လက်ဆွယ်ငုပ်တာ သက်သာအောင်

လက္ဆြယ္ငုုပ္တာ သက္သာေအာင္

လက္ဆြယ္ငုပ္တယ္လို့ အမ်ားေခၚတဲ႔ လက္သည္းျကားပိုးဝင္ ကိုက္ခဲနာက်င္တာ သင္ခံရဖူးသလား?မခံရဖူးေသာလူ မရွိပါဘူး။လက္သည္းျကား ဘက္တီရီယားပိုးနွင့္မူိပိုးတစ္ခုခုဝင္ရင္ျဖစ္တတိပါတယ္။လက္သည္းပိုးဝင္ျခင္းသည္ လက္သည္းကိုက္ျခင္းနွင့္ မိမိလုပိေသာအလုပ္အကိုင္ေျကာင့္ စိုစြတ္ကာ ဓာတုပစၥည္းမ်ားနွင့္ထိေတြ႔ျခင္းေျကာင့္ အမ်ားဆံုးျဖစ္တတ္ပါတယ္။လက္သည္းပိုးဝင္ျခင္းသည္ အမ်ားအားျဖင့္ ျပင္းထန္ေသာေရာဂါေတာ့မဟုတ္ပါ။သို့ေသာ္နာက်င္ကိုက္ခဲတတ္ေသာေျကာင့္ ထိေရာက္ေသာကုသမူကို သိခ်ငိျကပါတယ္။
လက္သည္းေျခသည္းပိုးဝင္ျခင္း ျဖစ္ေလ့ရွိသူအမ်ားစုမွာ
-အမ်ဳိးသမီးမ်ား
-ဆီးခ်ဳိေရာဂါရွိသူမ်ား
-ေျခလက္အျမဲစိုစြတ္ေနသူမ်ား
-ကိုယ္ခံအားနည္းသူမ်ား
-အေရျပားေရာဂါရွိသူမ်ားတြင္ အျဖစ္မ်ားပါတယ္။
လက္ဆြယ္ငုပ္ျခင္းသည္ ေရတိုျဖစ္ျခင္းနွင့္နာတာရွည္ျဖစ္ျခင္းျဖင့္ ၂မ်ဳိးရွိပါတယ္။
ေရတိုျဖစ္ျခင္းသည္ ရက္အနည္းငယ္သာျဖစ္ျပီ ေအာက္ဖက္သို့ မကူးစက္ေသာေျကာင့္ လ်ွင္ျမန္စြာေပ်ာက္ကင္းလြယ္ပါတယ္။
နာတာရွည္ျဖစ္လ်ွင္ ရက္သတၱပတ္မ်ားစြာျကာျမင့္တတ္ျပီးလက္ေခ်ာင္း ေျခေခ်ာင္းမ်ားစြာကူးစက္တတ္ပါတယိ။
လကၡဏာမ်ားမွာ
-လက္သည္း ေျခသည္းဝန္းက်င္ နာက်င္ေရာင္ရမ္းျခင္း။
-ျပည္တည္နာျဖစ္ျခင္း
-လက္သည္းမာေက်ာျခင္း
-လက္သည္းေျခသည္း ပ်က္ဆီးျခင္း
-လက္သည္းေျခသည္းကြာက်ျခင္းစသည္တို့ျဖစ္ပါတယ္။
ကုသနည္းမ်ား
လက္သည္းေျခသည္းပိုးဝင္ျခင္းကုသနည္းမ်ားမွာ ေရာဂါအေျခအေနဆိုးရြားမူေပါ္မူတည္ပါတယ္။
လက္သည္းေျခသည္းပိုးဝင္ျခင္းးသည္ မျပင္းထန္ပါက ေရေနြးတေန့၃ျကိမ္၄ျကိမ္လုပ္ေပးပါ။မသက္သာပါကေဆးဝါးကုသမူခံယူပါ။
လက္သည္းေျခသည္းပိုးဝင္ျခင္း  သည္ ဘက္တီးရီးယားပိုးေျကာင့္ ကူးစက္မူျဖစ္ပါက ေသခ်ာေဆးကုသမူခံယူပါ။ပိုးသတ္ေဆးနွင့္ကုသရန္လိုအပ္ပါတယ္။မူိပိုးေျကာင့္ဟု ယူဆပါက မူိပိုးသတ္ေဆးနွင္႔ကုသရန္လိုအပ္ပါတယိ။
နာတာရွည္ လက္သည္းေျခသည္းပိုးဝင္ျခင္းျဖစ္ပါက ကုသမူသည္ လအတန္ျကာရွည္နိုင္ပါတယ္။ကုသမူခံယူစဥ္တေလ်ာက္ လက္။ေျခကို သန့္ရွင္းစြာ ေျခာက္ေသြ႔ေအာင္ထားပါ။အလုပ္မွအနားယူရန္လည္းလိုအပ္ပါတယ္။
လက္သည္းေျခသည္းပိုးဝင္ျခင္းတြငိ ျပည္တည္နာျဖစ္ပါက ဆရာဝန္ႏွင့္ေသခ်ာ ထံုေဆးေပးကာ ျပည္ကို ေဖာက္ထုတ္ရန္လိုအပ္ပါတယ္။
ကာကြယ္ျခင္း
ေအာက္ပါနည္းလမ္းမ်ားသည္ လက္ဆြယ္ခဏခဏငုပ္သူမ်ား အထူးသတိထားျပုလုပ္သင့္ေသာအခ်က္မ်ားျဖစ္ပါတယ္။
-လက္/ေျခေဆးျပီးေနာက္ေသခ်ာအေျခာက္ခံပါ။
-လက္သည္း/ေျခသည္းကိုက္ျခင္းဝါးျခင္းေရွာင္ပါ။
-လက္သည္း/ေျခသည္းညွပ္လ်ွင္ဂရုစိုက္ပါ။
-လက္သည္း/ေျခသည္းအထူးသန့္ရွင္းေမာင္ထားပါ။
-လက္သည္း/ေျခသည္း ေရနွင့္အျကာျကီးစိပ္ျခင္း ထိျခင္းေရွာင္ပါ။
-ယားယံေစေသာအရာမ်ားနွင့္ထိျခင္းေရွာင္ပါ။
-လက္သည္းအတို ထားပါ။

Dr.Pyae Shin

Unicode Version

လက်ဆွယ်ငုပ်တာ သက်သာအောင်

လက်ဆွယ်ငုပ်တယ်လို့ အများခေါ်တဲ့ လက်သည်းကြားပိုးဝင် ကိုက်ခဲနာကျင်တာ သင်ခံရဖူးသလား?မခံရဖူးသောလူ မရှိပါဘူး။လက်သည်းကြား ဘက်တီရီယားပိုးနှင့်မိူပိုးတစ်ခုခုဝင်ရင်ဖြစ်တတိပါတယ်။လက်သည်းပိုးဝင်ခြင်းသည် လက်သည်းကိုက်ခြင်းနှင့် မိမိလုပိသောအလုပ်အကိုင်ကြောင့် စိုစွတ်ကာ ဓာတုပစ္စည်းများနှင့်ထိတွေ့ခြင်းကြောင့် အများဆုံးဖြစ်တတ်ပါတယ်။လက်သည်းပိုးဝင်ခြင်းသည် အများအားဖြင့် ပြင်းထန်သောရောဂါတော့မဟုတ်ပါ။သို့သော်နာကျင်ကိုက်ခဲတတ်သောကြောင့် ထိရောက်သောကုသမူကို သိချငိကြပါတယ်။လက်သည်းခြေသည်းထောင့်စွန်းတွင် ရောင်ရမ်းပြီးပြည်တည်ကိုက်ခဲခြင်းခံစားရပါတယ်။
လက်သည်းခြေသည်းပိုးဝင်ခြင်း ဖြစ်လေ့ရှိသူအများစုမှာ
-အမျိုးသမီးများ
-ဆီးချိုရောဂါရှိသူများ
-ခြေလက်အမြဲစိုစွတ်နေသူများ
-ကိုယ်ခံအားနည်းသူများ
-အရေပြားရောဂါရှိသူများတွင် အဖြစ်များပါတယ်။
လက်ဆွယ်ငုပ်ခြင်းသည် ရေတိုဖြစ်ခြင်းနှင့်နာတာရှည်ဖြစ်ခြင်းဖြင့် ၂မျိုးရှိပါတယ်။
ရေတိုဖြစ်ခြင်းသည် ရက်အနည်းငယ်သာဖြစ်ပြီ အောက်ဖက်သို့ မကူးစက်သောကြောင့် လျှင်မြန်စွာပျောက်ကင်းလွယ်ပါတယ်။
နာတာရှည်ဖြစ်လျှင် ရက်သတ္တပတ်များစွာကြာမြင့်တတ်ပြီးလက်ချောင်း ခြေချောင်းများစွာကူးစက်တတ်ပါတယိ။
လက္ခဏာများမှာ
-လက်သည်း ခြေသည်းဝန်းကျင် နာကျင်ရောင်ရမ်းခြင်း။
-ပြည်တည်နာဖြစ်ခြင်း
-လက်သည်းမာကျောခြင်း
-လက်သည်းခြေသည်း ပျက်ဆီးခြင်း
-လက်သည်းခြေသည်းကွာကျခြင်းစသည်တို့ဖြစ်ပါတယ်။
ကုသနည်းများ
လက်သည်းခြေသည်းပိုးဝင်ခြင်းကုသနည်းများမှာ ရောဂါအခြေအနေဆိုးရွားမူပေါ်မူတည်ပါတယ်။
လက်သည်းခြေသည်းပိုးဝင်ခြင်းးသည် မပြင်းထန်ပါက ရေနွေးတနေ့၃ကြိမ်၄ကြိမ်လုပ်ပေးပါ။မသက်သာပါကဆေးဝါးကုသမူခံယူပါ။
လက်သည်းခြေသည်းပိုးဝင်ခြင်း  သည် ဘက်တီးရီးယားပိုးကြောင့် ကူးစက်မူဖြစ်ပါက သေချာဆေးကုသမူခံယူပါ။ပိုးသတ်ဆေးနှင့်ကုသရန်လိုအပ်ပါတယ်။မိူပိုးကြောင့်ဟု ယူဆပါက မိူပိုးသတ်ဆေးနှင့်ကုသရန်လိုအပ်ပါတယိ။
နာတာရှည် လက်သည်းခြေသည်းပိုးဝင်ခြင်းဖြစ်ပါက ကုသမူသည် လအတန်ကြာရှည်နိုင်ပါတယ်။ကုသမူခံယူစဉ်တလျောက် လက်။ခြေကို သန့်ရှင်းစွာ ခြောက်သွေ့အောင်ထားပါ။အလုပ်မှအနားယူရန်လည်းလိုအပ်ပါတယ်။
လက်သည်းခြေသည်းပိုးဝင်ခြင်းတွငိ ပြည်တည်နာဖြစ်ပါက ဆရာဝန်နှင့်သေချာ ထုံဆေးပေးကာ ပြည်ကို ဖောက်ထုတ်ရန်လိုအပ်ပါတယ်။
ကာကွယ်ခြင်း
အောက်ပါနည်းလမ်းများသည် လက်ဆွယ်ခဏခဏငုပ်သူများ အထူးသတိထားပြုလုပ်သင့်သောအချက်များဖြစ်ပါတယ်။
-လက်/ခြေဆေးပြီးနောက်သေချာအခြောက်ခံပါ။
-လက်သည်း/ခြေသည်းကိုက်ခြင်းဝါးခြင်းရှောင်ပါ။
-လက်သည်း/ခြေသည်းညှပ်လျှင်ဂရုစိုက်ပါ။
-လက်သည်း/ခြေသည်းအထူးသန့်ရှင်းမောင်ထားပါ။
-လက်သည်း/ခြေသည်း ရေနှင့်အကြာကြီးစိပ်ခြင်း ထိခြင်းရှောင်ပါ။
-ယားယံစေသောအရာများနှင့်ထိခြင်းရှောင်ပါ။
-လက်သည်းအတို ထားပါ။

Dr.Pyae Shin