လည်ချောင်းယားတာ အမြန်ဆုံးသက်သာဖို့

လည္ေခ်ာင္းယားတာ အျမန္ဆံုုးသက္သာဖိုု႔

ေႏြဦးကာလ ျမဴထေသာေသာအခါ လို့ ကဗ်ာစပ္ခဲ႔ျကေပမယ့္ ယခုေခတ္အခါမွာေတာ့ ေဆာင္းတြင္းကာလ ဖုန္ထေသာအခါ လည္ေခ်ာင္းယားျခင္းေဝဒနာ လို့ေျပာင္းေျပာျကရမဲ့ အေနအထားမ်ိဳးျဖစ္ေနပါတယ္။လည္ေခ်ာင္းယားယံျခင္းေဝဒနာကို လူတိုင္းခံစားရဖူးပါလိမ့္မယ္။အထဲလည္း ကုတ္မရနဲ႔ယားေနေသာေဝဒနာသည္ အခံရခက္ဆံူးပါ။လည္ေခ်ာင္းယားျခင္းသည္ ဓာတ္မတည့္ေသာအေျကာင္းေျကာင့္ သို့မဟုတ္ ဗိုင္းရပ္နွင့္ဘက္တီရီးယားပိုုးကူးစက္ခံရေသာေျကာင့္ျဖစ္လာေသာ လကၡဏာတစ္ရပ္ျဖစ္ပါတယ္။
လည္ေခ်ာင္းယားယံျခင္းျဖစ္ေစေသာအခ်က္မ်ားစြာရွိပါတယ္။

(1)ဓာတ္မတည့္မူေျကာင့္နွာေစးျခင္း
လည္ေခ်ာင္းယားယံျခင္းသည္ဓာတ္မတည့္မူေျကာင့္နွာေစးျခင္းသည္ အမ်ားဆံုးျဖစ္ပါတယ္။အေမရိကနိတြင္ ဓာတ္မတည့္မူေျကာင့္ယားယံႏွာေစးျခင္းသည္ အမ်ားဆံုးျဖစ္ေလ့ရွိပါတယ္။ဓာတ္မတည့္မူျဖစ္ျခင္းဆိုသည္မွာ အႏၱာရာယ္မရွိဖူးဟုယူဆရေသာအရာကို ကိုယ္ခႏၷၶာမွ တံုျပန္မူလြန္ကဲမူျဖစ္စဥ္ေျကာင့္ ယားယံျခင္းျဖစ္ေစပါတယ္။ဥပမာ ပန္းဝတ္မူန့္။ဖုန္မူန့္။စီးကရက္အေငြံႏွင့္အေမႊးမ်ား

(2)အစားအစာေၾကာင့္ဓာတ္မတည့္ျခင္း
မိမိစားလိုက္ေသာအစာအမ်ိဳးအစားသည္မိမိနွင့္ဓာတ္မတည့္မူျဖစ္ပါက ပထမဦးစြာလည္ေခ်ာင္းယားယံျခင္းျဖစ္ေစနိုင္ပါတယိ။ပိုဆိုးပါက အသက္အႏၱာရာယ္ထိခိုက္သည္အထိ ျဖစ္ေစနိုင္ပါတယ္။ဥပမာ ပဲအမ်ဳိးမ်ဳိး။ပင္လယ္စာမ်ား။နို့ထြက္ပစ ၥည္းမ်ား

(3)ေဆးဝါးနွင့္မတည့္ျခင္း
အခ်ဳိ့ေဆးဝါးမ်ား ပန္နဆလင္နွင့္ပိုးသတ္ေဆးကဲ႕သို့ေဆးဝါးမ်ားသည္ မိမိနွင့္မတည့္ပါက ဓာတ္မတည္းမူမ်ားျဖစ္ေစပါတယ္။ယားယံျခင္းအစျပုရ်္ အသက္ေသသည္ထိဆံုးရႈံးမူမ်ားပါတယ္။ေဆးဝါးဓာတ္မတည့္ျခင္းတြင္စေသာက္သည္နွင့္လည္ေခ်ာင္းယားယံျခင္းသည္ လ်င္ျမန္စြာျဖစ္လာေစနိုင္ပါတယ္။

(4)ဘက္တီးရီးယား သို့မဟုတ္ ဗိုင္းရပ္စ္ပိုးကူးစက္မူျဖစ္ျခင္း
အာသီးေရာင္ျခင္းျဖစ္ေစေသာ ဘက္တီးရီးယားပိုးသည္ လည္ေခ်ာင္းယားယံျခင္းအစျပုကာ လည္ေခ်ာင္းနာသည္အထိပိုဆိုးေစနိုင္ပါတယ္။
ရာသီတုပ္ေကြးေျကာင့္လည္း လည္ေခ်ာင္းယားယံမူျဖစ္ေစပါတယ္။ပံုမွန္အေအးမိျခင္းသည္ လည္ေခ်ာင္းယားယံျခင္းသာမန္သာျဖစ္ျပီး တုပ္ေကြးေရာဂါေျကာင့္ျဖစ္ပါက ဖ်ားျခင္း။ကိုယ္လက္ကိုက္ခဲျခင္းပါအတူတကြခံစားရနိုင္ပါတယ္။

(5)ေရဓာတ္ခမ္းေျခာက္ျခင္း
ရာသီဥတုပူရ်္ျဖစ္ေစ။ေလ့က်င့္ခန္းျပုလုပ္ျခင္းေျကာင့္ျဖစ္ေစ။ဖ်ားနာျခင္းေျကာင့္ျဖစ္ေစ ေရဓာတ္ဆံုးရူံးကာ ေရဓာတ္ခမ္းေျခာက္မူေျကာင့္လည္ေခ်ာင္းေျခာက္ကာ ယားယံေစပါတယ္။

(6)အခ်ဥ္ျပန္ျခင္း
ရင္ပူျခင္းျဖစ္ေစေသာ အက္ဆစ္အခ်ဥ္ျပန္တက္ျခင္းေျကာင့္လည္ေခ်ာင္းယားယံနာက်င္ေစပါတယ္။အခ်ဳိ့အက္ဆစ္ျပန္ျခင္းလူနာမ်ားတြင္ လည္ေခ်ာင္းယားျခင္းသာခံစားရတတ္ပါတယ္။

(7)အခ်ဳိ့ေဆးဝါးဆိုးက်ဳိးမ်ား
အခ်ဳိ့ေဆးဝါးမ်ားသည္ ဆိုးက်ဳိးအေနျဖင့္ လည္ေခ်ာင္းယားယံျပီး ေခ်ာင္းေျခာက္ျဖစ္ေစတတ္ပါတယ္။ဥပမာအခ်ဳိ့ေသြးက်ေဆး
လည္ေခ်ာင္းယားယံျခင္းသည္ ျဖစ္ေစေသာအေျကာင္းရင္းေပါ္မူတည္ကုသရပါတယ္။အခ်ဳိ့အေျကာင္းရင္းေျကာင့္ဆိုလ်ွင္အိမ္တြင္းကုသမူေလးမ်ားျဖင့္ေျပလည္သက္သာေစနိုင္ပါတယ္။
-ပ်ားရည္ကို လက္ဘက္စားဇြန္းတစ္ဇြန္းေသာက္ျခင္း
-ဆားေရျဖင့္ပလုတ္က်င္းျခင္း
-လည္ေခ်ာင္းယားယံေပ်ာက္ေစေသာငံုေဆးမ်ားငံုျခင္း
-နွာေခါင္းျဖန္းေဆးျဖန္းျခင္း
-လိေမၼာ္နွင့္ပ်ားရည္စပ္ေဖ်ာ္ထားေသာေရပူတစ္ခြက္ေသာက္ျခင္းစသည္တို့ကိုအသံုးျပဳနိုုင္ပါတယ္။

ဓာတ္မတည့္မူေျကာင့္လည္ေခ်ာင္းယားယံပါက အယားေပ်ာက္ေဆးနွင့္နွာေခါင္းျဖန္းေဆးသံုးပါကသက္သာေစနိုင္ပါတယ္။အေအးမိပါကလည္း အိမ္သံုးေဆးဝါးမ်ားျဖင့္ေပ်ာက္ကင္းေစနိုင္ပါတယ္။

ကာကြယ္ျခင္း
လည္ေခ်ာင္းယားယံမူမျဖစ္ေစရန္ကာကြယ္နိုင္ေသာအခ်က္မ်ားမွာ
-ေဆးလိပ္ေသာက္ျခင္းေရွာင္ျကဥ္ပါ
-ေရမ်ားမ်ားေသာက္ပါ
-အရက္မေသာက္ပါနဲ႔
-ေရာဂါကူးစက္မူသက္သာေစရန္လက္ကိုေသခ်ာေဆးပါ
-ေလေကာင္းေလသန့္ရရွိေသာေနရာတြင္ေနပါ။
လည္ေခ်ာင္းယားယံမူသည္ ၁၀ရက္ေက်ာ္ခံစားရပါကေသခ်ာဆရာဝန္နွင့္ကုသပါ။လည္ေခ်ာင္းယားယံျခင္းအျပင္
-အသက္ရူခက္ခဲျခင္း
-အသံျမည္ျခင္း
-အဖုအပိန့္အင္ပ်ဥ္ထျခင္း
-မ်က္နွာေဖာေယာင္ျခင္း
-လည္ေခ်ာင္းဆိုးရြားစြာနာျခင္း
-ဖ်ားျခင္း
-မ်ဳိခ်ရခက္ျခင္းစေသာ အခ်က္မ်ားမွ အခ်က္တစ္ခ်က္သာျဖစ္ခဲ႔ေသာ္လည္း အျမနိဆံုးအေရးေပါ္ေဆးဝါးကုသမူခံယူရန္ နားလည္တတ္က်ြမ္းေသာဆရာဝန္နွင့္ျပသသင့္ပါတယ္။

Dr.Pyae Shin

Unicode Version

လည်ချောင်းယားတာ အမြန်ဆုံးသက်သာဖို့

နွေဦးကာလ မြူထသောသောအခါ လို့ ကဗျာစပ်ခဲ့ကြပေမယ့် ယခုခေတ်အခါမှာတော့ ဆောင်းတွင်းကာလ ဖုန်ထသောအခါ လည်ချောင်းယားခြင်းဝေဒနာ လို့ပြောင်းပြောကြရမဲ့ အနေအထားမျိုးဖြစ်နေပါတယ်။လည်ချောင်းယားယံခြင်းဝေဒနာကို လူတိုင်းခံစားရဖူးပါလိမ့်မယ်။အထဲလည်း ကုတ်မရနဲ့ယားနေသောဝေဒနာသည် အခံရခက်ဆူံးပါ။လည်ချောင်းယားခြင်းသည် ဓာတ်မတည့်သောအကြောင်းကြောင့် သို့မဟုတ် ဗိုင်းရပ်နှင့်ဘက်တီရီးယားပိုးကူးစက်ခံရသောကြောင့်ဖြစ်လာသော လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။
လည်ချောင်းယားယံခြင်းဖြစ်စေသောအချက်များစွာရှိပါတယ်။

(1)ဓာတ်မတည့်မူကြောင့်နှာစေးခြင်း
လည်ချောင်းယားယံခြင်းသည်ဓာတ်မတည့်မူကြောင့်နှာစေးခြင်းသည် အများဆုံးဖြစ်ပါတယ်။အမေရိကနိတွင် ဓာတ်မတည့်မူကြောင့်ယားယံနှာစေးခြင်းသည် အများဆုံးဖြစ်လေ့ရှိပါတယ်။ဓာတ်မတည့်မူဖြစ်ခြင်းဆိုသည်မှာ အန္တာရာယ်မရှိဖူးဟုယူဆရသောအရာကို ကိုယ်ခန္န္ဓာမှ တုံပြန်မူလွန်ကဲမူဖြစ်စဉ်ကြောင့် ယားယံခြင်းဖြစ်စေပါတယ်။ဥပမာ ပန်းဝတ်မူန့်။ဖုန်မူန့်။စီးကရက်အငွေံနှင့်အမွှေးများ

(2)အစားအစာကြောင့်ဓာတ်မတည့်ခြင်း
မိမိစားလိုက်သောအစာအမျိုးအစားသည်မိမိနှင့်ဓာတ်မတည့်မူဖြစ်ပါက ပထမဦးစွာလည်ချောင်းယားယံခြင်းဖြစ်စေနိုင်ပါတယိ။ပိုဆိုးပါက အသက်အန္တာရာယ်ထိခိုက်သည်အထိ ဖြစ်စေနိုင်ပါတယ်။ဥပမာ ပဲအမျိုးမျိုး။ပင်လယ်စာများ။နို့ထွက်ပစ ္စည်းများ

(3)ဆေးဝါးနှင့်မတည့်ခြင်း
အချို့ဆေးဝါးများ ပန်နဆလင်နှင့်ပိုးသတ်ဆေးကဲ့သို့ဆေးဝါးများသည် မိမိနှင့်မတည့်ပါက ဓာတ်မတည်းမူများဖြစ်စေပါတယ်။ယားယံခြင်းအစပြုရျ် အသက်သေသည်ထိဆုံးရှုံးမူများပါတယ်။ဆေးဝါးဓာတ်မတည့်ခြင်းတွင်စသောက်သည်နှင့်လည်ချောင်းယားယံခြင်းသည် လျင်မြန်စွာဖြစ်လာစေနိုင်ပါတယ်။

(4)ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးကူးစက်မူဖြစ်ခြင်း
အာသီးရောင်ခြင်းဖြစ်စေသော ဘက်တီးရီးယားပိုးသည် လည်ချောင်းယားယံခြင်းအစပြုကာ လည်ချောင်းနာသည်အထိပိုဆိုးစေနိုင်ပါတယ်။
ရာသီတုပ်ကွေးကြောင့်လည်း လည်ချောင်းယားယံမူဖြစ်စေပါတယ်။ပုံမှန်အအေးမိခြင်းသည် လည်ချောင်းယားယံခြင်းသာမန်သာဖြစ်ပြီး တုပ်ကွေးရောဂါကြောင့်ဖြစ်ပါက ဖျားခြင်း။ကိုယ်လက်ကိုက်ခဲခြင်းပါအတူတကွခံစားရနိုင်ပါတယ်။

(5)ရေဓာတ်ခမ်းခြောက်ခြင်း
ရာသီဥတုပူရျ်ဖြစ်စေ။လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်ဖြစ်စေ။ဖျားနာခြင်းကြောင့်ဖြစ်စေ ရေဓာတ်ဆုံးရူံးကာ ရေဓာတ်ခမ်းခြောက်မူကြောင့်လည်ချောင်းခြောက်ကာ ယားယံစေပါတယ်။

(6)အချဉ်ပြန်ခြင်း
ရင်ပူခြင်းဖြစ်စေသော အက်ဆစ်အချဉ်ပြန်တက်ခြင်းကြောင့်လည်ချောင်းယားယံနာကျင်စေပါတယ်။အချို့အက်ဆစ်ပြန်ခြင်းလူနာများတွင် လည်ချောင်းယားခြင်းသာခံစားရတတ်ပါတယ်။

(7)အချို့ဆေးဝါးဆိုးကျိုးများ
အချို့ဆေးဝါးများသည် ဆိုးကျိုးအနေဖြင့် လည်ချောင်းယားယံပြီး ချောင်းခြောက်ဖြစ်စေတတ်ပါတယ်။ဥပမာအချို့သွေးကျဆေး
လည်ချောင်းယားယံခြင်းသည် ဖြစ်စေသောအကြောင်းရင်းပေါ်မူတည်ကုသရပါတယ်။အချို့အကြောင်းရင်းကြောင့်ဆိုလျှင်အိမ်တွင်းကုသမူလေးများဖြင့်ပြေလည်သက်သာစေနိုင်ပါတယ်။
-ပျားရည်ကို လက်ဘက်စားဇွန်းတစ်ဇွန်းသောက်ခြင်း
-ဆားရေဖြင့်ပလုတ်ကျင်းခြင်း
-လည်ချောင်းယားယံပျောက်စေသောငုံဆေးများငုံခြင်း
-နှာခေါင်းဖြန်းဆေးဖြန်းခြင်း
-လိမ္မော်နှင့်ပျားရည်စပ်ဖျော်ထားသောရေပူတစ်ခွက်သောက်ခြင်းစသည်တို့ကိုအသုံးပြုနိုင်ပါတယ်။

ဓာတ်မတည့်မူကြောင့်လည်ချောင်းယားယံပါက အယားပျောက်ဆေးနှင့်နှာခေါင်းဖြန်းဆေးသုံးပါကသက်သာစေနိုင်ပါတယ်။အအေးမိပါကလည်း အိမ်သုံးဆေးဝါးများဖြင့်ပျောက်ကင်းစေနိုင်ပါတယ်။

ကာကွယ်ခြင်း
လည်ချောင်းယားယံမူမဖြစ်စေရန်ကာကွယ်နိုင်သောအချက်များမှာ
-ဆေးလိပ်သောက်ခြင်းရှောင်ကြဉ်ပါ
-ရေများများသောက်ပါ
-အရက်မသောက်ပါနဲ့
-ရောဂါကူးစက်မူသက်သာစေရန်လက်ကိုသေချာဆေးပါ
-လေကောင်းလေသန့်ရရှိသောနေရာတွင်နေပါ။
လည်ချောင်းယားယံမူသည် ၁၀ရက်ကျော်ခံစားရပါကသေချာဆရာဝန်နှင့်ကုသပါ။လည်ချောင်းယားယံခြင်းအပြင်
-အသက်ရူခက်ခဲခြင်း
-အသံမြည်ခြင်း
-အဖုအပိန့်အင်ပျဉ်ထခြင်း
-မျက်နှာဖောယောင်ခြင်း
-လည်ချောင်းဆိုးရွားစွာနာခြင်း
-ဖျားခြင်း
-မျိုချရခက်ခြင်းစသော အချက်များမှ အချက်တစ်ချက်သာဖြစ်ခဲ့သော်လည်း အမြနိဆုံးအရေးပေါ်ဆေးဝါးကုသမူခံယူရန် နားလည်တတ်ကျွမ်းသောဆရာဝန်နှင့်ပြသသင့်ပါတယ်။

Dr.Pyae Shin