ပစ္စည်းကိုမပါ။

နိုင်သလောက်ပဲမပါ။မနိုင်မနင်း မတာမျိုးရှောင်ပါ။မတဲ့အချိန်မှာလည်းခါးကိုမတ်မတ်ထားပါ။

ထိုင်တဲ့အခါ၊ထတဲ့အခါတွေမှာလည်း ခါးကို တတ်နိုင်သလောက်မတ်မတ်ထားပါ။

အချိန်အကြာကြီးထိုင်တာ၊အချိန်အကြာကြီးမတ်တပ်ရပ်တာမျိုးကိုရှောင်ပါ။

အိပ်တဲ့အခါ ပက်လက်အိပ်ရင် ဒူးအောက်မှာ ခေါင်းအုံးတလုံးထားပါ။ဘေးစောင်းလှဲရင် ဒူးနှစ်ခုကြားမှာ ခေါင်းအုံးတလုံးထားပါ။ခါးကိုဆန့်ထားပါ။

မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်လုပ်ပေးပါ။

ကိုယ်အလေးချိန်ထိန်းပါ။

ဆေးလိပ်မသောက်ပါနဲ့။စိတ်ဖိစီးစရာနည်းအောင်နေပါ။

Dr 528