နလုံးခုန်သံ နှေးနေသလား

နလံုးခုန္သံ ေနွးေနသလား

မိမိနွလံုးခုန္သံျမန္တာကို လူအမ်ားစုက သတိထားျပီး ေၾကာက္လန္႔တတ္ေပမယ့္ နွလံုးခုန္ေနွးလာေသာအခါ မိမိကိုယ္မိမိသတိထားမိရန္မလြယ္ပါ။ ႏွလံုးခုန္သံေနွးလာျခင္းသည္ ပံုမွန္အသက္ျကီးလာေသာအခါနွင့္နားေနစဥ္ျဖစ္နိုင္ပါတယ္။

ႏွလံုးခုန္စည္းခ်က္ေျပာင္းလဲမူသည္ လူတစ္ေယာက္ရဲ႕လူပ္ရွားမႈေပၚတြင္လည္း မူတည္ပါတယ္။ ျပင္းထန္ေသာလူပ္ရွားမူေျကာင့္ နွလံုးခုန္ျခင္းကို ပိုမိုျမန္ေစပါတယ္။ နွလံုးခုန္ျခင္းသည္ တစ္မိနစ္ကို ၆၀ေအာက္ေရာက္လ်ွင္ နွလံုးခုန္ေနွးေနသည္ဟု ဆိုနိုင္ပါတယ္။ နွလံုးခုန္ေနွးျခင္းေျကာင့္ ခံစားရေသာေရာဂါလကၡဏာမ်ားမွာ ………….

– ေမာပန္းႏံုးခ်ိလြယ္ျခင္း

– မူးေမာျခင္း

– အာရုံေရာေထြးျခင္း

– အသက္ရႈမဝျခင္းနွင့္ အသက္ရႈရန္ခက္ခဲျခင္းတို့ပင္ျဖစ္ပါတယ္။ ျပင္းထန္ေသာေရာဂါေျကာင့္ နွလံုးခုန္ေနွးလ်ွင္ ေသခ်ာကုသမူမျပဳပါက အသက္ထိခိုက္နိုင္ေသာ ေရာဂါလကၡဏာမ်ားျဖစ္လာနိုင္ပါတယ္။

– နွလံုးရပ္ျခင္း

– ရင္ဘတ္ေအာင့္ျခင္း

– ေသြးက်ျခင္း /တက္ျခင္း

– နွလံုးထိခိုက္ျခင္း မ်ားျဖစ္ပါတယ္။

ျဖစ္ေစေသာအေျကာင္းအရာမ်ားမွာ

လူ့အခ်ဳိ႕တြင္ နွလံုးခုန္အနည္းငယ္ေနွးေသာ လကၡဏာမ်ားရွိေလ့ရွိပါတယ္။ နွလံုးခုန္ေနွးျခင္းသည္ လူတိုင္းကုသမူခံယူရန္ မလိုအပ္ပါ။ နွလံုးခုန္ေနွးေသာ္လည္း ေရာဂါအခံမရွိျခင္းနွင့္ အေထြအထူးမည္သည့္လကၡဏာမွွ မခံစားရလ်ွင္ အနၱရာယ္မရွိနိုင္ပါ။ ႏွလံုးခုန္သည္ အသက္ျကီးလာသည္နွင့္ အမ်ွေႏွးသြားတတ္သည္။ အသက္ျကီးသူမ်ားသည္ နွလံုးခုန္ေနွးေသာ္လည္း ဆရာဝန္ႏွင့္ စစ္ေဆးရန္လိုအပ္ပါတယ္။

– နွလံုးတြင္နွလံုးစည္းခ်က္ကိုထိန္းေပးေသာSA nodeတြင္ ျပႆနာျဖစ္ျခင္း၊ ႏွလံုးျကြက္သားဒဏ္ျဖစ္ျခင္း၊ ဆီးခ်ဳိေနာက္ဆက္တြဲနွင့္ နွလံုးေသြးေျကာေရာဂါေနာက္ဆက္တြဲတို့ေျကာင့္ျဖစ္နိုင္ပါတယ္။

– ေဟာ္မုန္းေျပာင္းလဲမူမ်ားေျကာင့္ နွလံုးခုန္ေနွးနိုင္ပါတယ္။ သိုင္းရြိဳက္ေဟာ္မုန္းနည္းလ်ွင္ ေသြးေျကာမ်ားအေပၚသက္ေရာက္မူရွိျပီး နွလံုးခုန္ေနွးကာ ေသြးေပါင္က်ေစပါတယ္။ သိုင္းရြိဳက္ေဟာ္မုန္းက်ျခင္းသည္ အသက္ငယ္ရြယ္သူမ်ားတြင္ျဖစ္ပြားေလ့ရွိပါတယ္။

– ေသြးတိုးရွိသူႏွင့္ နွလံုးေရာဂါရွိသူမ်ားအတြက္ ကုသမူခံယူရေသာ ေဆးဝါးမ်ားေျကာင့္ နွလံုးခုန္ေနွးေစပါတယ္။

– ေအာက္ဆီဂ်င္လံုေလာက္စြာမရေသာ အဆုတ္ေရာဂါမ်ားတြင္ နွလံုးခုန္ေနွးေစပါတယ္။ထုို့ေျကာင့္ နွလံုးေနွးေစေသာ အေျကာင္းအရာမ်ားကို ကုသရန္လိုအပ္ပါတယ္။

ဘယ္အခ်ိန္ဆရာဝန္ႏွင့္ျပသသင့္သလဲ

ကေလးလူျကီးမေရြး နွလံုးခုန္ေနွးျပီး ရင္ဘတ္ေအာင့္ျခင္း သို့မဟုတ္ ေမ့လဲျခင္းျဖစ္ပါက ေဆးရုံသို့အျမန္သြားပါ။

ထို့အျပင္ နွလံုးခုန္ေနွးသည္မွာ ………………

– အေျကာင္းရင္းမရွိရက္အတန္ျကာျခင္း
– ဆီးခ်ဳိရွိျခင္း။ေဆးလိပ္ေသာက္ျခင္း
– နွလံုးေရာဂါရွိျခင္း
– နွလံုးခုန္နူန္းအတက္အက်မမွန္ျခင္းစသည္တို့ျဖစ္ပါက နားလည္တတ္က်ြမ္းေသာဆရာဝန္နွင့္ေသခ်ာကုသပါ။

ကုသမူ

နွလံုးခုန္ေနွးတိုင္း ကုသမူမလိုအပ္ေသာ္လည္း ျပင္းထန္ေသာနွလံုးခုန္ေနွးျခင္းသည္ ကုသမူခံယူရန္အထူးလိုအပ္ပါတယ္။ နွလံုးခုန္မူကို ထိန္းညွိေပးေသာ ကိရိယာတပ္ျခင္းျဖင့္နွလံုးခုန္မူကို ျမန္ေစေသာကုသမူကိုျပဳလုပ္နိုင္ပါတယ္။ အျခားေသာအေျကာင္းအရင္းမ်ားအေပၚမူတည္၍

– ေသာက္ေနဆဲေဆးဝါးမ်ားေျပာင္းလဲျခင္း

– သိုင္းရြိဳက္အတြက္ကုသမူေပးျခင္း

– ေနထိုင္မူပံုစံေျပာင္းလဲျခင္း ေဆးလိပ္ျဖတ္ျခင္း

– နွလံုးခုန္ျခင္းကိုေစာင့္ျကည့္ျခင္းစသည္တို့ျဖစ္ပါတယ္။

Dr. ျပည့္ရွင္း

(Unicode Version)

နလုံးခုန်သံ နှေးနေသလား

မိမိနှလုံးခုန်သံမြန်တာကို လူအများစုက သတိထားပြီး ကြောက်လန့်တတ်ပေမယ့် နှလုံးခုန်နှေးလာသောအခါ မိမိကိုယ်မိမိသတိထားမိရန်မလွယ်ပါ။ နှလုံးခုန်သံနှေးလာခြင်းသည် ပုံမှန်အသက်ကြီးလာသောအခါနှင့်နားနေစဉ်ဖြစ်နိုင်ပါတယ်။

နှလုံးခုန်စည်းချက်ပြောင်းလဲမူသည် လူတစ်ယောက်ရဲ့လူပ်ရှားမှုပေါ်တွင်လည်း မူတည်ပါတယ်။ ပြင်းထန်သောလူပ်ရှားမူကြောင့် နှလုံးခုန်ခြင်းကို ပိုမိုမြန်စေပါတယ်။ နှလုံးခုန်ခြင်းသည် တစ်မိနစ်ကို ၆၀အောက်ရောက်လျှင် နှလုံးခုန်နှေးနေသည်ဟု ဆိုနိုင်ပါတယ်။ နှလုံးခုန်နှေးခြင်းကြောင့် ခံစားရသောရောဂါလက္ခဏာများမှာ ………….

– မောပန်းနုံးချိလွယ်ခြင်း

– မူးမောခြင်း

– အာရုံရောထွေးခြင်း

– အသက်ရှုမဝခြင်းနှင့် အသက်ရှုရန်ခက်ခဲခြင်းတို့ပင်ဖြစ်ပါတယ်။ ပြင်းထန်သောရောဂါကြောင့် နှလုံးခုန်နှေးလျှင် သေချာကုသမူမပြုပါက အသက်ထိခိုက်နိုင်သော ရောဂါလက္ခဏာများဖြစ်လာနိုင်ပါတယ်။

– နှလုံးရပ်ခြင်း

– ရင်ဘတ်အောင့်ခြင်း

– သွေးကျခြင်း /တက်ခြင်း

– နှလုံးထိခိုက်ခြင်း များဖြစ်ပါတယ်။

ဖြစ်စေသောအကြောင်းအရာများမှာ

လူ့အချို့တွင် နှလုံးခုန်အနည်းငယ်နှေးသော လက္ခဏာများရှိလေ့ရှိပါတယ်။ နှလုံးခုန်နှေးခြင်းသည် လူတိုင်းကုသမူခံယူရန် မလိုအပ်ပါ။ နှလုံးခုန်နှေးသော်လည်း ရောဂါအခံမရှိခြင်းနှင့် အထွေအထူးမည်သည့်လက္ခဏာမှ မခံစားရလျှင် အန္တရာယ်မရှိနိုင်ပါ။ နှလုံးခုန်သည် အသက်ကြီးလာသည်နှင့် အမျှနှေးသွားတတ်သည်။ အသက်ကြီးသူများသည် နှလုံးခုန်နှေးသော်လည်း ဆရာဝန်နှင့် စစ်ဆေးရန်လိုအပ်ပါတယ်။

– နှလုံးတွင်နှလုံးစည်းချက်ကိုထိန်းပေးသောSA nodeတွင် ပြဿနာဖြစ်ခြင်း၊ နှလုံးကြွက်သားဒဏ်ဖြစ်ခြင်း၊ ဆီးချိုနောက်ဆက်တွဲနှင့် နှလုံးသွေးကြောရောဂါနောက်ဆက်တွဲတို့ကြောင့်ဖြစ်နိုင်ပါတယ်။

– ဟော်မုန်းပြောင်းလဲမူများကြောင့် နှလုံးခုန်နှေးနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းလျှင် သွေးကြောများအပေါ်သက်ရောက်မူရှိပြီး နှလုံးခုန်နှေးကာ သွေးပေါင်ကျစေပါတယ်။ သိုင်းရွိုက်ဟော်မုန်းကျခြင်းသည် အသက်ငယ်ရွယ်သူများတွင်ဖြစ်ပွားလေ့ရှိပါတယ်။

– သွေးတိုးရှိသူနှင့် နှလုံးရောဂါရှိသူများအတွက် ကုသမူခံယူရသော ဆေးဝါးများကြောင့် နှလုံးခုန်နှေးစေပါတယ်။

– အောက်ဆီဂျင်လုံလောက်စွာမရသော အဆုတ်ရောဂါများတွင် နှလုံးခုန်နှေးစေပါတယ်။ထို့ကြောင့် နှလုံးနှေးစေသော အကြောင်းအရာများကို ကုသရန်လိုအပ်ပါတယ်။

ဘယ်အချိန်ဆရာဝန်နှင့်ပြသသင့်သလဲ

ကလေးလူကြီးမရွေး နှလုံးခုန်နှေးပြီး ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မေ့လဲခြင်းဖြစ်ပါက ဆေးရုံသို့အမြန်သွားပါ။

ထို့အပြင် နှလုံးခုန်နှေးသည်မှာ ………………

– အကြောင်းရင်းမရှိရက်အတန်ကြာခြင်း
– ဆီးချိုရှိခြင်း။ဆေးလိပ်သောက်ခြင်း
– နှလုံးရောဂါရှိခြင်း
– နှလုံးခုန်နူန်းအတက်အကျမမှန်ခြင်းစသည်တို့ဖြစ်ပါက နားလည်တတ်ကျွမ်းသောဆရာဝန်နှင့်သေချာကုသပါ။

ကုသမူ

နှလုံးခုန်နှေးတိုင်း ကုသမူမလိုအပ်သော်လည်း ပြင်းထန်သောနှလုံးခုန်နှေးခြင်းသည် ကုသမူခံယူရန်အထူးလိုအပ်ပါတယ်။ နှလုံးခုန်မူကို ထိန်းညှိပေးသော ကိရိယာတပ်ခြင်းဖြင့်နှလုံးခုန်မူကို မြန်စေသောကုသမူကိုပြုလုပ်နိုင်ပါတယ်။ အခြားသောအကြောင်းအရင်းများအပေါ်မူတည်၍

– သောက်နေဆဲဆေးဝါးများပြောင်းလဲခြင်း

– သိုင်းရွိုက်အတွက်ကုသမူပေးခြင်း

– နေထိုင်မူပုံစံပြောင်းလဲခြင်း ဆေးလိပ်ဖြတ်ခြင်း

– နှလုံးခုန်ခြင်းကိုစောင့်ကြည့်ခြင်းစသည်တို့ဖြစ်ပါတယ်။

Dr. ပြည့်ရှင်း