အလိုလိုအရိုးကျိုးခြင်း

အလိုလိုအရိုးက်ိဳးျခင္္း

ဦးလူနာတစ္ေယာက္ ထံုးစံအတိုင္း ေမာင္ေဒါက္တာထံ အေမာတေကာ ေျပးလာျပီး သတင္းထူးတစ္ခု လာေျပာျပန္ေလ၏။

‘ၾကားျပီး ျပီလား ဆရာ ေရ႕၊ ကြ်န္ေတာ္တို႔ ေဘးအိမ္က အဘြားၾကီး ေဒၚမိုး ေလ ခါးနာနာ ေနတာ ၾကာျပီဆိုျပီး အခု ဓါတ္မွန္သြားရိုက္ၾကည့္လိုက္မွ ခါးရိုးေတြက်ိဳးကုန္တာဆိုလား ျပားကုန္တာဆိုလား ေတြ႕လို႕တဲ့’

‘ဟုတ္လား ဦးေလးရဲ႕ ကြ်န္ေတာ့္ဆီ ဟိုတစ္ေခါက္လာျပတုန္းကေတာင္ ကြ်န္ေတာ္ေျပာလိုက္ေသးတယ္၊ အဘြား ဓါတ္မွန္သြားရိုက္လိုက္ပါလား ဆိုေတာ့ အဲဒီတုန္းက အဆင္မေျပေသးဘူး၊ အိမ္ကလိုက္ပို႔ေပးမယ့္သူ မရွိေသးဘူး နဲ႕ အခု က်မွ သြားရို္က္ျဖစ္တာထင္တယ္၊ သူက ဘာျဖစ္လို႔လဲ ေခ်ာ္လဲတာေတြ ဘာေတြရွိလို႔လား’

‘အဲဒါ ေျပာတာေပါ့ ဆရာရယ္၊ ေခ်ာ္လဲမလဲ ဘာမွလဲ မထိမခိုက္ဘဲ ဘယ့္ႏွယ့္ခါးရိုးေတြက က်ိဳးရတာလားဆရာ၊ အလိုလိုေနရင္း အဲ့လို အရိုးက်ိဳးတယ္ဆိုတာက ျဖစ္နိုင္လို႔လား’

‘ျဖစ္နိုင္တာေပါ့၊ ဦးေလး အရိုးပြတယ္ဆိုတာ ၾကားဖူးတယ္မွတ္လား’

‘ၾကားဖူးတယ္ဆရာ အသက္ၾကီးရင္ အရိုးေတြပြလာတယ္ဆိုတာမဟုတ္လား၊ ဒါနဲ႕ ကြ်န္ေတာ္နားလည္သေလာက္ အရိုးဆိုတာကပြလာရင္ ပိုျပီးမ်ား ထိခိုက္ခံႏိုင္လာသလားလို႔၊ ေရျမဳပ္ေတြလိုမ်ားျဖစ္သြားတာ မဟုတ္လား’

‘ၾကံၾကီးစည္ရာ ဦးေလးအလွည့္က်မွ အရိုးပြတာက ေရျမဳပ္ျဖစ္ရတယ္လို႔၊ အရိုးပြတယ္ဆိုတာက အဲသလို ေဖာင္းပြလာတာမဟုတ္ဘူးဗ်၊ မူလအရိုးကသိပ္သည္းဆေလ်ာ့လာျပီး သစ္သားေခ်ာင္းေတြေဆြးလာသလို ၾကြပ္ဆတ္လာတာ။ အဲဒါေၾကာင့္မို႔သာ အခု ေဒၚမိုးျဖစ္သလို နည္းနည္းေလးခါးကုန္းလိုက္တာ၊ ဖင္ထိုင္ရက္ေခ်ာ္က် မိတာနဲ႕ ကြ်တ္ခနဲ ဆို အရိုးက အသာေလးက်ိဳးသြားတာ။ ကြ်န္ေတာ္တို႔ အေခၚအေ၀ၚနဲ႕ဆို အလြယ္တကူအရိုးက်ိဳးျခင္း fragility fracture ေခၚတယ္။ အလိုလိုေနရင္း မသိမသာ အရိုးေလးေတြ က်ိဳးကုန္တာေပါ့’

‘ေၾကာက္ဖို႔ေတာ့ အေကာင္းသားေနာ။ အဲဒါက စိုးရိမ္ရသလား ဆရာေရ’

‘က်ိဳးတဲ့ အရိုးအေနအထားေပၚလိုက္ျပီးေတာ့ စိုးရိမ္ရမႈေတြေတာ့ ရွိတာေပါ့။ ေျပာရမယ္ဆိုရင္ ေဒၚမိုးျဖစ္သလို ခါးအရိုးက်ိဳးတာက ေတာ္ေသးတယ္ ေျပာရမယ္။ မသကာ ခါးနာမယ္၊ ခါးကုန္းလာမယ္၊ အလြန္ဆံုး ခါးရဲ႕အာရံုေၾကာေတြကို ဖိမိနိုင္တယ္ ဒီေလာက္ပါပဲ။ ဒါေပမယ့္ တစ္ခ်ိဳ႕အဖိုးေတြ အဖြားေတြမ်ားဆို ေခ်ာ္လဲျပီး ေပါင္ရိုးေတြ က်ိဳးကုန္တာ။ အဲဒါကေတာ့ တကယ္မလြယ္ဘူး။ လမ္းျပန္ေလွ်ာက္ဖို႔ အေတာ္ဒုကၡေရာက္တဲ့အေျခအေနျဖစ္သြားေတာ့ အိပ္ရာေပၚမွာပဲ လဲေနျပီး ေရာဂါေတြ တစ္ခုျပီး တစ္ခု ၀င္ကုန္ရာကေန ေနာက္ဆံုး အသက္အႏၱရာယ္ရွိတဲ့အေနအထား ျဖစ္ကုန္တာ။

‘ဟုတ္တယ္ ဆရာေျပာမွ ကြ်န္ေတာ္သတိရျပီ။ ကြ်န္ေတာ့္ အကို၀မ္းကြဲဆို အဲသည္လိုပဲ ေပါင္ရိုးက်ိဳးျပီး အိပ္ရာေပၚလဲသြားတာ လပိုင္းပဲ ခံတယ္ဗ်။ ပိုးဆိပ္တက္တယ္ဆိုလား ဘာဆိိုလားပဲ အဖ်ားေတြရက္ဆက္၀င္ျပီး ဆံုးသြားပါေလေရာ။ ဒါနဲ႕ ေမးရဦးမယ္ ဆရာရဲ႕…အဲသည္လို အရိုးက်ိဳးတယ္ ဆိုတာက အမ်ိဳးသမီးေတြပဲ ျဖစ္တာလို႕ ၾကားဖူးလို႔။ ကြ်န္ေတာ့္အကိုလို အမ်ိဳးသားေတြကေကာ အရိုးပြျပီး က်ိဳးတာပဲလား၊ မပြဘဲ က်ိဳးတာလား’

‘အဲသည္ ဦးေလးရဲ႕ အကို၀မ္းကြဲဆိုတာက ဆံုးေတာ့ အသက္ဘယ္ေလာက္ရွိျပီးလဲ ဦးေလးရဲ႕။’

‘၇၅ ေလာက္ရွိတယ္ ထင္တယ္ ဗ်’

‘အဲဒါဆို ျဖစ္နိုင္တာေပါ့။ အမ်ိဳးသမီးေတြက အမ်ားစု အရိုးပြၾကတာဆိုတာ သူတို႔မွာ မီးယပ္ေသြးဆံုးျပီးသြားရင္ ေဟာ္မုန္းဓါတ္နည္းသြားလို႔ ျဖစ္တာ။ ဒါေပမယ့္ အသက္ၾကီးလာရင္ အမ်ိဳးသားေတြကလည္း အရိုးရဲ႕ သိပ္သည္းဆက ငယ္စဥ္ကတထက္ေလ်ာ့နည္းလာေတာ့ သူတို႔လည္း ပြ လာတာပဲေလ။ ဒါေၾကာင့္မို႕ အခု ကမာၻ႔အရိုးပြေရာဂါေန႔ေတြမွာဆိုရင္ အသက္ အမ်ိဳးသမီးေတြ အသက္ ၆၅ ေက်ာ္တာနဲ႕ အရိုးပြမပြစစ္ေဆးဖို႔အျပင္ အမ်ိဳးသားေတြဆိုရင္ အသက္ ၇၀ ေက်ာ္တာနဲ႕ စစ္ေဆးဖို႔ကို က်ယ္က်ယ္ျပန္႔ျပန္႔ လံႈ႔ေဆာ္လာေနၾကျပီ။’

‘ဒါဆို ကြ်န္ေတာ္လည္း ၾကီးလာရင္ အရိုးပြလာနိုင္တာေပါ့’

‘အဲ ၾကီးလာမွ မဟုတ္ဘူးဗ်၊ အခု ဦးေလးအသက္ဆိုရင္လည္း ဘယ္ေလာက္ ေျခာက္ဆယ္ေက်ာ္ျပီ မဟုတ္လား သည္ေလာက္ဆို အရိုးသိပ္သည္းဆကက်တဲ့ဘက္မွာ ေရာက္ေနျပီဗ်။ ကုိယ့္မွာ အရင္တုန္းက အရိုးက်ိဳးလြယ္တာမ်ိဳးျဖစ္ဖူးရင္ အရိုပ္သိပ္သည္းဆစစ္ေဆးမႈ (DXA scan) ဆိုတာ လုပ္သင့္ေနျပီ။ ဒါမွမဟုတ္ ကိုယ္က စတီးရိြဳက္ပါတဲ့ေဆးေတြ ေရရွည္ေသာက္သံုးေနတယ္ဆိုရင္၊ အစာအဟာရလံုေလာက္စြာမရရွိဖူးဆိုရင္၊ ေသြးေလးဘက္နာ ေရာဂါေတြ မ်ားရွိေနတယ္ဆိုရင္ ဒီထက္အသက္ငယ္တဲ့ လူေတြမွာေတာင္ စစ္ေဆးဖို႔လိုေနျပီလို႔ ဆိုၾကတယ္ဗ်’

‘ကဲ ဟုတ္ပါျပီ စစ္ျပီးျပီဆိုပါေတာ့ ကိုယ္က အရိုးပြေနရင္ ဘယ္လိုဆက္လုပ္ရမွာလဲ။ ေဆးေသာက္ရင္ေရာ ျပန္ေကာင္းမွာလားဆရာ”

‘ပြျပီးသားအရိုးသည္ ျပန္ေတာ့ မက်စ္သြားဘူးေပါ့။ ဒါေပမယ့္ ဆက္မပြေအာင္ ပြရာကေန မက်ိဳးေအာင္။ က်ိဳးျပီးသားအရိုးရွိရင္လည္း တစ္ျခားေနရာမွာ ထပ္မက်ိဳးေအာင္ ဟန္႔တားကာကြယ္ႏိုင္တယ္ေလ။ ဒီေနရာမွာ ၾကံဳတုန္း အရိုးပြတယ္ဆိုတာအျပင္ အရိုးပါးတယ္ဆိုျပီးေတာ့လည္း ေျပာၾကတာရွိတယ္ေနာ္။ အဲဒါနွစ္ခုက အတူတူပါပဲ။ အရိုးပြတယ္ဆိုတာ တစ္နည္းအားျဖင့္ အရိုးသိပ္မထူေတာ့ဘဲ ပါးလာျပီး က်ိဳးလြယ္တာနဲ႕ သေဘာအတူတူပါပဲ’

‘အဲဒါဆို အခု ကြ်န္ေတာ္ ဘာလုပ္သင့္သလဲဆရာ။ အဲဒီ အရိုးပြပဲ သြားစစ္ရမလား။ ေဆးပဲေသာက္ရမွာလား ဆရာ’

‘အင္း ဦးေလး အေနနဲ႕ အခုအလုပ္အသင့္ဆံုးက အရုိးပြတာကို ေလ်ာ့က်ေစတဲ့ နည္းသံုးနည္းကို လိုက္နာက်င့္က်ံဖို႔ပဲ လိုတယ္ဗ်။ အဲဒါေတြကို အိမ္ျပန္ေရာက္တာနဲ႕ ကိုယ္လည္းလုပ္၊ သူမ်ားေတြကိုလည္း ေျပာျပေပါ့ဗ်။ အဲဒါေတြက. . .

၁။ ႏို႔နဲ႕ႏို႔ထြက္ပစၥည္းေတြ၊ အရိုးပါ၀ါးစားႏိုင္တဲ့ ငါးကေလးေတြ၊ ျပီးေတာ့ အစိမ္းရင့္ေရာင္ အသီးအရြက္ေတြနဲ႕ အတူ အသားဓါတ္ကို မ်ားမ်ားစားေပးပါ။

၂။ လမ္းမ်ားမ်ားေလွ်ာက္ပါ။

၃။ ခုနက ေျပာခဲ့တဲ့ အရိုးပြစစ္ေဆးဖို႔လိုတဲ့အခ်က္ေတြကိုယ့္မွာ စစ္ေဆးျပီး အရိုးပြေနရင္ သူ့႔အတြက္လိုအပ္တဲ့ေဆးကို ပံုမွန္ေသာက္ပါ။

. . .အဲဒါဆိုရင္ ဦးေလးအတြက္ အရိုးပြေရာဂါကို တားဆီးနိုင္ျပီး အရိုးလြယ္လြယ္က်ိဳးမွာကို ကာကြယ္ႏိုင္ျပီဗ်’

ဦးလူနာတစ္ေယာက္ ေမာင္ေဒါက္တာ၏ က်န္းမာေရးပညာေပးေလေၾကာင္းနည္းလမ္းျဖင့္ေဆးကုျခင္းကို ေက်နပ္စြာ ခံယူျပီးသကာလ ေခါင္းေလးတညိတ္ညိတ္လုပ္ျပီး ထြက္သြားေလ၏။  ေမာင္ေဒါက္တာမွာလည္း ဦးလူနာကို ေက်နပ္စြာ ၾကည့္ေနရင္းမွ ‘ေၾသာ္ ငါ သူ႔ကို လမ္းသာေလွ်ာက္ခိုင္းလိုက္တာ ေခ်ာ္မလဲေစနဲ႕လို႔ မမွာလိုက္ရဘူး။ ေနာက္တစ္ခါက်ရင္ အရိုးမက်ိဳးေစရန္ေခ်ာ္လဲျခင္းမွကာကြယ္ျခင္း ဆိုတာေလး ေျပာျပဦးမွပဲ ‘ ဟု ေတြးေနမိေလသည္။

ေဒါက္တာထြန္းလင္း

Ref; National Osteoporosis Fracture Clinical Guideline 2014

Unicode Version

အလိုလိုအရိုးကျိုးခြင်း
ဦးလူနာတစ်ယောက် ထုံးစံအတိုင်း မောင်ဒေါက်တာထံ အမောတကော ပြေးလာပြီး သတင်းထူးတစ်ခု လာပြောပြန်လေ၏။

‘ကြားပြီး ပြီလား ဆရာ ရေ့၊ ကျွန်တော်တို့ ဘေးအိမ်က အဘွားကြီး ဒေါ်မိုး လေ ခါးနာနာ နေတာ ကြာပြီဆိုပြီး အခု ဓါတ်မှန်သွားရိုက်ကြည့်လိုက်မှ ခါးရိုးတွေကျိုးကုန်တာဆိုလား ပြားကုန်တာဆိုလား တွေ့လို့တဲ့’

‘ဟုတ်လား ဦးလေးရဲ့ ကျွန်တော့်ဆီ ဟိုတစ်ခေါက်လာပြတုန်းကတောင် ကျွန်တော်ပြောလိုက်သေးတယ်၊ အဘွား ဓါတ်မှန်သွားရိုက်လိုက်ပါလား ဆိုတော့ အဲဒီတုန်းက အဆင်မပြေသေးဘူး၊ အိမ်ကလိုက်ပို့ပေးမယ့်သူ မရှိသေးဘူး နဲ့ အခု ကျမှ သွားရိုက်ဖြစ်တာထင်တယ်၊ သူက ဘာဖြစ်လို့လဲ ချော်လဲတာတွေ ဘာတွေရှိလို့လား’

‘အဲဒါ ပြောတာပေါ့ ဆရာရယ်၊ ချော်လဲမလဲ ဘာမှလဲ မထိမခိုက်ဘဲ ဘယ့်နှယ့်ခါးရိုးတွေက ကျိုးရတာလားဆရာ၊ အလိုလိုနေရင်း အဲ့လို အရိုးကျိုးတယ်ဆိုတာက ဖြစ်နိုင်လို့လား’

‘ဖြစ်နိုင်တာပေါ့၊ ဦးလေး အရိုးပွတယ်ဆိုတာ ကြားဖူးတယ်မှတ်လား’

‘ကြားဖူးတယ်ဆရာ အသက်ကြီးရင် အရိုးတွေပွလာတယ်ဆိုတာမဟုတ်လား၊ ဒါနဲ့ ကျွန်တော်နားလည်သလောက် အရိုးဆိုတာကပွလာရင် ပိုပြီးများ ထိခိုက်ခံနိုင်လာသလားလို့၊ ရေမြုပ်တွေလိုများဖြစ်သွားတာ မဟုတ်လား’

‘ကြံကြီးစည်ရာ ဦးလေးအလှည့်ကျမှ အရိုးပွတာက ရေမြုပ်ဖြစ်ရတယ်လို့၊ အရိုးပွတယ်ဆိုတာက အဲသလို ဖောင်းပွလာတာမဟုတ်ဘူးဗျ၊ မူလအရိုးကသိပ်သည်းဆလျော့လာပြီး သစ်သားချောင်းတွေဆွေးလာသလို ကြွပ်ဆတ်လာတာ။ အဲဒါကြောင့်မို့သာ အခု ဒေါ်မိုးဖြစ်သလို နည်းနည်းလေးခါးကုန်းလိုက်တာ၊ ဖင်ထိုင်ရက်ချော်ကျ မိတာနဲ့ ကျွတ်ခနဲ ဆို အရိုးက အသာလေးကျိုးသွားတာ။ ကျွန်တော်တို့ အခေါ်အဝေါ်နဲ့ဆို အလွယ်တကူအရိုးကျိုးခြင်း fragility fracture ခေါ်တယ်။ အလိုလိုနေရင်း မသိမသာ အရိုးလေးတွေ ကျိုးကုန်တာပေါ့’

‘ကြောက်ဖို့တော့ အကောင်းသားနော။ အဲဒါက စိုးရိမ်ရသလား ဆရာရေ’

‘ကျိုးတဲ့ အရိုးအနေအထားပေါ်လိုက်ပြီးတော့ စိုးရိမ်ရမှုတွေတော့ ရှိတာပေါ့။ ပြောရမယ်ဆိုရင် ဒေါ်မိုးဖြစ်သလို ခါးအရိုးကျိုးတာက တော်သေးတယ် ပြောရမယ်။ မသကာ ခါးနာမယ်၊ ခါးကုန်းလာမယ်၊ အလွန်ဆုံး ခါးရဲ့အာရုံကြောတွေကို ဖိမိနိုင်တယ် ဒီလောက်ပါပဲ။ ဒါပေမယ့် တစ်ချို့အဖိုးတွေ အဖွားတွေများဆို ချော်လဲပြီး ပေါင်ရိုးတွေ ကျိုးကုန်တာ။ အဲဒါကတော့ တကယ်မလွယ်ဘူး။ လမ်းပြန်လျှောက်ဖို့ အတော်ဒုက္ခရောက်တဲ့အခြေအနေဖြစ်သွားတော့ အိပ်ရာပေါ်မှာပဲ လဲနေပြီး ရောဂါတွေ တစ်ခုပြီး တစ်ခု ဝင်ကုန်ရာကနေ နောက်ဆုံး အသက်အန္တရာယ်ရှိတဲ့အနေအထား ဖြစ်ကုန်တာ။

‘ဟုတ်တယ် ဆရာပြောမှ ကျွန်တော်သတိရပြီ။ ကျွန်တော့် အကိုဝမ်းကွဲဆို အဲသည်လိုပဲ ပေါင်ရိုးကျိုးပြီး အိပ်ရာပေါ်လဲသွားတာ လပိုင်းပဲ ခံတယ်ဗျ။ ပိုးဆိပ်တက်တယ်ဆိုလား ဘာဆိုလားပဲ အဖျားတွေရက်ဆက်ဝင်ပြီး ဆုံးသွားပါလေရော။ ဒါနဲ့ မေးရဦးမယ် ဆရာရဲ့…အဲသည်လို အရိုးကျိုးတယ် ဆိုတာက အမျိုးသမီးတွေပဲ ဖြစ်တာလို့ ကြားဖူးလို့။ ကျွန်တော့်အကိုလို အမျိုးသားတွေကကော အရိုးပွပြီး ကျိုးတာပဲလား၊ မပွဘဲ ကျိုးတာလား’

‘အဲသည် ဦးလေးရဲ့ အကိုဝမ်းကွဲဆိုတာက ဆုံးတော့ အသက်ဘယ်လောက်ရှိပြီးလဲ ဦးလေးရဲ့။’

‘၇၅ လောက်ရှိတယ် ထင်တယ် ဗျ’

‘အဲဒါဆို ဖြစ်နိုင်တာပေါ့။ အမျိုးသမီးတွေက အများစု အရိုးပွကြတာဆိုတာ သူတို့မှာ မီးယပ်သွေးဆုံးပြီးသွားရင် ဟော်မုန်းဓါတ်နည်းသွားလို့ ဖြစ်တာ။ ဒါပေမယ့် အသက်ကြီးလာရင် အမျိုးသားတွေကလည်း အရိုးရဲ့ သိပ်သည်းဆက ငယ်စဉ်ကတထက်လျော့နည်းလာတော့ သူတို့လည်း ပွ လာတာပဲလေ။ ဒါကြောင့်မို့ အခု ကမ္ဘာ့အရိုးပွရောဂါနေ့တွေမှာဆိုရင် အသက် အမျိုးသမီးတွေ အသက် ၆၅ ကျော်တာနဲ့ အရိုးပွမပွစစ်ဆေးဖို့အပြင် အမျိုးသားတွေဆိုရင် အသက် ၇၀ ကျော်တာနဲ့ စစ်ဆေးဖို့ကို ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်လာနေကြပြီ။’

‘ဒါဆို ကျွန်တော်လည်း ကြီးလာရင် အရိုးပွလာနိုင်တာပေါ့’

‘အဲ ကြီးလာမှ မဟုတ်ဘူးဗျ၊ အခု ဦးလေးအသက်ဆိုရင်လည်း ဘယ်လောက် ခြောက်ဆယ်ကျော်ပြီ မဟုတ်လား သည်လောက်ဆို အရိုးသိပ်သည်းဆကကျတဲ့ဘက်မှာ ရောက်နေပြီဗျ။ ကိုယ့်မှာ အရင်တုန်းက အရိုးကျိုးလွယ်တာမျိုးဖြစ်ဖူးရင် အရိုပ်သိပ်သည်းဆစစ်ဆေးမှု (DXA scan) ဆိုတာ လုပ်သင့်နေပြီ။ ဒါမှမဟုတ် ကိုယ်က စတီးရွိုက်ပါတဲ့ဆေးတွေ ရေရှည်သောက်သုံးနေတယ်ဆိုရင်၊ အစာအဟာရလုံလောက်စွာမရရှိဖူးဆိုရင်၊ သွေးလေးဘက်နာ ရောဂါတွေ များရှိနေတယ်ဆိုရင် ဒီထက်အသက်ငယ်တဲ့ လူတွေမှာတောင် စစ်ဆေးဖို့လိုနေပြီလို့ ဆိုကြတယ်ဗျ’

‘ကဲ ဟုတ်ပါပြီ စစ်ပြီးပြီဆိုပါတော့ ကိုယ်က အရိုးပွနေရင် ဘယ်လိုဆက်လုပ်ရမှာလဲ။ ဆေးသောက်ရင်ရော ပြန်ကောင်းမှာလားဆရာ”

‘ပွပြီးသားအရိုးသည် ပြန်တော့ မကျစ်သွားဘူးပေါ့။ ဒါပေမယ့် ဆက်မပွအောင် ပွရာကနေ မကျိုးအောင်။ ကျိုးပြီးသားအရိုးရှိရင်လည်း တစ်ခြားနေရာမှာ ထပ်မကျိုးအောင် ဟန့်တားကာကွယ်နိုင်တယ်လေ။ ဒီနေရာမှာ ကြုံတုန်း အရိုးပွတယ်ဆိုတာအပြင် အရိုးပါးတယ်ဆိုပြီးတော့လည်း ပြောကြတာရှိတယ်နော်။ အဲဒါနှစ်ခုက အတူတူပါပဲ။ အရိုးပွတယ်ဆိုတာ တစ်နည်းအားဖြင့် အရိုးသိပ်မထူတော့ဘဲ ပါးလာပြီး ကျိုးလွယ်တာနဲ့ သဘောအတူတူပါပဲ’

‘အဲဒါဆို အခု ကျွန်တော် ဘာလုပ်သင့်သလဲဆရာ။ အဲဒီ အရိုးပွပဲ သွားစစ်ရမလား။ ဆေးပဲသောက်ရမှာလား ဆရာ’

‘အင်း ဦးလေး အနေနဲ့ အခုအလုပ်အသင့်ဆုံးက အရိုးပွတာကို လျော့ကျစေတဲ့ နည်းသုံးနည်းကို လိုက်နာကျင့်ကျံဖို့ပဲ လိုတယ်ဗျ။ အဲဒါတွေကို အိမ်ပြန်ရောက်တာနဲ့ ကိုယ်လည်းလုပ်၊ သူများတွေကိုလည်း ပြောပြပေါ့ဗျ။ အဲဒါတွေက. . .

၁။ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အရိုးပါဝါးစားနိုင်တဲ့ ငါးကလေးတွေ၊ ပြီးတော့ အစိမ်းရင့်ရောင် အသီးအရွက်တွေနဲ့ အတူ အသားဓါတ်ကို များများစားပေးပါ။

၂။ လမ်းများများလျှောက်ပါ။

၃။ ခုနက ပြောခဲ့တဲ့ အရိုးပွစစ်ဆေးဖို့လိုတဲ့အချက်တွေကိုယ့်မှာ စစ်ဆေးပြီး အရိုးပွနေရင် သူ့အတွက်လိုအပ်တဲ့ဆေးကို ပုံမှန်သောက်ပါ။

. . .အဲဒါဆိုရင် ဦးလေးအတွက် အရိုးပွရောဂါကို တားဆီးနိုင်ပြီး အရိုးလွယ်လွယ်ကျိုးမှာကို ကာကွယ်နိုင်ပြီဗျ’

ဦးလူနာတစ်ယောက် မောင်ဒေါက်တာ၏ ကျန်းမာရေးပညာပေးလေကြောင်းနည်းလမ်းဖြင့်ဆေးကုခြင်းကို ကျေနပ်စွာ ခံယူပြီးသကာလ ခေါင်းလေးတညိတ်ညိတ်လုပ်ပြီး ထွက်သွားလေ၏။  မောင်ဒေါက်တာမှာလည်း ဦးလူနာကို ကျေနပ်စွာ ကြည့်နေရင်းမှ ‘သြော် ငါ သူ့ကို လမ်းသာလျှောက်ခိုင်းလိုက်တာ ချော်မလဲစေနဲ့လို့ မမှာလိုက်ရဘူး။ နောက်တစ်ခါကျရင် အရိုးမကျိုးစေရန်ချော်လဲခြင်းမှကာကွယ်ခြင်း ဆိုတာလေး ပြောပြဦးမှပဲ ‘ ဟု တွေးနေမိလေသည်။

ဒေါက်တာထွန်းလင်း

Ref; National Osteoporosis Fracture Clinical Guideline 2014